Monday, June 22, 2009

ဂျပန်မှာရတနာသိုက်တွေ့ခြင်း


沖縄近海に宝の山?=海底で特殊地形発見-海保

 沖縄近海の海底で、金、銀、銅などの金属が眠る「海底熱水鉱床」の可能性が高い
特殊地形が新たに見つかったと、海上保安庁が22日、発表した。
これまでに日本近海で発見された熱水鉱床の中では最も水深が浅いという。
開発も容易とみられ、今後の調査に期待が持てそうだ。

အိုဂီနာဝါအနီးပင်လယ်ပြင်ကရတနာတောင်ပေလော။

ဂျပန်ရဲ့ အိုဂီနာဝါကျွန်းရဲ့ပင်လယ်အနီး ရေအောက်မှာ အိပ်မောကျနေသော ရွှေ၊ငွေ၊ကြေးစသောသတုသိုက်ကြီးအဖြစ်ဖြစ်နိုင်ခြေမြင့်မားစွာဖြင့်
တမူထူးခြားသောပင်လယ်အောက်အရည်ပူသတုကြမ်းပြင်ကြီးကဲ့သို့မြေမျက်နှာသွင်ပြင်ကို
တဖန်ထပ်မံတွေ့ရှိခဲ့တယ် လို့ ပင်လယ်ဆိုင်ရာထိန်းသိမ်းကြီးကြပ်ဌာနမှ ၂၂ရက်နေ့မှာထုတ်ဖော်ကြေငြာခဲ့ပါတယ်။
ယခုအချိန်ထိဂျပန်ပင်လယ်ပြင်အနီးတွေ့ရှိခဲ့ဖူးတဲ့အရည်ပူသတုကြမ်းပြင်တွေထဲမှာ
ရေမျက်နှာပြင်အတိမ်ဆုံးလို့ဆိုပါတယ်။
တူးဖော်ရန်လဲလွယ်ကူမည့်ပုံပေါ်ပြီး ဆက်လက်ပြီးစုံစမ်းလေ့လာသွားမှာကို
မျှော်လင့်စောင့်စားနားစွင့်ရမှာဖြစ်ပါတယ်

http://headlines.yahoo.co.jp/hl?a=20090622-00000029-jijp-soci.view-000

Wednesday, June 17, 2009

ဘာယူယူ ယန်း၃၀၀ 300円ショップ

ဘာယူယူယန်း၁၀၀တန်ဆိုင်ဟာဂျပန်မှာအရမ်းနာမည်ကြီးပါတယ်
တိုကျိုမှာဆိုရင်ဘူတာတိုင်းမှာ မွစာကြဲလောက်အောင်
သိပ်မစည်တဲ့ဘူတာတောင်၁ဆိုင်တော့ရှိပါတယ်

ဒါပေမဲ့ခုတလောထပ်မံရေပန်းစားအတွေ့များလာတာကတော့
ဘာယူယူယန်း၃၀၀ဆိုင်ပါ

ဓါတ်ပုံလေးတွေကြည့်ရအောင်တင်ပေးလိုက်ပါတယ်






Monday, June 15, 2009

ကိုယ်ထူကိုယ်ထ အလေ့ကျင့်လေးများ

ယနေ့အပြန်ရထားပေါ်မှာ၃နှစ်လောက်ခလေးလေးက ရထားတံခါးပြူတင်းဘေးမှာ
ကဗျာတွေရွတ်လို့နေပါတယ်
အမေဖြစ်သူက မျက်နှာချင်းဆိုင်မှာရပ်လို့နေပါတယ်
ကိုယ်သဘောကျမိတာကတော့ကျောင်းကျောပိုးအိတ်ကလေးကို
မိမိဘာသာလက်ကကိုင်ထားတာပဲ ဖြစ်ပါတယ်
ဒီမှာကတော့ငယ်စဉ်ခလေးအရွယ်တည်းက
ခလေးကို မပျင်းရိတတ်အောင်
မိမိကိုယ်မိမိအားကိုးစိတ် ကိုယ်ထူကိုယ်ထစိတ်ကလေး မွေးမြူပေးကြပါတယ်
ကျောင်းတွေမှာ စည်းကမ်းနဲ့အတူကျင့်ဝတ် မိဘတွေကလည်း
ကောင်းတဲ့အလေ့ကျင့်လေးတွေ ကျင့်ပေးကြပါတယ်
သားသမီးဆိုတာတော့မိဘတိုင်းချစ်တာပေါ့လေ
ကိုယ်တို့ပြည်မှာ သားသမီးချစ်ရင် ဘာမှမလုပ်ခိုင်းပဲအလိုလိုက်ကြတာများပါတယ်
အဲလိုမသိမသာအမူကျင့်လေးတွေစွဲသွားရင် ပျင်းတတ်တဲ့စိတ်
ရေသာခို တွတ်ကတ်တဲ့စိတ် ကိုယ့်အားကိုယ်မကိုးတဲ့စိတ်ကလေးတွေ
ရှင်သန်ကြီးထွားလာရင်ဖြင့် အဲဒီ့အပြင်အဲလိုခလေးအရေတွက်ပွားများလာရင်
နောင်တချိန်ဆိုတဲ့ တိုင်းပြည်နဲ့ပါချီတဲ့ အနာဂတ်ကို ရင်လေးမိပါတယ်

Tuesday, June 2, 2009

ဘာယူယူ ယန်း၁၀၀





ဂျပန်မှာအချိန်ပိုင်းအလုပ်တွေတအားလုပ်ကြပါတယ်
ပညာတော်သင်ကျောင်းသားတွေအများဆုံးလုပ်တာပေါ့
တိုကျိုမှာဆိုရင်အောက်ထစ်၁နာရီ ယန်း ၈၅၀မှ၁၀၀၀ကြားရပါတယ်
တပိုင်းကို၎မှ၅နာရီသို့၆နာရီခန့်လုပ်ရလေ့ရှိပါတယ်

ခုပြောချင်တာက ဂျပန်ကနာမည်ကြီးတဲ့ ဘာယူယူယန်း၁၀၀ဆိုင်ပါ
နောက်မှဆိုင်ကိုဓါတ်ပုံရိုက်ပြီးထပ်တင်ပါမယ်
ခုတော့အိမ်မှာဝယ်ထားတဲ့ယန်း၁၀၀တန်တွေပဲတင်လိုက်ပါတယ်
သာမာန်ချွေတာစွာသုံးချင်တဲ့အိမ်အတွက်ဆိုရင်
ယန်း၁၀၀ဆိုင်မှာဘာမဆိုရှိတယ်ဆိုရလောက်အောင်ပါပဲ
တချို့ဆိုင်ကြီးတွေဆိုရန်ကုန်အသစ်ဖွင့်တဲ့
ဂမုန်းပွင့်မောလ်ကြီး၂ထပ်စာလောက်ကိုရှိပါတယ်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates