Thursday, May 27, 2010

မသိခြင်းများ

ငယ်ငယ်က ညီမ၀မ်းကွဲလေးရဲ့အဖေက နိုင်ငံခြားသဘောင်္ခဏခဏထွက်သူမို့
တခါအိမ်လည်သွားတိုင်း ပစ္စည်းသစ်တွေတွေ့ရလေ့ရှိသည်။
တနေ့ ခပ်လှလှ ဓါတ်မီးလေးကိုင်ကာ ဖွင့်နည်းမသိဖြစ်ဖူးသည်။

တီဗွီတွေစသုံးခါစ အရောင်ညှိနည်း၊ တီဗွီလိုင်းချိန်နည်း
စလောင်းတပ်ပြန်တော့ စလောင်းနဲ့လိုင်းဖမ်းနည်း ချိန်နည်းတွေလည်း မသိဖြစ်ဖူးသည်။


ဂျပန်ရောက်လာပြန်တော့လည်း ကွာဟသော လူနေမှုစတိုင်နှင့်
နည်းပညာအသစ်ဆန်းတွေကြား မသိတာတွေအတော်များသည်။

ရောက်ခါစက ရထားမစီးတတ် ရထားခတွေတွက်နည်းလည်းနားမလည်
လိုင်းမှားစီးမှာလည်းကြောက်သူမို့ ရထားပေါ်တော်တော်နဲ့မတက်ရဲ
ရေးထားတဲ့ အချိန်ဇယားကို ဘယ်လိုကြည့်ရမှန်းနားမလည် ဖြစ်ဖူးသည်။

မသိတာအတွက် တခါမျှတော့ရှက်ဖွယ်ဟု မတွေးဖူးပါ။
လူတိုင်းဟာ မယဉ်ပါးတာကို မသိတာ သဘာဝပင်မဟုတ်ပါလော။
လူတိုင်းသည် မွေးကတည်းကမည်သူမျှ အလိုလိုမတတ်ပေ
သင်ယူခြင်းဖြင့် တတ်မြောက်ခြင်း(အသိ)ဟူသည်က
ပေါက်ဖွားသည် ကို ယုံကြည်ခြင်းကြောင့်ဖြစ်သည်။

တချို့မသိသောအရာတွေက သင်ယူတတ်မြောက်သင့်ငြား
တချို့မသိသောအရာတွေက မသိသည့်အတိုင်း ထားလိုက်တာကောင်းသည်။
သို့ သိသောသူ ပြောသည်ကို နားထောင်လိုက်သည်ကကောင်းသည်။
အဘယ့်ကြောင့်ဆိုသော လူ့ဘ၀တိုတိုတွင် အများကြီး အရာရာနှံ့စပ်အောင်
လုပ်ဖို့ အချိန်ရှိသည် မထင်သဖြင့်ပင်။


အားလုံးပဲပျော်ရွှင်ချမ်းမြေ့ပါစေ...

Monday, May 24, 2010

ခလေးကို ထူးချွန်သောသူဖြစ်စေကြောင်း...

မနေ့က ဂျပန်တီဗွီအစီစဉ်လေးမှာထုတ်လွှင့်သွားတာပါ။
ဂျပန်မှာ အားကစားမှာ ထူးချွန်တဲ့ ခလေးတွေရဲ့ မိဘတွေကိုရော
စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများကိုရော အားလုံးကိုမေးမြန်းသုံးသပ်ထားတဲ့
မိမိခလေးကို ထူးချွန်သောအားကစားပညာရှင်ဖြစ်လာအောင်
အောက်ဖော်ပြပါ ၆ ချက်ကို ဘုံအဖြစ် တူညီစွာတွေ့ရှိရတယ်လို့ဆိုပါတယ်။

၁။၁၀နှစ်အထိခြေဖနောင့်ကိုနှိပ်နယ်ပေးတယ်လို့ဆိုပါတယ်
(သို့)ခလေးကို ခြေဗလာဖြင့် ဆော့ကစားလှုပ်ရှားစေပါတယ်။
၂။ခလေးရဲ့ပြုလုပ်မှုအတွက်  ချီးမွမ်းပါတယ်။
(စိတ်ဆိုးတာမရှိပဲ ခလေးကိုအတင်းလုပ်ခိုင်းတာမျိုးလည်းမရှိပဲ ကစားတဲ့ပုံစံသာလုပ်ပါတယ်)
၃။မိဘနှစ်ပါးအနက် အနည်းဆုံး တဦးဦးက အားကစားကိုနှစ်သက်သူဖြစ်ပါတယ်
၎။ခလေးကို ၁၀ရာခိုင်နှုန်းပိုမိုတော်လာ ကျွမ်းကျင်လာရင်တော်ပြီဆိုတဲ့စိတ်ထားပါတယ်။
၅။ခလေးအိမ်ပြန်လာတဲ့အခါ မိဘနှစ်ပါးအနက် တဦးဦးကအိမ်မှာရှိနေပါတယ်။
၆။မိဘနှစ်ဦးချစ်ခင်သင့်မြတ်ခြင်းပါ။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

Wednesday, May 19, 2010

မိုက်သော

ခုတလော....
ခုတလော သိပ်အိပ်ငိုက်တယ်
မနက်ဆိုရင် နေမြင့်အောင် အိပ်လို့မရပဲ
နေ့လည်ခင်း တရေးမှေးရင်တောင် နာရီဝက်ထက်ပိုလို့မရတဲ့
ပင်ကိုယ်မူကိုတောင်အံ့သြရလောက်အောင်
အရမ်းအိပ်နေတယ်
မထချင်ဘူး....

ဘလော့ဂ်လည်းရေးချင်သား
သိပ်လည်းမအားလပ်ခဲ့ဘူး
ရေးစရာအကြောင်းလည်းသိပ်မရှိခဲ့ဘူး
ပြီးတော့ အာရုံတွေလည်းနောက်နေလို့
ရေးချင်စိတ်ပျောက်ခဲ့တာလည်းဖြစ်မယ်

စီးကရက်သောက်ချင်တယ်
ခုတလော စီးကရက်နှစ်ဘူးဝယ်ရင်
မှန်တို့မီးခြစ်တို့အိတ်တို့လက်ဆောင်ပေးနေတာတွေ
တွေ့ရတော့ ၀ယ်ချင်စိတ်ပေါက်တယ်
ဒီကြားထဲ အငွေ့မထွက်တဲ့စီးကရက်တဲ့
zero styleဆိုပဲ ဂျပန်မှာစပေါ်နေလေရဲ့
ဒါပေမဲ့ စီးကရက်ဟာ စီးကရက်ပါပဲ
အဟားဟ
ကိုယ်က စီးကရက်သိပ်ကြိုက်တယ်
လူဆိုးပါ....
ဒါပေမဲ့ သူများကိုအနှောင့်ယှက်ဖြစ်စေတာတော့
မနှစ်သက်ဘူး။
ဒါကြောင့်တယောက်ထဲ ဆိတ်ငြိမ်စွာ သောက်လေ့ရှိတယ်
ကိုယ့်အနားခွင့်မတောင်းပဲသူများလာသောက်လည်း
သိပ်နှစ်မြို့လေ့မရှိဘူး။
အနံ့မခံနိုင်လို့တော့မဟုတ်ဘူး။
ဒါပေမဲ့ဖြတ်ထားတာနည်းနည်းကြာပြီ
သောက်ခဲ့တာလည်းသိပ်မကြာခဲ့ပါဘူးလေ...
စွဲလည်းမနေခဲ့ဘူး
ကိုယ်က စွဲရတာ မဖြတ်နိုင်တာ မပြတ်သားနိုင်တာကို မကြိုက်တာ....
အထီးကျန်ခဲ့တဲ့ ဂျပန်ကတကိုယ်ရည်နေ့ရက်တွေကစတဲ့ဇာတ်လမ်းပေါ့..

အရက်တော့မကြိုက်ပါဘူး
ခါးလို့...ပြီးတော့ အသိစိတ်ပျောက်တတ်လို့
သိပ်မနှစ်သက်ဘူး
နောက်တခုက အရက်မူးရင် ရမ်းခွင့်လိုင်စင်ရတယ်လို့
ထင်လေ့ရှိသူ အများစုရှိသော မြန်မာပြည်ကလာတာမို့
မနှစ်သက်ဘူး။
သို့ငြား မူးပြီးမရမ်းသူ တွေ့ရင်တော့ စိတ်ထဲကချီးကျူးတယ်
ပါတီတွေမှာ တခါတလေ ကော့တေးတော့မော့တာပဲ

ဒီမှာတော့ သူများကိုရမ်းတဲ့သူ တခါမှမတွေ့ဖူးဘူး
အန်ပြီး မှောက်ကြတာပဲ ဒါလည်းအန္တရာယ်တော့များတာပဲ
ဒါပေမဲ့ ကြိုက်လို့သောက်သူတွေကိုလည်း မရှုံ့ချပါဘူး
ကြိုက်ရာလုပ်ကြ ကိုယ့်အခွင့်ရေးပဲ ...
တခုပဲ ရှိတယ် မူးရင် စကားလာမများနဲ့
နားမထောင်ချင်ဘူး

ဘလော့ဂ်ရေးဖို့တော့ပစ်ပ်တွေရွေးတဲ့အခါ
အလေးကြီးတွေ စဉ်းစားနေမိတယ်
ဒါဟာ အတ္တနဲ့ သိကက္ခာတည်ဆောက်ခြင်းတမျိုးပဲဖြစ်မယ်
မိမိကောင်းကြောင်းနဲ့ လူအထင်ကြီးစေမှာတွေပဲရေးနေမိတာ
တကယ်တမ်းတော့လောကမှာ ချာလီချက်ပလင်လိုလူတွေလည်း
အများကြီးလိုအပ်ပါတယ်
ဟစ်တလာလိုမဖြစ်သွားဖို့ပဲ အရေးကြီးတာ

အဲလိုနဲ့ဒီညတော့ မိုက်တာတွေ ဖွင့်ချလိုက်တယ်

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ....

Saturday, May 15, 2010

ရေအလှူ

ဒီနေ့ကတော့အတော်လေးစိတ်ထဲမကောင်းဖြစ်ရတဲ့နေ့ပါ။
စိတ်မခိုင်လို့ငိုတောင်ငိုချင်ပါတယ်။
မြန်မာပြည်မှာရေဒုက္ခရောက်နေရတဲ့ပုံတွေကိုကြည့်ပြီး
တကယ့်ကိုစိတ်ထဲမကောင်းဖြစ်မိပါတယ်။
မြန်မာပြည်မှာရှိတဲ့သူငယ်ချင်းကိုတဆင့်ရေလှူငွေပို့ဖို့စဉ်းစားပြီး
သူငယ်ချင်းကိုဆက်သွယ်နေပါတယ်။
ကံကံရဲ့အကျိုးတွေပေါ့လေ။
တကယ်တမ်းဘုရားဟောတရားအရဆိုလျှင် မည်သူမပြုမိမိမှုပါပဲ။
ဒီလိုဖြစ်လာတဲ့ကံအကျိုးဆက်တွေဟာ ရှေးကမိမိလုပ်ခဲ့တဲ့ကံအကြောင်းတွေပါပဲ။
ဒါကိုဒီဘ၀မှာနားလည်ပြီး ကံကောင်းရလေအောင်
ဖြည့်ဆည်းကျင့်ကြံစိတ်ထားသွားနိုင်ကြရင်သိပ်ကောင်းမှာပဲလို့
တွေးမိပေမဲ့ ပုထုဇဉ်သဘော ကိုယ့်ဘာသာကိုယ်တောင်
ဒီစိတ်ကလေးလွဲမသွားရအောင်ဆိုတာ ထိန်းရအလွန်ခက်ပါတယ်။

သတင်းကြားသူများ နည်းနည်းပဲဖြစ်ဖြစ် နိုင်သလောက်လေး
စေတနာအပြည့်နဲ့လှူနိုင်ကြပါစေရယ်လို့။

အားလုံးပဲကျန်းမာချမ်းသာဘေးဘယာကပ်များကင်းဝေးကြပါစေ။

Wednesday, May 12, 2010

ဂျပန်ဆိုတာ....

မြန်မာပြည်မှာ ရခဲ့တာကဥပဒေဘွဲ့။
ဝါသနာပြင်းထန်တာကလည်း ဥပဒေပညာရပ်ပါ။
မှန်ကန်မှု နှင့် တရားမျှတမှုကိုမြတ်နိုးသူမို့ ဥပဒေပညာဖြင့် လုပ်ကိုင်စားသောက်ဖို့
ယနေ့ထိ မရည်ရွယ်သေးပေမဲ့ ချစ်မြတ်နိုးဆဲ
လက်လှမ်းမီသရွေ့ ဥပဒေစာတွေ ဖတ်လေ့ရှိဆဲပေါ့။
ဂျပန်စာက နောက်ဆုံးအဆင့် လယ်ဘယ်၁အောင်လို့
မြန်မာပြည်မှာတည်းက အရံသင်လာခဲ့တဲ့ Auto Cad
ဒီက အစိုးရကဖွင့်သော အလုပ်ကိုင်ရရှိရေး ပရိုဂရမ်ကို
လူတွေ့ နှုတ်ဖြေ ရေးဖြေ အဆင့်ဆင့်နဲ့ ၀င်ခွင့်ရရှိပြီး
ကောလိပ်အဆင့်ကျောင်းမှာ
မနက်၉နာရီကနေ ညနေ ၄နာရီအထိ ၃လတိတိကျောင်းတက်ပြီး
၁လတိတိလက်တွေ့လုပ်ငန်းခွင်တွင် လေ့ကျင့်ခံခဲ့ငြား
အတွေ့အကြုံမရှိဆိုတာ အတော်ဆိုးသည်။
အလုပ်ရှာရခက်သည်။ သည်လိုနဲ့ Auto Cad Certificate ယူဖို့ ကြိုးစားရပြန်သည်။

သည်လိုအချိန်မှာ ၂နှစ်လောက်ကောလိပ်အဆင့်သို့ဘွဲ့လွန်တက်ကာ
အလုပ်ရှာလျှင်တော့ ရနိုင်ဖို့ရာနှုန်းအတော်များမှန်း မှန်းဆမိသည်။
တနှစ်ပေးရမယ့်ကျောင်းလခ သိန်းရာဂဏန်းဝန်းကျင်ကနှမြောစရာသော်ငြား
အင်္ဂလိပ်စာအမှတ်ကောင်းလျှင် တက်ချင်သောနေရာ အလွယ်တကူလျှောက်နိုင်တာမို့
အင်္ဂလိပ်စာလည်း ပြန်စနေရသည်။ ကျောင်းပြီးခါစ အင်္ဂလိပ်စာလုပ်ခဲ့စဉ်ကနှင့်
ယခု ဂျပန်စာနောက်လိုက်ကာ အင်္ဂလိပ်စာကို အတော်လွှတ်ထားသည့်
ကာလတွေများလာတဲ့အခါ surprise ကိုပင် မှန်အောင်ပေါင်းဖို့အရေး
အတော်လေးတွေးရသည်။ မမှားသင့်တဲ့နေရာတွေ အသံထွက်ကိုမှန်းပြီး
စားလုံးပေါင်းမှားတတ်တဲ့ တခါတလေများမှာမိမိအင်္ဂလိပ်စာကို
အတော်ဝမ်းပမ်းတနည်းဖြစ်ရသည်။

တကယ်တမ်းတွေးကြည့်တော့ ဂျပန်ဟာ အရှေ့တောင်အာရှမှာနံပါတ်တစ်၊
နိုင်ငံသစ်မှာ ရေကြည်ရာမြက်နုရာရှာကြသော မိမိတို့မြန်မာနိုင်ငံသားအများစုအဖို့
ဂျပန်ဟာ အလွန်ကို ရေပန်းစားသောနိုင်ငံဖြစ်သည်။
သို့ငြားခက်သည်က ဂျပန်သည် နိုင်ငံခြားဘာသာစကားအားနည်းသော
အသုံးပြုလေ့သိပ်မရှိသောနိုင်ငံဖြစ်ခြင်းပင်။ ဂျပန်တွင် ဂျပန်ဘာသာစကား
ကျွမ်းကျင်မှုမရှိလျှင် အလုပ်ရဖို့ မျှော်လင့်ချက်မရှိပေ။
ယင်းအချက်မှာ စကာင်္ပူ၊ အမေရိကား၊ သြစတေးလျကဲ့သို့သောနိုင်ငံများတွင်
ကျောင်းတက်ခြင်းနှင့်အလွန်ကွာခြားသောအချက်ပင်။
ဂျပန်ဘာသာစကားကျွမ်းသော်ငြား ယင်းတခုတည်းဖြင့်လည်း အလုပ်မရနိုင်ပေ။
နည်းပညာတစ်ခုခုလည်းတတ်ကျွမ်းဖို့လိုသေးသည်။
ယခုတလော နိုင်ငံခြားသားခန့်အပ်ခေါ်ယူမှုများသည်က Computer Networkingကဲ့သို့သော
ဘာသာရပ် များပေသည်။
ဥပမာ အင်္ဂလိပ်ဘာသာဖြင့်သင်ကြားသောMBAဘွဲ့သို့သော စီမံအုပ်ချုပ်ရေးဘွဲများ
Masterကဲ့သို့သောဘွဲ့လွန်များရရှိလည်း ဂျပန်စာမတတ်ကျွမ်းလျှင်
အလုပ်မရရှိနိုင်သော နိုင်ငံလည်းဖြစ်ပေသည်။

ဂျပန်တွင်ကျောင်းတက်နေသည်ဟုဆိုလျှင် မြန်မာပြည်မှာ အထင်ကြီးတတ်ကြသည်။
ငွေတွေသိပ်ရှာလို့ကောင်းသည့်နိုင်ငံရယ်လို့။
တကယ်လည်း ငွေကတော့ အလုပ်မရွေးပဲ လုပ်နိုင်လျှင် မရှားသောနိုင်ငံဖြစ်သည်။
အလုပ်လုပ်လျှင် အလွန်နေလို့ကောင်း၊ သုံးလို့ကောင်းသောနိုင်ငံလည်းဖြစ်ပေသည်။
အချိန်ပိုင်းအလုပ် တနိုင်ငံလုံး ပျမ်းမျှ တနာရီ ၇၀၀ယမ်းခန့်မှ ယမ်းတထောင်နှုန်းကျော်ရရှိပြီး
ဘာယူယူ တစ်ခုယမ်း၁၀၀ကဲ့သို့သောဆိုင်တွေမှာ အိမ်တအိမ်အတွက် လိုအပ်သော ပစ္စည်းစုံလင်စွာ
ဝယ်ယူရနိုင်သည်။ (ပစ္စည်းကောင်းလျှင် ဈေးလည်းကောင်းပါသည်။ယင်းကိုမဆိုလိုပါ။)


ခေါက်ဆွဲထုပ်၊ မုန့်ထုပ်၊ အချိုရည်ဘူး၊ ပူတင်း၊ ဒိန်ချဉ်ဘူး အတော်များများမှာ ယမ်း၁၀၀ ၀န်းကျင်ခန့်ရှိပြီး
နို့ပျစ်ပျစ်တဘူးမှ ယမ်း၂၀၀ ၀န်းကျင်ခန့်ဖြစ်သည်။
ထို့ကြောင့်လည်း စားနိုင်ကြပေသည်။ ဂျပန်မှာနေနေကျ ဂျပန်လူမျိုးတဦးအနေဖြင့်ကြည့်လျှင်
ပေါသော်ငြား စားမကောင်းဆိုတဲ့ပစ္စည်းမျိုးအတော်များများပါနိုင်ငြား အတော်များများက
မြန်မာပြည်က သုံးစွဲနေကျ ပစ္စည်းအရည်သွေးနှင့်ယှဉ်ကြည့်လျှင် ကောင်းတာတွေအတော်များသည်။

ကျောင်းသားတွေအများစု အချိန်ပိုင်းအလုပ်လုပ်လျှင် ဂျပန်စာကျွမ်းကျင်လျှင် ၂၄နာရီဖွင့်သောစတိုးများ
မကျွမ်းကျင်လျှင် စားသောက်ဆိုင် အနွယ်ဆိုင်များတွင် လုပ်လေ့ရှိကြသည်။ ယခင် စီးပွားရေးကောင်းစဉ်က
ဂျပန်ပြည်သည် စကားမတတ်လည်း ပန်းကန်ဆေး၊ သန့်ရှင်းရေးကဲ့သို့သော ကာယအချိန်ပိုင်းအလုပ်များကို
နိုင်ငံခြားသားအလွယ်တကူခန့်အပ်လေ့ရှိခဲ့ငြား ယနေ့ခေတ်ဂျပန်သည် အလွန်တင်းကြပ်ပြီး
အချိန်ပိုင်းအလုပ်ကိုပင် နိုင်ငံခြားသားအလုပ်ရှာရ ခက်လာနေပေသည်။

အဓိကဆိုလိုချင်သည်မှာ ဂျပန်ရှိကျောင်းတက်နေသော ကျောင်းသားများနှင့် စင်္ကာပူကဲ့သို့
အင်္ဂလိပ်စကားပြောနိုင်ငံများတွင်ကျောင်းတက်နေသော ကျောင်းသားများဧ။်ကွာခြားမှုပင်။
ဂျပန်တွင် ငွေနှင့်ပညာ နှစ်ခုလုံး ပြိုင်တူ ယူမရပါ။ နိုင်ငံအများစုလည်းထို့အတူဖြစ်မည်ဟုထင်သော်ငြား
အကြီးအကျယ်ကွာဟမှုသည်ကား ကျောင်းပြီးသည့်နောက်အလုပ်ရရှိမှုပင်ဖြစ်သည်။
မြန်မာလူမျိုးသည် အင်္ဂလိပ်စာနှင့်မစိမ်းသောနိုင်ငံဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်သင်သော Subjectဖြစ်လျှင်
အသားကျမှုမြန်ဆန်ပြီး အချိန်ကြာလာသည်နှင့်အမျှ တကယ်တတ်ကျွမ်းသောပညာရပ်တခုအဖြစ် လိုက်စား
နိုင်သွားပေသည်။ ထို့ကြောင့်လည်း စင်္ကာပူတွင် ကျောင်းတက်ပြီး အလုပ်လုပ်ကိုင်နေကြသော မြန်မာတွေ
ဒုနှင့်ဒေးပင်။ စကာင်္ပူတွင်ကျောင်းတက်ဘွဲ့ရပြီး အချိန်ပိုင်းအလုပ်လုပ်နေသောသူဟူ၍ ကြားဖူးခြင်းမရှိပါ။

ဂျပန်ကတော့ထူးခြားပေသည်။
ကျောင်းသားများသည် မြန်မာပြည်တွင်ဂျပန်စာအခြေခံမျှသာသင်ယူခဲ့လျှင် ဂျပန်ရောက်မှဂျပန်စာ
လယ်ဘယ်အမြင့်တန်းတွေ သင်ယူခြင်းသည် အလွန်ခေါင်းစားလေ့ရှိပေသည်။
အဘယ်ကြောင့်ဆိုသော မြန်မာတို့ လားလားမျှကျွမ်းဝင်ခြင်းမရှိသော ခန်းဂျီးများက မှတ်မိရန်
ခက်သောကြောင့်ပင်။ အဓိကအကျဆုံးကတော့ တနှစ် သိန်း၈၀ ၀န်းကျင် တက္ကသိုလ်ဆိုလျှင်
သိန်းရာဂဏန်းဝန်းကျင်ပြေးနေသော ကျောင်းလခနှင့် ကမ္ဘာ့နံပါတ်တစ် လူနေမှုစရိတ်အကြီးဆုံးဟု
စာရင်းဝင်သော ဂျပန်ဧ။်အခန်းငှားခ၊ ရေခွန်၊ မီးခွန်၊ ဖုံးခွန်၊ ကျန်းမာရေးခွန်စသည်တို့ကို ထေမိစေရန်မှာ
ကျောင်းပြီးသည်နှင့် အချိန်ပိုင်းအလုပ်ကို ကျားကုတ်ကျားခဲ မလုပ်လျှင်မဖြစ်သောကြောင့်ဖြစ်ပေသည်။
ကျောင်းနှင့်အလုပ်၊ သည့်အပြင် တကိုယ်ရေ စားသောက်ရေး၊ ချက်ပြုတ် အ၀တ်လျှော် သန့်ရှုင်းရေး
အားလုံး တကိုယ်တော်လုပ်ရသည့်အတွက် စာကျက်ချိန်သည် အလွန်နည်းပါးပြီး ကျက်ပြန်တော့လည်း
မရင်းနှီးသောခန်းဂျီးများနှင့် အလုပ်ပင်ပမ်းမှုကြောင့် မှတ်မိရန်လည်းခက်ပေသည်။
အထူးသဖြင့် လယ်ဘယ်စာမေးပွဲများဖြေဆိုရသည်မှာပိုခက်ပေသည်။ ထို့ကြောင့်လည်း တချို့
ကျောင်းသာပြီးသွားသည်။ လယ်ဘယ် ၁မအောင်လိုက်သော၊ မဖြေဆိုလိုက်နိုင်သောသူတွေလည်း
ဒုနှင့်ဒေးပင်။ ထို့ကြောင့်မြန်မာပြည်မှာရှိစဉ်တည်းက ဂျပန်ဘာသာ လယ်ဘယ် ၂လောက်ကို
အောင်အောင်မဖြေခဲ့လျှင် ဂျပန်ရောက်သောအခါ အလွန်ပင် ပင်ပမ်းပေလိမ့်မည်။

ကောလိပ်နှင့်တက္ကသိုလ်အဆင့်ရောက်တော့လည်း သင်ကြားရသည့် တဆင့်ခံဘာသာစကားက
ဂျပန်ဘာသာဖြစ်နေပြန်တော့ ဘာသာရပ်ပိုင်းဆိုင်ရာ တတ်ကျွမ်းနားလည်မှုကို နှောင့်နှေးစေပြန်သည်။
ဤသို့ဖြင့် ကျောင်းပြီးသည်အထိ မိမိလေ့လာသည့်ပညာရပ်ကို နှိုက်နှိုက်ချွတ်ချွတ် မတတ်ကျွမ်းလိုက်တဲ့အခါ
ကျောင်းအပြီး လုပ်ငန်းခွင်ဝင်ဖို့ အင်တာဗျူးတွေဝင်တဲ့အခါ ဒုက္ခရောက်ပေတော့သည်။

အဲသည်လိုဖြင့် အလုပ်ဗီဇာဝယ်ခြင်းဟူသော တရားမ၀င်နည်းလမ်းတွေက ခေတ်စားကြသည်။
တကယ်တော့ ယင်းသို့ နေထိုင်ခြင်းပေါ်ပေါက်လျှင် ပြဿနာမသေးပေ။ သို့ငြား အတော်များပေသည်။
မိမိဧ။်မျက်စိရှေ့မြင်နေရသော ကိုယ်တွေ့ကြုံသိကြားနေရသော ဇာတ်လမ်းများပင်ဖြစ်ပါသည်။
ယင်းသို့သောဗီဇာဖြင့် ဂျပန်မှဘွဲ့ကိုရင်ဝယ်ပိုက်လို့ စားသောက်ဆိုင်တွေမှာ အချိန်ပိုင်းလုပ်နေသော
သူတွေ ဒုနှင့်ဒေးပင်။

တကယ်တော့ဂျပန်မှဘွဲတခုခုရရှိပြီး ဂျပန်ဘာသာအမှန်တကယ်တတ်ကျွမ်းလျှင် အလုပ်ရရှိဖို့မခဲယဉ်းဟု
ဆိုရပေမည်။ လစဉ် ဂျပန်ယမ်း ၂သိန်းဝန်းကျင်ခန့်ရနိုင်ပေသည်။ အတတ်ပညာတခုခုတတ်ကျွမ်းလျှင်ကား
တလ ဂျပန်ယမ်း ၃သိန်းကျော်ဝန်းကျင်ခန့်ရနိုင်ပေသည်။
(ယမ်း၉သောင်း = မြန်မာငွေဆယ်သိန်းခန့်)
သို့ငြား လယ်ဘယ်၁အောင်ငြား လက်တွေ့စကားပြောမကျွမ်းကျင်လျှင်လည်း မဖြစ်ပြန်ပေ။
ယင်းသည် ၀ယ်၍လည်းမရ အတွေ့ကြုံနှင့်ရင်းမှသာ ရရှိသောအရာပင်ဖြစ်သည်။
ဂျပန်မှာ နှစ်ချီမနေလျှင် မရရှိနိုင်သော ပညာရပ်ဟုပဲ ဆိုရပေမလား။ ဤသည်မှာ ကိုယ်တွေ့ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်စာနှင့်ကွာဟချက်မှာ ဂျပန်သည် ဘာသာစကားပြောဆိုမှုတွင် အလွန်
စည်းကမ်းကြီးကာ စည်းဘောင်များသောကြောင့်ပင်။
အထက်လူများကို ပြောဆိုသောစကားလုံးသုံးစွဲနည်းပုံစံ၊ မိမိကိုယ်ကိုနှိမ့်ချကာ ရည်ညွှန်းပြောသောစကားလုံး
သုံးစွဲနည်းပုံစံနှင့် အောက်ကလူအား ပြောဆိုသောစကားလုံးသုံးစွဲနည်းပုံစံ ဟူ၍ သာမန်ဂျပန်လူမျိုးတဦးပင်လျှင်
နားလည်ရခက်သော မှားယွင်းသုံးစွဲလေ့ရှိသော ဘာသာစကားအသုံးနှုန်းများကြောင့်ပင်။
ထို့ကြောင့် ဂျပန်အခေါ် ခဲးဂေါ (Keigo)「敬語」ဟုခေါ်သော ယဉ်ကျေးသည့်ပြောဆိုသုံးနှုန်းမှုတတ်ကျွမ်းရန်
အလွန်အရေးကြီးပေသည်။

ဤသို့သောဂျပန်ပင်ဖြစ်လင့်ကစား ရုံးထိုင်မှမဟုတ်ပဲ အချိန်ပိုင်းအလုပ်လုပ်လည်း တလ ယမ်း၂သိန်းခန့်
အလွယ်တကူရှာနိုင်သောနိုင်ငံဖြစ်တာမို့ ငွေကတော့မရှားပေ။
အချိန်ပိုင်းအလုပ်လုပ်ခြင်းက ပိုလွတ်လပ်သည်။ အချိန်အားလည်းများသည်။ ခွင့်ယူရလည်းလွယ်သည်။
ယင်းသို့သောအားသာချက်များဖြင့် အချိန်ပိုင်းအလုပ်သာလုပ်သော ဂျပန်တွေလည်းဒုနှင့်ဒေးပင်။

အနှစ်ချူပ်ရလျှင်
ဘာအလုပ်ပင်ဖြစ်စေ ဘာသာစကား ကွာဟမှုက အလုပ်ကိုနှောင့်နှေးစေသည်။
ဂျပန်ဧ။်အကြီးမားဆုံးသောအတားဆီးမှာ ဂျပန်ဘာသာတဆင့်ခံနေခြင်းဖြစ်သည်။
အင်္ဂလိပ်စာအလွန်တော်သောဂျပန်တွေ အများပြားရှိသော်ငြား ဂျပန်ဧ။်သာမန်လူတန်းစားမှာ
အင်္ဂလိပ်စာကို ထမင်းစားရေသောက်မပြောဆိုနိုင်ပေ။ အထူးသဖြင့် အသံထွက်မပီခြင်းပင်။
ယင်းကြောင့် ဂျပန်နိုင်ငံတွင်းသုံးစွဲသောအင်္ဂလိပ်စာသည် ဂျပန်လူမျိုးခြင်းသာနားလည်သော
အင်္ဂလိပ်စာဟုဆိုရပေမည်။
ထို့ကြောင့်လည်း ဂျပန်သည် စီးပွားရေးအရကြည့်လျှင် ဤမျှလောက် နည်းပညာ နှင့်
စက်မှုတိုးတက်ထွန်းကားသည့် နိုင်ငံဖြစ်ငြား နည်းပညာတို့ဧ။်ဖခင် ဟု တင်စားလောက်သည့်
နိုင်ငံဖြစ်ငြား ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးဆုပ်ကိုင်ထားရန် ခက်နေခြင်းဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေကာမူ သည်လမ်းကို ရွေးခဲ့ပြီးမှတော့ လမ်းခုလတ်တွင် နောင်တရနေလို့တော့
မဖြစ်ပေ။ ပန်းတိုင်ရောက်သည်အထိတော့ တနေ့တလံ ပုဂံဘယ်မရွေ့ ဆိုသည့်စကားလို
ဆက်လက် ကြိုးစားလျှောက်လှမ်းသွားရပါဦးမည်။

Monday, May 10, 2010

ခြံကြီးထဲမှာ (၄)

ဘာလိုလိုနဲ့ မေလထဲဝင်နေပြီပေါ့။
မကြာခင်ပဲ ဇွန်လထဲဝင်ရင် မြန်မာပြည်မှာမိုးတွေရွာဦးတော့မှာပေါ့။
အဲလိုနဲ့ ကိုယ်တို့အိမ်ကြီးကိုသတိရမိတယ်။
မိုးတွင်းရောက်တိုင်း မြွေတွေဝင်ဝင်လည်တဲ့အိမ်ကြီးပေါ့။

မိုးရာသီညတွေဆို မိသားစုလိုက်မြွေဖမ်းရလေ့ရှိတယ်။

အောက်ခံသမံတလင်းက အမှန်တော့ အတော်မြင့်ပါတယ်။
တထပ်အိမ်ဆိုငြား အောက်သမံတလင်းဟာ မြေကြီးကနေ ၁ပေခွဲခန့်အကွာထိ ထုအမြင့်ပါ။
ရှေးလူကြီးတွေ အမျှော်မြင်ကြီးတယ်ဆိုရမယ်။
ရန်ကုန်မှာမုန်တိုင်းဝင်သောနှစ်မှာ အိမ်ပေါ်ပထမဆုံးရေစတက်ဖူးခြင်းပေါ့။

အဲလိုနဲ့စကားမစပ် ဘိုးဘွားပိုင်မို့ နတ်ကြီးတယ် အစောင့်တွေရှိတယ်လို့လည်း
သတင်းကြီးသောခြံကြီးရယ်ပေါ့။
ကိုယ်တို့ရဲ့ အိမ်မကြီးနောက်ဘက်မှာ ဖေက အလုပ်သမားတန်းလျားကလေးဆောက်ပြီး
၂ခန်းခွဲလို့ အလုပ်လုပ်တဲ့ခလေးတွေ နေစေခဲ့တာပေါ့။

ခလေးတယောက်ရဲ့အမေ တောကလာလာလည်ရင် ကိုယ်တို့အိမ်မှာ ပစ္စည်းတွေခဏခဏ
ပျောက်တတ်တယ်။
နောက်ပိုင်း သိပ်မလာတော့ပဲ သူ့သမီးကိုပါပြန်ခေါ်သွားတယ်။
နောက်မှကြားရတာ သူတို့တန်းလျားလေးရှေ့ အပေါ်ရောအောက်ရော အ၀တ်ဖြူဝတ်တဲ့
မိန်းမနှစ်ယောက်က သူ့ကိုမကျေမနပ် စိုက်စိုက်ကြည့်တယ်ဆိုပဲ။
သူက ဒီအိမ်က အမျိုးတွေ ထင်တာတဲ့လေ။ နောက်မှမေးကြည့်တော့ ဘယ်သူမှမသိတော့
သူလန့်သွားပုံပေါ်တယ်။

အဲလိုပဲ အလုပ်သမားကောင်လေးအသစ်ရောက်တာ ၃ရက်လောက်နေတော့
ချက်ချင်းပဲ ပြန်သွားခဲ့ဖူးတယ်။
နောက်မှတခြားအလုပ်လုပ်တဲ့ကောင်မလေးကပြောပြတော့ မတို့အိမ်ကို
ပြူတင်းပေါက်ကနေ ချောင်းချောင်းကြည့်တယ်တဲ့။
ပြီးတော့ ဒီအိမ်ကသရဲခြောက်တယ် မနေရဲတော့ဘူးဆိုခဲ့တယ် ဆိုပဲ။

ဒါကြောင့်လည်းထင်ပါတယ်။ ကိုယ်သရဲသိပ်မကြောက်တတ်ဘူး။
ပြောရရင် လန့်စရာရယ်လို့ ဆိုမလားပဲ။ တခုခုမသန့်ရင် စိတ်ထဲမှာ သိနေသလိုပဲ။

သူရယ်ကိုယ် တိုကျိုမှာအခန်းငှားစက ပထမဆုံးစနေတဲ့အိမ်မှာ တခုခုရှိသလိုပဲ။
ကိုယ်ကစိတ်ထဲမှာအဲလိုဖြစ်နေတယ်။ သူ့ကိုလည်းအစပိုင်းမှာထုတ်မပြောဘူး။
အဲသည်အိမ်မှာမပြောချင်လို့။ အိမ်သာထဲသွားရင်ပိုသိသာတယ်။
စိတ်ဆင်းရဲနေတဲ့ တယောက်ယောက်ရှိသလိုပဲ။
ပြီးတော့တယောက်မကဘူး။ အဲဒါလည်းသိတယ။်
ကိုယ်က မေတ္တာပို့တယ်။ တယောက်နှင့်တယောက်အနှောင့်ယှက်မပေးပဲနေရအောင်လို့။
ငါလည်း အိမ်ပြန်ပြောင်းမှာမို့ မကြာခင်သွားမှာပါလို့။
စိတ်အနှောင့်ယှက်ဖြစ်ရင် ခွင့်လွှတ်ပါလို့။

ဘာကြောင့်လည်းဆိုရင် ကိုယ်က ဘုရားဆင်းတုတော် ပင့်လာတယ်လေ။
ကိုးကွယ်နေတာကိုး။ ဘုရားလည်းရှိခိုးတယ်။ မရှိခိုးခင် ဦးဆုံးအမြဲမေတ္တာပို့အသိပေးပြီးမှ
ကန်တော့တယ်။
ဒါပေမဲ့ကိုယ်ကစိတ်မှာခံစားနေရတယ်။ ကိုယ်ရှိနေတာ သူတို့ ကျဉ်းကျပ်နေတယ်
နေရခက်တယ်။ ဖြစ်နိုင်ရင် ကိုယ့်ကိုမရှိစေချင်ဘူးဆိုသလိုမျိုးခံစားချက်ကို။
အမှန်တော့သူက ကိုယ်လာရင် နေဖို့အိမ်ကို တိုကျိုက အိနော့ခရှိရ ပန်းခြံကြီးနား
တိုကျိုမှာ လူတွေအနေချင်ဆုံးနေရာ နံပါတ်၁ မြို့ ခိချိဂျောဂျိနဲ့ တမှတ်တိုင်အကွာမှာ
ငှားထားတာမို့ အလွန်ကိုလေသန့်ပြီး ပန်းခြံနဲ့၅မိနစ်လောက်ပဲဝေးတာမို့
အလွန်နေလို့ကောင်းတဲ့နေရာပါ။ အိမ်ကလည်းကျယ်ပြီး အတော်သန့်ပါတယ်။

သို့ငြား ကိုယ်ကတော့ နိုင်ငံခြားသားပီသစွာ သွားရေးလာရေး နီးတဲ့ လွယ်ကူတဲ့နေရာကို
ကျဉ်းပြီး ဈေးကြီးစေဦးတော့ ရွေးပါတယ်။
အဲလိုနဲ့အိမ်မြန်မြန်ရှာပြီးပြောင်းတယ်။
နောက်မှသူ့ပြောပြတော့ သူက ဟင် သိနေလားတဲ့ ကြောက်မှာစိုးလို့မပြောတာ
သူ့စိတ်ထဲလည်းတမျိုးကြီးတဲ့။

အဲလိုနဲ့အဲလိုနဲ့
တိုကျိုရဲ့ဦးဆုံးအတွေ့ကြုံပါပဲ။

Sunday, May 9, 2010

ချစ်သောမေ

ကိုယ့်မေကရိုးတယ်။ မိတ်ကပ်မလိမ်းသလို သနပ်ခါးလည်းမလိမ်းဘူး။
မျက်ခုံးမွှေးမဆွဲသလို မျက်ခုံးမွှေးလည်းမထူဘူး။
စကားလည်းများတယ်။ အိမ်ကိုဧည့်သည်လာရင် ကိုယ်ကကြားကအားနာရလောက်အောင်
စကားတွေလည်းဖောင်တယ်။
သူငယ်ချင်းတွေလာလည်ရင် အားရပါးရချက်ကျွေး ဧည့်ခံတတ်တယ်။
တခါတလေ ကိုယ်တောင် မျက်စိလည်တယ်။ ဘယ်သူ့သူငယ်ချင်းလာလည်တာလည်းလို့ရယ်ပေါ့။
နှုတ်ခမ်းနီလည်းမဆိုးဘူး။
သမီးတွေကိုမျက်စိမှိတ်ချစ်တတ်တယ်။
မေက အရောင်တောက်တောက်တွေကိုကြိုက်တယ်။
ကိုယ်ကမှိန်မှိန်တွေကိုကြိုက်တယ်။
ကိုယ်သိပ်ကြိုက်တဲ့ခရမ်းဖျော့ချည်ထည်စကဒ်တထည်ဆို တဖြည်းဖြည်းအရောင်ဖျော့လာလို့
ဝတ်ရင် စိတ်ဆိုးတတ်တယ်။ မ၀တ်ဖို့ခဏခဏပြောတယ်။
မရတဲ့အဆုံး ကိုယ့်ဗီရိုဟိုးအောက်ဆင့်က သိပ်ဝတ်လေ့မရှိတာတွေထပ်ထားတဲ့အောက်ဆုံးမှာ
ထည့်ပြီးဖွက်ထားတယ်။ အဲလိုမျိုး။
အကျီ င်္နဲ့မလိုက်တဲ့အိတ်မျိုးလွယ်ရင်လည်း ပွစိပွစိပြောတတ်တယ်။
ကိုယ်ကတော့ ထည့်သမျှအကုန်ဝင်တဲ့ ဘာအရောင်ဝတ်ဝတ်လိုက်တတ်တဲ့အရောင်မျိုးနဲ့
အိတ်ကြီးကြီးတလုံးကို အဖန်တလဲလဲသုံးတတ်တယ်။
လူတွေကြားထင်းခနဲမဖြစ်ပဲ ဘယ်သူနဲ့မဆိုစကားပြောဆိုလွယ်ပြီး
ဘယ်နေရာဆိုအကျီ င်္ကိုအားမနာပဲသွားလို့ရတဲ့အ၀တ်စားမျိုးကိုပဲရွေးဝတ်တယ်။
ဒါကြောင့်မေစိတ်ဆိုးခဏခဏခံရတတ်တယ်။

အခန်းထဲသူများအ၀င်မခံပဲ စာရွက်တရွက်နေရာရွေ့ရင်တောင် ဇီဇာကြောင်တတ်သူမို့
ကိုယ့်အခန်းထဲမေကိုယ်တိုင်ဝင်ပြီး သန့်ရှင်းရေးလုပ်ပေးတတ်တယ်။
မုန့်သိပ်ကြိုက်ပြီး မုန့်အမျိုးမျိုးဝယ် ဘူးတွေထဲထည့်ထည့်ပြီးစားတတ်တဲ့မေရယ်
အတူတူ အမြန်ဝိုင်းစားပစ်တတ်တဲ့ ညီမလေးနှစ်ယောက်နဲ့အမရယ်နဲ့
မုန့်သိပ်မကြိုက်တဲ့ကိုယ့်အတွက် မေက ကိုယ်ကြိုက်တဲ့မုန့်ဆိုရင် သက်သက်ဗူးနဲ့ခွဲပြီး
အခန်းထဲစားပွဲပေါ်လာတင်ပေးထားတတ်တယ်။

ဖေ့ကိုသိပ်ချစ်ပြီး အိမ်ထောင်ပြုလိုက်ကတည်းက ဖေသာသူ့ကမ္ဘာ အိမ်ရှင်မသက်သက်
မေဟာ ကိုယ့်အတွက်တခါတလေများစွာ ခလေးလေးလည်းဖြစ်တယ်။
မနက်စောစောထပြီး ကော်ဖီသောက်ရင်း စာလုပ် သို့ စာဖတ်တတ်တဲ့ကိုယ့်အနားလာပြီး
အမျိုးမျိုးတိုင်ပင်တတ်တဲ့မေ။
ငါ့သမီးလေးမရှိတာ မနက်အိပ်ယာထရင် ဟာနေတယ် ဆိုတဲ့မေ။
ငါ့ယောကျာင်္းမရှိတော့ရင် ငါ့သမီးကိုပဲအားကိုးရမှာလို့ခဏခဏပြောတတ်ပေမဲ့
စိတ်ဆိုးတဲ့အခါ နင့်အဖေနဲ့တပုံစံတည်းပဲ သိပ်အမြင်ကပ်တာပဲ လို့
ဒေါကန်တတ်တဲ့မေ။ နင်နဲ့မနေတော့ဘူးလို့ပြောတတ်တဲ့မေ။
ကိုယ်က မေ့အနားမှာ ဘယ်သူ့ထက်မဆို အတူရှိချိန်နည်းခဲ့သူပဲ။
မြန်မာပြည်မှာရှိလည်း အလုပ်နဲ့ တခြားကိစ္စ၀ိစ္စတွေများသူမို့ ကိုယ်ပြန်အလာ
ထမင်းအစားကို အမြဲစောင့်နေတတ်တဲ့မေ။

မေ..... ဒီနေ့ အမေများနေ့မို့ မေ့ကို အတော်လေးသတိရမိတယ်။
မေ့ကိုသမီး ချစ်တယ်။ နော်။

စကားတွေအများကြီးသိပ်မပြောတတ်ပေမဲ့ မေ့ကိုအရမ်းချစ်တယ်
စိတ်ထဲမှာအမေ့အတွက် အမြဲတမ်းတွေးနေတယ် နော်။

စာကြွင်း.....

ယနေ့ မေလ၊ ၉ရက်နေ့ဟာ ဂျပန်မှာအမေများနေ့ပေါ့

မြန်မာပြည်မှာတော့ ယခုနောက်ပိုင်း အထိမ်းမှတ်နေ့အတော်များများ ကျယ်ပြန့်ခေတ်စား
လာပေမဲ့၊ ယခင်ကဆို ကမ္ဘာ့အလုပ်သမားနေ့တို့လို နေ့ကြီးရက်ကြီးတွေကလွဲလို့
သိပ်ခေတ်မစားခဲ့ပါဘူး။ အဲလိုနဲ့ အမေများနေ့အကြောင်း wiki မှာ ဖတ်ကြည့်တော့
နိုင်ငံအလိုက် အမေများနေ့ ကျင်းပသောရက်ကလည်း ကွဲပြားသတဲ့လေ။။

Wednesday, May 5, 2010

ရှင်ဂျုကုမှာ ဖုံးအားသွင်းခြင်း 新宿での携帯充電

ရှင်ဂျုကု ဖုံးဆိုင်မှာ သူငယ်ချင်းက ဖုံးအသစ်တလုံးလုပ်နေဆဲ
အရင်ညက မေ့ပြီးအားမသွင်းမိတဲ့ကိုယ့်ဖုံး အားကုန်သွားပါလေရော
အဲလိုနဲ့ ဆိုင်ဝန်ထမ်းကို အားသွင်းတာ ပေးသုံးဖို့ ရီကွပ်စ်လုပ်တဲ့အခါ
၂၀မိနစ်ကို ယမ်း၁၀၀နဲ့ အားသွင်းနိုင်သတဲ့။ (ဈေးက ယမ်း၂၀၀လား မမှတ်မိတော့ပါ)
အဲလိုနဲ့ အားနာစရာလည်းမလို အားသွင်းခဲ့တာမို့ အတော်ကိုအဆင်ပြေသွားပါတယ်။

ရှင်ဂျုကု ဘူတာ အရှေ့ 東口ကထွက်ပြီး ရှေ့က ကွင်းကျယ်ကြီး ကားလမ်းမကြီး အစပ်ထိ
လျှောက်ပြီး ကားလမ်းမတလျှောက် ညာဘက်ကိုသွား ကားလမ်းသွယ်လေးကူးလိုက်တာနဲ့
ဖုံးဆိုင်တခုကို လမ်းထောင့်မှာ တွေ့ရမှာပါ။
အဲဒီ့ဆိုင်ထဲဝင် ညာဘက်မှာ ဓါတ်လှေခါးရှိပါတယ်။
၅ထပ်မှာ ဖုံးအားသွင်းနိုင်ပါတယ်။
ဂျပန်လိုစာရေးထားပါတယ်။
ငွေထည့်၊ ဖုံးကိုပလပ်တပ်၊
တခုကောင်းတာက မိနစ်၂၀အတွင်းဖုံးကိုထားခဲ့ပြီး ကိုယ်က လျှောက်ပတ်ကြည့်လိုလျှင်
ဖုံးကို ထည့်ပြီး အဖုံးကိုပိတ်ပြီး လော့ခ်နံပါတ် မိမိကနှိပ်(သတ်မှတ်ပြီး) ထားခဲ့လို့ရခြင်းပါ။

ကိုယ်ကတော့စသုံးခါစမို့ ရုတ်တရက်ကြောင်သွားတယ်။
ကိုယ်ကသူငယ်ချင်းနဲ့မေးလ်နှိပ်နေတာမို့ လော့ခ်လုပ်လို့မဖြစ်ဘူးလေ။
စက်ကပြောရှာတယ် ဖုံးထည့်ပြီးအဖုံးပိတ်ပါတဲ့။
ကိုယ်ကအဖုံးတော့ပိတ်တယ်။ ဖုံးတော့မထည့်ဘူး။
ရေးထားတဲ့စာကိုလည်း ပြီးစလွယ်ကျော်ဖတ်တယ် ။
လော့ခ်နံပါတ်နှိပ်ဆိုတော့နှိပ်လိုက်တယ်။ ဖုံးကိုကျတော့အပြင်မှာ ထုတ်သုံးရင်းနဲ့။
စဉ်းစားလိုက်သေးတယ်။ လော့ခ်နံပါတ် သတ်မှတ်ခိုင်းစရာလားလို့။

ရယ်ရသား၊ တလွဲတွေ။

သူငယ်ချင်းရောက်လာတော့ ဆံပင်ဆိုင်သို့ခရီးဆက်ပါတယ်။
တကဒါနိုဘာဘာက Earthပါ။ အတော်များများသိကြမယ်လို့တော့ထင်ပါတယ်။
မဆိုးဘူး။ ကိုယ်အတော်သဘောကျသွားတယ်။ ငွေကုန်ရကျိုးနပ်ပါတယ်။
လျှော်ညှပ် ရှေ့ဆံပင်ဖြောင့် ပေါင်းတင် ၁သောင်း၃ထောင် တန်ပါတယ်။

အဲဒီ့အရင်အပတ်ကတင် တသောင်းနဲ့ ညှပ်လျှော်ဆေးဆိုးလုပ်ခဲ့တာ
သဘောမကျခဲ့တာမို့ပါ။
ခုတော့ဆိုင်ကပေးလိုက်တဲ့ မိတ်ဆက်ကဒ်ပြား ၅၀ရာခိုင်နှုန်းကဒ်တခု
ရလာတာမို့ သွားလိုသူများ မေးလ်ပို့ကြပါ။ အဟားဟား
တကယ်ပြောတာပါ။ ကိုယ်မှသွားလို့မရတာ။ စာတိုက်ကပို့ပေးမှာပေါ့။






ဒါကတော့ ဖုံးအားသွင်းတဲ့စက်ကလေးပါ ပလပ်လေးတွေရဲ့အပေါ်မှာ
အဖုံးညိုကြည်ရောင်နဲ့ စာရွက်ဖြူကပ်လို့စာရေးထားတာ ဖုံးထည့်တဲ့နေရာပါ။

အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates