Thursday, June 2, 2011

ဂျပန်ကခေါက်ဆွဲအနွယ်ဝင်များ ၁။ဆိုးမန်း

ဂျပန်အခေါ်အဝေါ်အရ ထူးခြားတာတစ်ခုကတော့ မုန့်ဖတ်၊ နန်းကြီး၊ ခေါက်ဆွဲစတာတွေ
ကို ခေါက်ဆွဲအနွယ်ဝင် (麺類‐MenRui)(Noodles)လို့ခေါ်လေ့ရှိပါတယ်။ ဥပမာ ဒီနေ့
Menrui မန်းရုအိလုပ်စားမယ်ဆိုရင် အထက်ဖော်ပြပါထဲက တခုခုကိုလုပ်စားမယ်လို့ဆိုလို
တာမျိုးပါ။

ယင်းတို့ထဲကမှ မြန်မာပြည်က မုန့်ဖတ်နှင့်ဆင်တူပြီး မြန်မာအများစုမုန့်ဟင်းခါးဂျပန်မှာ
လုပ်စားတဲ့အခါ မုန့်ဖတ်အဖြစ်စားလေ့ရှိတဲ့ 素麺,そうめん,SooMenလို့ခေါ်တဲ့အမျိုး
အစားအကြောင်း ဖော်ပြလိုပါတယ်။ သို့ငြားဂျပန်မှဆိုးမန်းခေါက်ဆွဲကတော့ ဂျုံမှုန့်ဖြင့်
ပြုလုပ်ထားတာဖြစ်ပါတယ်။ ဆောင်းရာသီမှာ နဘဲလို့ခေါ်တဲ့မီးဖိုပေါ်တင်လျှက်စားလေ့
ရှိသော ဟော့ပေါ့များကဲ့သို့အလားတူ ဆိုးမန်းသည်လည်း နွေရာသီမှာ မပျက်မကွက်
လုပ်စားကြလေ့ရှိတဲ့ နွေရာသီစာတမျိုးပါ။ ဆိုရလျှင် မြန်မာပြည်မှာ နွေရာသီရောက်လျှင်
မုန့်လက်ဆောင်းသို့ရွှေရင်အေးစားသကဲ့သို့ပါ။

စားနည်းကတော့ ခေါက်ဆွဲကိုအထုပ်မှာရေးထားတဲ့မိနစ်အတိုင်းရေနွေးများများတည်ကာ
ထည့်ပြုတ်ပါတယ်။ ထည့်သင့်တဲ့ရေပမာဏကိုလည်းရေးထားလေ့ရှိပါတယ်။သတိပြုရန်
ကတော့ ထည့်ပြီးတာနဲ့တူလေးနဲ့ခေါက်ဆွဲဖတ်တွေကို  မွှေမွှေပေးနေရပါမယ်။ အဲလိုမှ
မဟုတ်လျှင်ခေါက်ဆွဲဖတ်တွေပူးသွားတာကပ်သွားတာမျိုးဖြစ်လေ့ရှိပါတယ်။ ယင်းနောက်
ဇကာတခုထဲသို့စစ်ထည့်ပြီး ယင်းခေါက်ဆွဲကိုချက်ချင်းရေအေးအေးနဲ့ ၂ကြိမ်၃ကြိမ်ခန့်
ပွတ်ဆေးပြီး ရေစစ်ထားပါတယ်။ ချက်ချင်းစားမည်ဆိုလျှင်အထက်ပါပုံကဲ့သို့ရေခဲရေနှင့်
ရေခဲအနည်းငယ်ထည့်ပြီး ခေါက်ဆွဲကိုအအေးခံထားပါတယ်။
ယင်းနောက်အဓိကဇာတ်ဆောင်ကတော့ စုယု TsuYu つゆလို့ခေါ်တဲ့ငံပြာရည်အပေါ့
အချိုရည်တမျိုးပါ။ ယင်းကဆိုးမန်းခေါက်ဆွဲ(သို့)ခေါက်ဆွဲအမျိုးစားနှင့်သာတွဲစားလေ့ရှိ
ပါတယ်။ ယင်းစုယုငံပြာချိုရည်ကို ဇွန်းကြီး၂ဇွန်းခန့်ထည့်ပြီး အပေါ့အငံက မိမိနှစ်သက်
သလိုချိန်ပြီး ရေရောထည့်ပါတယ်။ ကြက်သွန်မြိတ်၊ နော်ရိလို့ခေါ်သော ရေညှိလေးတွေ
စသဖြင့်မိမိနှစ်သက်သလို စုယုငံပြာရည်ချိုထဲရောထည့်စားနိုင်ပါတယ်။ ကျမကတော့
ယင်းအပြင် နှမ်းဆီနှင့် မြန်မာငရုတ်သီးအကျက်မှုန့်အနည်းငယ်ပါ ထည့်စားလေ့ ရှိပါ
တယ်။
ယင်းငံပြာချိုရည်ကို ငံပြာရည်၊ ရေ၊ ခစုအိုလို့ခေါ်တဲ့ဂျပန်ငါးအချိုခြောက်လွှာ၊ မိရင်းလို့
ခေါ်သော အရည်တမျိုးဖြင့်ပေါင်းစပ်ပြုလုပ်တယ်လို့ဆိုပါတယ။်



ယင်းအပြင် ထူးခြားသော ဂျပန်ဓလေ့လေးတစ်ခုကတော့ အထက်ဖောက်ပြပါပုံအတိုင်း
ဝါးခြမ်းရှည်ထိပ်မှရေနှင့်အတူ(ရေစီးနေသောဝါးခြမ်းရှည်တွင်)ဆိုးမန်းခေါက်ဆွဲဖတ်လေး
များကို အမြင့်တဖက်မှမျှောချပေးပြီး ယင်းကိုမှ စုယုငံပြာရည်ချိုခွက်လေးကိုင်ကာ တူဖြင့်
ဆည်ဆည်ကာ စားလေ့ရှိသည့်အပျော်ဓလေ့လေးတခုပင်ဖြစ်သည်။ ယင်းကို流し素麺
နာဂရှိဆိုးမန်း ဟုခေါ်ပြီး စီးဆင်းနေသောဆိုးမန်းဟုဆိုလိုပေသည်။

ကျမကတော့ဆိုးမန်းသိပ်ကြိုက်ပါတယ။် ခံတွင်းထဲမှာအရသာကရှင်းပြီး ဘယ်လောက်
စားစား စားလို့ကောင်းအောင် ခပ်များများလည်းစားနိုင်ပါတယ်။ နွေရာသီဆိုလျှင် ဆိုးမန်း
အထုပ်မပြတ်လပ်ရအောင် အမြဲဝယ်ထားလေ့ရှိပါတယ်ရှင်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
♪♪♪

7 comments:

SHWE ZIN U said...

ညီမရေ

ထူးထူးဆန်းဆန်း လေးနော် စားချင်စရာလေး ဒီနှစ်နွေ လာဖြစ်ရင် သေချာစားမယ် ဟဲ..ဟဲ

စူးနွယ်လေး said...

ဒီမှာလည်းမုန့်ဟင်းခါးလုပ်ရင်တခါတလေဒါနဲ့လုပ်ဖြစ်တယ် အမျှင်သေးလေးမို့သဘောကျလို့:D

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားစရာလေး
စားကြည့်ချင်လိုက်တာ ဂျပန်လာလည်ဦးမယ်

ကျော်နှင်းဆီလွင် said...

အမတွေနဲ့အားလုံးစုပြီး မြန်မာပြည်နွေရာသီမှာ လုပ်စားရင်ပျော်စရာကြီးနေမှာနော် ပူပူထဲအေးအေးလေးနဲ့။
မမရွှေဇင်ပျောက်နေတယ်နော်..
:)))

ကျော်နှင်းဆီလွင် said...

မမရွှေစင် အနူမြူစက်ရုံပေါက်မှမလာနဲ့နော် ပေါက်ခါနီးနေပြီ :D

အမှတ်တရ နေ့စွဲများ.... said...

This comment has been removed by the author.

Shinlay said...

စားကြည့်ချင်သား။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates