သွားကအပြင်ပန်းကြည့်ကောင်းသလိုနဲ့ အချဉ်ကြောက်တတ်တဲ့ကျမအတွက်တော့
သွားတွေဟာခိုင်ခန့်မာကျောမှုမရှိပါဘူး။ အဲသည်လိုနှင့်အံသွား၃ချောင်းနှုတ်ပြီးနောက်
နောက်ဆုံးတချောင်းနှုတ်ဖို့ ကြိုတင်ဘွတ်ကင်လုပ်ရင်း အတွေ့ကြုံလေးတွေဝေမျှရန်
ဒီပို့စ်လေးရေးဖို့စိတ်ကူးရမိတာပါ။
ပထမဆုံးအံသွားကပိုးစားတာပါ။ အဲလိုနဲ့သွားဆေးခန်းသွားဖို့ ခင်ပွန်းသည်ကအင်တာ
နက်မှာဆေးခန်းတွေရှာပေးပါတယ်။ ဂျပန်မှာကတော့ ဘာမဆိုအင်တာနက်မှာရှိနေ
တတ်တာမို့ အဆင်အလွန်ပြေပါတယ်။ ဘယ်နေရာမှာ ဘာကိုရှာချင်သလဲ။ ဘယ်လို
သတ်မှတ်ချက်တွေနဲ့ရှာချင်သလဲ အားလုံးအချက်လက်အလိုက် ရှာလို့လွယ်တာမို့
သိရလွယ်ပါတယ်။ ဆေးခန်းရှာရာမှာ အထူးသဖြင့်သွားနှုတ်တာလိုကိစ္စမျိုးမှာ ဆရာဝန်
ကောင်းဖို့အရေးကြီးတာမို့ သူကအင်တာနက်မှာဂုဏ်သတင်းမွှေးတဲ့၂ဘူတာလောက်
ရထားစီးသွားရတဲ့ နာမည်ကျော်ဆရာဝန်ရဲ့ဆေးခန်းကိုရှာပေးပါတယ်။
(အင်တာနက်မှာဂုဏ်သတင်းမွှေးတယ်ဆိုတာက အင်္ဂလိပ်လိုဆိုရလျှင် rankingကြည့်ပြီး
ရှာတာဖြစ်ပြီး၊ လူနာတွေရဲ့ဆရာဝန်ကောင်းမကောင်းအပေါ်အကဲဖြတ်သတ်မှတ်ချက်
ကြယ်ဘယ်နှစ်ပွင့်ပေးသလဲဆိုတာရယ်ပါ။ သိပြီးသားလို့ထင်ပေမဲ့ထပ်ရှင်းလိုက်ပါတယ်
ရှုပ်သွားအောင်ပေါ့ ရှုပ်မှပြန်ရှင်း သူငယ်ချင်းတယောက်သင်ပေးလို့ပါ :))
သွားနှုတ်တယ်ဆိုတာတခါသွားရုံနဲ့ပြီးတာမဟုတ်ဘူး။အခါခါသွားရမှာ။သည်လိုနဲ့၂ဘူတာ
ခြားကို သွားရမှာပျင်းတဲ့ ကျမဥာဏ်ကြီးရှင်က သူရုံးသွားတဲ့ရက်အိမ်နားကသွားဆေးခန်း
မှာသွားနှုတ်လိုက်ပါတယ်။ နာရီဝက်လောက်နဲ့ပြီးသွားပြီး နောက်အံသွားတချောင်းက အ
ပြင်ဘက်ကို စောင်းပြီးထွက်နေတာမို့ ထပ်နှုတ်ဖို့ ချိန်းလိုက်ပါတယ်။ အဲသည့်ကြား သွား
သန့်ရှင်းရေး၊ ပိုးသတ်ခြင်းစတာတွေအတွက်လည်း သွားနေရပါတယ်။ သည်လိုနဲ့ဒုတိယ
အကြိမ်အံသွားနှုတ်ပါတယ်။ နည်းနည်းခက်မယ်လို့ ဆရာကပြောပါတယ်။ အတော်ကိုခက်
တာပါ။ ကျမ ၄နာရီခွဲကျော်ပါးစပ်ဟပေးလိုက်ရတယ်ရှင်။ :)) ဆရာဝန်ကတော့ ကျမအရိုး
မာတယ် သာမန်ဂျပန်လူမျိုးနဲ့မတူဘူးလို့ဆိုပါတယ်။ အဲလောက်အချိန်ကြာတာလည်း
ဆရာဝန်ကို ပြစ်တင်စကားမဆိုရက်ပါဘူးရှင်။ ဒါပေမဲ့ ဒုက္ခရောက်ရတာကဆွဲနှုတ်နေရဆဲ
မေ့ဆေးပြယ်သွားတဲ့အခါ တအားနာပါတယ်။ အဲဒါကို ဆရာဝန်ကသဘောမပေါက်လို့
အတင်းလက်ပြရငြား အဲသည့်ဒဏ် အကြိမ်ကြိမ် အတော်ခံလိုက်ရပါတယ်။ ပြီးတော့ နှုတ်
ခမ်းထောင့်တွေကွဲပြီးရက်အနည်းငယ်ခန့်အစားတောင်ကောင်းကောင်းမစားလိုက်ရပါဘူး။
အဲလိုနဲ့ယခုတကြိမ်အပြင်စောင်းပေါက်တဲ့၃ချောင်းမြောက်အံသွားနှုတ်ဖို့ကိုတော့အရင်
ဆေးခန်းပဲသွားလေလို့ ခဏခဏနောက်ပြောင်ပြောတတ်ပါတယ်။ ဒါပေမဲ့ဒီတခါတော့
ကျမသူ့စကားကိုမြေ၀ယ်မကျနားထောင်ပါတယ်။ သူရှာပေးတဲ့ဆေးခန်းကိုသွားပေမဲ့
နှုတ်ခါနီးကျမနည်းနည်းတုန်တုန်ယင်ယင်ဖြစ်လာပြီး စိတ်ပူနေတဲ့မျက်နှာကိုဆရာဝန်က
အနည်းငယ်အံ့သြပုံပေါ်ပါတယ်။ တခဏလေးအတွင်းမှာပဲ နှုတ်လို့ပြီးသွားပါတယ်။
ဒါကြောင့်ဆေးရုံဆေးခန်းသွားမယ်ဆိုရင် သေချာလေ့လာပြီးမှသွားတာကောင်းပါတယ်
လို့။
အားလုံးပဲကျန်းမာပါစေ
7 comments:
ရှုပ်ပီးမှပြန်ရှင်း သင်ပေးတဲ.သူငယ်ချင်းက ဘယ်သူများပါလိမ်.။ :)
စတုတ္ထမြောက်အချောင်းအတွက်အားမွေးထားပါ။
သူ.ကိုလဲအားပေးရန်အတွက် အားစုထားဖို.ပြောထားပါ။ :D
(ဥပမာ ကျော်.အတွက် ဆန်ပြုတ်ပြုတ်ရန်ပြင်ဆင်ပေးခြင်း) :P :P
ကျမကသွားတွေမကောင်းတော့ သွားဆရာဝန်ဆိုကြောက်တယ်။ မသွားချင်ဘူး။
အခုလည်းသွားဖိုအချိန်တန်နေပြီ....
ဂရုစိုက်နော်။ သွားဖြစ်ရင်ခံရခက်တယ်။
အနာနဲ့ဆေး စပ်ဟပ်ဖို့ အရေးကြီးသလို ရောဂါနဲ့ ဆရာဝန် အံဝင်ဂွင်ကျဖို့လည်း အရေးကြီးတယ်နော်။ စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သြ ညီမ လည်း သွားမကောင်းဘူးကိုး မေ့ဆေး ပြယ်သွားလို့ နာတယ် စိတ်မကောင်းပါဘူး
မြန်မာပြည် မှာတော့ ဘိုက်ခွဲဘို့ မေ့ဆေး ပေးတာ အာနိသင် မရှိမှန်း စခွဲ မှ သိတော့ ရှိတဲ့ လူအားလုံး ဝိုင်းချုပ်ပြီး အစိမ်းဘဲ ခွဲလိုက်ကြသတဲ့ အင်း ဒုက္ခဒုက္ခ
ဖြစ်ရမယ်...မြန်မာဆရာဝန်ကတော့ အဲဒီလောက် မရက်စက်တာသေချာတယ်...ဘာဖြစ်လို့လဲဆိုတော့ လူနာပြောတဲ့စကားကို နားလည်လို့လေ...
ကဲ နောက်တခါဆို သူ့စကားကို နားထောင်။ အင်တာနက်ဆို အင်တာနက်လိုက် နော် ကြားလားး))
အစ်မတုန်းကလည်း သွားနှုတ်တာဟုတ်ဖူး၊ သွားဖာတာလေးကို ၂ လလောက် တစ်ပတ်တစ်ခါ သွားရတယ်။ အံ့ရော..။
ဒါပေမယ့် သူတို့က စေ့စပ်သေချာတဲ့သဘောပါ။ သူတို့လုပ်ပေးထားတာ တော်တော်အံဝင်ခွင်ကျ မူရင်းသွားအတိုင်းပဲ ကောင်းတယ်ဆိုတော့ စိတ်ရှည်လက်ရှည် သွားရကျိုးနပ်သွားတာပေါ့..
မညရေ
ဟုတ်တယ် ဟုတ်တယ်
ခုတော့အဆင်ပြေသွားပြီ
:D
Post a Comment