တောင်ထပ်တက်ခဲ့တယ်။
ဂျပန်မှာလည်းဒီလိုအရုပ်လေးရှိတာ အံ့သြစရာနော်။
ဒီတခါတက်တဲ့တောင်က မတ်လည်းမတ် တောတောင်တွေနဲ့တကယ့်သဘာဝတွေပေါများသမို့
ပထမတခါတက်တဲ့တောင်ဟာ ကလေး ကစားသလို ဖြစ်သွားတယ်။
နဂိုတည်းက ခြံထဲမှာ အပင်တွေစုံစွာ အပင်တွေအောက် ခြုံတွေကြား အပင်တွေပေါ်တက်ရင်း
ဆော့ရင်း ကြီးပြင်းလာသူမို့ အပင်နှင့်တောတွေကတော့အတော်ချစ်တယ်။
ဒါကတော့တောင်ထိပ်ကနေလှမ်းကြည့်တော့မြင်တွေ့ရတဲ့ တောတောင်ပင်လယ်
ကျွန်းကလေးတွေရဲ့ရှုခင်းပါ။
ဒီ့အပြင် သူငယ်ချင်းအမတယောက်ဆီသွားလည်တော့ ပန်းခြံကြီးထဲလည်း လျှောက်လည်ခဲ့
သေးတယ်။
ဒီအချိန်ဟာ တနိုင်ငံလုံး ချယ်ရီပန်းတွေပွင့်တာမို့ မျက်စိတဆုံးကြည့်လေရာ ချယ်ရီတွေ
ဖွေးလို့နေတာပေါ့။
ချယ်ရီဟာမြန်မာပိတောက်လိုပဲ ပွင့်ပြီး ရက်အနည်းငယ်ကြာတာနဲ့ကြွေတာမျိုးပါ။
ဒါ့အပြင် ဆောင်းတတွင်းလုံးအလွန်အေးခဲ့တော့ လမ်းပေါ်မှာ ခဏရပ်လို့တောင်
စကားလက်ဆုံမပြောနိုင်တဲ့ ဂျပန်မှာ အအေးဒဏ်နှင့်ဆောင်းရာသီကို စွန့်ပြီး
ခုကစလို့ နွေးထွေးတဲ့ ရာသီသစ်ထဲကူးပြောင်းမှာဖြစ်တာမို့
ပန်းကြည့်ပွဲလို့ နာမည်တွင်သော ဂျပန်ရိုးရာ ဓလေ့လေးတခုဖြစ်တဲ့
ချယ်ရီပင်တွေအောက် နေပူဆာလှုံရင်း ပျော်ပွဲစားထွက်ကြတဲ့ မိသားစုတွေ အုပ်စုတွေကိုလည်း
တွေ့ခဲ့ရတယ်။
ပင်ပမ်းခဲ့ပေမဲ့လည်း တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
7 comments:
today is cold again.
:)
yes, all the roads are full of cherry blossom.
I was also hiking 3 mountains in Nara on last Sunday.
That way of mountain is connecting from Nara to Tokyo which was about 3800 km far.
It was nice place but so tired.
My group has a leader who is a primary school teacher ,80 yrs old, and he loves history. He explained many things and I am a youngest in this group. All of group members are his pupils since they are childhood. ok, Later I will post about that.
တက်ပြန်ပြီလား အစ်မ။
တောင်ကိုပြောတာနော် ...း)
ပျော်စရာကြီးနေမှာ။ ခွန်ကတော့
အဝေးမသွားဖြစ်သေးဘူး။
ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ
မြတ်နိုးရေ
စကားမစပ် မြတ်နိုးဘလော့ဂ်ဝင်ကြည့်လို့မရဘူးနော်
ဒီတခါကြုံရင် ဘလော့ဂ်လိပ်စာလေး ရေးပေးသွားနော်
;)
ခွန်ရေ ပျော်ခဲ့မောခဲ့ပါတယ်။
သတိလည်းရတယ် ခွန့်ကို။
:)
ရောက်တယ် ညီမလေး.နည်းနည်းအလုပ်ရှုပ်နေတာနဲ့ စာဖတ်နောက်ကျသွားတယ်။ ဓါတ်ပုံတွေ သွားမယူဖြစ်သေးလို့။ ယူပြီးရင် မေးလ်နဲ့ ပို့လိုက်မယ်နော်။
otsukare sama desita :D
မညရေ
ညီမက တချိန်လုံးစောင့်နေတာသိလား
:D
အားမှပို့ပေးနော်
ချစ်တဲ့
色々ありがとうございました。
ကျိုက်ထီးရိုးတောင်တက်ရသလိုလို။ မစပ်မဆိုင် မြန်မာကို သတိရမိသွားလို့။း)
ဒီရာသီက ဂျပန်မှာ အလှဆုံးထင်တယ်။ ပျော်စရာကြီး။
ကိုမောင်ရေ
တကယ်ပါ ဒီရာသီအကူးကစလို့ ဂျပန်က တကယ်ကိုအလှဆုံးရာသီထဲ ၀င်မှာပါ။
မြန်မာကတော့အမြဲပဲသတိရနေပါတယ်။
:)
Post a Comment