Saturday, July 30, 2011

ဂျပန်ငလျှင်နှင့်နောက်ဆက်တွဲအိမ်ခြံမြေကြွေးနှစ်ထပ်ပြဿနာ

၂၀၁၁ခုနှစ်မတ်လ၁၁ရက်နေ့ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျှင်ကြီးနှင့်အတူလျှပ်စစ်
ဓါတ်အားထုတ် နူကလီးယားစွမ်းအင်သုံးစက်ရုံများတစိတ်တပိုင်းပေါက်ကွဲမှု၊ယင်းဓါတ်
ပေါင်းဖိုများမှ ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည် ပြန့်မှု၊ ယင်းကြောင့်စက်ရုံဝန်းကျင်
ဒေသများ၌ သတ်မှတ်နယ်နမိတ်အတွင်းရှိ လူများအိုးအိမ်များမှစွန့်ခွာရှောင်တိမ်းရမှု
ငလျှင်ဒဏ်သင့်ဒေသများပြန်လည်ဖွံ့ဖြိုးစည်ပင်ရေးစသဖြင့် 
အမျိုးမျိုးသောနောက်ဆက်တွဲပြဿနာများဖြင့်ရင်ဆိုင်နေရဆဲ၊ဘေးသင့်သူဒုက္ခသည် 
များအကြားအကြီးမားဆုံးကြုံတွေ့နေရသည့်အခက်အခဲမှာ အိမ်ခြံမြေကြွေးနှစ်ထပ်
ပြဿနာပင်ဖြစ်သည်။


အိမ်ခြံမြေကြွေးနှစ်ထပ်ပြဿနာဧ။်ဇစ်မြစ်သည်ကား ဂျပန်နိုင်ငံတွင် လစဉ်ဝင်ငွေပုံမှန်
ရှိသူများအဖို့ အိမ်များကိုဝယ်ယူ(သို့)ဆောက်လုပ်ရာတွင် ဘဏ်နှင့်နှစ်ရှည်ငွေချေး
စာချုပ်ချူပ်ဆိုကာဝယ်ယူဆောက်လုပ်လေ့ရှိကြပေသည်။ယင်းနောက်အတိုးအရင်း
ပေါင်းကာဘဏ်သို့ လစဉ်ပေးချေရန်သတ်မှတ်ထားသောငွေပမာဏကို သတ်မှတ် 
ထားသောနှစ်ကာလအတွင်း လစဉ်ပြန်လည်ပေးဆပ်ရပြီး ယင်းနှစ်ကာလမှာ အကြမ်း 
ဖျင်းအားဖြင့် နှစ်၃၀ကျော်ဝန်းကျင်ခန့်ရှိပေသည်။


တနည်းဆိုသော် ငလျှင်ကြောင့်အိုးအိမ်များဆုံးရှုံးပျက်စီးသွားသော်ငြား၊ ထိုနှစ်ရှည်
ချေးငွေများပေးဆပ်ရန်တာဝန်ကကျန်ရှိလေသည်။ ယင်းအကြွေးအပြင် အိုးအိမ်အသစ်
နှင့်လိုအပ်သောလုပ်ငန်းပြန်လည်ထူထောင်ရေးပစ္စည်းစသည်တို့ကိုထပ်မံအကြွေးဖြင့်
ဝယ်ယူသောအခါ လစဉ်ပေးဆပ်ရမည့်အကြွေးသည်နှစ်ထပ်ဖြစ်သွားခြင်းကိုဆိုလိုသည်။
၂၀၁၁ခုနှစ်ငလျှင်ကြီးကြောင့် ဆူနာမီစသည့်သဘာဝဘေး တို့ဖြင့် ပျက်စီးခဲ့ရသော
အိမ်များနှင့် ယင်းအိမ်များအတွက် ကျန်ရှိနေဆဲ ချေးယူငွေပမာဏ စုစုပေါင်းသည် 
အကြမ်းဖျင်းအားဖြင့် ယမ်း၇၅၀၀၀ကုဋေခန့်ရှိကြောင်း ခန့်မှန်းတွက်ချက်ရသည်ဟု
ဆိုသည်။


ငလျှင်အာမခံထားရှိသော အိုးအိမ်များအဖို့တွင်မူ၊  အာမခံကုမ္ပဏီမှပေးလျော်ငွေကို
ဘဏ်သို့တိုက်ရိုက်ပြန်လည်ပေးဆပ်ခြင်းဖြင့်၊ကြွေးငွေပမာဏမှာအတန်ငယ်သက်သာ
ရာရမည်ဖြစ်သည်။ သို့ငြား၊ဂျပန်တွင်ငလျှင်အာမခံထားရှိနှုန်းသည်ခန့်မှန်းချေအားဖြင့်
၂၃ရာခိုင်နှုန်းမျှသာရှိပြီး၊ ငလျှင်ဖြစ်ပွားမှုများသောနိုင်ငံတခုအနေဖြင့် အလွန်နည်းပါး
သည်ဟုဆိုရမည်ဖြစ်သည်။ အကြောင်းမှာ ငလျှင်အာမခံထားလျှင် မီးအာမခံကိုပါ 
မထားမဖြစ်ထားရှိရသော ပူးတွဲအာမခံစနစ်ဖြစ်နေသဖြင့် အာမခံကြေးမြင့်မားခြင်း၊ 
သို့ငြား ငလျှင်ဖြစ်ပွားလျှင်မူ ပေးချေရရှိမည့်အာမခံလျော်ကြေးငွေပမာဏမှာ နည်းပါး
ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ပူးတွဲအာမခံစနစ်ဖြစ်သဖြင့် ငလျှင်အာမခံအားAကုမ္ပဏီ၊
မီးအာမခံအား Bကုမ္ပဏီဟူ၍ရွေးချယ်ပိုင်ခွင့်မရှိပေ။ တဖက်တွင်မူ ငလျှင်ဖြစ်ပွားလျှင်
ပေးလျော်မည့်အာမခံငွေပမာဏမှာ အများဆုံးမည်မျှအထိဟူ၍သတ်မှတ်ချက်ရှိသည်။ ထို့နောက်ငလျှင်နှင့်မီးအာမခံမှာမဖြစ်မနေပူးတွဲထားရှိရငြား၊အာမခံလျော်ကြေးမှာမူ
ပမာဏအားဖြင့်မီးအာမခံလျော်ကြေးထက်ပိုမိုနည်းပါးသည့် ငလျှင်အာမခံကြေးသာ
ခံစားရမည်ဖြစ်ပြီး မီးအာမခံလျော်ကြေးအားပူးတွဲခံစားခွင့်မရှိပေ။


ငလျှင်အာမခံဟူသည်၊ငလျှင်ပြီးနောက်လတ်တလောစားဝတ်နေရေးတည်ငြိမ်မှု ရစေရန်
ဟူသော ရည်ရွယ်ချက်မျှသာဖြစ်သဖြင့်အဆောက်ဦးတန်ဖိုးအားအပြည့်အ၀ပေးလျော်
ခြင်းမပြုပေ။ အဆောက်အဦးဧ။် ကာလတန်ဖိုးဧ။် ၃၀မှ ၅၀ရာခိုင်နှုန်းထိသာဟုသတ်မှတ်
ထားပြီးပေးလျော်ခြင်းဖြစ်သည်။ယင်းအတွက်ကြောင့်ငလျှင်အာမခံလျော်ငွေတခုတည်း
ဖြင့် အိုးအိမ်အသစ်ပြန်လည်ဆောက်လုပ်ရန်မဖြစ်နိုင်ပေ။ယင်းတွင်မှအိမ်ခြံမြေကြွေးက 
ကျန်ရှိဆဲဖြစ်လျှင် ထပ်မံဆောက်လုပ်ပါက ကြွေးနှစ်ထပ်ဖြစ်မည်ဖြစ်သည်။
ယင်းသို့အများပြည်သူခံစားနေရသော ဘေးဒုက္ခကို သက်သာလျှော့ပါးနိုင်စေရန်
အတွက် ဂျပန်အစိုးရမှ နည်းအမျိုးမျိုးရှာဖွေကာ အထောက်အကူပြုဖြေရှင်းပေးနိုင်ရန်
ကြိုးစားလျှက်ရှိရာ ဇွန်လ (၇)ရက်နေ့တွင်မူအား စက်ရုံအလုပ်ရုံများပြန်လည်ဖွင့်လှစ်
လိုသူများအား စက်ပစ္စည်းငှားရမ်းရေးကုမ္ပဏီများမှ လိုအပ်သောတပ်ဆင်မှု၊ စက်ပစ္စည်း
စသည်တို့ကို ငှားရမ်းပေးမည်ဖြစ်ကြောင်းနှင့်ယင်းသို့ငှားရမ်းရာတွင် အစိုးရအဖွဲ့စည်း
များမှအာမခံအဖြစ် ကြားခံလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။


အခွန်စနစ်တွင်မူ၊အိမ်ဝယ်ယူရာ၌ပုံမှန်အားဖြင့်၁၀နှစ်(သို့)၁၅နှစ်လျှင်တခါအိမ်ဝယ်သူ အနေဖြင့်ချေးယူငွေမှ ပေးဆပ်ရန်ကျန်ရှိငွေစုစုပေါင်းဧ။် ၁ရာခိုင်နှုန်းသို့(နှစ်ရှည်ကြာမှု

များလျှင်)၁.၂ရာခိုင်နှူန်းကို (အများဆုံးငွေပမာဏ)ယမ်း၂၀သိန်းထိ လျှော့ပေးသော

အခွန်စနစ်ကိုခံစားခွင့်ရပေသည်။

ယင်းအတွက် ငွေချေးပြီးခြောက်လအတွင်းမှစတင်ကာနေထိုင်ရမည်ဟူသောသတ်မှတ်
ချက်ထားရှိပြီး၊ အမှန်တကယ် နေထိုင်ခြင်းမရှိသောအိမ်များမှာအကျုးံမ၀င်ဟူသော 
နည်းဥပဒေဖြစ်ခဲ့ငြား၊ ၄လပိုင်းတွင်ချမှတ်လိုက်သော အခွန်ဆိုင်ရာနည်းဥပဒေအရ 
ငလျှင်ဒဏ်နှင့် သဘာဝဘေးသင့်မှု ကြောင့် ပျက်စီးဆုံးရှုံးသွားသောအိမ်များအတွက်
ချေးယူငွေပြန်လည်ပေးဆပ်ရာတွင် အထောက်ကူပြုရန်အလို့ငှာ  ချေးငှားသူက ယခုထိ
တောက်လျှောက်ခံစားလာခဲ့သော အခွန်လျှော့စနစ်ကို ဆက်လက်ခံစားနိုင်ကြောင်း
သိရသည်။


တနည်းအားဖြင့်ပထမအိမ်ချေးငွေကကျန်ရှိနေပြီး၊ယင်းအိမ်ပျက်စီးကာနေထိုင်နိုင်မှုမရှိ

သဖြင့်အိမ်အသစ်ပြန်လည်ပြင်ဆင်(သို့)ဆောက်သောအခါတွင်၊ချေးငွေအသစ်ယူကာ

ကြွေးနှစ်ထပ်ဖြစ်လျှင်ဝန်ဖြစ်ပေမည်။ယခင်ထားရှိခဲ့သောဥပဒေအရအိမ်နှစ်အိမ်အတွက်

ချေးငွေကိုတချိန်တည်းတွင်ကြွေးပြန်ဆပ်ရာ၌၊အထက်ပါအခွန်လျှော့ပေါ့ကင်းလွတ်ခွင့်

ကိုခံစားနိုင်ခွင့်မရှိခဲ့ငြား၊ ယခုငလျှင်နှင့်သဘာဝဘေးသင့်အိုးအိမ်ပျက်စီးဆုံးရှုးံသူများ

အားခြွင်းချက်အဖြစ် အိမ်နှစ်အိမ်လုံး အတွက် အခွန်လျှော့ပေါ့ကင်းလွတ်ခွင့်ခံစားနိုင်

ကြောင်း အဆိုပြုသည့်နည်းဥပဒေဖြစ်သည်။

ယင်းအပြင်၊ငလျှင်ကြောင့်မိသားစုဆုံးရှုံးခဲ့ရပြီး၊ကျန်ရှိသောအိမ်ကြွေးကိုဆက်ခံရသဖြင့်
ကြွေးဒဏ်
ပိသည့်ဒုက္ခကိုကာကွယ်နိုင်စေရန်အလို့ငှာဆက်ခံမှုဖျက်သိမ်းခြင်းကိုသုံးသပ်
ဆုံးဖြတ်သည့်ကာလ
ကို၃လကြာထပ်မံ၍ရက်ဆိုင်းလိုက်ပြီး၊ကြွေးမဆပ်နိုင်ခြင်းကြောင့် အကြွေးဖြင့်ပစ္စည်းသိမ်းယူမှုမှုမဖြစ်စေရန်အလို့ငှာ၊ငလျှင်အတွက်ကောက်ခံရရှိသော
အလှူငွေများနှင့်အနုမြူစွမ်းအင်သုံးဓါတ်အားစက်ရုံမတော်တဆမှုမှဆုံးရှုံးနစ်နာမှု

အတွက်လျော်ကြေးငွေများကို အသုံးပြုသွားနိုင်ရန် နည်းဥပဒေအား သုံးသပ်ပြင်ဆင်မည်
ဟုဆိုသည်။မည်သို့ပင်ဆိုစေကာမူ၊ငလျှင်ပြီးဂျပန်နိုင်ငံသည် ပြန်လည်ထူထောင်ရေးနှင့်
နလံထူလာဖို့အချိန်အတန်ကြာ၊ အားယူကြိုးစားရဦးမည် ဖြစ်ပေသည်။


ကိုးကား
Mainichi Shinbun
NHK
TV Asahi
Fujisaikei Bijinesuai
http://us-lawyer.blog.so-net.ne.jp/2011-05-06

Tuesday, July 19, 2011

မီးဖိုချောင်သုံးကိရိယာလေးများ (၄)

ငါးအကြေးခွံခြစ်တံ

မြန်မာပြည်မှာတော့ငါးအကြေးခွံခွာတဲ့အခါ ဓါးနဲ့ခြစ်ပါတယ်။ သည်လိုရှိမရှိမသိပေမဲ့
မြန်မာပြည်မှာမသုံးဖူးခဲ့ပါဘူး။
သည်ရောက်တော့ငါးအကြေးခွံခြစ်တံလေးစမ်းသုံးကြည့်တာအတော်လေးကိုအဆင်ပြေ
တာမို့ညွှန်းပါရစေ။ ထိပ်ချွန်၊ ထိပ်လေးထောင့်စသဖြင့် ဒီဇိုင်းအမျိုးမျိုးရှိပါတယ်။
ကျမကတော့ထိပ်ချွန်ကလေးကို  ငွေရောင်ကဲ့သို့ဒီဇိုင်းကိုအသုံးပြုပါတယ်။ ထိပ်ချွန်တဲ့
အတွက် အမြီးနှင့်အတောင်အစပ်၊ဗိုက်တောင်ပံအစပ်လေးတွေကအစမကျန်အောင်
အသုံးပြုရလွယ်ပါတယ်။ ၉လက်မလောက်ရှိတဲ့တီလားပီယားငါးတောင် ၁ကောင်ငါးမိနစ်
နှုန်းနှင့်ကြေးခွံခွာပြီးသွားပါတယ်။


မသုံးဖူးသေးရင်စမ်းသုံးကြည့်ပါလို့။ ဒီမှာကအသုံးပြုနည်းကြည့်လို့ရပါတယ်။
ကျမအနှစ်သက်ဆုံးကတော့ ဂျပန်မှာဈေးလည်းမကြီးပဲ၊ မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူ
အလုပ်ပြီးအောင် ခုလိုတိုတိတိုထွာလေးတွေကအစ အမျိုးမျိုး ကြံဆဖန်တီးပြီးရောင်းတာကို
ပါပဲ။

ယမ်း၁၀၀တန်ဆိုင်သွား၊ ဟိုဟိုသည်သည် စပ်စပ်စပ်စပ်ကြည့်လိုက်၊ စမ်းဝယ်သုံးလိုက်နှင့်
ခုလိုအဆင်ပြေတာလေးတွေလည်းရှိသလို မပြေပဲ ပစ်လိုက်ရတာတွေလည်းမနည်းပေါ့ရှင်

အားလုံးပဲမီးဖိုချောင်မှာလွယ်ကူမြန်ဆန်သက်သာစွာချက်နိုင်ပါစေလို့
♪♪♪

Saturday, July 9, 2011

ကျမနှင့်အံသွားများ

သွားကအပြင်ပန်းကြည့်ကောင်းသလိုနဲ့ အချဉ်ကြောက်တတ်တဲ့ကျမအတွက်တော့
သွားတွေဟာခိုင်ခန့်မာကျောမှုမရှိပါဘူး။ အဲသည်လိုနှင့်အံသွား၃ချောင်းနှုတ်ပြီးနောက်
နောက်ဆုံးတချောင်းနှုတ်ဖို့ ကြိုတင်ဘွတ်ကင်လုပ်ရင်း အတွေ့ကြုံလေးတွေဝေမျှရန်
ဒီပို့စ်လေးရေးဖို့စိတ်ကူးရမိတာပါ။

ပထမဆုံးအံသွားကပိုးစားတာပါ။ အဲလိုနဲ့သွားဆေးခန်းသွားဖို့ ခင်ပွန်းသည်ကအင်တာ
နက်မှာဆေးခန်းတွေရှာပေးပါတယ်။ ဂျပန်မှာကတော့ ဘာမဆိုအင်တာနက်မှာရှိနေ
တတ်တာမို့ အဆင်အလွန်ပြေပါတယ်။ ဘယ်နေရာမှာ ဘာကိုရှာချင်သလဲ။ ဘယ်လို
သတ်မှတ်ချက်တွေနဲ့ရှာချင်သလဲ အားလုံးအချက်လက်အလိုက် ရှာလို့လွယ်တာမို့
သိရလွယ်ပါတယ်။ ဆေးခန်းရှာရာမှာ အထူးသဖြင့်သွားနှုတ်တာလိုကိစ္စမျိုးမှာ ဆရာဝန်
ကောင်းဖို့အရေးကြီးတာမို့ သူကအင်တာနက်မှာဂုဏ်သတင်းမွှေးတဲ့၂ဘူတာလောက်
ရထားစီးသွားရတဲ့ နာမည်ကျော်ဆရာဝန်ရဲ့ဆေးခန်းကိုရှာပေးပါတယ်။
(အင်တာနက်မှာဂုဏ်သတင်းမွှေးတယ်ဆိုတာက အင်္ဂလိပ်လိုဆိုရလျှင် rankingကြည့်ပြီး
ရှာတာဖြစ်ပြီး၊ လူနာတွေရဲ့ဆရာဝန်ကောင်းမကောင်းအပေါ်အကဲဖြတ်သတ်မှတ်ချက်
ကြယ်ဘယ်နှစ်ပွင့်ပေးသလဲဆိုတာရယ်ပါ။ သိပြီးသားလို့ထင်ပေမဲ့ထပ်ရှင်းလိုက်ပါတယ်
ရှုပ်သွားအောင်ပေါ့ ရှုပ်မှပြန်ရှင်း သူငယ်ချင်းတယောက်သင်ပေးလို့ပါ :))

သွားနှုတ်တယ်ဆိုတာတခါသွားရုံနဲ့ပြီးတာမဟုတ်ဘူး။အခါခါသွားရမှာ။သည်လိုနဲ့၂ဘူတာ
ခြားကို သွားရမှာပျင်းတဲ့ ကျမဥာဏ်ကြီးရှင်က သူရုံးသွားတဲ့ရက်အိမ်နားကသွားဆေးခန်း
မှာသွားနှုတ်လိုက်ပါတယ်။ နာရီဝက်လောက်နဲ့ပြီးသွားပြီး နောက်အံသွားတချောင်းက အ
ပြင်ဘက်ကို စောင်းပြီးထွက်နေတာမို့ ထပ်နှုတ်ဖို့ ချိန်းလိုက်ပါတယ်။ အဲသည့်ကြား သွား
သန့်ရှင်းရေး၊ ပိုးသတ်ခြင်းစတာတွေအတွက်လည်း သွားနေရပါတယ်။ သည်လိုနဲ့ဒုတိယ
အကြိမ်အံသွားနှုတ်ပါတယ်။ နည်းနည်းခက်မယ်လို့ ဆရာကပြောပါတယ်။ အတော်ကိုခက်
တာပါ။ ကျမ ၄နာရီခွဲကျော်ပါးစပ်ဟပေးလိုက်ရတယ်ရှင်။ :)) ဆရာဝန်ကတော့ ကျမအရိုး
မာတယ် သာမန်ဂျပန်လူမျိုးနဲ့မတူဘူးလို့ဆိုပါတယ်။ အဲလောက်အချိန်ကြာတာလည်း
ဆရာဝန်ကို ပြစ်တင်စကားမဆိုရက်ပါဘူးရှင်။ ဒါပေမဲ့ ဒုက္ခရောက်ရတာကဆွဲနှုတ်နေရဆဲ
မေ့ဆေးပြယ်သွားတဲ့အခါ တအားနာပါတယ်။ အဲဒါကို ဆရာဝန်ကသဘောမပေါက်လို့
အတင်းလက်ပြရငြား အဲသည့်ဒဏ် အကြိမ်ကြိမ် အတော်ခံလိုက်ရပါတယ်။ ပြီးတော့ နှုတ်
ခမ်းထောင့်တွေကွဲပြီးရက်အနည်းငယ်ခန့်အစားတောင်ကောင်းကောင်းမစားလိုက်ရပါဘူး။

အဲလိုနဲ့ယခုတကြိမ်အပြင်စောင်းပေါက်တဲ့၃ချောင်းမြောက်အံသွားနှုတ်ဖို့ကိုတော့အရင်
ဆေးခန်းပဲသွားလေလို့ ခဏခဏနောက်ပြောင်ပြောတတ်ပါတယ်။ ဒါပေမဲ့ဒီတခါတော့
ကျမသူ့စကားကိုမြေ၀ယ်မကျနားထောင်ပါတယ်။ သူရှာပေးတဲ့ဆေးခန်းကိုသွားပေမဲ့
နှုတ်ခါနီးကျမနည်းနည်းတုန်တုန်ယင်ယင်ဖြစ်လာပြီး စိတ်ပူနေတဲ့မျက်နှာကိုဆရာဝန်က
အနည်းငယ်အံ့သြပုံပေါ်ပါတယ်။ တခဏလေးအတွင်းမှာပဲ နှုတ်လို့ပြီးသွားပါတယ်။

ဒါကြောင့်ဆေးရုံဆေးခန်းသွားမယ်ဆိုရင် သေချာလေ့လာပြီးမှသွားတာကောင်းပါတယ်
လို့။

အားလုံးပဲကျန်းမာပါစေ

Friday, July 1, 2011

ရည်းစားဟောင်းတယောက်

တခါတလေ မင်းကိုသတိရရင် ပြုံးမိတယ်။ ခပ်သဲ့သဲ့လေး...
ကြည်သာရွှင်လန်းပြီးပေါ့ပါးတဲ့စိတ်နဲ့ပေါ့ ...


အမှန်က လွန်ခဲ့တဲ့၅နှစ်လောက်ကဆို အဲလိုမပြုံးနိုင်ခဲ့တာအမှန်ပေါ့။ မင်းအကြောင်း
တွေးရင် ရင်ထဲမှာ ကျဉ်နေအောင်နာတယ်။ မေ့ချင်ရက် မေ့ရခက်တယ်။ မာလှပြီလို့
လူတွေထင်တဲ့ အသဲက ပျော့လွန်းတာ ကိုယ်ကိုယ်တိုင်ပဲသိရက်၊ခံရခက်တယ်။ 
မကောင်းမှန်းသိရက် တခါတခါ လွမ်းမိတတ်တာကို ကိုယ့်ကိုယ်ကိုစိတ်နာတယ်။


အပြောအရမ်းချိုတယ်။ မျက်နှာကတအားနူးညံ့တယ်။ သိပ်ဂရုစိုက်တာပဲ။ 
လူတိုင်းအကြင်နာဟာ လိုအပ်တယ်။ ဂရုစိုက်ရင်ကျေနပ်တယ်။
နှလုံးသားကြွေကျအရည်ပျော်သွားတဲ့ထဲ ကိုယ်လည်း တယောက်အပါအ၀င်ပေါ့။ ရည်းစားသက်တမ်းတလမပြည့်ခင်ပဲ၊သိုးရေခြုံထားတဲ့ဝံပုလွေလေးအကြောင်းကို တဖြည်း
ဖြည်း နားလည်လာတယ်။ အကြောင်းရင်းကမင်းအီးမေးလ်တွေ ကိုယ်ကြည့်လိုက်မိတာ ကိုး။တလမပြည့်ခင်မှာပဲလမ်းခွဲခဲ့တဲ့မင်းနဲ့ကိုယ့်ရဲ့ဇာတ်လမ်းမင်းကိုဖြူစင်ရိုးသားသူလို့
ဝိုင်းသတ်မှတ်တဲ့မင်းသူငယ်ချင်းတွေမျက်ဝန်းမှာကိုယ်က၁၂ကြိုးကဝေလို၊အချစ်ဇာတ်
ဆရာမကြီးလို၊ အရိပ်တွေထင်ဟပ်နေလေရဲ့။တခါတလေ လောကကြီးက သိပ်ရယ်ဖို့
ကောင်းတာ အတွေ့ကြုံရခဲ့တာပေါ့။ ရှင်းပြဖို့စကားအစရှာမရပဲ၊ပြောပြလို့လည်း 
မဖြစ်တာတွေရှိရက်၊ တစုံတယောက်တွေများစွာကို ထိခိုက်နစ်နာသွားစေမဲ့ ထုချေ
စကားလုံးတွေကို ဒီရင်ထဲမှာပဲ မခံချိမခံသာသော့ခတ်သိမ်းထားခဲ့သူပါ။


ဇာတ်လမ်းပေါင်းမြောက်များစွာထဲ ငွေကြေးပြည့်စုံကြွယ်ဝပုံပေါက်မယ်၊ မနူးမနပ်မိုက်မိုက်
ကလေးတွေနဲ့ အီထားတာ အစုံစုံအဖုံဖုံပေါ့။ ရိုးရိုးသားသား အနာဂတ်ခရီးရှည်အထိ
မျှော်လင့်ပုံဖော်ထားတဲ့နှလုံးသားလေးဖတ်ခနဲကြေအက်သွားတယ်။မင်းမိတ်ဆက်ပေးပြီး
နှုတ်ဖျားက တဖွဖွပြောနေတတ်တဲ့ မင်းမမလိုပါပဲဆိုတဲ့ ချစ်စရာ မမက မင်းရဲ့အချစ်ဆုံး
ဆိုပဲ။ မမကကိုယ်နှင့် အခြားကောင်မလေးတယောက် ဘယ်သူ့ကိုရွေးသင့်သလဲဆိုပြီး
အကြံတော်ပေး ဆိုပဲ။ ကြေအက်တဲ့နှလုံးသားက ရုတ်တရက် အစစအနနကွဲကြေပြီး 
ရင်အနှံ့စူးစိုက်တယ်။ မခံချိမခံသာ၊အချစ်ကြီးလို့အမျက်ကြီးရပြီ။ သို့ငြား စူဠသုဘဒ္ဒါ
တော့ မဖြစ်ချင်ပါလေ။ ၀ဋ်ရှိတယ်ဆိုရင်လည်းကြေစေတော့။ မင်းကိုမေ့နိုင်အောင်
ကြိုးစားနိုင်တဲ့ တနေ့ဟာ ကိုယ့်အတွက် အောင်နိုင်ခြင်းသာဖြစ်မယ်။

အဲသည့်နောက် မင်းနဲ့ဝေးကွာစွာ ပင်လယ်ကြီးခြားသော တနေရာမှာကိုယ်ရှိနေခဲ့တယ်။ 
ဂျီတော့ခ်ထဲ မင်းကို ထည့်လိုက်၊ ပြန်ဖျက်လိုက်လုပ်နေခဲ့တဲ့ ခပ်နှမ်းနှမ်းကောင်မလေးတ
ယောက်ရှိနေခဲ့တယ်။ ကိုယ် မင်းကို မုန်းလို့မရပါဘူး။ ဆက်လက်တွဲသွားဖို့လည်း လက်မခံ
နိုင်တော့ဘူး။ ဒါပေမဲ့ ပြတ်ပြတ်သားသားမဖြတ်တောက်နိုင်တဲ့ သံယောဇဉ်ကြွင်းတွေနှင့်
စီးဆင်းနေဆဲ စေတနာအပိုင်းစလေးတွေကြောင့် မိတ်ဆွေအဖြစ်တော့ခင်မင်ခွင့်ပေးပါ။
ဆိုးတဲ့မင်းကို အားပေးဖို့မဟုတ်ပါဘူး။ မင်းဆိုးရတဲ့အကြောင်းရင်းကိုကိုယ်ကနားလည်နေ
လို့ပါ။ မမေ့နိုင်တာကို သည်လိုအကြောင်းပြပြီး မင်းကို ဂျီတော့ခ်ထဲစကားလာလာပြော
တတ်တဲ့ သို့ စကားလာပြောရင် ပြန်ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုအားမရတတ်တဲ့ ကောင်
မလေးဖြစ်ခဲ့တာပေါ့။


နေ့လည်စာစားဖို့ထမင်းပေါ် ရယ်ဒီမိတ်ငါးပိကြော်မှုန့်ဖြူးလိုက်တဲ့အခါ ပရွတ်ဆိတ်ကလေး
တွေမွနေလို့ အိုး၊စားမရတော့ဘူးလို့အထိတ်တလန့်သတိပေးတဲ့ကိုယ့်ကို ရပါတယ်၊ဘာမှ
မဖြစ်ဘူး လို့ ပြောပြီး စားလိုက်တဲ့မင်းကို ပြန်မြင်ယောင်တိုင်း၊ နယ်မြို့လေးတခုကလာပြီး 
ရန်ကုန်မှာ တကိုယ်ရေ ကွန်ပျူတာကျောင်းတက်နေတဲ့မင်းဘယ်လောက်ရုန်းကန်နေရမယ်
ဆိုတာ တွေးမိတတ်တယ်။ ပရွတ်ဆိတ်တက်နေတဲ့ထမင်းတပန်းကန်ကိုယ့်ကိုစားခိုင်းရင် 
အန်မိမယ်ထင်တယ်။ ဒီလိုစားတတ်တဲ့မင်းဟာဘယ်လိုအသိုင်းဝိုင်းကြားကြီးပြင်းလာခဲ့ရလဲ
ဆိုဆာ အမှတ်မထင် မှန်းဆမိတတ်တယ်။ မင်းဘ၀ရုန်းကန်ရေးမှာလိုအပ်တာတွေများလို့
လိုအပ်တဲ့အစစအရာရာဖြည့်ဆည်းပေးတတ်တဲ့ မမကို မင်းက သိပ်ချစ်တယ်လို့ထင်နေ
တာ၊ အမှန်တော့အချစ်မဟုတ်ဘူး၊ သာယာတာလို့ ပြောရင် ကိုယ်တို့မြို့မှာကိုယ်တို့က
သူဌေးပဲလို့ ဆိုပြီး စိတ်ဆိုးတတ်တဲ့မင်း။ ဘယ်လောက်ဌေးတာလဲ၊ဒါဆိုရန်ကုန်မှာကိုယ်ပိုင်
တိုက်ခန်း၊ကား၊ဟန်းဖုံးတွေဝယ်လေ၊ဘာလို့မ၀ယ်နိုင်သလဲလို့ဆိုရင် နာလိုခံခက် စိတ်သိပ်
ဆိုးတတ်တယ်။ မြစ်ကလေးတစင်းလိုပဲ။ စီးဆင်းရာပေါ်မြေလွှာအနိမ့်မြင့်၊အပျော့မာ၊လမ်း
ပေါ်မူတည်ပြီး ကွေ့ရကောက်ရတဲ့လူ့သဘောသဘာဝကိုနားလည်ပါတယ်။ ကိုယ်မင်းကို
အပြစ်မတင်ပါဘူး။ ဒါပေမဲ့ အမြင်မှန်ရစေချင်ခဲ့တယ်။ ခက်ခဲမှန်းသိသော်ငြားသွားသင့်တဲ့
လမ်းကို တခါတလေအားကုန်ထုတ်လို့ အရှိန်ပြင်းပြင်းနဲ့ မြစ်ရေစီးလိုတိုက်စားပစ်လိုက်စမ်း
စေချင်ခဲ့ရုံပါ။ ဘ၀မှာအဆင်ပြေအောင်မြင်ဖို့ဆိုတာ တခါတလေ ပိုရုန်းကန်တတ်ရပေမဲ့
မှန်ကန်ဖို့လိုတယ်။အခက်ခဲတွေကိုခါးစည်းပြီးသည်းခံနိုင်တဲ့ခွန်အားဟာလည်းနောင်တချိန်
အတွက် အားဖြစ်တယ်။ အခက်ခဲဆုံးအချိန်တွေပြန်တွေးရင် နောင်တချိန်မှာဂုဏ်အယူရဆုံး
အချိန်တွေဖြစ်လာတတ်တယ်ဆိုတာ မင်းကို သိစေချင်ရုံပါ။

ပြောစရာရှိတာကို မင်းကိုခင်လို့ စေတနာနဲ့ပြောတာဆိုတဲ့စကားကိုရှေ့တန်းတင်ပြီး ပိဿ
လေးနဲ့ဘေးပစ်သလိုပြောတတ်တဲ့ ကိုယ်နဲ့ အရမ်းစိတ်ဆိုးတဲ့အချိန် ကိုယ့်ကိုရင့်သီးစွာ
တုံ့ပြန်ပြောဆိုခဲ့တဲ့မင်းအကြား အဲသည့်ကစလို့အဆက်သွယ်ပြတ်တောက်သွားခဲ့ရတယ်။

မင်းနဲ့ကိုယ်စတွေ့ခဲ့သောရက်ကို ပြန်တွက်ကြည့်ရင်တောင် ၅နှစ်ကျော်ခဲ့ပြီပေါ့။
မတွေ့ကြတာတော့တာလည်း ၄နှစ်ကျော်၊ အဆက်သွယ်ပြတ်ခဲ့ကြတာလည်း 
၃နှစ်စွန်းလို့ ဒီကမ္ဘာကြီးရဲ့ ဘယ်ထောင့်နားမှာမင်းရှိနေမလဲ တခါတလေတွေးမိတတ်
တယ်။


ဖေ့စ်ဘွတ်ခ်ထဲ မက်ဆေ့ခ်ျ(စာလေးတစောင်)၀င်လာခဲ့တယ။် သြော် မင်းပဲ....
မတွေ့တာကြာပြီ နေကောင်းလား ခု...နိုင်ငံမှာပဲလား ဖုံးဆက်လိုက်မယ်
မိတ်ဆွေဖွဲ့ရအောင် ဆိုတဲ့စာသားလေးတွေပေါ်ကိုယ်မင်သက်သွားတယ်။ ဖုံးနံပါတ်ပေး
ပြီးနောက် ချက်ချင်းဖုံးဆက်ပေးလာတဲ့မင်းနဲ့နှုတ်ဆက်စကားတွေပြောရင်း၊အခုစကာင်္ပူမှာ
အလုပ်ကိုင်အဆင်ပြေတယ်ဆိုတဲ့မင်းအကြောင်းကြားရတာလူလူချင်းထားတဲ့မေတ္တာနှင့် 
ဝမ်းသာမိပါတယ်။ မင်းကိုမေ့နိုင်သွားခဲ့တဲ့အချိန်မှာ မင်းနှင့်ရုတ်တရက်အဆက်သွယ်ရခဲ့
တယ်။ အောင်နိုင်သူနှလုံးနှင့်စိတ်ကကြည်ရွှင်နေခဲ့တယ်။ စကာင်္ပူမလေးတွေသိပ်ချောတာ
ဒါကြောင့်ရည်းစားထားရင်၊စကာင်္ပူမလေးတွေပဲထားတယ်လို့ခပ်ရွှင်ရွှင်၊ခပ်ရွှတ်ရွှတ်ဆိုတဲ့ 
မင်းကတကယ်တော့ပြောပြချင်ခဲ့တဲ့စကားတွေရှိတယ်လို့ဆိုလာခဲ့တယ်။ အင်းကိုယ့်ကို
ကျေးဇူးတင်ကြောင်း၊ကိုယ်ပြောတာတွေနားလည်လာတယ်၊အဲလိုတွေများဖြစ်မလား။ဒါပေမဲ့
ဖြစ်ချင်မှလည်းဖြစ်မယ်။ မမျှော်လင့်တာလည်းကြားချင်ကြားရနိုင်တာပေါ့။ ကိုယ့်ကိုအရင်
ပြောခွင့်ပြုမှဖြစ်မယ်။

ဘေးနားမှာကိုယ့်ခင်ပွန်းရှိတယ်။ အင်္ဂလိပ်လို တခွန်းနှစ်ခွန်းနှုတ်ဆက်လိုက်ပါဦးလို့မင်းကို
ဆိုတဲ့အခါ အိုကေလို့ဆိုတဲ့ ခပ်မြူးမြူးမင်းအသံကို ကြားရတယ်။ ခင်ပွန်းသည်ကို အဆက်
သွယ်ပြတ်နေပြီး စကာင်္ပူမှာအလုပ်လုပ်နေတဲ့သူငယ်ချင်းဟောင်း၊ နှုတ်ဆက်စကားပြောဖို့
လို့ဆိုတဲ့အခါ ကိုယ့်အကြောင်းဆိုဘာမဆိုရိပ်မိနားလည်နေတတ်တဲ့ ခင်ပွန်းသည်ဟာ 
ကျေနပ်စွာနဲ့ နှုတ်ဆက်စကားပြောပေးတယ်။ သူ့အတွက်တော့ ယောကျာင်္းတယောက်နဲ့ စကားပြောနေတဲ့ ဇနီးသည်ကို ဘေးကကြည့်နေရုံထက် စကားဝင်ပြောခွင့်ရတာမို့
ကျေနပ်နေတဲ့မျက်နှာကိုမြင်ရတယ်။ ခင်ပွန်းသည်လက်ဆီက ဖုံးပြန်ယူလိုက်တဲ့အခါ 
မင်းဟာ ထင်သလောက်သွေးမအေးခဲ့ဘူးဆိုတာ ဟန်ချက်ပျက်နေတဲ့ မင်းစကားလုံး
တွေကြားမှာ မပီဝိုးတ၀ါး ကိုယ်ရိပ်မိခဲ့ရတယ်။

တချိန်ကဖြစ်တတ်တဲ့လောကကြီးဆိုပြီး မင်းကို ရှင်းပြ၊နှစ်သိမ့်ခဲ့တဲ့ကိုယ့်စကားတွေ 
မင်းယုံမယုံတော့ ကိုယ်မသိလိုက်ရပါဘူး။

တစုံတယောက်နှင့်ချစ်ကြိုက်တယ်။အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲတယ်။ဘယ်လောက်
ပဲချစ်ခဲ့စေဦး။ တချိန်မှာမေ့သွားတတ်တယ်။အသစ်တဖန်လည်းပြန်လည်စစ်မှန်စွာချစ်ခွင့်
လည်း ရနိုင်တယ်။ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူး။ လက်တွေ့ကျပြီး၊ဖြစ်တတ်တဲ့သဘော 
တွေရှိတဲ့ဒီလောကရဲ့ဖြစ်ရိုးဖြစ်စဉ်တွေထဲမှာ ကိုယ်ကတော့ မျောပါအသားကျနေခဲ့ပြီ။
ဆိုးပါရက်ချစ်တယ်လို့ဆိုပြီး ရူးမိုက်တဲ့ဆယ်ကျော်သက်အရွယ်လည်းမဟုတ်တော့တာ
မင်းကို ပြတ်ပြတ်သားသားသိစေချင်ခဲ့တယ်။


အစစအရာရာနားလည်ပေးပြီး ဂရုစိုက်တတ်တဲ့ခင်ပွန်းသည်ကို သိပ်ချစ်ခင်တွယ်တာသော
အိမ်ထောင်ရှင်မကောင်းတယောက်ဖြစ်နေခဲ့ပြီ။ ထားခဲ့ဖူးတဲ့ရည်းစားတွေဆိုတာ မေ့လွယ်
ပျောက်လွယ်၊ နေ့စဉ်အလုပ်များတဲ့အိမ်ရှင်မ၀တ္တရားတွေကြားမှာ ပြန်တွေးဖို့ အချိန်ဆိုတာ
လည်း မဖန်တီးနိုင်ခဲ့တာကြာပေါ့။

မိတ်ဆွေစစ်တွေပြန်လုပ်ရအောင်ဆိုတဲ့မင်းဆီက အဆက်သွယ်ပြန်ပြတ်သွားခဲ့တာလည်း
အတော်ကြာလှပြီ။ တခါတလေတော့လည်း ဖျတ်ခနဲ သတိရမိတတ်ပါတယ်။ ခုလိုပေါ့...

မှတ်ချက်။ ။ဝထ္တုတိုကဏ္ဍ

အချစ်နှင့်မလွတ်ကင်းသူများ...အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates