Sunday, December 4, 2011

ဆုတောင်း

ယနေ့သည်ကျမဘ၀ဧ။်တဆစ်ချိုးသည့်နေ့ဟုဆိုရမည်ဖြစ်သည်။

ဂျပန်တွင်ရှိသောကမာကူရဘုရားကြီးတွင်သားရွှေအိုးထမ်းလာတာမြင်ရပါလိုဧ။်နှင့်အလား
တူသော ဆုတောင်းမျိုးကို ကျမ ၂၀၀၆ခုနှစ်ဧ။်နေ့ရက်တရက်တွင် လေးနက်ထက်သန်စွာ
ဆုတောင်းခဲ့ဖူးပါသည်။

ယနေ့ယင်းဆုတောင်းပြည့်ပြည့်၀၀ပြည့်သောနေ့ဖြစ်ပါသည်။
အလွန်ကိုကြည်နူးပျော်ရွှင်ပါသည်။ ဆုတောင်းပြည့်သောနေ့ တနည်းဆိုရလျှင် သယ်ပိုး
လာသော အိပ်မက်ကို စတင်အကောင်ထည်ဖော်ခွင့်အား ဖမ်းဆုပ်လိုက်သောနေ့ရက်
ဖြစ်ပါသည်။

ဆုတောင်း ဟုဆိုရလျှင် တကယ်တော့ ကျမဟာဆုတောင်းခြင်းအပေါ်ယုံကြည်သူတစ်ဦး
မဟုတ်သလို၊ ဆုတောင်းမပြုလုပ်တတ်ခဲ့သူလည်းဖြစ်ပါတယ်။ တနေ့တော့ကျမရဲ့
အဘိုးဟာ ဘုရားကန်တော့ရင်း ဘယ်လိုဆုတောင်းရမယ်ဆိုတာ သင်ပေးတဲ့အခါ
ကျမက ’’ အဘိုး၊ ဆုတောင်းတိုင်းသာပြည့်ရင်လူတွေဘာမှမလုပ်ပဲ၊ထိုင်ပဲဆုတောင်း
နေကြတော့မှာပေါ့အဘိုးရယ် သမီးက ကိုယ်လုပ်မှကိုယ်ဖြစ်တာ ဆုတောင်းကိုမယုံ
လို့ ဘုရားရှိခိုးရင် ဆုတောင်းလေ့မရှိဘူး’’ လို့ ရယ်ရယ်မောမောပြောတဲ့အခါ အဘိုး
ဟာ ကျေနပ်အားရတဲ့အပြုံးကြီးပြုံးပြီး ”အေး၊ ဒါပေါ့ ငါ့မြေးရဲ့။ ဆုတောင်းပြီးဘာမှမ
လုပ်ပဲထိုင်နေသူအတွက် ဘယ်ဆုတောင်းပြည့်နိုင်ပါ့မလဲ။ ဆုတောင်းဆိုတာ
တကယ်တော့ ဒီလိုအလိုလိုဖြစ်လာပါစေလို့မျှော်လင့်စိတ်မျိုးနဲ့တောင်းရမယ့်အရာ
မဟုတ်ဘူး။ ဆုတောင်းခြင်းဆိုတာ ငါဒါဖြစ်ချင်တယ်၊ ဒါဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့
မိမိကိုယ်ကို နှိုးဆော်ခြင်း၊ မမေ့လျော့ရအောင် သတိပေးနေခြင်းတမျိုးပဲ။ ”လို့အဘိုး
ကဆိုပါတယ်။ အဲသည့်နေ့ကစလို့ကျမဟာ ဘုရားရှိခိုးတိုင်း မပျက်မကွက်ဆုတောင်း
တတ်လာပါတယ်။

နောက်ထပ်ကြီးမားတဲ့ဆုတောင်းကြီးကိုလည်းပိုက်ထားပါသေးတယ်။
လူဆိုတာရှင်သန်နေသရွေ့ ဆုတောင်းတွေ(လုပ်ရမဲ့အရာ)လည်းဆုံးနိုင်မယ်လို့မထင်
ပါဘူး။

ကျမသွားရာလမ်းမှာ အဆင်ပြေအောင် တိုးတက်အောင် အဘက်ဘက်ကကျေးဇူးရှိခဲ့
သူတွေကို ကျေးဇူးအလွန်တင်ကြောင်း ဒီပို့စ်လေးဖြင့် မှတ်တမ်းတင်လိုပါတယ်။

အားလုံးလည်း တောင်းသောဆုတွေပြည့်ဝပါစေရှင်

10 comments:

Iora said...

သိပ်ပျော်နေမှာပေါ့နော်။
ကိုယ်လည်းဆုတောင်းပြည့်ချင်လိုက်တာ။

ကျော်နှင်းဆီလွင် said...

ပြည့်ပါစေ
အတူဆုတောင်းပေးမယ်နော်

Yeemon Thet said...

အဲ့ ..ဘာဆုတောင်းတွေ ပြည့်သွားပါလိမ့် .. ၀မ်းသာပါတယ် မ ရေ။

ကျော်နှင်းဆီလွင် said...

ညီမရေ သိပြီးပြီဟုတ် ကျေးဂျူးပါ ♡♡

Anonymous said...

May You be fulfilled your coming wish.I'm happy with you and tks for sharing your happiness.
Gyidaw

ကျော်နှင်းဆီလွင် said...

Gyidaw
Thanks so much for being happy with me. ♡♡

ကောင်းမွန်ဝင်း said...

အိုမဲဒဲတိုး ဇာခြည်။
ဒီတစ်ခါ ဂုဏ်ပြုပွဲလေးလုပ်ကြရအောင်လေ။

ကျော်နှင်းဆီလွင် said...

မချောရေ ကျေးဇူးပါနော်

ကျေးဇူး မမွန် အာဘွား :D မမွန်ရဲ့ဝက်မျှစ်ချဉ်စားရရင်ကျေနပ်ပါပီ မရယ်

မိစံ said...

အော..ဆုတောင်းလေးပြည့်သွားပြီပေါ့း)
ဝမ်းသာပါတယ်အစ်မရေ

(သားရွှေအိုးထမ်းလာတယ်ဆိုတော့
ပြောမရဘူး..တော်ရင်တော်ရမှာနောအစ်မ:P)

နောက်ထပ်ကြီးမားတဲ့ဆုတောင်းကြီးလဲ
မကြာခင်ပြည့်ပါစေရှင်



ချစ်ခင်စွာဖြင့်

ကျော်နှင်းဆီလွင် said...

မိစံရေ
ကျေးဂျူးပါရှင်
:)))

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates