တက္ကသိုလ်မှာတုံးက စာသင်ချိန် ဆရာမက
မြန်မာနိုင်ငံမှာကျင့်သုံးတဲ့လက်ထပ်ထိမ်းမြားခြင်းဆိုင်ရောဥပဒေဟာ
တစ်လင်တစ်မယားစနစ်လား ဇနီးများတာကိုအသိမှတ်ပြုစနစ်လားလို့
မေးခံရစဉ်က အတော်များများက တစ်လင်တစ်မယားလို့ဖြေခဲ့ကြတာ
ပြန်သတိရမိတယ်။
အဲဒီမှာကိုဝတုတ်ရဲ့ ရာဇ၀တ်မှုအကြောင်းရေးထားတဲ့ပို့စ်လေးသွား
သတိရမိတယ်။ ဥပဒေအရတော့ ရာဇ၀တ်မှုမမြောက်ပေမယ့်
ဘာသာတရားနှင့် ကျင့်ဝတ်ပိုင်းအရ
လူတွေရဲ့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ စံတခုကို ဖောက်ဖျက်သလိုမို့
ဇနီးနှစ်ယောက်ယူခြင်းကို လူတွေက လက်မခံကြတာပဲဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာဥပဒေအရ မယားပြိုင်စနစ် ခွင့်မပြုဟုတစ်လင်တစ်မယားစနစ် သတ်မှတ်ထားခြင်း မရှိပါဘူး။
ဆိုရလျှင် မယားပြိုင်ကို အသိမှတ်ပြုပါတယ်။
ဒါဟာ ရှေးယခင်က ဘာသာခြား၊ လူမျိုးခြားနှင့် ဒုတိယဇနီးအဖြစ်
လက်ထပ်ခဲ့ရတဲ့ မိန်းမပျိုတွေရဲ့အခွင့်ရေးကို ကာကွယ်ပေးရာကနေ
ဒီလို သတ်မှတ်ခြင်းဖြစ်လာတယ်လို့ ဆိုပါတယ်။
တခါတစ်ရံတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွေဟာ နားလည်ရခက်သလို
ဖြစ်ငြား စီရင်ထုံးတွေကိုးကားပြီး အလျှောက်ကောင်း အကိုးကားကောင်းလျှင်
က မှ ယ ဖြစ်လေ့ရှိတာမို့ စီရင်ထုံးသစ်တွေ မကြာခဏဆိုသလို
ပေါ်ထွက်လာလေ့လည်း ရှိပါတယ်။
တခါတရံတော့လည်း ခေတ်မမီတာလည်းပါမယ်။ နည်းပညာထွန်းကားမှု
လိုအပ်ခြင်းလည်းပါမယ်။ ပုဆိုးတန်းတင် အကြင်လင်မယားဆိုသလိုပဲ။
ရှေ့နောက် ပတ်ဝန်းကျင် ခုနှစ်အိမ်က အကြင်လင်မယားဖြစ်ကြောင်း
အသိမှတ်ပြုရင်ပဲ လင်မယားအရာမြောက်တာမို့ လန့်စရာလို့
တွေးမိခဲ့ဖူးတယ်။
ဒီစနစ်ဟာ လက်မထပ်သေးဘဲ အတူနေထိုင်မှုတွေများသော နိုင်ငံရပ်ခြား
တိုင်းပြည်တခုအနေဖြင့်ကြည့်ရင် သိပ်ကိုအံ့သြစရာကောင်းပေမဲ့
မြန်မာအမျိုးသမီးတွေအတွက် တနည်းအားဖြင့် အပြည့်ဝကာကွယ်မှု
ပေးထားတယ်လို့ ဆိုလျှင်လည်းမမှားပါဘူး။ သို့ငြား သွေးသားဆန္ဒဆိုတာ
သဘာဝမို့ ဒီ့အတွက် အိမ်ထောင်ပြုမှပဲဖြစ်မယ်ဆိုတဲ့သဘောမျိုး ရောထွေးပြီး
သတ်မှတ်ထားခြင်းခံရတာကကော ကောင်းတယ် ဖြစ်သင့်တယ်လို့ ယူဆမိပါသလား။
တကယ်တော့အိမ်ထောင်ပြုတယ်ဆိုတာဟာ မြန်မာစကားပုံမှာတင်စားထားသလိုပဲ
အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး သုံးမျိုးဟာပြင်ရန်ခက် ဆိုသလိုပဲ
ချစ်လို့ လက်ထပ်လိုက်ပြီး သဘောထားတွေမတိုက်ဆိုင်လို့ ကွဲကွာတာမျိုးတွေ
ထက်စာလျှင်တော့ အတူနေထိုင်ကြည့်ခြင်းအားဖြင့် တယောက်စရိုက်တယောက်
သိနားလည်လာတာမို့ နောက်ဆုတ်ဖို့လည်းလွယ်ပါတယ်။
သို့ငြား မြန်မာ့ဓလေ့အရတော့ လက်ခံနိုင်မည်မထင်ပါ။
မိမိလည်းမြန်ပြည်ဖွားမိန်းမသားတစ်ဦးမို့ ယင်းကို ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ဖူးငြား
အသက်ရွယ်ရလာပြီး နိုင်ငံတကာနှင့်ယှဉ်ထိုးကြည့်မိတဲ့အခါမှာတော့
ခုလိုအတွေးလိုမျိုးတွေ တွေးမိလာပါတယ်။
ဆက်ရလျှင် ဂျပန်နိုင်ငံရဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေကတော့တစ်လင်တစ်မယားစနစ်ဖြစ်ပါတယ် လင်ပြိုင်မယားပြိုင်ယူခွင့်မပြုပါဘူး။
ဒီလိုပြဌာန်းထားတာကိုတွေ့ရပါတယ်။
တရားဝင်အိမ်ထောင်ပြုခြင်းမြောက်စေတာကတော့ family registerလို့ခေါ်တဲ့
အိမ်ထောင်စုစာရင်းကို ရပ်ကွက်ရုံးဌာနမှာ စာရင်းသွားသွင်းရပါတယ်။
အဲဒီ့အတွက် လက်ထပ်ထိမ်းမြားခြင်းကို နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးထားတဲ့
(ရပ်ကွက်ရုံးမှာပုံစံရှိပါတယ်)သဘောတူစာရွက်လိုအပ်ပါတယ်။
နှစ်ဦးလုံးဟာ ဂျပန်လူမျိုးဖြစ်မယ်ဆိုလျှင် တစ်ဦးဟာ အိမ်ထောင်ဦးစီးအဖြစ်
စာရင်းသွင်းရပါပြီး မိသားစု အမည်လည်း တူညီသင့်တယ်လို့ဆိုပါတယ်။
တစ်ဦးဦးကနိုင်ငံခြားသားဖြစ်လျှင် ယင်းအချက်အားပယ်ပါသည်။
တစ်ဦးဦးက နိုင်ငံခြားသားဖြစ်မည်ဆိုလျှင် နိုင်ငံခြားသားအနေဖြင့်
အိမ်ထောင်ဦးစီးဖြစ်ခွင့်မရှိဘူး။ မှီခိုသာဖြစ်ရမယ်လို့ဆိုပါတယ်။
(အဲဒီမှာ နည်းပညာထွန်းကားတဲ့အတွက် ဂျပန်ရဲ့အားသာချက်ကတော့
တနေရာမှာ စာရင်းသွင်းလက်ထပ်လိုက်ပြီ ဆိုတာနဲ့ ကာယကံရှင် က
ဘယ်ဒေသ(ဂျပန်နိုင်ငံတွင်း)မှနေပြီး စာရွက်စာတမ်းထုတ်ထုတ်
အဲဒီမှတ်တမ်းဟာ စာရင်းဝင်နေပါတယ်။ အိမ်ထောင်ဘယ်နှစ်ဆက်
ဆိုတာကအစ စာရင်းဖျောက်လို့မရနိုင်ပါဘူး။)
ဒီ့အတွက် အိမ်ထောင်ရှိလျှက် လိမ်ပြီးလက်ထပ်ဖို့လည်း
ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
ပြဌာန်းချက်များကတော့
၁။အမျိုးသားဆိုလျှင် အသက်၁၈နှစ်မပြည့်သူ၊ အမျိုးသမီးဆိုလျှင်
အသက်၁၆နှစ်မပြည့်လျှင်ထိမ်းမြားခွင့်မရှိပါဘူး။(ပုဒ်မ ၇၃၁)
၂။အဓိကမကျပေမဲ့အသက်မပြည့်သေးသူဖြစ်လျှင် သူ သို့ သူမ ဧ။် မိဘများက
သဘောတူလက်ခံခွင့်ပြုချက်ရှိရပါမယ်။
(ပုဒ်မ ၇၃၇)
၃။တရားဝင်အိမ်ထောင်ပြုထားဆဲဖြစ်သူသည် (အခြားတဦးနှင့်အပြိုင်)
လက်ထပ်ခြင်းကို တားမြစ်သည်။
(ပုဒ်မ ၇၃၂)
၎။အမျိုးသမီးတဦးဟာ ကွာရှင်းပြတ်စဲပြီး ၆လအတွင်း နောက်အိမ်ထောင်ပြုခွင့်မပြုပါ။
(ပုဒ်မ ၇၃၃)
(ထပ်မံဖြည့်စွက်ချက်) အမျိုးသမီးဟာ ယင်းရက်မတိုင်မီ ကိုယ်ဝန်ရှိပြီး ခလေးမွေးဖွားပြီးသူ
ဖြစ်ရင်တော့ခြွင်းချက်ဖြစ်သည်။
(မှတ်ချက်။ ။ ပထမအိမ်ထောင်နှင့်ရသော ကိုယ်ဝန်ရှိမရှိအတွက် ၆လသတ်မှတ်သည် ဟု
ဆိုကြပါသည်။)
၅။သွေးသားတိုက်ရိုက်တော်စပ်ခြင်း၊ ဆွေမျိုးတော်စပ်ခြင်းသုံးဆက်အထိ လက်ထပ်ခွင့်
မပြုပါ။မွေးစားထားသောခလေးနှင့် တော်စပ်ခြင်းက ခြွင်းချက်ဖြစ်ပါသည်။
(ပုဒ်မ ၇၃၄)
၆။သွေးသားအရင်းချာဖြစ်ပါက လက်ထပ်ခွင့်မပြု။
(ပုဒ်မ ၇၃၅)
၇။မွေးစားမိဘ သို့ (မွေးစားခလေးနှင့်)သွေးသားတော်စပ်သူမိဘမှမွေးဖွားလာသူ၊
မွေးစားမိဘဧ။်ဇနီးသို့ခင်ပွန်း သို့ ယင်းဧ။်သွေးသားတော်စပ်သူ၊ သို့ သွေးသားတော်
စပ်သူဧ။်ဇနီးသို့ခင်ပွန်းအား မွေးစားခလေးဖြင့်လက်ထပ်ခွင့်မပြု။
(ပုဒ်မ ၇၃၆)
(၁)လက်ထပ်ခွင့်တားမြစ်ခြင်းတွင် အောက်ပါအခြင်းရာများကို
ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ဥပမာ ခလေးဧ။် ဖခင်ဖြစ်သူ။
(၂)တအူတုံဆင်းမောင်နှမ၊ဦးလေး၊အဒေါ်၊တူ၊တူမစသော သွေးသားရင်းချာသူများကြား။
(၃)နှစ်ဦးနှစ်ဖက်ဧ။်သွေးသားတော်စပ်မှုအခြေအနေ။
စသဖြင့်တွေ့ရှိရပါတယ။်
ဂျပန်မှာရောက်ရှိနေတာမို့ တချို့မြန်မာဥပဒေစာအုပ်တွေ မွှေနှောက်ဖတ်ကြည့်လိုပေမဲ့
အခွင့်မပေးတာမို့ မပြည့်စုံတာများတွေ့လျှင် အကြံပေးဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
13 comments:
နံပါတ် (၂) ပုဒ်မ ၇၃၇ က အဓိကမကျရင် ဘာ့ကြောင့် ပြဌာန်းထားသေးလဲမသိဘူး။ နောက် အမျိုးသားတွေ တရားဝင် အိမ်ထောင်ပြုပြီးရင် ဒုတိယအကြိမ် လက်ထပ်ခွင့်မရ။ ဒါပေမယ့် တရားဝင်ကွာရှင်းထားရင်ရော?? အမျိုးသမီးအတွက်ကတော့ ရှင်းတယ် (၄)
အမျိုးသားတွေ အိမ်ထောင်ထပ်ပြုခွင့်မရှိဘဲ အမျိုးသမီးတွေကတော့ အိမ်ထောင်ထပ်ပြုခွင့် ရှိတဲ့သဘောလား။ ????
ကိုဝတုတ်ရေ
ကျေးဇူးပါ။
အမှားပြင်လိုက်ပါပြီ။ :D
အမျိုးသားတွေက အိမ်ထောင်ထပ်ပြုခွင့်ရှိပါတယ်။
အိမ်ထောင်ရှိရက်သားပဲမပြုနိုင်တာပါ။
နောက်တခါ ထပ်ဖတ်ဦးမယ်။
:D ဘယ်နေရာလွဲသလဲလို့
တကယ့်ကိုကျေးဇူးကိုဝတုတ်။
တွေ့သွားပြီ။ နည်းနည်းစာသားထပ်ဖြည့်ပြင်လိုက်ပါပြီ။
ဆရာမ ကျွန်တော် တခုပြင်လို့ရအုံးမလား။ တလင်တမယားစနစ်ဆိုတာထက် လင်ပြိုင် မယားပြိုင် စနစ်ကို ခွင့်မပြုဘူးပြောတာ ပိုမှန်မလား။ ဘာလို့လဲဆိုတော့ ကွဲပြီးရင် အိမ်ထောင် ထပ်မပြုနိုင်ဘူး တိတိကျကျ မသတ်မှတ်ထားတဲ့အတွက် (ထို့ကြောင့် ဂျပန်ဥပဒေအရ ကျွန်တော်က ကွဲပြီးရင် အိမ်ထောင် ထပ်ပြုနိုင်တယ်လို့ tacitly သဘောပေါက်မိတယ်။) is that right? တယောက်ပြီးတယောက်ယူတဲ့လူကို တလင်တမယားစနစ် ကျင့်သုံးတယ်လို့ မခေါ်ဘူးထင်တယ်။ :D
ကိုဝတုတ်ရေ
ဟုတ်သားနော်
မြန်မာစာတယ်ခက်တာပဲ:D
သိပ်ကျေးဇူးတင်တယ်
ခဏခဏပြောပြပေးတာ
ပြင်လိုက်ပါပြီ
အခုမှပဲ အဓိပါယ် ပြည့်ပြည့်၀၀ပေါ်သွားတော့တယ်
:D
ဟုတ်ပါ့ဗျာ အဓိပါယ် ပြည့်ပြည့်ဝဝ ပေါ် မှ ရွှေစင်ဦး လည်း ဖတ်လိုက်ရတော့ မေးစရာမရှိတော့ပါဘူး ဆရာမ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဗဟုသုတအများကြီးရပါတယ် ညီမရေ..။ မှတ်သားစရာတွေ အများကြီး..။
ကျေးဇူးအများကြီးတင်ပါတယ် ချရာမး)))
အပျိုကြီးလုပ်မယ့် ခွန့်အတွက် lawတွေသိပ်မလိုပေမယ့်
လိုရမယ်ရ သေချာဖတ်မှတ်သွားတယ် အစ်မရေ..... ;P ;D
မရွှေစင်ရေ
အဲဒါကိုဝတုတ်ကျေးဇူး
:D
မညရေ မညကမှ ချရာမကြီးဟာ
;D
ခွန်နော် စကားဆိုတာ ဆုံးအောင်မပြောရဘူးတဲ့
ဖူးစာကံဖန်လာရင် ပြေးမလွတ်ဘူးနော်
ခုတည်းက ပုန်းစရာနေရာရှာထား...
:P
ညီမရေ
facebook က ဇာခြည်ဆိုတဲ့ ညီမတစ်ယောက်က ညီမရဲ့ပို့စ်ကို ref လုပ်ထားတာဖတ်ဘူးတယ် ။ ကော်မန့်လာပေးတာ၊ နှုတ်ဆက်သွားတာ၊ အတွက်ကျေးဇူးအများကြီးတင်ပါတယ်။
ဒီနေ့တော့ တော်တော်များများလာဖတ်သွားပါတယ်။
ဥပဒေကိုချစ်ပြီး ဥပဒေအကြောင်းကို အများအတွက် မိတ်ဆက်ပေးရေးထားတာတွေကိုဖတ်ရတာ အားရစရာပါပဲ။
ခင်မင်လျှက်
မရေ
လည်လည်လာတာကျေးဇူးပါနော။်
အမဘလော့ဂ်ကိုကြည့်ပြီး စာအရေးသားကောင်းလိုက်တာလို့။
လေးစားခင်မင်လျှက်
:)
ညလေး.. နေကောင်းလား..။ အလုပ်များနေလား..
ဒီတခါ အလည်လာရင် ဟီရိုးရှီးမားကို အတူလျှောက်လည်ကြတာပေါ့းD
Post a Comment