လွန်ခဲ့တဲ့ရက်တွေ အမျိုးသားရဲ့ဇာတိကိုသွားလည်ပြီးပြန်လာချိန်မှာ
ကျောင်းမှာ သင်ခန်းစာအသစ်စသင်ခဲ့တာပေါ့
အရင်က တဆင့်ပြီးတဆင့်သင်လာလိုက်တာ ကွန်ပျုတာဖွဲ့စည်းပုံနဲ့အင်တာနက်စနစ်တွေ
Microsoft Word, Excel, Access, Powerpoint
ပြီးတော့ Autocad ဒီထက်ခက်တာက စကတည်းက နပမ်းလုံးခဲ့ရတဲ့
ပုံဆွဲခြင်းတွေ မူလီတွေ နပ်တွေ ရဲ့ရှုပ်ရှက်ခက်နေတဲ့အတိုင်းတာတွေ ရှာနည်းတွေ
တဆံချည်တောင်လွဲမရတဲ့အရာတွေကို ကိုယ်က တခါတလေ ဆရာတွေပြောတဲ့ဂျပန်လိုလည်း
နားမလည်လိုက်တာနဲ့ အလွဲကြီးတွေလွဲ အများကြီးရှိခဲ့တာပေါ့
ဒါပေမဲ့ကိုယ်တို့အုပ်စုကတအားကောင်းတယ်။
နေ့လည်ထမင်းကိုအမြဲအတူစားတတ်ကြ စကားဖောင်ဖွဲ့တတ်ကြတယ်
ကိုယ်မသိတာတွေကို သူငယ်ချင်းတွေက တယောက်တမျိုးစီအမြဲရှင်းပြတတ်ကြတယ်
ဒါကြောင့်ခက်ပေမဲ့ ခဏပါပဲ ချက်ချင်းဆိုသလို သဘောပေါက်သွားတာမို့
ခက်တာရှိလည်း ကြာချိန်မရှိခဲ့တာပေါ့
ဒါပေမဲ့ ခုက ကိုယ်နည်းနည်းပျာသွားတာ။ လုပ်နေဆဲ သင်ခန်းစာတပိုင်းကလည်း
ပုံဆွဲတာကို စက်ကိုတခုလုံးဖြုတ်ပြီး တစချင်း အုပ်စုဖွဲ့ပြီး အုပ်စုလိုက် အစိတ်ပိုင်းလေးတွေခွဲပြီး
ဆွဲရတယ်။ ပြီးတော့ မိုက်ခရိုမီတာနဲ့အသေးစိတ်တိုင်းရပြန် မခက်ပေမဲ့ လွဲမရတော့ သိပ်ခေါင်းစားတယ်
အဲလိုအချိန်မှာ 3D Solidworks Softwareကို စသင်တဲ့အချိန်မှာ အားလုံးဟာ ဂျပန်လိုတွေနဲ့
Autocadမှာ ကိုယ်မမြင်ဘူးတဲ့ စကားလုံးအသုံးနှုန်းတွေ အတော်များများကို တွေ့လိုက်ရပြီး
ဆရာကလည်းမြန် လိုက်မလုပ်နိုင်ခဲ့တဲ့ကိုယ် စိတ်ညစ်ခဲ့ရတာပေါ့
ကျန်တဲ့သူတွေခက်တယ်ဆိုတဲ့ Autocadက ကိုယ်က မြန်ပြည်မှာလည်းသင်ခဲ့ဖူးတော့ ခပ်ပါးပါးလေးပဲ
အလွန်အလွန်ရတယ် ဆိုရမယ် ကီးဘုတ်ချည်းသုံးတာကိုယ်ပဲ ဆိုရမလို
ခုတော့ အားလုံးကအလွန်လွယ်ဆိုတဲ့ 3D Solidworksကို ကိုယ်ကမရဘူး
ခက်တာထက်ကို ဂျပန်လိုလုံးစေ့ပတ်စေ့မရတော့ တခုလွတ်တာနဲ့ ဘာမှာဆက်လုပ်လို့မရတော့တာလေ
ညစ်လိုက်တာ တပတ်လုံး
အဲလိုနဲ့တလအလကားပေးတဲ့ ဆော့ဖ်ဝဲလ်ကို အင်စတောလုပ်
စာအုပ်ဆိုင်တွေ သူငယ်ချင်းတွေနဲ့ပြေး rankingလည်းကောင်း ဖတ်ရလွယ် Topicစုံတဲ့ စာအုပ်ကို
ဝယ်လာပြီး ဖတ်မှ ကျင့်မှပဲ အဆင်ပြေသွားတော့တယ်
တကယ်က ဂျပန်တိုကျိုမြို့လယ် အစည်ဆုံးစာအုပ်ဆိုင်တွေရှာတာတောင်
3D Solidworksနဲ့ပတ်သတ်တဲ့စာအုပ်က ၁၀အုပ်မပြည့်ချင်ဘူး
ခုတော့လည်း အရင်က ကိုယ်ပြန်ဖြစ်သွားပါပြီ
စာလိုက်နိုင်မှပဲ ဘလော့ဂ်ဘက်ကို ပြန်လှည့်နိုင်တော့တယ်
ဒီစာအုပ်လေးအတော်ကောင်းတယ်
3D Solidworksကို ဂျပန်လိုလေ့လာမယ် ဆိုရင် ဒီစာအုပ်လေးညွှန်းချင်ပါကြောင်း...
အမှတ်တရပါပဲ
5 comments:
မဇာခြည်က ဘာတတ်နေတာလဲဟင်.. Auto Card ကိုထပ်ပီးသင်ရတာလား
ကိုယ့်ဘာသာပြန်လေ့လာရင်ရသလား။အဲဒါ ဘယ်လိုနေရာမှာ ပိုအသုံးတည့်လဲ..။
တို့က auto Card ကိုမြန်မာပြည်မှာတော်တော်ကျွမ်းခဲ့တာ တချို့ကိုယ်သင်ပေးတဲ့လူတွေတောင်စလုံးမှာလုပ်နေကြတယ်။ အင်ဂျင်နီယာတယောက်အနေနဲ့ တတ်သင့်တယ်ထင်လို့ တက်ခဲ့တာပါ။ဂျပန်တွေနဲ့တွဲလုပ်တော့လဲ ပိုပီးအဆင့်မြင့်တက်ခဲ့ပေမဲ့ ၂၀၀၆မှာ စပီးလမ်းခွဲရတော့ မေ့သလိုလိုတောင်ဖြစ်နေပီ။ဘာပဲဖြစ်ဖြစ် ပညာဆိုတာ ..ဟီးး
မမိုရေ
ခုတက်နေတာ機械CAD製図科ပါ
မမိုတို့လိုအော်တိုကဒ်လည်းရ အင်ဂျင်နီယာဘွဲ့လည်းရထားမယ်ဆို
အရင်ဆုံးဂျပန်စာ လယ်ဘယ်၂ ဖြစ်နိုင်ရင် လယ်ဘယ်၁ကိုအောင်အောင်လုပ်ပြီး
အော်တိုကဒ်ကိုဂျပန်လိုဆော့ဖ်ဝဲလ်ကို ပြန်သင်ယူသင့်ပါတယ်။ သင်တာထက် ကျင့်ယူတယ်ဆိုရမှာပေါ့နော်
အဲလိုမဟုတ်လည်း အော်တိုကဒ်ဂျပန်လိုဆော့ဖ်ဝဲလ်ကို
မိမိဘာသာ တတ်ကျွမ်းအောင်လေ့ကျင့်လည်းဖြစ်ပါတယ်။
ဒါဆိုရင် မလိုချင်တောင် တလ၃၅သိန်းလောက်က
ပြေးမလွတ်ဘူးထင်ပါတယ်
:D
ဟုတ်လား...
တကယ်တော့ အင်ဂျင်နီယာတယောက်ကတတ်ထားတယ်ဆိုတာ ကိုယ်ကတတ်ထားမှအောက်ကလူတွေကို ခိုင်း..အဲ ညွှန်ကြားနိုင်တာလေ..ဟားဟား.. အမလား အဲ့အလုပ်ကတတ်ထားယုံပဲ
တတ်သည့်ပညာမနေသာဆိုသလိုလေ...
ဒါနဲ့စကားမစပ်..ဟိုတနေ့ထဲက ဟိုဖက်ကဟင်းအိမ်လေးကိုရောက်တယ် မန့်တာမ၇လို့ လှည့်ပြန်ခဲ့တာ..
စပ်စုချင်တာကတော့ အမျိုးသား၇ဲ့ ဇာတိဆိုတော့ အမျိုးသားက ဒီမှာမွေးတာလားဗျို့...စိတ်မဆိုးရ။ မဖြေ၇င်လဲဖြစ်ပါတယ်။ သိချင်လို့မေးတာပါ
မမိုရေ
ဟင်းအိမ်လေးသွားပြင်လိုက်ပါပြီ
သွားလည်ပေးတာကျေးဇူးပါ
ပြီးတော့ သူက အဲဒီမှာမွေးတာပါ
သိချင်မှတော့ငြင်းဆန်အားမရှိပါဘူး
:D
ခွန်ရေ
အတူတူဆက်ဆက်စားမယ်
အခွင့်ရေးကိုဖန်တီးကြရအောင်
ချစ်တဲ့
မညရေ
ချစ်စရာလေးနော် သွားချောင်းလာခဲ့တယ်
ဒါပေမဲ့ ညီမတို့က စက်ပုံတွေဆွဲတာမို့ ပျင်းစရာ
မညတို့ကdesignဘက်နွယ်တော့ ပိုပျော်ဖို့ကောင်းပေမဲ့
သူ့ဟာနဲ့သူ ခက်ပုံပေါ်တယ်နော်
လုပ်ရင်းနဲ့ယဉ်သွားရင်ကျွမ်းတာမြန်တယ်မညရဲ့
ၵီ:D
Post a Comment