ဂျပန်မှာစက်ပစ္စည်းဝယ်ရတာ အတော်စိတ်ချမ်းသာပါသည်။
ဈေးနှုန်းအားဖြင့်လည်း မြင့်သည် လို့ မခံစားရ။
အရည်သွေးကောင်းလည်း ရနိုင်သဖြင့်ပင်။
နှစ်ယောက်သား အိတ်ဆောင်ကင်မရာအသေးလေးတလုံးဝယ်ဖို့
စုံစမ်းတဲ့အခါ amozonနှင့် kakakuက ဈေးတွေ reviewတွေလျှောက်ဖတ်တဲ့အခါ
ပုံအရည်သွေးလည်းကောင်းချင်း သေးတာလည်းလိုချင် လောဘကြီးကြီးနဲ့
ရှာတော့
ကြယ်ငါးပွင့်ခန့်မှတ်ချက်အတော်လေးကောင်းသော canon G11လေးကိုပဲ
နည်းနည်းကြီးတာမို့ အိတ်ဆောင်ခက်မလား စိုးရိမ်ရင်းနဲ့ပဲ
ဝယ်လိုက်မိပါတယ်။
အားနည်းချက်အနေဖြင့်ကတော့ ပေါ့ပေါ့ပါးပါးဓါတ်ပုံရိုက်တဲ့အခါ
ကင်မရာကိုထုတ်တဲ့အခါ နည်းနည်းလေး အရွယ်ရှိတာမို့
နေရာတိုင်းထုတ်မရိုက်ဖြစ်ပါဘူး။ ခရီးသွားတဲ့အခါနှင့်
ခင်မင်ရင်းနှီးသူ သူငယ်ချင်းတွေနှင့်ဆုံမှပဲ ရိုက်ဖြစ်ပါတယ်။
နမူနာပုံတွေကိုတော့ဒီမှာကြည့်နိုင်ပါတယ်။
ပုံထွက်အနေဖြင့်ကတော့ အနှစ်သက်ဆုံးအချက်ကတော့
အေဖိုးအရွယ် စာရွက်စာတမ်းတွေကို ရိုက်တဲ့တခါ စကန်ဖတ်လိုက်သလို
ကြည်လင်ပြတ်သားပြီး စာရွက်စာတမ်းမေးလ်ပို့တဲ့အခါ အလွန်အသုံးဝင်ပါတယ။်
ကိုယ်တွေ့အနေဖြင့်ကတော့ ဆော့ဖ်ဝဲလ်တခုဝယ်ယူတဲ့အခါက ကျောင်းက
ထောက်ခံစာစာရွက်ကို ဓါတ်ပုံရိုက်ပြီး လှမ်းပို့ခြင်းဖြင့် အဆင်ပြေသွားခဲ့ဖူးပါတယ်။
ထည့်ဖို့အိတ်ကိုလည်းcannonမှထုတ်လုပ်ရောင်းချတာမို့ တွဲဝယ်ရအဆင်ပြေပြီး
ရေထဲမှာလည်းရိုက်နိုင်ဖို့လည်း တီထွင်ထားတာလည်းရှိပါတယ်။
တွဲသုံးတဲ့ပစ္စည်းတွေကိုလည်း ဒီမှာကြည့်နိုင်ပါတယ်။
အခြားသဘောကျမိသောအချက်တခုကတော့ သူ့မှာ zoom ပါပေမဲ့
အဲ့ဒီအပြင် ထပ်ပြီး အခြားzoom ကို part တခုအနေဖြင့် ထပ်မံတပ်ဆင်အသုံးပြုနိုင်ခြင်း၊
ကင်မရာထောက်တိုင် သုံးနိုင်ဖို့အတွက်လည်း ၀က်အူရစ်ပါ တခါတည်း ထည့်ပေးထားပါတယ်။
နောက်တချက်ကတော့ screen မှန်သားကို လှည့်ပြီးသုံးနိုင်တဲ့အတွက်
တခါတလေ ကင်မရာထားရခက်၊ကြည့်ရခက်သောနေရာတွေမှာ
မှန်သားပြင်ကိုလှည့်ပြီး ကြည့်ရှု ရိုက်ယူနိုင်တာလည်းသဘောကျကြောင်းပါ။
သုံးကြည့်တဲ့အခါမှာလည်း သူငယ်ချင်းတွေနှင့်အပျော်ရိုက်ဆိုပေမယ့်လည်း
အမှတ်တရဖြစ်လောက်အောင် ပုံအရည်သွေးကောင်းမွန်တယ်လို့ခံစားရတာမို့
အတော်လေးစိတ်ကျေနပ်မှုရပါတယ်။
အသေးစိတ်အချက်လက်ကတော့ ဒီမှာဖတ်နိုင်ပါတယ်။
နောက်ဆုံးအချက်တခုကတော့ ဂျပန်မှာဂျပန်လုပ်စက်ပစ္စည်းဝယ်တာ
အခြားနိုင်ငံမှာဝယ်တာထက်စာလျှင် ပိုသက်သာကြောင်းပါ။
သို့ငြား လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ စက်ပစ္စည်းအတော်များများကို
ဥပမာ ကင်မရာလိုမျိုးကို ပြည်တွင်းရောင်းချမှုမှာ ဂျပန်စာ စနစ်ဖြင့်သာထုတ်လုပ်
တာမျိုးတွေ ဖြစ်လာပါတယ်။
ဈေးကွက်ကိုကာကွယ်နည်းတမျိုးလို့ ဆိုလျှင်မမှားပေမယ့်
နိုင်ငံရပ်ခြားကို လက်ဆောင်ပို့ဖို့ ၀ယ်တဲ့အခါမှာတော့ နည်းနည်း ကသီပါတယ။်
သို့ငြား အာခိဟဘရ Akihabara လို လျှပ်စစ်မြို့တော် ဈေးတန်းက ဆိုင်တွေမှာတော့
Gaikoku Muke (外国向け)ဆိုပြီး နိုင်ငံရပ်ခြားမှာသုံးနိုင်သည့်Englishဘာသာစနစ်ဖြင့်
ပစ္စည်းများ သီးသန့် အရောင်းဆိုင်တွေတော့ ရှိပါတယ်။
ပထမတင်တာ အချက်လက်မပြည့်စုံတာမို့ ထပ်မံဖြည့်စွက်လိုက်ပါတယ်။
ဖတ်ပြီးအချိန်ကုန်ပြီး ဖတ်သူတွေအတွက် ဘာမှ အကဲမဖြတ်နိုင်လိုက်သလို
ဖြစ်စေတာမို့ပါ။
သူနဲ့ကိုယ် ကိုယ်တိုင်ရိုက်ထားတဲ့ နမူနာပုံလေးတွေလည်းတင်လိုက်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♪♪♪
7 comments:
လိုချင်ပဗျာ...
camera womanပိုးထပြီး အိတ်ဆောင်လို့မရတဲ့
့ဟာကြီးတလုံးဝယ်လိုက်မိတယ်....း(
လွယ်ရတာ ဇတ်ကျိုးမလားတောင်အောင့်မေ့ရတယ် အစ်မရာ...
ဒါပေမယ့် ပုံထွက်ကတော့ အားကြီးကောင်း....ဟဲ
အင်း g12 ကြမှ ဝယ်တော့မယ်
လှတာ ချစ်စရာလေး
ကိုဇော်ရေ
ထောက်ခံတယ်နော် ချသာချ...
ခွန်ရေ
ဒါကြောင့် ခွန်ရိုက်တဲ့ပုံလေးတွေလှတာ...
ခုမှ တရားခံပေါ်တော့တယ်...:P
မမရွှေစင်ရေ
အဲဒါအကောင်းဆုံးပဲ
တကယ်တော့ ဂျပန်က စက်မှုပစ္စည်းတအားထွန်းကားတော့
အသစ်ပေါ်တာမြန်သလို အဟောင်းတွေဈေးကျတာလည်း
သိပ်မြန်တယ်မရဲ့
သုံးခါနီးမှဝယ်တာမော်ဒယ်အကောင်းဆုံးနဲ့အသင့်တော်ဆုံးပဲမရဲ့...
;)
တို့မှာလဲရှိတယ် စလုံး ၅၀၀ပေးရတယ် အဲဒီတုံးက မော်ဒယ်နာမည်ပြန်ရှာပြီးမှ ပြောပြမယ် ကဘေကဘာက.
မ ကဘေကဘာက စလုံး၅၀၀ဆိုရင် မနည်းဘူးနော်
;)
ကျော်ရေ..
ခက်ကွန်း အိုမဲဒဲတိုးး))
တို့က အဲလို ကင်မရာလိုချင်တာ..
သို့ငြား (ကျော့်အတု လိုက်တုတာ ဟိ)
ပိုက်ပိုက်များလို့ မတတ်နိုင်သေးတာနဲ့ ..ပိုက်ဆံစုဆဲ..
Post a Comment