ビターシュガー Bitter Sugar
တစ်ည အိမ်ရှေ့ကလူခေါ်ခေါင်းလောင်းသံကြားတဲ့အခါ တံခါးနားက စာဖတ်ခန်းမှာရှိတဲ့
သူက တံခါးဖွင့်ရင်းစကားပြောနေပြီး၊ အဲသည်လူပြန်သွားပြီးမှ ကျမကဘာများလဲလို့လှမ်း
မေးတဲ့အခါ NHKက၀န်ထမ်းဖြစ်ပြီး၊ NHKကြည့်သလား၊ ကြည့်လျှင်လခလာကောက်ခြင်း
ရယ်ပါ။ ကျမခင်ပွန်းက ကျမရုပ်ရှင်ဇာတ်လမ်းတွဲတွေကြည့်နေလျှင် စာဖတ်ခန်းထဲစာဖတ်
နေတတ်သူမို့NHKက၀န်ထမ်းကို ကျနော်တို့NHKမကြည့်သလောက်ပဲလို့ငြင်းလွှတ်လိုက်
ပါတယ်။ ကျမကNHKက အင်္ဂါနေ့တိုင်းလာတတ်တဲ့အပတ်စဉ်ဇာတ်လမ်းတွဲတွေကိုသိပ်
ကြိုက်ပြီး ညတိုင်းမလွတ်တမ်းကြည့်လေ့ရှိတာမို့ သူ့ကိုပြောတဲ့အခါ အသက်ကြီးကြီး
NHK၀န်ထမ်းကိုသူကအလွန်အားနာသွားပါတယ်။ အဲလိုနှင့်တိုက်အောက်သွားရှာမယ်လို့
ဆိုတော့ သူကကျမပင်ပမ်းမှာစိုးတော့ နောက်တခါမှပဲပေးတာပေါ့လို့ဆိုငြား၊စိတ်မသက်
မသာဖြစ်နေတဲ့သူ့ကိုကြည့်ရင်း တိုက်အောက်မှာ ရှာမတွေ့ပေမဲ့ ၅မိနစ်လောက်စောင့်
တဲ့အခါ တခြားတတိုက်ကထွက်လာတဲ့ NHK၀န်ထမ်းဦးလေးကြီးကို ကျမခင်ပွန်းမသိလို့ပါ
ရှင်၊ ကျမက အင်္ဂါနေ့ကားတွေအမြဲကြည့်ပါတယ်လို့ဆိုရင်း အိမ်ပေါ်ပြန်ခေါ်လာရင်း စာရင်း
သွင်းပါတယ်။ တလကို ယမ်း၁၃၀၀နှုန်းခန့်ပေးရပါတယ်။ ကောင်းမွန်တဲ့ဝန်ဆောင်မှုကိုရ
လျှင် ကောင်းမွန်တဲ့တာဝန်သိမှုနှင့်တုံ့ပြန်ရမှာမို့ပါ။
ယခုကျမကြည့်ဖို့အားခဲထားတဲ့ ဇာတ်လမ်းတွဲကလေးကိုညွှန်းလိုပါတယ်။ NHKလိုင်းနံပါတ်
၁ မှ အပတ်စဉ်အင်္ဂါနေ့တိုင်း 22:55-23:25(30မိနစ်)ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
သည်အပတ် (ဆိုရလျှင် ယနေ့ အင်္ဂါနေ့၁၈ရက်နေ့မှ စတင်ထုတ်လွှင့်မှာပါ)
NHK総合
22:55-23:25(30分)
【放送スタート日】2011年10月18日(火)
ဇာတ်လမ်းအကျဉ်းကတော့
အသက်၄၀ပြည့်ခါနီးဖြစ်တဲ့ အမျိုးသမီးသူငယ်ချင်း၃ဦးရဲ့ဇာတ်လမ်းဖြစ်ပါတယ်။
တဦးဟာ ၇နှစ်ခန့်မေတ္တာမျှလာခဲ့သောချစ်သူဖြင့်လမ်းခွဲကာ တခြားယောကျာင်္းကို
စိတ်ဝင်စားလို့မရဘဲ ထိုသူမှထိုသူ အသဲကွဲနေပြီး၊
နောက်တဦးကတော့ယခင်မော်ဒယ်လ်ဟောင်းလုပ်ခဲ့သူဖြစ်ပြီး ပျိုရွယ်စဉ်ဘ၀ ပျားပတုံး
တွေကြားမှ ရိုးရိုးအေးအေးကြီးဖြစ်သူကိုရွေးချယ်လက်ထပ်ကာမှခင်ပွန်းဖြစ်သူဟာ နောက်
မိန်းမနှင့်အတူခြေရာဖျောက်ပျောက်ကွယ်သွားတာမို့လိုက်ရှာသူဖြစ်ပြီး မိမိဘာသာ
ရပ်တည်နိုင်ဖို့ ရုန်းကန်နိုင်ဖို့ကြိုးစားနေရပြီး၊
အခြားသူငယ်ချင်းတဦးဖြစ်သူကတော့ မိမိထက်အသက်ငယ်ကာဓါတ်ပုံပညာကလွဲပြီး
မိမိအပေါ်မှာတောင်အချိန်မပေးနိုင်တဲ့ချစ်သူကိုလမ်းခွဲသူဖြစ်ပြီး
အထက်တန်းတည်းက ငယ်သူငယ်ချင်းဖြစ်သူ ၃ဦးသားဟာပူးပေါင်းဖေးမကာ ဘ၀ကို
ဘယ်လိုဆက်လက်လျှောက်လှမ်းပုံဖော်သွားသလဲဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်။
လူ့ဘ၀ရဲ့ဖြစ်တတ်ပုံသဘောလေးတွေနှင့် ဂျပန်နိုင်ငံရဲ့လူနေမှုတစိတ်တပိုင်းကိုပါ
ပေါ်လွင်စေတဲ့ဇာတ်လမ်းတပုဒ်ပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
7 comments:
သူတို့ဆီမှာ ပိုက်ဆံလာကောက်ပုံးလေး အရမ်းသဘောကျတယ်....။ မြန်မာပြည် တစ်ချိန်တော့ ဒီလိုဖြစ်ရမယ်... (ပြောသာ ပြောရ ချောင်းဆိုးနေတယ်။)
ဟုတ်တယ်နော်
ဒီမှာတော့ ၀န်ဆောင်သူနှင့်စားသုံးသူ တန်ဖိုးညီတာ အပြန်အလှန်အလေးထားတာ မှန်ကန်တဲ့စိတ်ထားတာ များတယ်လို့ ခံစားရတယ်
偉い。。。:)
大体新しいところに引越しすると来るんですよね~
でも、NHK本当に見ないので、払いようがないです:D
くん
ကြည့်လို့ကောင်းမှာဘဲ။
မြန်မာမှာလည်း စိုးမြတ်သူဇာတို့တွေ အဲဒီလို ဇာတ်လမ်းဆန်ဆန်လေး ရိုက်ထားတာ ကြည့်ဖူးတယ်။
ခွန်
NHKအမလဲ သတင်းတွေများလို့သိပ်မကြည့်ဘူး
ခုနောက်ပိုင်းမှ သူ့ဇာတ်လမ်းတွဲကလေးတွေက ဇာတ်အိမ်သိပ်ကောင်းလို့ စွဲကြည့်ဖြစ်တယ် :))
မချောရေ ညီမမြန်မာကားတော့မကြည့်ဖူးဘူး
ဂျပန်ကားကတော့စိတ်ဝင်စားနေပြီ တပိုင်းနဲ့
:))
ကြော်ငြာကောင်းတယ်။း) ဇာတ်ကားကို ဘယ်ကဒေါင်းပြီးကြည့်ရမှန်းမသိဘူး။
ခင်တဲ့
မေသိမ့်
နောက်မှရှာရေးပေးမယ်နော်
:D
Post a Comment