Wednesday, August 24, 2011

ကြက်ဟင်းခါးသီးတိုဖူးမွှေကြော် ゴーヤチャンプル Gooya Chanpuru

ကြက်ဟင်းခါးသီးကိုဝက်သား၊တိုဖူး၊ကြက်ဥခလောက်ထည့်ကာမွှေကြော်လေ့ရှိသော
ဂျပန်မီးဖိုချောင်ထဲက ဟင်းတခွက်လို့ဆိုရမှာပါ။
ゴーヤチャンプル Gooya Chanpuru လို့ခေါ်ပြီး ဂေါ်ရာဆိုတာ ကြက်ဟင်းခါးသီး
ဖြစ်ပြီး ချန်ပုရုကတော့ အိုကီနာဝါဒေသဘက်မှာ သုံးလေ့ရှိသောဒေသသုံးစကား
ဖြစ်ပြီး မွှေကြော်ဆိုတဲ့အဓိပါယ်ရတယ်လို့ဆိုပါတယ်



ဒီနှစ်နွေပူမယ်ဆိုတော့ အိမ်က ဝရန်တာမှာမရမကစိုက်တဲ့ ကြက်ဟင်းခါးသီးပင်လေး
တွေ သီးလာတော့ လုပ်စားရင်းသိပ်ကိုကြိုက်လို့ အဲသည့်နောက်ပိုင်း ခဏခဏလုပ်
စားဖြစ်တာမို့ ဝေမျှပေးလိုက်ပါတယ်ရှင်။

၁။ကြက်ဟင်းခါးသီး တလုံး အရှည်၆လက်မခန့်
  ကြက်ဟင်းခါးသီးကို အလုံးလိုက်၂လက်မခန့်ဆီပိုင်းပြီး အစေ့နှင့် အသားနား
 ရောက်သည်ထိကပ်နေတဲ့အဖြူရောင်အသားတွေကို ဇွန်းနဲ့ခြစ်ထုတ်ပါတယ်။
 ပြီးလျှင် (အခါးကြိုက်လျှင်ထူထူ)  ပါးပါးလှီးပြီး ဆားနဲ့နယ်၊ ရေအနည်းငယ်စိမ်ပြီး
 ၂ခါခန့်ဆေးပြီး ရေစစ်ကာ ရေညှစ်ထားပါတယ်။

၂။တိုဖူးကို ပန်းကန်ထဲထည့် အောက်ကဆီစုပ်စက္ကူထူထူခံပြီး ovenထဲ တခါလောက်
 ဟင်းနွေးသလိုနွှေးလိုက်ရင် ပိုခြောက်ပြီး အရေဓါတ်အတော်လျော့သွားပါတယ်။

၃။ကြက်ဥ၂လုံးကိုဆားအနည်းငယ်ဆိုရုံမျှထည့်ပြီး ခေါက်ထားပါတယ်။

၄။ပန်းကန်လုံးသေးတခုထဲ အရသာအတွက်စပ်ဟပ်ပြီး အသင့်ထည့်ထားပါတယ်။

ခရုဆီ ဇွန်းကြီး ၁ဇွန်း (ကျမကထိုင်းခရုဆီသုံးပါတယ် အငံပေါ့ပြီးအချိုလေးပါတယ်)
အသားမှုန့် လဘက်ရည်ဇွန်းသေးမောက်မောက်တဇွန်းခန့်
ဆား အနည်းငယ်
ငရုတ်ကောင်းအနည်းငယ်

၅။အသားကိုပါးပါးလှီး(ဒီမှာတော့အလွှာလိုက်ရောင်းတော့ အနေတော်ဖြတ်ပါတယ်)
ငံပြာရည်နှင့်သကြားအနည်းငယ်ထည့်ပြီးနယ်ထားပါတယ်။

စကြော်ပါတယ်။
၁။ဆီနည်းနည်းထည့်အသားကိုထည့်ပြီးမွှေးတဲ့အထိ ၃မိနစ်ခန့်လှိမ့်ပါတယ်။
၂။ကြက်ဟင်းခါးသီးထည့်ပါတယ်။ အနည်းငယ်ပူအောင်၁မိနစ်ခန့်မွှေပြီး
၃။ တိုဖူးကိုဇွန်းဖြင့်မညီမညာခပ်ပြီး မကြေတကြေထည့်ပါတယ်။ခဏမွှေပါတယ်။
၄။အရသာစပ်ထားတာထည့်ပြီး ရေသိပ်ခြောက်လို့ မနှံ့တနှံဖြစ်နေရင်
ရေနည်းနည်းလေးထည့်ပြီး အရသာနှံ့အောင်မွှေရင်း ရေဓါတ်မကျန်တကျန်လေး
ဖြစ်တဲ့အခါ ကြက်ဥမွှေကိုအနှံ့ထည့်ပြီး မကျက်ခင် အမြန်ရောမွှေပါတယ်

အဲသည့်အခါ ကြက်ဥဟာ အသား၊ကြက်ဟင်းခါးသီး၊တိုဖူးတို့နဲ့တသားတည်းပေါင်း
စပ်သွားပြီး စားလို့ရပါပြီ။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်

7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြက်ဟင်းခါးသီးကို ကြက်ဥနဲ့ခေါက်ပြီး အချပ်လိုက်ကြော်တာလေးလည်းကောင်းတယ်
တိုဖူးနဲ့ကြော်တာတော့ မစားဖူးသေးဘူး
စားကောင်းမဲ့ ပုံဘဲ

စန္ဒကူး said...

ကြက်ဟင်းခါးသီးကြိုက်တယ်.. တိုဖူးနဲ့ကြော်တာ အခုမှတွေ့ဖူးတယ်..
လုပ်စားကြည့်မယ်..

Iora said...

စိမ့်သွားမယ်ထင်တယ်နော်။
အိုင်အိုရာ

Vista said...

မလုပ်စားဖူးဘူး လုပ်ကြည့်အုံးမှ

ကျော်နှင်းဆီလွင် said...

မချောပြောသလိုဒီတခါလုပ်စားကြည့်ဦးမယ် ကျေးဇူးမ
မစန္ဒကူးနဲ့မအိုင်အိုရာ
မဗစ်စ်ရောနော် ဆက်ဆက်လုပ်စားကြည့်ပါ အရမ်းစိမ့်ပြီး ကြက်ဟင်းခါးသီး
မခါးတခါးလေးနဲ့သိပ်စားလို့ကောင်းတယ်သိလား

mstint said...

ကြက်ဟင်းခါးသီး တို့ဖူးမွှေကြော်နည်းလေး ယူသွားတယ်နော်။
အိမ်မှာတော့ ကြက်ဟင်းခါးသီးကို ပုစွန်ခြောက်နဲ့ပဲ နှပ်စားဘူးသေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Han Kyi said...

ကြက်ဟင်းခါးသီးတော့ မကြိုက်လေစွ...ငယ်ငယ်ကဆိုရင် ထမင်းပန်းကန်ထဲကို ကြက်ဟင်းခါးသီးဟင်း ထည့်ပေးရင် မျက်စေ့မှိတ်ပြီး သူ့ချည်းပဲ အရင်မြိုချပစ်လိုက်တယ်...မစားရင်လည်း အရိုက်ခံရမှာစိုးတော့ မစားချင်တဲ့ဟင်း မမြင်ရလေ ကောင်းလေဆိုတဲ့ စိတ်ကူးနဲ့လေ...ကြက်ဟင်းခါးသီးကို တို့ဖူးနဲ့ကြော်တယ်ဆိုတော့ အင်းကြိုက်တဲ့သူကတော့ စားကောင်းပေမပေါ့လေ...ဦးဟန်ကြည်ကတော့ သွားကျိန်းပြိး ပြန်သွားရပါ၏...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates