Friday, February 19, 2010

လက်ကိုင်ဖုံး GSM

မြန်ပြည်မှာသုံးဖို့အတွက် လက်ကိုင်ဟန်းဆက်ဝယ်မလားလို့စဉ်းစားတော့ ဘာညာကွိကွလေးတွေ
တွေးမိပါတယ်။

အရင်တခါ ဂျပန်မှာသုံးတဲ့ဖုံးကို ပြန်တော့ ယူသွားတော့ သုံးမရပါဘူး။



 ဖုံးတလုံးပျောက်ပြီးနောက်
 အရောင်လေးကမိန်းခလေးကြိုက် ခပ်တောက်တောက်
လေးနဲ့ function တွေလည်း ကိုယ့်စိတ်ကြိုက်ရွေးဝယ်ခဲ့
တာမို့ သိပ်ကြိုက်ခဲ့ပေမဲ့
ဖုံးထဲက ဂျပန်-မြန်မာ-အင်္ဂလိပ်-အဘိဓါန်၊
3.2 pixကင်မရာလေးရယ်၊ voice recorderရယ်
အဲဒါလေးတွေပဲပတ်သုံးခဲ့ရပါတယ်။

မြန်မာပြည်မှာသုံးတဲ့GSMကွန်ရက်က GSM 900MHzပါ။
ကိုယ့်ဖုံးက WCDMAပါ။ ကိုယ်ကဗဟုသုတမကြွယ်ခဲ့တာမို့
ဒီနှစ်ခုဘယ်လိုကွာလဲ မသိခဲ့တာမို့ လက်လှမ်းမီသလောက်
စုံစမ်းမိပါတယ။် ကံကောင်းချင်တော့ voice journalမှာ
ဆောင်းပါးပါးလာတာမို့ နားလည်သွားခဲ့ရပါတယ်။

Wikiမှကောက်နှုတ်ဖော်ပြချက်

၁၉၈၂ခုနှစ်မှာ European Conference of Postal and Telecommunications Administrations (CEPT)မှ Groupe Spécial Mobile (GSM)လို့ခေါ်တဲ့ ဥရောပတလွှားချိတ်ဆက်အသုံးပြုနိုင်တဲ့
လက်ကိုင်ဖုံးစနစ်ရဲ့စံကို တီထွင်လိုက်ပါတယ်။ ၁၉၈၇ခုနှစ်မှာတော့ ဥရောပတလွှား နိုင်ငံပေါင်း၁၃နိုင်ငံနဲ့
ဘုံလက်ကိုင်ဖုံးကွန်ရက်စနစ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
၁၉၉၁ခုနှစ်မှာတော့ ပထမဦးဆုံးGSM ကွန်ရက်ကို ဖင်လန်နိုင်ငံမှာရှိတဲ့ Radiolinja မှာစတင်ကြေငြာခဲ့
ပါတယ်။
၁၉၉၃ခုနှစ်ခန့်မှာတော့ GSM phone networksကို နိုင်ငံပေါင်း ၄၈နိုင်ငံခန့်မှာ သုံးစွဲသူ ၁သန်းကျော်ထိ
တိုးပွားလာပါတယ်။


GSM frequency ranges
 အသုံးများတာကတော့ frequency range 450 Mhz လောက်က စတယ်လို့ ဆိုရမှာပါပဲ။
သို့ငြား  350 နှင့် 450Mhzတွေဟာ ခုတလောမသုံးသလောက်ပါပဲ။  ပေါ်စဦးလောက်မှာသုံးခဲ့တဲ့
ကြိမ်ရေနှုန်းတွေပါ။  GSM-900, GSM-1800 and EGSM-900ကိုတော့  Europe, Middle East, Africa,
Oceania and most of Asia မှာ အသုံးပြုတာများပါတယ်။



နိုင်ငံပေါ်လိုက်ပြီး GSMတယ်လီဖုံးချိတ်ဆက်မှုကွန်ရက်ဟာ ဘယ် frequency(Mhz) ကိုသုံးသလဲ
ဆိုတာပေါ်မူတည်ပြီး frequency(Mhz) ကွာခြားတဲ့အခါ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

မြန်မာအပါဝင် နိုင်ငံအလိုက် အသုံးပြုသော  GSM frequency(Mhz) စနစ်များကဒီမှာပါ။

W-CDMA (Wideband Code Division Multiple Access), 

W-CDMAကတော့ခုနောက်ပိုင်း ဂျပန်မှာအလွန်အသုံးများတဲ့စနစ်ပါ။
၁၉၉၀ခုနှစ် နှောင်းပိုင်းမှာ ဂျပန်က NTT DoCoMoမှ မိမိပိုင် 3G network FOMAအတွက် air interface
အနေဖြင့်  W-CDMAကို စတင်ပေါ်ထွန်းလာစေပါတယ်။
နောက်ပိုင်းမှာတော့ NTTDoCoMoဟာ W-CDMAကို  the international 3G standard (အပြည်ပြည်
ဆိုင်ရာ 3G စံ)အဖြစ်  အပြည်ပြည်ဆိုင်ရာတယ်လီဆက်သွယ်ရေးအဖွဲ့ကြီးထံသို့ လျှောက်ထားပြီးနောက် IMT-2000 ဟု ခေါ်တွင် အသိမှတ်ပြုခံခဲ့ရပါတယ်။

အဲလိုနဲ့ 海外向け携帯ဆိုပြီးအင်တာနက်ကလျှောက်ရှာကြည့်တော့ အတော်များများတွေ့ရပါတယ်။

အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, February 17, 2010

calculator

Amazonမှာရှာပြီး အင်တာနက်က၀ယ်တာပါ။

အင်တာနက်စနစ်သုံးမို့ ဆိုင်တွေတင်ထားတာထက်ဈေးသက်သာပါတယ်။
keywordကတော့ ပစ္စည်းအမည်နှင့် ranking ランキングလို့ရှာလိုက်ရင်
အရောင်းရအသွက်ဆုံးပစ္စည်းတွေတက်လာပါတယ်။
အဲဒီမှာCustomer Reviewတွေလည်းဖတ်လို့ရတာမို့ အတော်ကိုအဆင်ပြေကြောင်းပါ။

 

Saturday, February 13, 2010

Autocad software ၀ယ်ယူခြင်း


တကယ်လို့များ ကွန်ပျူတာဆော့ဖ်ဝဲလ်သုံးရတဲ့ ပညာရပ်တခုခုကိုသင်ယူမယ်ဆိုရင်
မြန်မာပြည်မှာရှိတုန်း သင်ယူတာ အကောင်းဆုံးလို့အကြံပြုလိုပါတယ်။

ဒီမှာအော်တိုကဒ်သင်တော့ အိမ်မှာပြန်လေ့ကျင့်ဖို့ အင်တာနက်မှာရှာတော့
၁လအစမ်းသုံးအစီစဉ်ရှိတာမို့ ဆော့ဖ်ဝဲလ်ကို downloadလုပ်ပြီးသုံးပါတယ်။
၁လပြည့်သွားတော့ ကျောင်းသားတွေအတွက် ၁နှစ်ကာလကြာ သုံးနိုင်တဲ့ ဆော့ဖ်ဝဲလ်ကို
ဝယ်သုံးလို့ရတာမို့ အဆင်ပြေသွားပါတယ်။
လိုတာကလည်း ဂျပန်versionမို့ ၀ယ်ရုံကလွဲပြီးမရှိပါဘူး။
ဒါတောင် ကျောင်းက ထောက်ခံစာ၊ မိမိရဲ့ ခံဝန်ချက် စတာတွေကို scanဖတ်ပြီး ရောင်းတဲ့
companyဆီ မေးလ်ပို့ရပါတယ်။

အဲတော့သူက အိမ်ကို စာပို့ပါတယ်။ ဘယ်accountကို ငွေသွင်းပါဆိုပြီး။ သွင်းပြီး၁ပတ်ခန့်အကြာမှာ
အိမ်ကို ဆော့ဖ်ဝဲလ်ပါတဲ့ စီဒီပို့လာပါတယ်။

  
အဲဒါကို အင်စတောလုပ်ပြီး အင်တာနက်ကနေ ပြန်activateလုပ်ပြီးရင်တော့ သုံးလို့ရပါတယ်။

အော်တိုကဒ်ကတော့ ၁နှစ်ကာလကို ၇၅၀၀ယမ်းခန့် solidworksကတော့ ၂နှစ်စာကို ယမ်း၁၀၅၀၀ဖြင့်
ဝယ်ယူရကြောင်းပါ။

ဒီမှာကတော့ဘာထက်မဆိုဈေးကြီးတာက ဆော့ဖ်ဝဲလ်ပါ။

 

အမှတ်တရ စာသင်ခန်းလေးပါ။

အားလုံးပဲချစ်သူများနေ့မှာ ချစ်သူခင်သူတွေနှင့် ပျော်ရွှင်နိုင်ကြပါစေ။


သင်္ဃန်းကျွန်းဈေးကြီးမီးလောင်ခြင်း

မနေ့က ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ညဘက်ပိုင်းမှာ
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်မှာရှိတဲ့
သင်္ဃန်းကျွန်းဈေးကြီးမီးလောင်သွားကြောင်း သတင်းကို သိရှိရပါတယ်။
တဈေးလုံးပြာကျသွားတာမို့ မီးက အတော်ကြီးတယ်ဆိုရမှာပါ။

လက်လုပ်လက်စားများတဲ့ အရင်းနှီးတခါပြန်ထုတ်ဖို့ဆိုတာ ဘယ်သူမဆိုခက်ခဲကြတာမို့
စိတ်မကောင်းဖြစ်မိရကြောင်းပါ။

ချစ်သူများနေ့ တရက်တာ ဖုံးအခမဲ့ပြောကြားနိုင်ခြင်း

Local Phoneက ပရိုမိုးရှင်းပရိုဂရမ်လေး မေးလ်ပို့ပေးလာပါတယ်။
ချစ်သူများနေ့အထိမ်းအမှတ်အဖြစ်
စကာင်္ပူ အင်္ဂလန် အမေရိကန် ထိုင်း ထိုင်ဝမ် သြစတေးလျ နယူးဇီလန် တရုတ် ဟောင်ကောင် မလေးရှား
စတဲ့ နိုင်ငံပေါင်း၃၄နိုင်ငံကို တရက်တာ ဖုံးအခမဲ့ပြောခွင့်ရမယ့် အစီအစဉ်လေးပါ။
00:00 GMT Sunday 14th February ကနေ ၂၄နာရီအတွင်း ဖုံးအခမဲ့ပြောဆိုနိုင်ကြောင်းပါ။

Local Phone Websiteဒီကိုသွားကြည့်သင့်ကြောင်းပါ။

နိုင်ငံအမည်တွေရဲ့အောက်မှာ
Get your free account and save startingရှိတာမို့ အဲဒီကိုနှိပ်ပြီး စတင်ရပါမယ်။

ယခင်တခါ ၃မိနစ်အခမဲ့ပြောတဲ့ပရိုဂရမ်လေး သုံးကြည့်ဖူးတာကြောင့်
ဖောင်ဖြည့်တဲ့အခါ မိမိဖုံးနံပါတ်ကိုတောင်းပြီး
မိမိအတွက် Local Phone Numberတခုကို မိမိဖုံးကိုSMSပို့ပေးမယ်လို့ထင်ပါတယ်။
ပြီးရင်အဲဒီနံပါတ်နှိပ်ပြီးဖုံးခေါ်လိုက်ရင် တဖက်ကမိမိဆက်လိုတဲ့destinationနိုင်ငံကဖုံးကို
တိုက်ရိုက်လှမ်းခေါ်ပေးမယ်လို့ထင်ကြောင်းပါ။ 

ဖေဖော်ဝါရီ၁၃ ဗိုလ်ချုပ်မွေးနေ့ကစလို့ အားလုံးကိုယ်ရောစိတ်ပါ စွမ်းအင်အပြည့်နှင့်
ကျန်းမာချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ။

Saturday, February 6, 2010

ဂျပန်မှာPrintထုတ်မယ်ဆိုရင်

ဂျပန်မှာPrinter မ၀ယ်ဘဲ မိမိဘာသာရိုက်ထားတဲ့ စာရွက်စာတမ်းမျိုးတွေ
အင်တာနက်ကနေ Download လုပ်ထားတဲ့ စာရွက်စာတမ်းမျိုးတွေ Printထုတ်မယ်ဆိုရင်
Seven Eleven Convenience Storeမှာ ネットプリント Service (Basic) ဆိုတဲ့အမည်နှင့်
အင်တာနက်(အွန်လိုင်း)စနစ်သုံး Printing Service ကို သုံးလို့ရပါတယ်။ 

အသုံးပြုလိုလျှင်
၁။ အင်တာနက်က ဒီစာမျက်နှာပေါ်သွားပြီး Register(登録)လုပ်ရပါမယ်။
အဲဒီညာဘက်ထောင့်အောက်က 同意(Agree)ဆိုတာလေးနှိပ်ပြီး
ဖောင်ဖြည့်အသင်းဝင်ရပါမယ်။
မိမိအီးမေးလ်ကို သူက စာပို့ပေးရင် စာမှာပါတဲ့လင့်ခ်ကိုနှိပ် (activateလုပ်)ပြီး
အသင်းဝင်လိုက်ရပါမယ်။
၂။ပြီးရင်မိမိနာမည်နဲ့Log in ဖြစ်နေတဲ့ web site ထဲမှာ ပရင့်ထုတ်ချင်တဲ့ဖိုင်ကို သိမ်းပေးရပါမယ်။
ဒီမှာအသေးစိတ်ဖိုင်သိမ်းနည်းနဲ့ပရင့်ထုတ်နည်းဖော်ပြထားပါတယ်။
တခါတလေ မိမိသိမ်းလိုက်တဲ့ဖိုင်အမည်ဘေးမှာ လက်ခံဆဲ受取中လို့ဖော်ပြထားရင် အဲဒီပေါ်ထပ်နှိပ်
ပေးရင် နံပါတ်ပေါ်လာပါတယ်။ အဲဒီနံပါတ်လေးသာမှတ်ထားရုံပါ။
၃။ပြီးရင် ဖိုင်နံပါတ်လေးမှတ်သွားပြီး Seven Eleven Storeကိုသွားပြီး ပရင့်ထုတ်ရုံပါ။
ထုတ်တဲ့စက်က ကော်ပီကူးတဲ့စက်ပါ။ သူ့နဘေးမှာ ကွန်ပျူတာရှိပြီး အဲဒီမှာ ネットプリント
ဆိုပြီးရွေးပေးပြီး ဖိုင်နံမည်ပေးပြီး ထုတ်ရုံပါပဲ။
ဒီမှာအသေးစိတ် ပရင့်ထုတ်နည်းပါ။

ပရင့်လုပ်တဲ့Settingကို မိမိ web siteထဲမှာရော သို့ စတိုးဆိုင်မှာပဲဖြစ်ဖြစ် ရွေးပေးနိုင်ပါတယ်။
Settingဆိုတာ စာရွက်ဆိုဒ်၊ ကာလာဖြူမည်း စသဖြင့်ပါ။

လတ်တလောအခြေနေအရတော့ ဒီအပတ် အသက်ရှူခက်လောက်အောင် တအားရှုပ်ယှက်ခက်
ပင်ပမ်းခဲ့ပါတယ်။
နက်ဖြန်သေချာနားပြီး တနလာင်္ကစလို့ တကျော့ပြန်လည်ပတ်ရပါဦးမယ်။


အသေးစိတ်ကဒီလင့်ခ်မှာပါ။

စက်ပစ္စည်းပေါတဲ့နိုင်ငံမို့ ၀ယ်လိုက်ရတာလွယ်ပေမဲ့ ရံဖန်ရံခါမှသုံးသူမျိုးအတွက်ဆိုရင်
နေရာလည်းရှုပ် ထိန်းသိမ်းတာဝန်လည်းကြီး မင်ကုန်ရင်လဲရပြုရ အလုပ်ရှုပ်တာမျိုးတွေမို့
ဒီစနစ်လေးဟာ ဘယ်သူ့အတွက်မဆို အဆင်ပြေဖွယ်ရာလေးပါ။

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, February 4, 2010

Hokkairo အပူပေးအိတ်ကလေး

ခုတလော နှင်းတွေလည်းကျလာတာမို့ အတော်ကြီးကိုအေးလို့နေပါတယ်။
ယာမနိုတဲမြို့ပတ်ရထားစီးရင်း လမ်းဘေးဝဲယာတလျှောက်နှင်းမှုန်တွေကျန်နေသေးတာတွေ့ရတယ်။

အဲလိုနဲ့ခုလိုရာသီမှာအပူပေးအိတ်ကလေးအကြောင်းညွှန်းလိုပါတယ်။
အထဲမှာဘာပါသလဲတော့သေချာမသိပေမဲ့ အပူဓါတ်ကိုဖြစ်စေတဲ့အမှုန့်တမျိုးပါတယ်လို့
သူငယ်ချင်းကဆိုပါတယ်။ နှစ်ကူးအလည်ခရီး ယောက္ခမထည့်ပေးလိုက်တဲ့ လက်ဆောင်တွေထဲ
တပက်ကင်ပါလာပေမဲ့ ဘုဘမသိနဲ့ မသုံးဖြစ်ပါဘူး။ သူက အဲဒါသုံးလေ မအေးဘူးလားဆိုမှပဲ
ကိုယ်လည်းသုံးရမှန်းသိပါတယ်။ ဒီနေ့တော့ ဆိုင်ရှေ့ဖြတ်ရင်း ဈေးနှုန်းလေးလဲရှိုးလာတယ်။
၅ထုပ်ကို ၂၉၉ယမ်းတန်လောက်ကစလို့ အမျိုးမျိုးရှိတာတွေ့ရပါတယ်။

ကပ်ခွာလိုမျိုးလေးပါပြီး အသားကိုတိုက်ရိုက်မကပ်ပါနဲ့တဲ့။

ကိုယ်ကတော့အေးရင်ဗိုက်နာတတ်တာမို့ အထဲကအသားကပ်ဘောင်းဘီကချက်လောက်ထိရောက်တာ
အမြဲခံဝတ်သူမို့ အဲဒီအပေါ်ချက်နားတ၀ိုက် ကပ်ထားလိုက်တာပါပဲ။

တကယ်ကိုနွေးပါတယ်။အထွေထွေသုံးပစ္စည်းအရောင်းဆိုင်တွေမှာ ရောင်းလေ့ရှိပါတယ်။
မိတ်ကပ်တို့သွားတိုက်ဆေးတို့ ဆပ်ပြာတို့ အဲလိုမျိုးတွေရောင်းတဲ့ဆိုင်တွေမှာပေါ့

အားလုံးပဲနွေးထွေးကျန်းမာပါစေ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates