ငယ်ငယ်တုံးက ရပ်ကွက်ထဲမှာ စက်ဘီးစီးတာသိပ်ခေတ်စားတယ်။
ခြံနားမှာ ရဲစခန်းဝန်းကြီးဘေးက ကွက်လပ်ကြီးထဲ ခလေးတွေစုပြီး စက်ဘီးလာစီးကြတာ
သွားသွားငေးဖူးတယ်။ ဖေ့ကိုဂျီကျတော့ ဖေကိုယ်တိုင် ခြံထဲမှာ စက်ဘီးစီးသင်ပေးတော့
အဲလိုနဲ့ စက်ဘီးစီးတတ်သွားတယ်။ ဖေ၀ယ်ပေးတဲ့ စက်ဘီးလေးလည်း ၁လလောက်ပဲ
ကောင်းကောင်းစီးဖြစ်တယ်ထင်ပါရဲ့။ ကားတွေ အထူးသဖြင့်ဘတ်စ်ကားတွေ စိတ်ထင်သလို
မောင်းတတ်တဲ့ရန်ကုန်မှာ စက်ဘီးနဲ့ကားလမ်းပေါ်ကို စီးခွင့်မပြုတော့ အဲလိုနဲ့ စက်ဘီးလေးဟာ
အိမ်က စတိုခန်းလေးထဲမှာ သနားစရာပေါ့။ စက်ဘီးမစီးတာ ကိုယ်ရယ်မှမဟုတ်ပါဘူး။
ရန်ကုန်ကလူတွေ အများစု စက်ဘီးစီးလေ့မရှိကြဘူး။ ဘတ်စ်ကား တက်က်စီတွေသုံးတာများကြတယ်။
ဂျပန်မှာတော့ လမ်းပမ်းဆက်သွယ်ရေးအရ ရထားက သိပ်အဆင်ပြေတယ်။
အချိန်သိပ်တိကျသလို မြို့ပတ်ရထားတွေက ၃မိနစ်ခြားတခါ ဆိုက်တာမို့ ဂျပန်တွေအချိန်သိပ်တိကျတယ်
ဆိုတာကလည်းမဆန်းပေဘူး။ သို့ငြား ရထားခ ဈေးကြီးတယ်လို့ ထင်ပါတယ်။
စီးလိုက်တာနဲ့ အနည်းဆုံး ယမ်း၁၂၀ ပေးရတယ်။ အသွားပြန် ၂၄၀။ ဝေးတဲ့နေရာတွေဆို ယမ်းထောင်
ကျော် ကျသင့်တာတွေရှိတယ်။ ကြက်သားရေခဲရိုက်ထားတာ တကောင်လုံးကို ယမ်း၅၅၀၊ ဘာဝယ်ဝယ်
၁၀၅ယမ်းဆိုင်မှာ လိုသမျှထွေကာလီကာတခု ၁၀၅ယမ်းမို့ တွက်လျှင် ဈေးမနည်းဘူးဆိုရမယ်။
ဘူတာကနေ အတော်လှမ်းတဲ့နေရာမှာ နေသူတွေဆိုလျှင်လည်း ဘူတာထိရောက်ဖို့ ကားလို ၀န်လည်း
မများတဲ့ စက်ဘီးက လိုအပ်ပါတယ်။
ဂျပန်ရောက်စ အံ့သြတကြီး ငေးမောဖူးခဲ့တာကတော့ စက်ဘီးတွေ...စက်ဘီးတွေပါပဲ။
ဘူတာကြီးတွေရဲ့ စက်ဘီးရပ်နားနေရာဟာ ကျယ်ပြောပြီး ထောင်နဲ့ချီတဲ့ စက်ဘီးတွေရပ်ထားလေ့
ရှိတယ်။ ဟိုနား သည်နား ဈေးဝယ်ပဲသွားသွား စက်ဘီးက သိပ်အဆင်ပြေတယ်။
တချို့နေရာတွေလို ပလက်ဖောင်းမြင့်မြင့်မဟုတ်ဘဲ ကားလမ်းနဲ့တညီတည်းနီးပါး ပလက်ဖောင်းလေးတွေရှိတယ်။ အဲသည့်ထဲမှာ လူတွေလည်းလမ်းလျှောက်၊ စက်ဘီးတွေလည်း
နင်းကြတယ်။ မီးပွိုင့်တွေကူးတဲ့အခါ စက်ဘီးကူးရန်ဆိုပြီး လူကူးမျဉ်းကြားဘေး စာရေးပြီး နေရာကျယ်
အလွတ်ထားပေးလေ့ရှိတယ်။ အဲသည်မှာ ချစ်ဖို့ကောင်းတဲ့ဂျပန်ဓလေ့လေးကတော့ ကားတွေဟာ
စက်ဘီးတွေကို အထူးသတိထားပြီး အတူမောင်းရတဲ့(ပလက်ဖောင်းမကျယ်တဲ့)လမ်းကျဉ်းတွေမှာဆို
စက်ဘီးတွေကို ဦးစားပေးလေ့ရှိတယ်။ သို့ငြား စက်ဘီးတွေကလည်းသတိပြုမိတာနှင့် လမ်းဖယ်ပေးလေ့
ရပ်ပေးလေ့ရှိတယ်။ ပြီးတော့ စက်ဘီးတွေဟာလည်း လမ်းလျှောက်တဲ့လူတွေကို သိပ်ဦးစားပေးတယ်။
တခုခုလွန်သွားသလိုဖြစ်ရင် စုမိမဆန် ဆိုပြီး ခေါင်းလေးညွတ်ပြောတတ်တဲ့ မျက်ဝန်းထဲမှာ အားနာရိပ်တွေ
ရှိတဲ့ ဂျပန်ဓလေ့ကို ကိုယ်ကချစ်တယ်။ သို့ငြား ယနေ့ခေတ်လူငယ်လေးတွေမှာ အဲလိုဓလေ့လေးတွေ
ပျောက်ကွယ်စ ပြုလာနေတာလည်း အတော်များများတွေ့ရတယ်။ သို့ငြား ဂျပန်စတိုင်က အလုပ်ထဲဝင်
တော့မယ် တက္ကသိုလ်တက်ပြီဆိုရင်ပဲ လူမှုရေးဆိုင်ရာ အကျင့်နှင့် အပြုမူတွေကို ပုံစံချပစ်တဲ့ လူမှု
ထုံးစံမို့ လုပ်ငန်းခွင်ဝင်ပြီဆိုရင်ပဲ အားလုံးဟာ အမူကျင့်တွေ ပြောင်းလည်းသွားတာတွေ့ရပါတယ်။
အဲလိုနဲ့ဆက်ရရင် စက်ဘီးစီးခါစ သိပ်ကြောက်တတ်တယ်။ ဂျပန်ရဲ့ အများစုက ကျဉ်းမြောင်းတဲ့ လမ်းသွယ်လေးတွေထဲမှာ တိုက်မိမှာ သိပ်ကြောက်တယ်။ မြန်မာပြည်မှာ ကားမောင်းတတ်ခါစ အခွေဆိုင်
သွားတော့ အနားရောက်မှ ဘေးကပ်ဖို့သတိရတော့ လန့်လန့်နဲ့အမြန်ကပ်ဖို့ ဘေးကားအကြည့်ကောင်းတာ လမ်းလယ်က အုတ်ခုံတွေကို ဆွဲခြစ်ခဲ့ပါရောလား။ အဲလိုရာဇ၀င်မို့။
စက်ဘီးစီးစ ခဏခဏ ရပ်လိုက်သွားလိုက်နဲ့ပေါ့။
ခုတော့ သူက စက်ဘီးသိပ်စီး သိပ်ပတ်တတ်တော့ ကိုယ်လည်း ကျင့်သားရသွားတယ်။
စက်ဘီးတွေက တပတ်ရစ်တွေလည်း ၀ယ်လို့ရပါတယ်။ အဟောင်းဆိုင်တွေမှာ ၃ထောင် ၄ထောင်ယမ်း
ခန့် တချို့ကောင်းလျှင် ယမ်း ၅ထောင်ကျော်ခန့်ပေါ့။ သို့ငြား အသစ်ဝယ်လျှင် အသက်သာဆုံးက ဆဲယူး
SeiYu ပါပဲ။ ယမ်း၇ထောင်ကျော်ခန့်ဖြင့်အသစ်စက်စက်ဝယ်လို့ရပါတယ်။
ဒါကြောင့်ဂျပန်လာမည်ဆိုလျှင် စက်ဘီးကလေးတော့ စီးတတ်သင့်ကြောင်း။ စက်ဘီးစီးတတ်ထားလျှင်
အလွန်အဆင်ပြေမည်ဖြစ်ပါကြောင်း။
ပုံများကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ ♫♥⁂♡♫♪♪
6 comments:
ကျောင်းတုန်းက လေးနှစ်လုံး စက်ဘီးစီးခဲ့တယ် :)
ဒီေ၇ာက်တော့ ရှိပေမယ့် မစီးဖြစ်တော့ဘူး။
လမ်းဘဲလျောက်ဖြစ်တော့တယ်။
စက်ဘီးကတော့စီးတတ်သလားမမေးနဲ့ ၄တန်းလောက် ကထဲက ကျွမ်းစ် ဂျပန်လာဘို့ ဘဲကျန်တော့တယ်
ခင်တဲ့
ရွှေစင်ဦး
seiyu မှာ အသစ်ကို ယမ်း၇၀၀၀နဲ့ ရမှန်းမသိခဲ့ဘူး ။ အခုတော့ အဟောင်းကို ယမ်း ၈၀၀၀တောင် ပေးရတယ် ညီမရယ် :'(
ခွန်ရေ
ငါ့ညီမကတော့ကောင်းတယ်။ တကိုယ်ရေတကာယလည်းဖြစ် အလုပ်ရှုပ်သက်သာတာပေါ့နော်။
အမတို့က အပတ်တိုင်း ဈေးသွားဝယ်ရင် သူက သက်သာတဲ့ စတိုးဆိုင်ကြီးတွေဘာတွေ ပြောင်းပြောင်းသွားကြည့်လေ့ရှိတော့ တခါတလေ လှမ်းတတ်တယ်လေ။ :((အပြန် အထုပ်တွေသယ်ရတာ သိပ်စိတ်ညစ်တာမို့ စက်ဘီးနဲ့သွားကြတယ်။ ခုတော့ ၇မိနစ်လောက်လှမ်းတဲ့ ဆီသွားဝယ်တာတောင် စက်ဘီးသယ်သွားတယ် အပြန်သက်သာအောင်လို့:D
အပါးခိုတာအကျင့်ပါသွားပုံပဲ
မမရွှေစင်
အရည်ချင်းတွေအားလုံးပြည့်စုံပြီးသား
မြန်မြန်လာဖို့ပဲကျန်တော့တယ်
စောင့်နေမယ်နော်
:)))
ဒီမှာလည်းစက်ဘီတွေတော်တော်အသုံးပြုကြပါတယ်။
ကျမလည်းရောက်စကတော်တော်အားမွေးပြီးစီးရပါတယ်။
အခုထိကားတွေများတဲ့လမ်းဆိုမစီးရဲ့ သေးပါဘူး။
ဒီမှာစက်ဘီးတွေလည်းမကြာခဏပျောက်လေ့ရှိပါတယ်။
ကျမတို့  ၄စီးပျောက်ပြီးပါပြီ...
Post a Comment