Saturday, October 29, 2011

ကြက်အရေခွံသုပ်

ဂျပန်မှာတော့ ကြက်အရေခွံချည်းသက်သက်စားကြတာ မရှိသလောက်ကို တွေ့မြင်ရခဲ
ပါတယ်။ ကြက်အရေခွံကင်တမျိုးကလွဲလို့ အခြားစားနည်းတွေ မတွေ့ဖူးပါဘူး။ မြန်မာ
ပြည်မှာရှိစဉ် လုပ်စားလေ့ရှိတဲ့ မြန်မာပုံစံ ကြက်အရေခွံသုပ်ပါ။ အိမ်အများစုသုပ်စား
လေ့ရှိတတ်တာမို့ အများစုသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်။

ပြုလုပ်နည်း
၁။ကြက်အရေခွံကို အမွှေးသေချာနှုတ်၊ ဆေးကြောကာ၊ အနေတော်ပိုင်းဖြတ်ပြီး၊ ရေစင်
အောင်စစ်၍ပဲငံပြာရည်အချိုရည်နှင့်သကြားကိုလ္ဘက်ရည်ဇွန်းသေးတဇွန်းစီထည့်နယ်ပါ
တယ်။
၂။ကြက်သွန်နီကိုပါးပါးလှီးကာ ရေဇလုံထဲ ဆားအနည်းငယ်ထည့်ကာစိမ်ထားပါတယ်။
၃။အိုးထဲဆီအနည်းငယ်ထည့်ကာ ယင်းကြက်အရေခွံကိုထည့်ပြီး မီးလတ်နှင့်၅မိနစ်ခန့်

လှိမ့်ကာ အနည်းငယ်ညိုလာသည်အထိ လှိမ့်ပါတယ်။
ပြီးရင် ဆီစစ်ဆယ်ပြီး သုတ်မဲ့ဇလုံထဲ ထည့်ပါတယ်။
၎။ရေစိမ်ထားတဲ့ကြက်သွန်နီကိုရေသွန်၊ ရေတခါထပ်ဆေးပြီး လက်ဖြင့်ဖွဖွဆုပ်ရေညှစ်
ထုတ်ပြီး ကြက်အရေခွံဇလုံထဲထည့်ပါတယ်။
၅။အသားမှုန့်လ္ဘက်ရည်ဇွန်းသေးတဇွန်းခန့်
   ငါးငံပြာရည် လ္ဘက်ရည်ဇွန်းသေးတဇွန်းခန့်
   ပဲမှုန့်အကျက်မှုန့် ထမင်းစားဇွန်းကြီးတဇွန်းခန့် (စီးစီးလေးကြိုက်လို့ပါ)
   သံပုရာသီး အရည်
   ငရုတ်သီးမှုန့်
   ငရုတ်သီးစိမ်းပါးပါးလှီး
   နံနံပင် (သို့) ပူတီနံရွက်ပါးပါးလှီး(ကြိုက်လျှင်ထည့်ပါ)
   ကြက်ကြော်ထားသောဆီကိုသင့်သလိုထည့်ကာ
   အားလုံးကိုရောနယ်ကာစားလို့ရပါပြီ

အားလုံးပဲစားကောင်းပါစေလို့

Monday, October 24, 2011

ဆီလီကွန်(အပူပေးပေါင်း)ဗူး နှင့် အာလူးအစပ်ဆီပြန်

ခုတလော ဂျပန်လို シリコンスチーマー (Silicone Steamer)လို့ခေါ်တဲ့ဆီလီကွန်ဖြင့်
ပြုလုပ်ထားသောအပူပေးပေါင်းဗူးလေးတွေ ရေပန်းစားလို့နေပါတယ်။

ဟင်းနွှေးတာမျိုးမဟုတ်ပဲ ယင်းဆီလီကွန်ဗူးထဲ အသား၊ငါး၊အသီးရွက်နှင့် ဟင်းခတ်အမွှေး
ကြိုင်များဖြင့်အရသာစပ်ဟပ်ကာ မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ သတ်မှတ်ထားသောမီးအား၊
မိနစ်အတိုင်း ခလုတ်တချက်နှိပ်ကာ ဟင်းချက်နိုင်ပါသည်။

အဲလိုဖြင့်ကျမလည်း စမ်းသပ်ဖို့ တဗူးဝယ်ပြီးသုံးကြည့်ပါတယ်။
ကျမက ဟင်းချက်တာမဟုတ်ပဲ အာလူးဟင်းချက်ရာမှာ အာလူးကိုမီးဖိုပေါ်ကြာကြာမပြုတ်
ချင်တော့ ဆီလီကွန်ဗူးထဲထည့်ကာ ၅၀၀ ၀ဒ်ဖြင့်၇မိနစ်ထားလျှင် အတော်နူးသွားသည်။


ယင်းနောက် ဆီအနည်းငယ်အိုးထဲထည့်ကာ ပူလာလျှင် မီးပိတ်၊ ဆီနည်းနည်းအေးအောင်
စောင့်ကာ ငရုတ်သီးမှုန့်ဇွန်းကြီး၁ဇွန်း၊ထိုင်းငံပြာရည်(ငံသဖြင့်)ဇွန်းသေးတဇွန်းထည့်ပြီး
ရေဓါတ်နည်းနည်းခန်းလျှင် ခရမ်းချဉ်သီးသံဗူးဘူးဝက်ခန့်(200ml)ထည့်ကာ (ငရုတ်သီး
စိမ်းကြိုက်လျှင် အတူရောထည့်ကာ) မွှေပေးပြီး အနည်းငယ်မွှေးလာပြီး ဆီပြန်လာလျှင် အာလူးနှင့် ရေအနည်းငယ်ထည့်ကာမီးအနည်းငယ်ဖြင့်၁၅မိနစ်ခန့်ထားပြီး ဆီပြန်လျှင်
စားလို့ရပါပြီ။ ကျမကငါးနီတူးခြောက်လေးတွေပါထည့်ထားပါတယ်။


နောက်မှ တခြားဟင်းတွေချက်ကြည့်ဦးမယ်စိတ်ကူးပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်

Tuesday, October 18, 2011

အင်္ဂါနေ့ည၁၀နာရီ၅၅ ビターシュガー

ビターシュガー Bitter Sugar


တစ်ည အိမ်ရှေ့ကလူခေါ်ခေါင်းလောင်းသံကြားတဲ့အခါ တံခါးနားက စာဖတ်ခန်းမှာရှိတဲ့
သူက တံခါးဖွင့်ရင်းစကားပြောနေပြီး၊ အဲသည်လူပြန်သွားပြီးမှ ကျမကဘာများလဲလို့လှမ်း
မေးတဲ့အခါ NHKက၀န်ထမ်းဖြစ်ပြီး၊ NHKကြည့်သလား၊ ကြည့်လျှင်လခလာကောက်ခြင်း
ရယ်ပါ။ ကျမခင်ပွန်းက ကျမရုပ်ရှင်ဇာတ်လမ်းတွဲတွေကြည့်နေလျှင် စာဖတ်ခန်းထဲစာဖတ်
နေတတ်သူမို့NHKက၀န်ထမ်းကို ကျနော်တို့NHKမကြည့်သလောက်ပဲလို့ငြင်းလွှတ်လိုက်
ပါတယ်။ ကျမကNHKက အင်္ဂါနေ့တိုင်းလာတတ်တဲ့အပတ်စဉ်ဇာတ်လမ်းတွဲတွေကိုသိပ်
ကြိုက်ပြီး ညတိုင်းမလွတ်တမ်းကြည့်လေ့ရှိတာမို့ သူ့ကိုပြောတဲ့အခါ အသက်ကြီးကြီး
NHK၀န်ထမ်းကိုသူကအလွန်အားနာသွားပါတယ်။ အဲလိုနှင့်တိုက်အောက်သွားရှာမယ်လို့
ဆိုတော့ သူကကျမပင်ပမ်းမှာစိုးတော့ နောက်တခါမှပဲပေးတာပေါ့လို့ဆိုငြား၊စိတ်မသက်
မသာဖြစ်နေတဲ့သူ့ကိုကြည့်ရင်း တိုက်အောက်မှာ ရှာမတွေ့ပေမဲ့ ၅မိနစ်လောက်စောင့်
တဲ့အခါ တခြားတတိုက်ကထွက်လာတဲ့ NHK၀န်ထမ်းဦးလေးကြီးကို ကျမခင်ပွန်းမသိလို့ပါ
ရှင်၊ ကျမက အင်္ဂါနေ့ကားတွေအမြဲကြည့်ပါတယ်လို့ဆိုရင်း အိမ်ပေါ်ပြန်ခေါ်လာရင်း စာရင်း
သွင်းပါတယ်။ တလကို ယမ်း၁၃၀၀နှုန်းခန့်ပေးရပါတယ်။ ကောင်းမွန်တဲ့ဝန်ဆောင်မှုကိုရ
လျှင် ကောင်းမွန်တဲ့တာဝန်သိမှုနှင့်တုံ့ပြန်ရမှာမို့ပါ။

ယခုကျမကြည့်ဖို့အားခဲထားတဲ့ ဇာတ်လမ်းတွဲကလေးကိုညွှန်းလိုပါတယ်။ NHKလိုင်းနံပါတ်
၁ မှ အပတ်စဉ်အင်္ဂါနေ့တိုင်း 22:55-23:25(30မိနစ်)ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
သည်အပတ် (ဆိုရလျှင် ယနေ့ အင်္ဂါနေ့၁၈ရက်နေ့မှ စတင်ထုတ်လွှင့်မှာပါ)
NHK総合
22:55-23:25(30分)
【放送スタート日】2011年10月18日(火)

ဇာတ်လမ်းအကျဉ်းကတော့
အသက်၄၀ပြည့်ခါနီးဖြစ်တဲ့ အမျိုးသမီးသူငယ်ချင်း၃ဦးရဲ့ဇာတ်လမ်းဖြစ်ပါတယ်။
တဦးဟာ ၇နှစ်ခန့်မေတ္တာမျှလာခဲ့သောချစ်သူဖြင့်လမ်းခွဲကာ တခြားယောကျာင်္းကို
စိတ်ဝင်စားလို့မရဘဲ ထိုသူမှထိုသူ အသဲကွဲနေပြီး၊
နောက်တဦးကတော့ယခင်မော်ဒယ်လ်ဟောင်းလုပ်ခဲ့သူဖြစ်ပြီး ပျိုရွယ်စဉ်ဘ၀ ပျားပတုံး
တွေကြားမှ ရိုးရိုးအေးအေးကြီးဖြစ်သူကိုရွေးချယ်လက်ထပ်ကာမှခင်ပွန်းဖြစ်သူဟာ နောက်
မိန်းမနှင့်အတူခြေရာဖျောက်ပျောက်ကွယ်သွားတာမို့လိုက်ရှာသူဖြစ်ပြီး မိမိဘာသာ
ရပ်တည်နိုင်ဖို့ ရုန်းကန်နိုင်ဖို့ကြိုးစားနေရပြီး၊
အခြားသူငယ်ချင်းတဦးဖြစ်သူကတော့ မိမိထက်အသက်ငယ်ကာဓါတ်ပုံပညာကလွဲပြီး
မိမိအပေါ်မှာတောင်အချိန်မပေးနိုင်တဲ့ချစ်သူကိုလမ်းခွဲသူဖြစ်ပြီး
အထက်တန်းတည်းက ငယ်သူငယ်ချင်းဖြစ်သူ ၃ဦးသားဟာပူးပေါင်းဖေးမကာ ဘ၀ကို
ဘယ်လိုဆက်လက်လျှောက်လှမ်းပုံဖော်သွားသလဲဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်။
လူ့ဘ၀ရဲ့ဖြစ်တတ်ပုံသဘောလေးတွေနှင့် ဂျပန်နိုင်ငံရဲ့လူနေမှုတစိတ်တပိုင်းကိုပါ
ပေါ်လွင်စေတဲ့ဇာတ်လမ်းတပုဒ်ပါ။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်

Monday, October 17, 2011

အလှူထမင်း၊ အလှူဟင်း

မနေ့က ၂၀၁၁၊ အောက်တိုဘာလ၊ ၁၆ရက်နေ့ ဂျပန်နိုင်ငံရှိဘုန်းတော်ကြီးကျောင်းမှာ
စုပေါင်းကထိန်အလှူပွဲ ကျင်းပသွားပါတယ်။ သင်္ကန်း၊ ဆွမ်းခဲဖွယ်၊ အလှူငွေကပ်လှူသူ
များဖြင့် စည်ကားလှပြီး၊ ခန့်မှန်းခြေ ဂျပန်လူမျိုး ၂၀ဦးခန့်နှင့် မြန်မာလူမျိုး၆၀ဦးခန့်
တက်ရောက်ကြပါတယ်။
ကျမမြန်မာနိုင်ငံကမထွက်ခင် ခန့်မှန်းတာထက် ဗီဇာကျတာမြန်ဆန်လွန်းတာမို့ သူနှင့်
ကျမရဲ့ နေ့နံစပ်ထုထားသော အိမ်ထောင်ဦးအထိမ်းအမှတ် ဘုရားဆင်းတုတော်ပြီးစီးပြီး
ရွေးယူရမယ့်ရက်က နောက်ကျနေပါတယ်။ ဖြစ်ချင်တော့ဘုရားဆောင်းတန်းမှာအပ်တာ
မဟုတ်ပဲ မိတ်ဆွေတဦးမှမိတ်ဆက်ပေးသော ဘုရားဆင်းတုထုသူထံတိုက်ရိုက်အပ်တာမို့
ဖုံးအကြိမ်ကြိမ်ဆက်ကာဆက်သွယ်ငြား၊ အဆက်သွယ်မရပဲ အိမ်အထိလိုက်ဖို့ရာလည်း
သိပ်ကိုဝေးလွန်းတာမို့ နောက်မှပဲလူကြုံရှိတဲ့အခါပို့ပေးပါလို့ အိမ်ကမိသားစုကိုမှာကြား
ပါတယ်။ မနက်ဖြန်လေယာဉ်ထွက်မည်ဆိုလျှင် တရက်မတိုင်မီမှာ အဲသည်ဘုရားထုသူ
ဧ။် အမျိုးသမီးက ဆင်းတုတော်နှင့်အတူရောက်ရှိလာပြီး၊ အောက်ခံဆေးသာသုတ်ထား
တဲ့ ဆင်းတုတော်ကိုယူဆောင်ပြသကာ ဘာအရောင်လဲ၊ ဒီအတိုင်းအဆင်ပြေလားဟု
လာရောက်ပြသတာမို့ ကျမမှာ အဲသည့်အချောမသတ်ရသေးသောဆင်းတုတော်ကိုပဲ
ဝမ်းသာအားရ ပင့်လာပါတယ်။ ထိုင်းလေဆိပ်မှာစစ်ဆေးတဲ့အခါလည်း ဆင်းတုတော်
ကိုမြင်လို့ မေးမြန်းတဲ့အခါ ကျမတို့ အိမ်ထောင်ဦးဘုရားပါလို့ဆိုတဲ့အခါ ၀န်ထမ်းတွေ
က (ထိုင်းဟာလည်း ဗုဒသာသနာထွန်းကားတဲ့နိုင်ငံမို့)ရှောရှောရှူရှူ ၀င်သွားပါ၊၀င်သွား
ပါလို့ဆိုပါတယ်။ အဲလိုနဲ့အနေကဇာလည်းမတင်ဖြစ်သေးပဲ တောက်လျှောက်ရှိနေတာမို့
ဘုရားအနေကဇာတင်ပွဲကိုပါ ကထိန်အလှူနှင့်အတူကျင်းပမည်ဆိုတော့ အားရ၀မ်းသာ
သွားဖို့စိတ်ကူးခဲ့ပါတယ်။ ဂျပန်ရောက်မှ သင်္ကန်းအတွက်အောက်ခံဆေးအနီရောင်ရဲရဲ
ပေါ်မှာ သင်္ကန်းညိုရောင်နှင့်မျက်ခုံးမွှေးအနက်ရောင်ကိုကိုယ်တိုင်ဆေးခြယ်ရတဲ့ အိမ်
ထောင်ဦးဘုရားကို ကျမခင်ပွန်းသည်ကလည်း အလွန်ကိုအလေးမြတ်ထားပါတယ်။
နံနက်တိုင်း ဘုရားသောက်တော်ရေ၊ ဆီမီး၊ အမွှေးတိုင် မပြတ်မကွက် ကပ်လှူပူဇော်
ကန်တော့ပြီးမှရုံးသွားသူလည်းဖြစ်ပါတယ်။ခုတော့အနေကဇာတင်ဖို့သွားမယ်ဆိုတော့
သူကလည်းအလွန်ဝမ်းမြောက်ပါတယ်။

သည့်အပြင် စုပေါင်းအလှူဖြစ်တာမို့ အလှူမှာကမကထ ကိုယ်တိုင်ကိုယ်ကျဝိုင်းဝန်းလုပ်
အားပေးနေတဲ့ ညီမငယ်တဦးကလည်း ရှိတာမို့ အစစအရာရာပြောပြပေးပြီး၊ ကပ်လှူသူ
တွေ ဆွမ်းသို့အချိုပွဲယူလာနိုင်တယ်။ ဆွမ်းကပ်ပြီး လူတွေအားလုံးဝိုင်းစုစားမယ်လို့ပြော
ပြပေးတာမို့၊ ဆွမ်းကပ်ချင်တဲ့ကျမ ညီမငယ်အကြံပေးတဲ့အတိုင်း ကျောက်ကျောနှင့်သာ
ကူပြင်နှစ်ထပ်ထိုးကာ အုန်းနို့ရေခန်းဆီပြန်အနှစ်ဆမ်းဖို့ စိတ်အားထက်သန်စွာ ချက်ပါ
တယ်။ သစ်သီးကလေးလည်း ကပ်လှူဖြစ်ပါတယ်။ ကိုယ်တိုင်ဆွမ်းချက်မလှူရတာ အတော်
ကြာပြီဖြစ်တာမို့ မလှူခင်ကကို စိတ်အားထက်သန်စွာဖြင့် အလွန်ကြည်နူးရပါတယ်။


သည့်နောက် ဆွမ်းကပ်လှူကြပြီး အသုတ်လိုက် လာလှူသူတွေစုပေါင်းစားသောက်ကြပါ
တယ်။ စားပွဲပေါ်ဟင်းပွဲတွေ၊ မုန့်တွေဖြန့်ခင်းထားပြီး နှစ်သက်ရာယူခပ်ပြီးစားရတာဖြစ်ပြီး
အလှူဆိုသဒါသန်တဲ့ မြန်မာနိုင်ငံသားများပီပီ၊ ညနေပြန်တဲ့အထိ စားစရာတွေအတော်
များများ ကျန်နေဆဲဖြစ်ပါတယ်။ အလှူထမင်းအလှူဟင်းဆိုလို့ပြောရမည်ဆိုလျှင် ကျမတို့
ညီအမတွေအားလုံးဟာ အလှူသွားရမှာကြောက်သူရှက်သူတွေလို့ဆိုရမှာပါ။ မိန်းမပျိုလေး
တွေဖြစ်တာလည်း တကြောင်းဖြစ်ပါလိမ့်မယ်။ အခြားက အလှူလာဖိတ်တဲ့အခါတိုင်း မိဘ
များကလွဲလို့ ဘယ်သူမှ သွားလေ့မရှိပဲ မိဘများမအားတဲ့အခါ ဘယ်သူ့ကိုမဆို သွားခိုင်း
ဖို့ခက်ခဲလို့ မျက်နှာနာရတယ်လို့ အမေကဆိုလေ့ရှိပါတယ်။ ခုလည်း လူတွေကများပြီး
ထမင်းတပန်းကန်ယူဖို့ ထမင်းထည့်သူနား မနည်းတိုးသွားရတာမို့ နဂိုတည်းက အလှူ
ကြောက်သူကျမ ချွေးပြန်ပြီး၊ ရှေ့ကိုတော်တော်နှင့်လှမ်းမရပါဘူး။ စိတ်ထဲကလည်း တိတ်
တိတ်လေး အနားက စားသောက်ဆိုင်တခုခုမှာ အသာလေးသွားစားလိုက်ရလျှင်ကောင်းမ
လားလို့ တွေးမိလိုက်ပါသေးတယ်။ သို့ပေမဲ့ အမ(မမွန်)လည်း အလှူလာတာမို့ ရှေ့ကို
သွား၊ ထမင်းပန်းကန်ယူလိုက် အစစအရာရာ စိတ်ပူပေး ပြောပြပေးတာမို့ အဆုံးမှာ ကျမ
ထမင်းတပန်းကန်ရလာပါတယ်။ တကယ်တော့ ထမင်းထည့်ပေးသူကလည်း သဘော
ကောင်းပါတယ်။ ကျမကသာ ချွေးပြန်ပြီး မတောင်းရဲတာ၊ ထမင်းထည့်သူက တပန်းကန်
ပြီး တပန်းကန်ခပ်ကာ အနားလာသူတွေကို ကမ်းပေးနေတာရယ်ပါ။ ကမကထ ပါဝင်
လုပ်အားပေးနေသူများအားလုံးဟာလည်း မမောစတမ်း ဘယ်သူဘာလိုလည်းရယ်လို့
အားလုံးကို ဂရုတစိုက်ကြည့်ရှူလုပ်ဆောင်လုပ်အားပေးနေကြပြီး၊သည့်နောက် ဟင်း
တွေမျိုးစုံတဲ့ စားပွဲကြီးနား ဟိုဟာတဇွန်းခပ်လိုက်၊ သည်ဟာတဇွန်းခပ်လိုက်နှင့်မိတ်ဆွေ
အမကလည်း စားလို့ကောင်းတယ်ထင်သမျှ ကျမဆီတဇွန်းမျှလိုက်ဖြင့် ကျမဘဝ
တသက်တာမှာ စားလို့အကောင်းဆုံးဖြစ်ခဲ့ရတဲ့ အလှူထမင်း၊အလှူဟင်းရယ်ပါ။



သည့်နောက် ဘုန်းဘုန်းတွေကို အလှူငွေကပ်လှူကာ ဘုရားအနေကဇာတင် တရားပွဲနှင့်
သာဓုအနုမောဒနာခေါ်ဆိုခြင်းတွေဖြင့် ပြီးသည်အထိ တရားနာဖြစ်ပါတယ်။ ပြီးတော့ မြန်
မာနိုင်ငံသားတွေ အများကြီးနှင့် ခုလိုပြန်မဆုံဖြစ်တာလည်း ကြာပြီမို့ ပျော်ရွှင်မိပါတယ်။

အလှူပွဲမှာချောမွေ့စွာပါဝင်ဆင်နွှဲနိုင်ဖို့ အစစအရာ ပြောပြပေးကူညီပေးတဲ့ညီမငယ် မေ
...နှင့် အမ မမွန်..တို့ကိုလည်း ကျေးဇူးသိပ်တင်မိပါတယ်။

အလှူကဟင်းတွေအချိုပွဲတွေသိပ်ကိုကောင်းပါတယ်ရှင်။ လှူဒါန်းသူတွေအားလုံး ကိုယ်ရော
စိတ်ပါ ကျန်းမာချမ်းသာကြပြီး ဘေးအန္တရာယ်အသွယ်သွယ်ကင်းရှင်းကာ လိုရာဆန္ဒတွေ
ပြည့်စုံကြပါစေလို့။

မေတ္တာဖြင့်
ကျော်နှင်းဆီလွင်

Friday, October 14, 2011

ပရုတ်လုံး

မြန်မာပြည်မှာတော့ အ၀တ်တွေ၊ စောင်တွေ စတာတွေကို ဗီရိုထဲသိမ်းဆည်းတဲ့အခါ
ဘယ်နေရာမှာမဆို အလွယ်တကူဝယ်သုံးနိုင်တာ ပရုတ်လုံးရယ်ပါ။ ဂျပန်ရောက်တဲ့
အခါမှာတော့ ပရုတ်လုံးလိုက်ရှာတာမတွေ့ပါဘူး။ ယမ်း၁၀၀ဆိုင်တွေမှာတော့ ရေအိမ်
သုံး ပရုတ်ခဲလေးတွေသာရှိပါတယ်။

ခုတော့ဂျပန်မှာ ဆောင်းဦးရာသီဝင်လို့ တဖြည်းဖြည်းအအေးပိုလာပြီး ၁၂လပိုင်းခန့်မှ
စလို့ အင်မတန်အေးတဲ့ဆောင်းရာသီထဲဝင်မှာမို့ ထုံးစံအတိုင်း အပူအအေးကွာဟမှု
ကွာဟမှုကြီးမားတဲ့နိုင်ငံမို့ နွေရာသီသုံး အ၀တ်စားတွေ၊ စောင်တွေ စတင်သိမ်းဆည်း
ရတော့မှာပါ။ ဒါကြောင့် ဂျပန်နိုင်ငံမှာသုံးကြတဲ့ ပိုးမွှားကာကွယ်ပြီး၊ အနံ့သက်ပျောက်
အမွှေးနံ့ထုပ်ကလေးတွေကို ညွှန်းလိုပါတယ်ရှင်။

ဆဲယူးလိုစတိုးဆိုင်မျိုးမှာပင် အလွယ်တကူ ၀ယ်ယူလို့ရပါတယ်။ ဈေးနှုန်းသိလိုသူတွေ
ရှိလျှင်သိရအောင် Amazonကလင့်တွေပါတပါတည်း ဖော်ပြသွားပါမယ်။

အ၀တ်ဗီရိုတွေထဲအ၀တ်တွေချိတ်ထား၇င်း အမွှေးနံ့ထုပ်လေးတွေပါရောချိတ်နိုင်အောင်
ချိတ်တာကလေးပါတဲ့クローゼット用(Closetသုံး)နှင့်ခေါက်ထားသောအ၀တ်ထည်
များ၊ စောင်များကြားတွင် ရောထည့်ရတဲ့သာမန်အထုပ်လေးတွေဖြစ်တဲ့ 引き出し用
・衣類箱用(အံဆွဲနှင့်အ၀တ်ထည်ထည့်ဗီရိုများသုံး)ဆိုတာအပြင် အခြားအမျိုးအစား
ပေါင်း မြောက်များစွာလည်းရှိပါတယ်။

ညွှန်းလိုသောတံဆိပ်ကတော့ ピレパラ(アース)(PiRePaRa・AaSu)ဖြစ်ပါတယ်။

ကျမအိမ်မှာသုံးတာကတော့အ၀တ်တွေစောင်တွေထဲထည့်ပြီး၊ရောသိမ်းနိုင်တဲ့အထုပ်
လေး၄၈ထုပ်ပါဝင်တဲ့ 引き出し用ဖြစ်ပြီး အမွှေးနံ့ပါဝင်ပါတယ။်

Amazon မှာဈေးနှုန်းသွားကြည့်လို့ရပါတယ်။


ယခုလိုပန်းရောင်အထုပ်လေးတွေဖြစ်ပြီး ခရမ်းရောင်ပြောင်းသွားတဲ့အခါ အသစ်လဲပေးရ
မယ်လို့ဆိုပါတယ်။


နောက်တခုကတော့ချိတ်ထားတဲ့အ၀တ်တွေနှင့်ရောထည့်ချိတ်တာမျိုးပါ။
အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေရှင်

Wednesday, October 12, 2011

မျက်တောင်ကော့ဆေး

အလှပြင်ပစ္စည်းတွေထဲ ကျမအတွက်မရှိမဖြစ်တာဆိုလျှင် မျက်ခုံးမွှေးပါးသူဖြစ်တာမို့
မျက်ခုံးမွှေးဆွဲခဲတံလို့ဆိုရမှာပါ။ အနှစ်သက်ဆုံးကဘာလဲလို့မေးလာလျှင် မျက်တောင်
ကော့ဆေးလို့ဆိုရမှာပါ။ မျက်ရစ်သိပ်မကြီးပဲ မျက်နှာကသေးသေးသွယ်သွယ်မို့ မျက်
တောင်ကော့ဆေးမသုံးလျှင် မထင်ပေါ်သလို ကိုယ်ပိုင်ဟန်မရှိသလိုခံစားရပါတယ်။

မျက်ဝန်းထောင့်တွေ ရွှေရောင်ဖျော့ဖျော့ဖတ်ခနဲတို့ပြီး၊ မျက်တောင်ကော့ဆေးဆိုး
လိုက်လျှင်ပဲ အရောင်လက်သွားသလိုခံစားရပါတယ်။

ကျမရွေးချယ်တာကတော့ ခပ်ထူထူနှစ်သက်သူမို့ အမြဲ volume ပါတာကိုပဲရွေးချယ်
လေ့ရှိပါတယ်။ နဂိုကော့သူဖြစ်ပြီး ကော့လွန်းလျှင် အလွန်ခလေးဆန်သွားသလိုခံစား
ရတာမို့ ၃၀ကျော် လူကြီးသိပ်ဖြစ်ချင်တဲ့ကျမဟာ curlကို မပါအောင်ရွေးဝယ်ပါတယ်။
ပြီးတော့ရှည်ပြီးကော့တက်သွားတတ်လို့ နည်းနည်းရှည်တာနဲ့ညှပ်ပစ်တတ်သူမို့
longမပါအောင်လည်းရွေးပါတယ်။



ပြီးတော့ mascaraမှာ water-proof ဖြစ်မဖြစ်လည်း ရှိသေးတာမို့၊ water-proofတွေ
သုံးဖူးခဲ့သူမို့ သုံးပြီးနောက်ရက်ထိ ဆေးတွေစွဲကျန်နေတတ်ပြီး ဖျက်ဆေးသက်သက်
မသုံးလျှင် အဆင်မပြေတာကို မနှစ်သက်သူမို့ water-proofမပါတာကိုသုံးပါတယ်။
ရေနွေးဖြင့်ဆေးကြောရုံဖြင့် ခပ်လွယ်လွယ် ဆေးပြယ်သွားတာမို့ပါ။

ခုတလောနှစ်သက်နေတာကတော့ Maybelline ရဲ့ အသစ်ထွက်တဲ့အထူ၇ဆလို့ဆိုတဲ့
အ၀ါရောင်ဗူးကိုနှစ်နှစ်သက်သက်သုံးဖြစ်နေပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်လှပပါစေ

Tuesday, October 11, 2011

ကြက်ကောင်လုံးကင်

ငယ်ငယ်က ကြက်ကောင်းလုံးပေါင်းတာစားချင်ရင် အဘိုးကိုမျှော်ရပါတယ်။ အဘိုးလာတဲ့အခါ
ရှုပ်ယှက်ခက်ပြီး မှတ်ဖို့ကြိုးစားရင်း၊မမှတ်မိရင်းနဲ့ အဘိုးကြက်ပေါင်းသိပ်စားလို့ကောင်းပါတယ်။

ခုတော့ အင်တာနက်ခေတ်ကြီးလဲဖြစ်၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ မတောက်တခေါက်
တတ်ရုံမျှဖြင့် ဘယ်နိုင်ငံကဟင်းချက်မလဲ ကုန်ကြမ်းသာဝယ်လိုက်၊ Ovenတို့လို Food
Processor တို့နဲ့ ဘာဟင်းချက်ချက် မြန်လည်းမြန် လွယ်လည်းလွယ်သော ခေတ်ကို ပြောင်း
လဲလာနေတာမို့ အဆင်ပြေလွန်းလှပါတယ်။ အဲလိုနဲ့ FaceBookက မိတ်ဆွေတွေလုပ်စားတဲ့
ကြက်ကောင်လုံးဓါတ်ပုံတွေကြည့်ပြီး အားကျပြီး စမ်းလုပ်ကြည့်ပါတယ်။


ကြက်အကောင်လိုက်ကို အသက်သာဆုံးဝယ်လို့ရတာကတော့ ဂျပန်စူပါမားကတ်တွေ
မဟုတ်ပဲ မြန်မာစတိုးဆိုင်၊ တရုတ်အစရှိသော နိုင်ငံခြားစတိုးဆိုင်တွေမှာသက်သာပါတယ်။
နှင်းဆီစတိုးမှာတော့ ခုတလော တကောင် (700g) 250Yen ကြီးလျှင် 900g 350Yenဖြင့်
ဝယ်လို့ရတာမို့ ချက်လို့ပျက်သွားလည်း အဆင်ပြေအောင်၊ ၂ယောက်စာတခါစားသဘော
ဖြင့် ၂၅၀ယမ်းဖြင့်ဝယ်လာပါတယ်။

ကျမဖတ်တဲ့ပြုလုပ်နည်းက ဒီနေရာကိုကလစ်နှိပ်ကြည့်ပါ။


 ချက်ပြုတ်နည်း

(A) ကြက်သွန်ဖြူ တမွှာ
      parsley ၄(၅)ညွန့်
      ဆား၊သကြား ဇွန်းကြီး ၂ဇွန်းစီ
      ရေ 200cc


၁။ ၀မ်းတွင်းသားထုတ်ထားတဲ့ကြက်အကောင်လိုက်ကိုသေချာဆေးပြီး အထက်ဖော်ပြပါ
    (A)အုပ်စုနှင့်အတူ ပလတ်စတစ်အိတ်ထဲထည့်ပြီး နေ့ဝက် သို့ တညထားပါတယ်။
၂။ယင်းနောက်ကြက်သားကိုထုတ်ပြီး ရေမကျန်အောင်စစ်တဲ့အပြင် ဆီစုပ်စက္ကူနှင့်သုတ်
   ပါတယ်။ ယင်းကြက်ကို ဆား၊ငရုတ်ကောင်း၊ ကြက်သွန်ဖြူတတက်ထောင်းထားတာကို
   နှံ့အောင်လူးပါတယ်။ ကြက်ဗိုက်ထဲမှာ ညကအရသာရေစိမ်ရာမှာ ထည့်တဲ့ကြက်သွန်
   ဖြူ၊ parsley၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ပါတယ်။ (ကြက်သွန်ဖြူအစိမ်းမထည့်ရပါ)
၃။ကင်တဲ့အခါ ခြေတွေတောင်ပံတွေကားမထွက်ရအောင် အကင်ထိုးတဲ့တုတ်တံနှင့်
  ခြေနှင့်တောင်ပံများကိုထိုးပြီးထိန်းပါတယ်။မူရင်းလင့်ခ်မှာပုံသွားကြည့်နိုင်ပါတယ်။
၎။Oven 180ံ ရောက်အောင် ကြိုအပူပေးပါတယ။် 
၅။ကြက်ကိုထည့်မဲ့လင်ပန်း(ခွက်ထဲ)သံလွင်ဆီပါးပါးလူးပါတယ်။ (ကျမကအပူခံစက္ကူခင်း
   ပါတယ်။)
၆။ကြက်အပြင် အခြားအသီးနှံ့ကိုလည်း နှစ်သက်ရာကို ကြက်ဘေးမှာ ဖြန့်ထည့်ပါတယ်။
  ကျမကတော့ မုန်လာဥနီဖြန့်ခင်းရုံမကပဲ ဗိုက်ထဲမှာ မှိုနှင့်ဥနီရောထည့်ပါတယ်။
၇။ကြက်ကိုသံလွင်ဆီပါးပါးလေးသုတ် သို့ ဖြန်းပေးပါတယ်။ rose mary ဖြူးပါတယ်။
   ကျမ မရှိလို့ မဖြူးလိုက်ပါဘူး။
၈။ယင်းနောက် ကြိုအပူပေးထားတဲ့180ံနဲ့ပဲ ၆၀မိနစ်မှ ၉၀မိနစ်Ovenနဲ့အပူပေးပါတယ်။
  ကျမက မိနစ်၂၀စီ ၄ကြိမ်၊ အကြိမ်တိုင်းမှာ ကြက်သားမှထွက်တဲ့အချိုရည်ကို ကြက်တစ်
 ကောင်လုံးနှံ့အောင်ပြန်ပြန်ဆမ်းပေးပြီး၊ နောက်ဆုံးတခေါက် မိနစ်၂၀ကင်တဲ့အခါမှာ 
 မကင်မီ စုတ်တံလေးနဲ့ခရုဆီကိုပါးပါးလိုက်သုတ်ပြီးကင်ပါတယ်။ 


နီညိုရောင်သန်းတဲ့ကြက်ကောင်လုံးကင်မွှေးမွှေးလေးအသင့်စားရုံပါ။
ခရမ်းချဉ်သီးပါးပါးလှီး၊ ပန်းဂေါ်ဖီစိမ်းပွင့်ကိုရေနွေးဖျောရေစစ်၊ ဆလတ်ရွက်ကိုအစိမ်း
ကင်ထားတဲ့မုန်လာဥနီကိုသင့်တော်သလိုစီပြီး အနှစ်ဆမ်းကာစားရန်အသင့်ဖြစ်သွားပါ
တယ်။


အရည်ဆမ်းအနှစ်ပြုလုပ်နည်း
ကြက်သားကထွက်လာတဲ့အချိုရည်ထဲ ၀ိုင်ဖြူအနည်းငယ်၊ ပျားရည်၊ သံပုရာရည်အနည်း
ငယ်၊ ဆား၊ ငရုတ်ကောင်းထည့်ကာ အရသာကိုရေအနည်းအများဖြင့်ချိန်ကာ မီးအနည်း
ငယ်ပေးကာ သုံးဆောင်နိုင်ပါတယ်။


အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

Sunday, October 9, 2011

ကြာစွယ်သုပ် (ဂျပန်စတိုင်လ်)

ဂျပန်မှာအစားများကြသောကြာစွယ်ကို RenKon လန်းကွန်း れんこん လို့ခေါ်ပါတယ်။
မြန်မာပြည်မှာရှိစဉ် အိမ်က ဈေးနားနီးတာမို့ ဈေးထဲမှာ ခဏခဏတွေ့ဖူးပေမဲ့ ဂျပန်
မလာခင်အထိ တခါမှမစားဖူးတဲ့ ကြာစွယ်ရယ်ပါ။ ဂျပန်အခြေခံဟင်းချက်စာအုပ်ထဲက
အတိုင်း လွယ်ကူရိုးရှင်းစွာသုပ်လိုက်ပါတယ်။ ထင်တာထက်စားကောင်းလွန်းပါတယ်။


ကြာစွယ်ကိုမလှီးခင် အရေးကြီးတဲ့အချက်လေးတွေပြောပြချင်ပါတယ်။
အိမ်မှာတော့တခါစားလျှင် ကြာစွယ် တဆစ်စာ စားလေ့ရှိပါတယ်။

လှီးတဲ့အခါ
၁ဆစ်ပဲစားစား၊၂ဆစ်ပဲစားစား အခွံခွာတဲ့အခါ အဆစ်ကို မလှီးပစ်ပဲအဆစ်နေရာကို
သည်အတိုင်းချန်ပြီး အခွံခွာပါ။
ပြီးလျှင်အဆစ်နေရာလေးကို ကိုင်ပြီးလှီးလျှင် နောက်ဆုံးအသားအထိ လှလှပပ၊ပါးပါးလှီး
ဖို့ လွယ်ကူအဆင်ပြေပါတယ်။

ပြုလုပ်နည်း (ဂျပန်အခေါ်ဟု ဖော်ပြထားသော ကုန်ကြမ်းများမရှိလျှင် ကွင်းထဲမှ
အလားတူအရသာကို အသုံးပြုနိုင်ပါသည်)


၁။အချဉ်ရည် (ဂျပန်အခေါ် 酢 su) (ဗနီဂါ၊ သံပုရာနှစ်သက်ရာ)
   ရေသို့ အချိုရည် (ဂျပန်အခေါ် 白だし shirodashi) (အသားမှုန့်အနည်းငယ်)
   ဇွန်းကြီး ၁ဇွန်းခန့်စီ
   သကြား လ္ဘက်ရည်ဇွန်းသေး ၁ဇွန်း
   ဆားအနည်းငယ်

၂။ကြာစွယ် ၁ဆစ် (၁၅၀ဂရမ်ခန့်)အခွံခွာပါးပါးလှီးကာ၊ ဗနီဂါ(အချဉ်ရည်ဇွန်းကြီးတဇွန်း၊
   ရေမြုပ်သည်အထိ ရေပမာဏရောကာ)စိမ်ထားပါ။ ၅မိနစ်ခန့်ရှိလျှင် ဆယ်ကာ၊ရေဆေး
   ပါ။ 

၃။ရေနွေးတည်ပြီး ဆူလျှင်၊ ဆေးထားသော ဖော်ပြပြီး ကြာစွယ်အားထည့်ကာ အရောင်
 အကြည်သို့ ကူးပြောင်းသည်နှင့်တပြိုင်နက်ချကာ၊ ရေအေးဖြင့်ဆေးပြီး ရေစစ်ပါ။
 (၃မိနစ်ခန့်ကြာလေ့ရှိသည်။)

၄။ကြာစွယ်အား နံပါတ်၁ရှိကုန်ကြမ်းများနှင့်ရောနယ်ကာ သုံးဆောင်နိုင်ပါပြီ။

အားလုံးပဲ စားကောင်းပါစေရှင်


ဆားခါး

ခုတလော ဆားခါး ၀ယ်ချင်သော်ငြား မြန်မာစတိုးဆိုင်တွေဘက်လည်း တော်တော်နဲ့
မရောက်ဖြစ်တတ်သူမို့ အခက်တွေ့ရပါတယ်။ ခင်ပွန်းသည်ကို ၀ယ်ခိုင်းဖို့ရာ အင်္ဂလိပ်
လို ဆားခါးကိုဘယ်လိုခေါ်မှန်းမသိ၊ အင်္ဂလိပ်လိုမသိတာမို့ ဂျပန်လိုရှာဖို့လည်းဝေးသွား
ပါတယ်။ အင်္ဂလိပ်မြန်မာအဘိဓါန်မှာသွားရှာပြန်တော့လည်း မတွေ့ပြန်။

အဲလိုနဲ့တနေ့ကမြန်မာဆိုင်ရောက်တော့ဝယ်လာပါတယ်။ ကွမ်းသီးစေ့တ၀က်ခန့်
ရှိတဲ့ ဆားခါးကို ယမ်း၂၅၀ပေးရတာမို့ နောက်တခါဝယ်ရင်တော့ မတန်ဘူးလို့တွေးရင်း
ဆားခါးလို့ရိုက်ရှာကြည့်လိုက်တာ ကံကောင်းထောက်မစွာ သွားတွေ့ပါတယ်။

ဆားခါး = Epson Salt = 硫酸ナトリウム (Ryuu San NaToRiUMu) ဆိုပဲ


မရေးတာကြာလို့ ရေးစရာမရအရရှာပြီး ကျမလည်းဆားချက်လိုက်ပါတယ်
:)))

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates