Monday, May 10, 2010

ခြံကြီးထဲမှာ (၄)

ဘာလိုလိုနဲ့ မေလထဲဝင်နေပြီပေါ့။
မကြာခင်ပဲ ဇွန်လထဲဝင်ရင် မြန်မာပြည်မှာမိုးတွေရွာဦးတော့မှာပေါ့။
အဲလိုနဲ့ ကိုယ်တို့အိမ်ကြီးကိုသတိရမိတယ်။
မိုးတွင်းရောက်တိုင်း မြွေတွေဝင်ဝင်လည်တဲ့အိမ်ကြီးပေါ့။

မိုးရာသီညတွေဆို မိသားစုလိုက်မြွေဖမ်းရလေ့ရှိတယ်။

အောက်ခံသမံတလင်းက အမှန်တော့ အတော်မြင့်ပါတယ်။
တထပ်အိမ်ဆိုငြား အောက်သမံတလင်းဟာ မြေကြီးကနေ ၁ပေခွဲခန့်အကွာထိ ထုအမြင့်ပါ။
ရှေးလူကြီးတွေ အမျှော်မြင်ကြီးတယ်ဆိုရမယ်။
ရန်ကုန်မှာမုန်တိုင်းဝင်သောနှစ်မှာ အိမ်ပေါ်ပထမဆုံးရေစတက်ဖူးခြင်းပေါ့။

အဲလိုနဲ့စကားမစပ် ဘိုးဘွားပိုင်မို့ နတ်ကြီးတယ် အစောင့်တွေရှိတယ်လို့လည်း
သတင်းကြီးသောခြံကြီးရယ်ပေါ့။
ကိုယ်တို့ရဲ့ အိမ်မကြီးနောက်ဘက်မှာ ဖေက အလုပ်သမားတန်းလျားကလေးဆောက်ပြီး
၂ခန်းခွဲလို့ အလုပ်လုပ်တဲ့ခလေးတွေ နေစေခဲ့တာပေါ့။

ခလေးတယောက်ရဲ့အမေ တောကလာလာလည်ရင် ကိုယ်တို့အိမ်မှာ ပစ္စည်းတွေခဏခဏ
ပျောက်တတ်တယ်။
နောက်ပိုင်း သိပ်မလာတော့ပဲ သူ့သမီးကိုပါပြန်ခေါ်သွားတယ်။
နောက်မှကြားရတာ သူတို့တန်းလျားလေးရှေ့ အပေါ်ရောအောက်ရော အ၀တ်ဖြူဝတ်တဲ့
မိန်းမနှစ်ယောက်က သူ့ကိုမကျေမနပ် စိုက်စိုက်ကြည့်တယ်ဆိုပဲ။
သူက ဒီအိမ်က အမျိုးတွေ ထင်တာတဲ့လေ။ နောက်မှမေးကြည့်တော့ ဘယ်သူမှမသိတော့
သူလန့်သွားပုံပေါ်တယ်။

အဲလိုပဲ အလုပ်သမားကောင်လေးအသစ်ရောက်တာ ၃ရက်လောက်နေတော့
ချက်ချင်းပဲ ပြန်သွားခဲ့ဖူးတယ်။
နောက်မှတခြားအလုပ်လုပ်တဲ့ကောင်မလေးကပြောပြတော့ မတို့အိမ်ကို
ပြူတင်းပေါက်ကနေ ချောင်းချောင်းကြည့်တယ်တဲ့။
ပြီးတော့ ဒီအိမ်ကသရဲခြောက်တယ် မနေရဲတော့ဘူးဆိုခဲ့တယ် ဆိုပဲ။

ဒါကြောင့်လည်းထင်ပါတယ်။ ကိုယ်သရဲသိပ်မကြောက်တတ်ဘူး။
ပြောရရင် လန့်စရာရယ်လို့ ဆိုမလားပဲ။ တခုခုမသန့်ရင် စိတ်ထဲမှာ သိနေသလိုပဲ။

သူရယ်ကိုယ် တိုကျိုမှာအခန်းငှားစက ပထမဆုံးစနေတဲ့အိမ်မှာ တခုခုရှိသလိုပဲ။
ကိုယ်ကစိတ်ထဲမှာအဲလိုဖြစ်နေတယ်။ သူ့ကိုလည်းအစပိုင်းမှာထုတ်မပြောဘူး။
အဲသည်အိမ်မှာမပြောချင်လို့။ အိမ်သာထဲသွားရင်ပိုသိသာတယ်။
စိတ်ဆင်းရဲနေတဲ့ တယောက်ယောက်ရှိသလိုပဲ။
ပြီးတော့တယောက်မကဘူး။ အဲဒါလည်းသိတယ။်
ကိုယ်က မေတ္တာပို့တယ်။ တယောက်နှင့်တယောက်အနှောင့်ယှက်မပေးပဲနေရအောင်လို့။
ငါလည်း အိမ်ပြန်ပြောင်းမှာမို့ မကြာခင်သွားမှာပါလို့။
စိတ်အနှောင့်ယှက်ဖြစ်ရင် ခွင့်လွှတ်ပါလို့။

ဘာကြောင့်လည်းဆိုရင် ကိုယ်က ဘုရားဆင်းတုတော် ပင့်လာတယ်လေ။
ကိုးကွယ်နေတာကိုး။ ဘုရားလည်းရှိခိုးတယ်။ မရှိခိုးခင် ဦးဆုံးအမြဲမေတ္တာပို့အသိပေးပြီးမှ
ကန်တော့တယ်။
ဒါပေမဲ့ကိုယ်ကစိတ်မှာခံစားနေရတယ်။ ကိုယ်ရှိနေတာ သူတို့ ကျဉ်းကျပ်နေတယ်
နေရခက်တယ်။ ဖြစ်နိုင်ရင် ကိုယ့်ကိုမရှိစေချင်ဘူးဆိုသလိုမျိုးခံစားချက်ကို။
အမှန်တော့သူက ကိုယ်လာရင် နေဖို့အိမ်ကို တိုကျိုက အိနော့ခရှိရ ပန်းခြံကြီးနား
တိုကျိုမှာ လူတွေအနေချင်ဆုံးနေရာ နံပါတ်၁ မြို့ ခိချိဂျောဂျိနဲ့ တမှတ်တိုင်အကွာမှာ
ငှားထားတာမို့ အလွန်ကိုလေသန့်ပြီး ပန်းခြံနဲ့၅မိနစ်လောက်ပဲဝေးတာမို့
အလွန်နေလို့ကောင်းတဲ့နေရာပါ။ အိမ်ကလည်းကျယ်ပြီး အတော်သန့်ပါတယ်။

သို့ငြား ကိုယ်ကတော့ နိုင်ငံခြားသားပီသစွာ သွားရေးလာရေး နီးတဲ့ လွယ်ကူတဲ့နေရာကို
ကျဉ်းပြီး ဈေးကြီးစေဦးတော့ ရွေးပါတယ်။
အဲလိုနဲ့အိမ်မြန်မြန်ရှာပြီးပြောင်းတယ်။
နောက်မှသူ့ပြောပြတော့ သူက ဟင် သိနေလားတဲ့ ကြောက်မှာစိုးလို့မပြောတာ
သူ့စိတ်ထဲလည်းတမျိုးကြီးတဲ့။

အဲလိုနဲ့အဲလိုနဲ့
တိုကျိုရဲ့ဦးဆုံးအတွေ့ကြုံပါပဲ။

6 comments:

စူးနွယ်လေး said...

တို့တော့ကြုံရရင် ကြောက်မိမလားမသိ :)

khun thadar said...

ကြောက်တယ်....
ခွန်ကငကြောက်။ဘာမှမရှိလဲတွေးတွေးပြီး
ကြောက်တဲ့သူဆိုတော့ ပိုဆိုး...

မြတ်နိုး said...

အဟမ်း... ကိုယ်လဲ ..မသန့်ဘူးထင်ရင် စိတ်မှာခံစားမိတယ်။ နေခဲ့သမျှ အေးဆေးဖြစ်ခဲ့ပေမဲ့..အခုနောက်ဆုံးအိမ်က စတုန်းက ကိုယ့်စိတ်ထဲမှာ ဘာမှ မခံစားရပေမဲ့..... တခုခုက အပြင်က နေ၀င်လာပုံရတယ်။ ၂ပတ် ၃ပတ်လောက် ကိုယ် တကိုယ်တော် ရဲဆေးတင်လိုက်ရတယ်။ အခုတော့ အေးဆေးပါ။ သူနဲ့ကိုယ်နဲ့ဖရန့်..ဒါပေမဲ့ ညတွေမှာတော့ သရဲအကြောင်းပြောတာတို့ စတာတို့ဆို သိပ်စိတ်ဆိုးတယ်။ ဘာမှမတွေးရင် ဘာမှမဖြစ်ဘူး။တယောက်တည်း အိမ်အကျယ်ကြီးမှာ နေရတာကိုကြိုက်လို့..မပြောင်းဖြစ်ဘူး။ သရဲကိုတွေ့ရင် ကြက်သီးထတယ်ဆိုရင် ကိုယ်တွေ့တာ သရဲမဟုတ်လောက်ဘူး။ ဟားဟား.. အခုတော့ သူတို့ကိုမေတ္တာပို့လိုက်တယ်။ သူတို့ကြောင့် ဘုရားတရားပိုလုပ်ဖြစ်တယ်။ နောက်မှအဲ့အကြောင်းရေးမယ်..ဟီး

ဒါနဲ့ ညီမတို့အဖွားအိမ်က တိုက်ခံအိမ်ဒါမှမဟုတ်တိုက်ဆိုရင် အဲ့အမြင့်ကပုံမှန်ပါ။ plinth level လို့ခေါ်တယ်။ တမံတလင်းက ၆လက်မထုပဲရှိပီး အောက်မှာ lean က ၆ လက်မထု သဲကတပေထုကိုသိပ်ထဲ့ပီးမှလောင်းထားတာပါ။

ကျော်နှင်းဆီလွင် said...

မနွယ်လေးရေ လာလည်တာကျေးဇူးပါ ;)

ခွန်ကြောက်တာသိသွားပြီ အဟက် မယုံစရာ ပုံလေးက တည်တည်ငြိမ်ငြိမ် ရင့်ကျက်တဲ့ပုံလေးနဲ့ကို
:D

မမြတ်နိုးရေ ရေးပါ စိတ်ဝင်စားတယ် ရသတမျိုးပေါ့
ညီမတို့တိုက်က ငယ်ငယ်ကဆို ၃ပေလောက်မြေပေါ်ပေါ်တယ်
အောက်ကထုက ခုတော့တဖြည်းဖြည်းနိမ့်တာရော မြေတက်တာရောပေါ့

နောက်ပိုင်းထပ်ချဲ့တဲ့တိုက်ကတော့ မပြောသလို လုပ်ထားတာ....;)

လသာည said...

ဟင်.. ကြောက်စရာကြီး.. ။ ကျော်က သတ္တှိရှိလို့ နေရဲတာ..။

တို့က အဲဒါမျိုးဆို..အရမ်းကြောက်တတ်တယ်။ ဒါပေမယ့် ကိုယ်.. ကြောက်တတ်တာကို သူများကိုမပြောချင်တော့ သတ္တိရှိသလိုလို ခပ်တည်တည်နေတတ်ပေမယ့်၊ သူများက အဲဒါတွေအပြောများလာရင်တော့ “ဟေ့ တော်တော် မပြောနဲ့တော့၊ ငါက လူက မကြောက်ပေမယ့် သွေးကကြောက်တယ်ထင်တယ်လို့”ထ အော်တာ :D.။

ကျော်နှင်းဆီလွင် said...

ညီမက သူရဲထက်လူပိုကြောက်တတ်တယ် မရဲ့
မညက မယုံစရာ အပီပြင် ရဲရင့်တဲ့ပုံစံနဲ့ကို။
:D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates