Saturday, September 18, 2010

Shibuya ဂျပန်က အထင်ကရ ရှီဘူယ

Shibuya လို့ Google Image မှာရိုက်ထည့်လိုက်ရင် မီးပွိုင့်လမ်းဆုံမှာ လူတွေအများကြီးဖြတ်ကူးနေတဲ့
ပုံတွေအများကြီး ပေါ်လာလေ့ရှိတယ်။ ဂျပန်ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်တွေစုဝေးရာနဲ့ လူငယ်တွေစုဝေး
ရာ အထင်ကရ အစည်ကားဆုံး မြို့နှစ်မြို့က Shinjuku ရှင်ဂျုကုနဲ့ Shibuyaပဲဖြစ်တယ်။

နောက်ထင်ရှားတဲ့မြို့တစ်ခုကတော့ Akihabara အာခိဟဘရ လို့ခေါ်ပြီး ဂျပန်ရဲ့ လျှပ်စစ်မြို့တော်လို့
တင်စားခေါ်ဝေါ်ပါတယ်။ လျှပ်စစ်နှင့်ITဆက်နွယ်ပစ္စည်းတွေရောင်းချသော ဈေးတန်းကြီးများရှိတဲ့မြို့ပါ။
ယင်းအပြင် ဂျပန်က ကာတွန်းဝါသနာရှင်များစုဝေးရာ နေရာလည်းဖြစ်တယ်။

နောက်မြို့တစ်ခုကတော့ Ginza ဂင်ဇာ။ သူကတော့ သူဌေးမြို့လို့ဆိုရမည်။ ကမ္ဘာ့အကောင်းဆုံးအရက်
ဆိုတာမျိုးက ဂင်ဇာမှာရနိုင်သည်။ ကမ္ဘာ့နာမည်ကြီး Brand ဆိုသော ဆိုင်ကြီးတွေခမ်းနားစွာတည်ရှိ
သည်။ နာမည်ကျော် ဆိုတာတွေ ခမ်းနားမှုတွေ ပြည့်လျှမ်းစွာရှိသောမြို့ဟုဆိုရမည်။

သို့ငြား ရှီဘူယကတော့ မီးပွိုင့်မှာလူတွေအများကြီး ပုရွက်ဆိတ်အုံကြီးလိုလမ်းဖြတ်ကူးလေ့ရှိသလို
ဘူတာအဆောက်ဦးပေါ်ကနေ မှန်အကြည်တွေကြားက လှမ်းမြင်ရတာမို့ မီးပွိုင့်လမ်းကူးချိန်ကိုစောင့်ပြီး
ဓါတ်ပုံရိုက်လေ့ရှိတဲ့နိုင်ငံခြားသားအများစုကိုလည်း အမြဲလိုလို တွေ့ရလေ့ရှိတယ်။

ဒီမနက် လူသိပ်မများပေမဲ့ ရိုက်လာတဲ့ဓါတ်ပုံကို အကြံကုန်ဂဠုန်ဆားချက် ပို့စ်တင်လိုက်ပါတယ်။



တခြားမြို့တွေကတော့ ဆက်လေ့လာလိုက်ဦးပါမယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

3 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဓါတ်ပုံထဲကြည့်ရတာ ပျော်စရာကြီးနော်။ ရောက်ဖူးချင်တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

SHWE ZIN U said...

ညီမရေ

လူတွေ အများကြီးနော် ဒါပေမဲ့ ကားတွေ သိပ်မကျပ်သလိုဘဲ ဆားချက်ချက် ငပိချက်ချက် ရပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

ညီမ အားရင် link http://www.shwezinu.com ကိုပြောင်းချိတ်ပေးအုန်းနော် update မဖြစ်ဘူးဖြစ်နေတယ်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates