Word, Excel, Outlook, Web Site တို့ကိုပါ ဖန်တီး၊ အသုံးပြုလာနိုင်သည့် Google
တရက်က စကာင်္ပူတွင်ရှိသော ညီမ၀မ်းကွဲလေးနှင့် အွန်လိုင်းမှာတွေ့ကြသည်။
အာလာပ၊သလာပ စကားဆိုရင်း မီးက အင်တာဗျူးဝင်ဖို့ အလုပ်မှာသုံးတဲ့ Excel ကျင့်မလို့။
မေ့ကုန်ပြီ မ သင်ပေးလို့ရလားလို့ဆိုလာတော့ ကဲ အင်တာဗျူးလေးအဆင်ပြေသွားဖို့
လျှပ်တပြက် ပွိုင့်လေးတွေ ပြောပြဖို့လုပ်တဲ့အခါ တဖက်မှာ Excel softwareရှိလား
ဖွင့်လိုက်ဆိုတော့မရှိဘူးတဲ့။ အယ် မရှိရင်ဖွင့်မရ၊ ဖွင့်မရတော့ကိုယ်ဘယ်လိုသင်ရပါ့။
အဲလိုနဲ့Wordအစား ခဏခဏသုံးဖူးတဲ့၊ Google Document ထဲ ၀င်ကြည့်တော့
တော်ပါသေးရဲ့ သွားတွေ့တယ်။ Microsoftရဲ့Excel function တွေနဲ့တော့ နည်းနည်းကွဲပေမဲ့
အွန်လိုင်းသုံး ဆော့ဖ်ဝဲလ်တခုအနေဖြင့် မိမိဘာသာ ဒေတာတွေရေးမယ်၊ ပြုလုပ်မယ်၊
သိမ်းဆည်းမည်ဆိုလျှင် အလွန်အဆင်ပြေကြောင်းပါ။
အရင်ကဆို အီးမေးလ်ထဲဝင်ဝင်သိမ်းပေမဲ့ filing system အရကြည့်လျှင်
label ကို အသုံးပြုကာ သိမ်းသော်လည်း အနည်းငယ် ရှုပ်ထွေးပါတယ်။
သုံးနည်းကတော့ Gmail ထဲအရင်ဝင်လိုက်ပြီး မေးလ်ပွင့်လာရင်
ဘယ်ဘက် အပေါ်ဆုံးထောင့်မှာ တန်းစီရေးထားတဲ့
Gmail Calendar Documents Web Reader more ▼
ဆိုတာရှိပါတယ်။ အဲဒီ့ထဲက Documents ကို နှိပ်လိုက်ရင် ပွင့်လာပါမယ်။
အဲဒီပွင့်လာတဲ့စာမျက်နှာထဲမှာမှ
New ကိုနှိပ်ရင် စတင် အသစ်ကို ဖန်တီးပြုလုပ်မယ်ဆိုတဲ့သဘောပါ။
Document (Wordလိုမျိုးပါ)
Presentation (Power Point လိုမျိုးပါ)
Spread Sheet (Excelလို ဇယားနဲ့စာရင်းတွက်ချက်မှုတွေ)
Form (Formပုံစံတွေ)
from template စတာတွေထဲက ကြိုက်နှစ်သက်ရာကိုအသုံးပြုရုံပါပဲ။
Googleရဲ့ ဖန်ရှင်အတော်များများဟာ လူအတော်များများသိပြီးသားဖြစ်မှာပါ။
ဒီလိုရေးလိုက်တဲ့ ပို့စ်တိုင်းဟာ သိသူတွေအတွက်မရည်ရွယ်ပါဘူး။
မသိသူ နှင့် စတင်တတ်ခါစသူများအတွက်သာရည်ရွယ်ကြောင်းပါ။
အဲလို ရေးသားမှုမျိုးတွေသာ မရှိခဲ့ရင် ယခုခေတ်သင်နေသော က ခ ကစလို့
မြန်မာစာပေမျိုးတောင် သင်ယူနိုင်စရာ၊ တတ်မြောက်လာနိုင်စရာ အကြောင်းမရှိဘူးလို့
ယူဆမိပါကြောင်း။
ယခုရက်ပိုင်းနည်းနည်းအားတော့ ဂျပန်စာဝေါဟာရတွေပြန်ရေးနေပါတယ်။
ယခင်က Microsoft Excel ထဲ ရိုက်ပြီးသိမ်းဆည်းထားတဲ့ဂျပန်လိုစာလုံးတွေဇယားလိုက်ကို
Google Siteထဲ ဇယား(Table)ပြုလုပ်ပြီး၊ အဲသည့်ဇယားထဲ Excelမှ ဇယားလိုက်ကူးယူထည့်တဲ့အခါ
Google Siteထဲ ဇယား(Table)မှာ ဇယားလိုက် အကွက်လိုက်ခြားပြီးမ၀င်ပဲ
တကွက်ထဲမှာ ဇယားတခုလုံးဝင်သွားတာမို့ တခုချင်းကို တကွက်ချင်းဆီ ပြန်ဖြတ်ကူးထည့်ရတာ
အတော်ပဲပင်ပမ်းခဲ့တာမို့ အချိန်ကုန်ပြီး အလုပ်လည်းသိပ်မတွင်ခဲ့ပါဘူး။
ခုတော့ Google Siteကို သုံးပြီး အဲဒီ့ထဲက Inser ကိုနှိပ်တဲ့အခါ အပေါ်မှာဖော်ပြထားသလိုပဲ
Document (Wordလိုမျိုးပါ)
Presentation (Power Point လိုမျိုးပါ)
Spread Sheet (Excelလို ဇယားနဲ့စာရင်းတွက်ချက်မှုတွေ)
Form (Formပုံစံတွေ)
from template စတာတွေထဲက ကြိုက်နှစ်သက်ရာကို
ဖိုင်လိုက် ထည့်သွင်းလို့ရတာမို့
ဦးဆုံး Spread Sheet (Excel)မှာ အားလုံးအပြီးစီးသွားရိုက်ပြီး သွင်းလိုက်ရင်ရသွားမှာမို့
အဲလိုအပြီးသတ်ဖို့ လုပ်နေကြောင်း မြန်မာလိုပြန်နေကြောင်းပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ။
4 comments:
good..
plz let me know Jp word also.
မရေ
ညီမဘလော့ဂ်ရဲ့ ညာဘက်က
အညွှန်းလင့်ခ်များရဲ့အောက်မှာ
ဂျပန်စာအဆင့်၂စာမေးပွဲဝေါဟာရများ(ရေးသားဆဲ)
ဆိုတာကို နှိပ်လိုက်ရင် အရင်ရေးထားတဲ့ အဟောင်းတွေ့ရပါမယ်။
အသစ်ကိုလည်းပြီးသွားတဲ့အခါ အဲဒီ့နေရာမှာပဲ
ထည့်ပေးသွားမှာပါ။
:D
ဗဟုသုတလေးများအတွက် ကျေးဇူးအများကြီးတင်ရပါတယ် ညီမလေးရေ..
းD
မညရေ
ညကလည်းကျေးဇူး
:D
Post a Comment