Tuesday, July 19, 2011

မီးဖိုချောင်သုံးကိရိယာလေးများ (၄)

ငါးအကြေးခွံခြစ်တံ

မြန်မာပြည်မှာတော့ငါးအကြေးခွံခွာတဲ့အခါ ဓါးနဲ့ခြစ်ပါတယ်။ သည်လိုရှိမရှိမသိပေမဲ့
မြန်မာပြည်မှာမသုံးဖူးခဲ့ပါဘူး။
သည်ရောက်တော့ငါးအကြေးခွံခြစ်တံလေးစမ်းသုံးကြည့်တာအတော်လေးကိုအဆင်ပြေ
တာမို့ညွှန်းပါရစေ။ ထိပ်ချွန်၊ ထိပ်လေးထောင့်စသဖြင့် ဒီဇိုင်းအမျိုးမျိုးရှိပါတယ်။
ကျမကတော့ထိပ်ချွန်ကလေးကို  ငွေရောင်ကဲ့သို့ဒီဇိုင်းကိုအသုံးပြုပါတယ်။ ထိပ်ချွန်တဲ့
အတွက် အမြီးနှင့်အတောင်အစပ်၊ဗိုက်တောင်ပံအစပ်လေးတွေကအစမကျန်အောင်
အသုံးပြုရလွယ်ပါတယ်။ ၉လက်မလောက်ရှိတဲ့တီလားပီယားငါးတောင် ၁ကောင်ငါးမိနစ်
နှုန်းနှင့်ကြေးခွံခွာပြီးသွားပါတယ်။



မသုံးဖူးသေးရင်စမ်းသုံးကြည့်ပါလို့။ ဒီမှာကအသုံးပြုနည်းကြည့်လို့ရပါတယ်။
ကျမအနှစ်သက်ဆုံးကတော့ ဂျပန်မှာဈေးလည်းမကြီးပဲ၊ မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူ
အလုပ်ပြီးအောင် ခုလိုတိုတိတိုထွာလေးတွေကအစ အမျိုးမျိုး ကြံဆဖန်တီးပြီးရောင်းတာကို
ပါပဲ။

ယမ်း၁၀၀တန်ဆိုင်သွား၊ ဟိုဟိုသည်သည် စပ်စပ်စပ်စပ်ကြည့်လိုက်၊ စမ်းဝယ်သုံးလိုက်နှင့်
ခုလိုအဆင်ပြေတာလေးတွေလည်းရှိသလို မပြေပဲ ပစ်လိုက်ရတာတွေလည်းမနည်းပေါ့ရှင်

အားလုံးပဲမီးဖိုချောင်မှာလွယ်ကူမြန်ဆန်သက်သာစွာချက်နိုင်ပါစေလို့
♪♪♪

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ငါးကြေးခွံခွာရတာ စိတ်ညစ်တာ ဒါလေးတစ်ခုလောက်လိုချင်သား...း) တော်တော်အသုံးဝင်မယ်နော်

Iora said...

Daiso တို့ အီချိဘန်းတို့ သွားပြီး အဲလိုပစ္စည်းလေးတွေဝယ်ရတာ သဘောကျတယ်။ ဈေးလည်းသိပ်မကြီးဘူးလေ။
ကြက်ဥကြော်လက်တဲ့စမ်းဘို့ ဒယ်အိုးခုထိမ၀ယ်ရသေးဘူး။

ကျော်နှင်းဆီလွင် said...

ဟုတ်တယ်ရီတာရေ တို့လည်းစုံစီနဖာ တခါတလေ ရှုပ်လို့ထုတ်မသုံးဖြစ်ဘူး

မIoraရေ ဒိုင်ဆိုကတော့နာမည်ကြီးပဲနော်

လသာည said...

အဲဒါကို အဲဒီမှာ ရှိတုန်းက မ၀ယ်ဖြစ်ဘူး။ လက်တွေ့သုံးဖို့ထက် မီးဖိုချောင်မှာ ချိတ်ထားရုံနဲ့ကို မီးဖိုချောင်လေး တော်တော် ပြည့်စုံသွားသလို ခံစားရမှာ သေချာတယ်နော် ညီမ..း)))

ကြည်ကြည် said...

လင့်ပေးထားတာကျေးဇူးပါညီမလေး


မီးဖိုချောင်သုံးပစ္စည်းကတော့ မ လည်း အတော်ကို ကြိုက်ပါတယ်
ဒီကနေတော်တော်များများဝယ်သွားဖြစ်တယ်း)
တိုကျို အိခေက tokyuhands ကိုရောက်ရင် အကုန်လိုချင်တယ်

ကျော်နှင်းဆီလွင် said...

ဟုတ် မ ဒီမှာကလိုချင်စရာတွေချည်းပဲနော် :D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates