Friday, January 20, 2012

ဝယ်မယ်ခြမ်းမယ် မာရုအိ

၁လပိုင်းဆိုတာဂျပန်မှာဆောင်းတွင်းအ၀တ်ထည်တွေနှင့်အိတ်၊ဖိနပ်အစရှိတဲ့ဘာမဆိုဝယ်လို့သိပ်ကောင်းတဲ့ရာသီပါပဲ။ ၁၂လပိုင်းနှစ်ကူးဈေးလျှော့ရောင်းတာတွေဟာ၁လ
ပိုင်း၁ရ၇က်နေ့မှာဆိုလျှင် 初売り(hatsu uri)လို့ခေါ်တဲ့ နှစ်ဦးမှာဦးဆုံးစရောင်းတဲ့ပွဲ
တွေလုပ်လေ့ရှိပြီး အထူးသတ်မှတ်ဈေးနှုန်းဖြင့်ကန့်သတ်အရေတွက်အားရောင်းချခြင်း
တွေနှင့်အတူ ဈေးလျှော့အရောင်းပွဲတွေ လုပ်လေ့ရှိတာမို့ တန်းစီနိုင်သူက သက်သာ
စွာဖြင့် ကောင်းတာဝယ်လို့ရတာမျိုးပါ။ ခုလို တဖြည်းဖြည်းနဲ့တလပိုင်းရဲ့နောက်ဆုံး
ရက်သတ္တပါတ်တွေနီးကပ်လာပြီဆိုလျှင်တော့final saleလို့ခေါ်ကြတဲ့နောက်ဆုံးဈေး
လျှော့ရောင်းချနေတာတွေကို ဘယ်ကုန်တိုက်တွေမဆို၊ဘယ်ဆိုင်တွေမဆို အနီရောင်
စာတမ်းတွေတကားကားနဲ့တွေ့မြင်ရမှာပါ။ ဂျပန်ဟာ ရာသီပြောင်းတိုင်း ဈေးလျှော့
ရောင်းပွဲတွေအမြဲရှိတဲ့နိုင်ငံဖြစ်တာမို့ နှစ်ကုန်အရောင်းပွဲတော်တွေဟာ အတန်ဆုံးပါပဲ။

တနေ့က အကောင်းသိပ်ကြိုက်တဲ့ သူငယ်ချင်းအမနှင့်အတူတွေ့ရင်း ဂင်ဇာ(Ginza)
က မာရုအိ ○|○|(marui)လို့ခေါ်တဲ့နာမည်ကျော်ကုန်တိုက်ကြီးကိုအတူသွားကြည့်
ဖြစ်ပါတယ်။ ကုတ်အကျီ င်္တထည်လောက်ကြိုက်တာတွေ့ရင်ဝယ်ရအောင်ကြည့်ရင်း
နှင့်ပါ။ ဒီဇိုင်းဆန်းဆန်းမကြိုက်တာမို့ ကြည့်လို့ကြိုက်တာတွေ့လည်း ဆိုဒ်ကမရှိတာ
တို့၊ ဆိုဒ်တော်ပြန်တော့လည်း ဒီဇိုင်းမှာရွှေရောင်ကြယ်သီးပါတာတို့ အဲလိုနဲ့သူငယ်
ချင်းအမက ကိစ္စရှိလို့အရင်ပြန်သွားတော့ တယောက်တည်းအေးအေးဆေးဆေးပတ်
ကြည့်ရင်း မထင်မှတ်ပဲ အမေ့အတွက် ဈေးတ၀က်ချတဲ့အိတ်ကလေးတလုံးဝယ်ဖြစ်
သွားပါတယ်။ မာရုအိအသင်းဝင်ကဒ်လုပ်မလား ယမ်း၂ထောင်လျှော့ပေးမယ်လို့
အဆွယ်ခံရတော့ ဗီဇာကဒ်ရှိရက်၊ မလိုချင်ငြား၊ Espo က ဗီဇာပဲရှိတာမို့၊ ဒါ့အပြင်
မာရုအိကဒ်နီနီလေးကချစ်စရာမို့ အိတ်ထဲရောင်စုံကဒ်ကလေးတွေနဲ့လှမှာ စိတ်ကူး
ယဉ်မိပြီး ကဒ်လုပ်မိပြန်ရော။ မာရုအိကတော့အတော်မြန်ပါတယ်။ ဖောင်ဖြည့်ပြီး
၁၀မိနစ်ခန့်နှင့်တလခေတ္တသုံးကဒ်လေးချက်ချင်းထုတ်ပေးပါတယ်။ တပါတ်ကြာရင်
ကဒ်အိမ်ပို့မယ်ဆိုပါတယ်။ အိမ်ရောက်တော့သူ့ကိုကြွားတော့ ၂ထောင်များဘယ်
ကဒ်လုပ်လုပ်ရတယ် လို့ဆိုပါတယ်။

နောက်ရက်ရုံးအပြန်လမ်းက ဖက်ရှင်ဆိုင်မှာ အမေရိကားမိတ်အကျီ င်္တထည် ၇ထောင်
ကျော်ခန့်ကို ၇၀ရာခိုင်နှုန်းချတာမို့ အလကားရသလို ၀မ်းသာအားရ၀ယ်လာဖြစ်ပါတယ်။
တရက်ကလည်း မာဖလာတထည်ဈေးတ၀က်ချထားတဲ့ထဲ ကြိုက်တာလေးတွေ့တော့
ဆွဲလာပါသေးတယ်။ အိမ်ရောက်တော့ မာဖလာကြိုက်တာလေးတွေ့လို့ကြည့်ပါဦးလို့
ကြွားတော့ ကြိုက်တဲ့မာဖလာတွေချည်းတွေ့နေပါလားလို့ သူကဆိုပါတယ်။ အဲလိုနဲ့
ဆွဲလာတာ၂ထည်မြောက်မို့ပါ။ ၁လပိုင်းကတော့သတိမထားရင်ရှိတာကုန်မဲ့လပါပဲ။

တကယ်တော့ကျမကဈေးဝယ်သိပ်ဝါသနာပါသူမဟုတ်ပါဘူး။ ကြည့်ရင်းကြိုက်တာ
တွေ့၇င် ဖတ်ခနဲကောက်ဝယ်တာများပါတယ်။ ပြီးတော့ ၅၀ရာခိုင်နှုန်းလောက်ချမှ
မချရင် တချက်ကလေးစောင်းငဲ့ကြည့်ချင်သူတောင်မဟုတ်ပါဘူး။:)၇၀ရာခိုင်နှုန်းခန့်
ဖြင့် ကြိုက်တာတွေ့တော့လဲ ကောက်ဆွဲမိတာပေါ့ရှင်။

ဂနေ့တော့ မာရုအိကမေးလ်လာလို့ဖွင့်ကြည့်တော့final sale ဆိုတော့ ၀ယ်ချင်
သူတွေဝယ်လို့ရအောင်သတင်းပေးပါတယ်။ ကျမလဲသွားချင်ပေမဲ့ မိုးရွာတာရော၊
တောက်လျှောက်အလုပ်တွေခေါင်းမဖော်နိုင်ပဲ ခုမှအားလို့နားချင်တာရော၊အိမ်ကလက်
ကျန်သန့်ရှင်းရေးလုပ်ချင်တာရောမို့ ဂနေ့တော့မသွားနိုင်ပါဘူး။

Marui Final Sales
Marui Special 4 days Sales 20, Jan ~ 23, Jan, 2012.


Wednesday, January 18, 2012

ငါးဆီပြန် အစပ်

ကျမက ငါးဟင်းသိပ်ကြိုက်ပါတယ်။ ဟင်းရွေးစားပြီး၊ နည်းနည်းပဲစားလေ့ရှိတဲ့ ကျမက
ငါးဟင်းချက်လျှင် အသီးရွက်ရေနွေးဖျော၊ ချဉ်ဖတ်စတဲ့တို့စရာတွေနှင့် ငပိရည်ကို ကြက်
သွန်နီ၊ ငရုတ်သီးစိမ်းထောင်းထည့်ကာ၊နယ်ဖတ်အရိုးနွှင်ပြီးစိမ်ပြေနပြေစားလေ့ရှိပါတယ်။
ဒါကြောင့် ကျမကထမင်းသိပ်မစားမမြိန်တဲ့ရက်တွေ သို့ ကျမ ပိန်လာတယ်လို့ထင်ရင်
ကျမအမေက ငါးဟင်းချက်ကျွေးလေ့ရှိပါတယ်။ ဥပမာ ငါးဇင်ရိုင်းကျမသိပ်ကြိုက်တာမို့
တကောင်ချင်း အရိုးခုတ်၊ ရေသေချာဆေးရတဲ့ငါးဇင်ရိုင်းတွေကအစအမေကအပင်ပမ်းခံ
အိုးကပ်ကလေးချက်ချက်ကျွေးလေ့ရှိပါတယ်။
ကျမက ငါးဟင်းကို ငါးထဲအရသာဝင်ပြီး နူးညံ့နေမှကြိုက်ပါတယ်။ ငါးဟင်းဆို ဘယ်သူ
မဆိုချက်တတ်မှာပဲလို့သိပေမဲ့ ရေမြေဒေသချင်းတူတောင် အိမ်ပေါ်လိုက်လို့ချက်နည်း
အရသာကွဲတတ်တာမို့ ရေးဖို့စိတ်ကူးဖြစ်သွားပါတယ်။
ဂျပန်မှာတော့ပင်လယ်ငါးတွေပဲများပြီး၊ မြစ်ချောင်းငါးကနိုင်ငံခြားအစားစာတွေရောင်း
သောဆိုင်မှာ ရေခဲရိုက်ငါးခူ၊ ငါးကြင်း၊ တိလားပိယားတို့ရှိတတ်ပါတယ်။ ကျမကတော့
ရေခဲရိုက်မြစ်ချောင်းငါးတခါဝယ်ချက်စားတာ အနံ့မခံနိုင်လို့ တအိုးလုံးသွန်ပစ်လိုက်ဖူး
တဲ့ အတွေ့ကြုံရှိတော့ခုထိကို ထပ်မ၀ယ်စားဖြစ်ပါဘူး။ တိလားပိယားအစိမ်းကတော့
အုအဲနိုမှာရှိတတ်ပြီး ကျမ၀ယ်စားဖူးပြီး အတော်ကောင်းပါတယ်။ ဆက်ရလျှင် မြန်မာ
စတိုင်ချက်မယ်ဆိုလျှင် ရှိရိုမိ shiromi(白身)လို့ရေးထားတတ်တဲ့ အဖြူရောင်ငါးသား
ကိုချက်စားရတယ်လို့ ခင်မင်တဲ့မိတ်ဆွေအမတဦးကသင်ပေးလို့ သိရပါတယ်။
shiromi(白身)ထဲမှာမှ မိတ်ဆွေအမသင်ပေးတဲ့အတိုင်း たら တာလ လို့အမည်ရှိတဲ့
ငါးကိုချက်စားပါတယ။်
ဦးဆုံးငါးကို ဆားအနည်းငယ် ရေအနည်းငယ်ထည့်ကာ ဖွဖွဆုပ်နယ်ကာ ရေစင်အောင်
ဆေးပြီးရေစစ်ထားပါတယ်။ရေအေးနဲ့ပါ။ တဦးစာဆိုတော့ကျမ ၂တုံးချက်ပါတယ်။:)
၁။ဆီကို ဇွန်းကြီး၎ဇွန်းထည့်ပါတယ်။ အနှစ်များများစားချင်တာမို့ပါ။
၂။
ကြက်သွန်နီကို အလုံးကြီး(မြန်မာပေါက်စီတ၀က်ခန့်ရှိ)ကို၃လုံးခန့် ကြိတ်စက် သို့
ပါးပါးလှီးပြီး ညက်အောင်ထောင်းထားပါ။ ဂျင်းအနည်းငယ်ကွမ်းသီးစေ့တ၀က်ခန့် နှင့်
ကြက်သွန်ဖြူ ၃မွှာခန့်(ဂျပန်တွင်ကြက်သွန်ဖြူသိပ်မစားလို့ပါ)အတူထည့်ပြီးထောင်းပါ။

၃။
ဆီနည်းနည်းပူလာလျှင် မီးကိုပိတ်ခါ ၁မိနစ်ခန့်စောင့်ပြီး ငရုတ်သီးစိမ်းမှုန့်ဇွန်းကြီး
၎ဇွန်းခန့်ထည့်မွှေပြီး၊ ဆနွင်းအနည်းငယ်(ကျမမရှိလို့မထည့်ပါဘူး)ထည့်မွှေပါ။
ငံပြာရည်ဇွန်းကြီး၂ဇွန်းထည့်ပါတယ်။
(ကြက်သွန်နဲ့ရောဆီသတ်လျှင်တခါတလေ အနံ့မသေတတ်လို့အရင်လုပ်ပါတယ်။)

၎။ယင်းထဲကို ကြက်သွန်နီဖြူဂျင်းထောင်းထည့်ကာရေအနည်းငယ်ထည့်ကာ ကြက်သွန်
နီအနှစ်ကနူးပြီး အကြည်ရောင်ပေါက်သည်ထိ တည်ပါတယ်။
(ငရုတ်သီးအစိမ်းမှုန့်ကိုအရင်ဆီသတ်ထားတဲ့အတွက် ကြက်သွန်ကရေမခန်းလဲနူးလာ
ရင် ရပါပြီ။ ရောသတ်ရင် အနံ့သေအောင် ရေခန်းဆီပြန်တဲ့ထိတည်ရမယ်။ ကြက်သွန်
နှစ်များများစားချင်လို့များများထည့်ထားတော့မကပ်အောင်ဆီလဲအများကြီးထည့်ရမှာ
မို့ပါ။)

၅။ ယင်းအနှစ်ထဲကို ရေအေး ၃၀၀ ml လောက်ထည့်ပြီး ချက်ချင်းငါးထည့်ပါတယ်။
ရေနွေးထဲငါးထည့်ရင်မာသွားတတ်ပါတယ်။ တဖြည်းဖြည်းနွေးလာပြီး ရေခန်းအောင်
မီးအလတ်နဲ့၁၀မိနစ်ခန့်အဖုံးအုပ်တည်ပြီး ဆီပြန်လျှင်စားနိုင်ပါပြီ။

ကြက်သွန်နီမနူးလျှင်အနှစ်ကစားမကောင်းပဲမာတတ်ပါတယ်။

ကျမတော့အနှစ်အများကြီးတခါတည်းချက်ထားပြီး မနက်တခါ၊ညတခါ ငါးဟင်းကိုအနှစ်
များများနှင့်စားတာတောင် အနှစ်ကတ၀က်ခန့်ပိုသေးပါတယ်။ နောက်ရက်ရုံးကပြန်လာ
တော့ အနှစ်ထဲရေနည်းနည်းရောမွှေပြီး ကြက်ဥတလုံးနဲ့ အသင့်ရှိတဲ့ဝက်သားဖက်ထုပ်
၂တုံးထည့်ကာ နောက်တနပ်မြိန်ရည်ရှက်ရည်စားပြီး အပြတ်ရှင်းပလိုက်ပါသေးတယ်။
အားလုံးပဲစားကောင်းပါစေရှင်။

လူတိုင်းသိတာကိုချက်ပြီး ပို့စ်ရေးလို့ ဘော်ချက်လိုက်ပါတယ်နော်။

Saturday, January 14, 2012

မညာပါနဲ့ (ဂျပန်ဗီဇာ)

တခြားနိုင်ငံတွေတော့မသိဘူးရှင်။ ဂျပန်မှာတော့ဗီဇာ(status)အနေထားကွာခြားမှုက
အတော်များပါတယ်။ကျောင်းသားဗီဇာဖြင့်ကျောင်းတက်နေသောကျောင်းသူကျောင်းသား
များ၊ အလုပ်ဗီဇာသမားများ၊ဂျပန်အစိုးရထောက်ပံ့သည့်ပညာတော်သင်များ၊ အိမ်ထောင်
သည်(မှီခိုများ)၊ အမြဲတမ်းနေထိုင်ခွင့်နှင့်ဂျပန်နိုင်ငံသားဗီဇာများစသဖြင့်ပါ။ ဒီဆောင်းပါး
မှာတော့ ဗီဇာတွေအကြောင်းပွင့်ပွင့်လင်းလင်းပဲရေးသွားဖို့စိတ်ကူးပါတယ်။

မြန်မာနိုင်ငံသားများအားကိုယ်စားပြုသော မြန်မာဟူသည့်စကားလုံးအားသုံးစွဲရေးသား
သွားပါမည်။

ခင်မင်ရင်းနှီးသူအချင်းချင်းကတော့ ဘာဗီဇာနဲ့နေနေသလဲဆိုတာကို ပွင့်ပွင့်လင်းလင်း
မေးလေ့ရှိပါတယ်။ သိတဲ့အတိုင်းဂျပန်ဟာ ဗီဇာခက်ခဲသောနိုင်ငံဖြစ်တာမို့ အချင်းချင်း
မေးမြန်းလေ့ရှိသလို၊ဗဟုသုတလည်းဖလှယ်လေ့ရှိပါတယ်။

ကျမကြားဖူးသော ဟိုးယခင်က ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံသားတွေအဖို့သိပ်ပျော်ဖို့
ကောင်းတယ်လို့ဆိုပါတယ်။ ထိုစဉ်ကဆိုလျှင် ငွေဈေးကလည်း အတော်ကွာဟတာမို့
ဂျပန်နိုင်ငံတွင်အလုပ်လုပ်သူများ အတော်ပဲစုမိဆောင်းမိရှိပါတယ်။ ယင်းအပြင် ဗီဇာ
သက်တမ်းလွန်ဖြင့်နေထိုင်သော မြန်မာတွေဟာလည်း အလွန်များပြားသောခေတ်ဖြစ်
ခဲ့ပါတယ်။ဂျပန်လူမျိုးတွေဟာအခြေခံအားဖြင့်ကျင့်ဝတ်နှင့်အကျင့်စာရိတ္တ(manner
& character)ကို အလွန်အလေးထားထိန်းသိမ်းပြီး၊ အလုပ်အလွန်လုပ်သူများဖြစ်ကာ
နှိမ့်ချကူညီတတ်သောဓလေ့ရှိတာမို့ ထိုစဉ်က ဗီဇာရက်လွန်နေထိုင်သူများသည် အ
လွန် ချောင်ချိသည်ဟုဆိုပါသည်။ အရက်မူးကာ လမ်းဘေးလဲလျှင် ဂျပန်ရဲက အိမ်တိုင်
ယာရောက် လိုက်ပို့ပေးသည့်ခေတ်ဖြစ်ခဲ့ပါသည်။ သို့ငြား ဂျပန်သည် အဖွဲ့အစည်း
စနစ်ကိုအလေးပေးသည့် အထက်အောက် သြဇာလွှမ်းမိုးမှုကြီးမားသည့်နိုင်ငံလည်း
ဖြစ်တာမို့ တဆက်တည်းမှာပင် ကြီးနိုင်ငယ်ညှဉ်း အောက်ကလူကိုနိုင်တတ်သောဓလေ့
ကိုလည်း ပညာမဲ့လူတန်းစားတွင် အတွေ့များလေ့ရှိပါသည်။ သို့ငြားခြုံ၍ဆိုရသော်
ကြင်နာသဘောကောင်းသူတွေများသည့်နိုင်ငံမို့ နေပျော်သည့်နိုင်ငံဖြစ်ပါသည်။

ယခင်ကဆိုလို့ နိုင်ငံတွင်း လူငယ်ဦးရေနည်းသည်မို့ လုပ်သားအင်အားလည်းနည်းပါး
သည့်နိုင်ငံအဖြစ် နိုင်ငံခြားသားအလုပ်သမားတွေကို ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမီဖြင့်မသိ
ကျိုးကျွံပြုကာအနေချောင်ခဲ့သည်။ သို့ငြားနိုင်ငံခြားသားမှကျူးလွန်သောလူမဆန်သည့်
ရာဇဝတ်မှုတွေများပြားလာသောအခါ၊ နဂိုမူလ မျိုးချစ်စိတ်ကြီးမားသောလူမျိုးဖြစ်သည်
နှင့်အညီ တဖြည်းဖြည်း နိုင်ငံတွင်းတွင် တရားမဝင်နေထိုင်မှုများပပျောက်ရေးနှင့်နိုင်ငံ
ခြားသားများကို စာရင်းအင်းဖြင့်စနစ်တကျ ကိုင်တွယ်ထိန်းချုပ်ရန်ကြိုးပမ်းလာမှုနှင့်အ
တူ တရားမဝင်နေထိုင်ခြင်းအား တင်းကျပ်စွာစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ဇာတိနိုင်ငံအား
ပြန်ပို့ခြင်းစတာတွေအပြင် ပြည်ဝင်ခွင့်ဗီဇာကိုလည်း တင်းကျပ်စွာစစ်ဆေးပြီးမှသာဝင်
ခွင့်ပြုလာသည်ကိုတွေ့ရသည်။

ထို့ကြောင့် လက်ရှိဂျပန်နိုင်ငံတွင် တရားမဝင်နေထိုင်သူသည် မရှိသလောက်နည်းပါးလာ
ပါသည်။ တချိန်တည်းတွင် မြန်မာနိုင်ငံတွင်း ဆန္ဒပြပွဲများ၊ ရုန်းယင်းဆန်ခတ်မှုများစသည့်
နိုင်ငံရေးနှင့်ပြည်တွင်းရေးမတည်မငြိမ်ဖြစ်မှုနှင့်အတူ ဂျပန်နိုင်ငံတွင်လည်း ဒုက္ခသည်ဗီဇာ
လျှောက်ထားကာ နေထိုင်သော မြန်မာတွေလည်းများပြားလာသည်ကိုတွေ့ရသည်။
အကြောင်းရင်းမှာ ဂျပန်နိုင်ငံ အထူးသဖြင့်တိုကျိုမြို့သည် ကမ္ဘာပေါ်တွင် စားဝတ်နေရေး
စရိတ်ဈေးကြီးသည့်ထိပ်ဆုံးမြို့များတွင်တမြို့အပါဝင်ဖြစ်သည်။ ကျောင်းလခများလည်း
ဈေးကြီးသည်။ တနှစ်စာကျောင်းလခသည် မြန်မာငွေဖြင့်သိန်းတရာဝန်းကျင်ဖြစ်တာမို့
ကျောင်းသားများရော၊ ၃လအလည်ဗီဇာဖြင့်လာလည်ကြသူများရော နိုင်ငံရေးဒုက္ခသည်
ခိုလှုံခွင့်လျှောက်ထားသူတွေများလာခြင်းပင်ဖြစ်သည်။ ဒုက္ခသည်လျှောက်ထားရာတွင်
ဒုက္ခသည်ဗီဇာရရှိဖို့ရာ ရေပန်းအစားဆုံးအလုပ်တခုမှာဆန္ဒပြပွဲများသွားရောက်ဆင်နွှဲခြင်း
ယင်းကိုဓါတ်ပုံများရိုက်ကူးခြင်းစသည်တို့ဖြစ်ပေသည်။

ယခင်က တရုတ်၊ကိုရီးယား၊ထိုင်းလူမျိုးတို့ကိုအလုပ်ခေါ်ကြော်ငြာများတွင်တွေ့ရသ
လောက် မြင်ရခဲသောမြန်မာနိုင်ငံသားဖြစ်ခဲ့ငြား၊ ယခုလတ်တလောတွင်မတော့ မြန်မာ
နိုင်ငံဧ။်အပြောင်းအလဲသတင်းတွေနှင့်အတူ မြန်မာနိုင်ငံသားအချို့အလုပ်ရသည့်သတင်း
များကို ရံဖန်ရံခါဆိုသလိုကြားလာရပါသည်။ မြန်မာပြည်သည် ဤပုံစံအတိုင်းသာ မပြောင်း
မလဲ၊ ဖောက်ပြန်နောက်ဆုတ်ခြင်းမရှိပဲ ဒီမိုကရေစီနိုင်ငံဆီသို့ ခပ်မှန်မှန်လျှောက်လှမ်းသွား
ပါလျှင် မြန်မာနိုင်ငံသားတွေအဖို့ အလုပ်အကိုင်တွေတိုးပွားလာဦးမည်ကိုခန့်မှန်းရပါသည်။

လတ်တလော ဂျပန်နိုင်ငံသည် ငလျှင်ဒါဏ်ဖြင့်စက်ရုံအလုပ်ရုံအများစု ပျက်ဆီးဆုံးရှုံးခဲ့ရ
သည့်အပြင် ထိုင်းနိုင်ငံရေကြီးမှုကြောင့် စက်ရုံအများစုအထိနာခဲ့ရပါသည်။ ယင်းအပြင်
ဒေါ်လာဈေးကျမှု၊ ယမ်းငွေတန်ဖိုးမာမှုနှင့် ဂျပန်နိုင်ငံတွင်းရှိ လုပ်သားစရိတ် ကြီးမြင့်မှု
ကြောင့်ဂျပန်နိုင်ငံတွင်းထုတ်လုပ်သည့်ကုန်စည်များသည် နိုင်ငံခြားဈေးကွက်တွင် ရောင်း
ရလျှင် ရောင်းရသလောက် အရှုံးပေါ်သည့် ပြဿနာနှင့်ရင်ဆိုင်နေရပေသည်။ထို့ကြောင့်
လုပ်သားစရိတ်နည်းပါးပြီး၊ အခြေခံအားဖြင့် ကြင်နာကြသည်ဟု ဂျပန်အများစုကသုံးသပ်
သော၊ ရေမြေအနေထားကောင်းမွန်သော မြန်မာနိုင်ငံကို ဂျပန်လုပ်ငန်းရှင်များက စိတ်ဝင်
စား အာရုံစိုက်မှုများ များပြားလာသည်ကို တွေ့ရပါသည်။

ကျမလည်းမြန်မာနိုင်ငံသားတဦးပေမို့ လူတွေကိုယ်စီကိုယ်စီ အကြောင်းကိုယ်စီရှိတာမို့
ကိုယ်ချင်းစာသလို၊ဘာဗီဇာဖြင့်နေသလဲဆိုတာထက်စာရိတ္တနှင့်ကျင့်ဝတ်ကိုအလေးထား
ကာ ပေါင်းသင်းဆက်ဆံသူမို့ ပေါင်းသင်းဆက်ဆံရေးမှာ သူငယ်ချင်းကဘာဗီဇာဆိုတာကို
စိတ်ထဲမထားတတ်ပါဘူး။ အထူးသဖြင့် ပိုလို့တောင်သတိထားပြီးအလေးပေးဆက်ဆံပါ
တယ်။ ဂျပန်မှာ ဗီဇာကောင်းကောင်းရထားလျှင် ဆရာကြီးစတိုင်နှင့်ငါလိုလူဇဗ(ဗ)ူမှာမရှိ
ဟူသော လူအချို့လည်းတွေ့ဖူးပါသည်။ ထို့ကြောင့် ခပ်တည်တည်နှင့်ညာသူတွေလည်း
ရှိလာခြင်းဖြစ်ပါလိမ့်မည်။ သို့ငြား ကျမသူငယ်ချင်းတွေကိုတော့ ကျမကိုမညာစေလိုပါဘူး
ရှင်။

အားလုံးကိုယ်ရောစိတ်ပါကျမ်းမာချမ်းသာကြပါစေရှင်

Friday, January 13, 2012

နောက်ဆုံး

ကျောင်းပြီးကတည်းကအိမ်ရှင်မလုပ်ရင်း မတောက်တခေါက်အလုပ်ရှုပ်တဲ့ကျမဟာ ဂျပန်
မှာရှိသူတွေအများစုလုပ်လေ့ရှိသလိုပဲတပတ်မှာရက်အနည်းငယ်၊ နာရီအနည်းငယ်အချိန်
ပိုင်းအလုပ်ကို ၂၄နာရီဖွင့်လေ့ရှိသောဂျပန်အခေါ်ကွန်ဘီနီ၊ အင်္ဂလိပ်အခေါ်convenience
storeမှာ လုပ်ပါတယ်။ ဂျပန်မှာ အလုပ်အကိုင်ရှားပါးမှုတွေနှင့် ငလျှင်ဖြစ်သွားတော့ ပိုလို့
ခက်ခဲလာတာမို့ အလုပ်ရရေးကို စိတ်အတော်လျှော့ထားတဲ့ကျမက သူငယ်ချင်းဖြစ်သူရဲ့
မိတ်ဆက်မှုဖြင့် ၁လပိုင်းကစလို့ အလုပ်ဝင်ဖို့သတ်မှတ်ပြီးဖြစ်သွားတဲ့အခါ အချိန်ပိုင်းအ
လုပ်ကို ထွက်ဖို့ ၁လကျော်ခန့်က ကြိုတင်ပြောပြခဲ့ပြီး၊ ၁၂လပိုင်းအကုန်နှစ်ကူးချိန်အခါသ
မယမှာလည်း ကျမက ခရီးထွက်ဖို့ ဆက်တိုက်ခွင့်ယူခဲ့တာမို့ ခရီးကပြန်လာတော့ တန
င်္ဂနွေကစလို့ သောကြာနေ့အထိ ဆက်တိုက်ဆင်းပေးဖို့ တောင်းဆိုလာတော့ နောက်ဆုံး
လဲဖြစ်၊ နားချင်သူတွေလည်းနားနိုင်ဖို့ရာ အလုပ်ဆင်းပေးခဲ့တာမို့ ခရီးကပြန်လာလာချင်း
နှစ်ကူး အိမ်ရှင်းလင်းရေး၊ စိတ်တိုင်းမကျတာတွေအိမ်တွင်းရွှေ့ပြောင်းပြင်ဆင်ရေး အစရှိတဲ့
တောက်တိုမယ်ရတွေများစွာနှင့် အလုပ်ရှုပ်နေခဲ့ပါတယ်။

အထူးသဖြင့်နောက်ဆုံးလုပ်ခဲ့တဲ့လုပ်ငန်းခွင်ဟာ အလုပ်လုပ်ဖော်လုပ်ဖက်တွေအားလုံးက
စိတ်ထားကောင်းမွန်ကြပြီး၊ အင်မတန်မှကို ပျော်ရွှင်စိတ်သက်သာရတဲ့ လုပ်ငန်းခွင်ဖြစ်တာ
မို့ ကျမနှင့်အတူ လုပ်ဖော်ကိုင်ဖက်အားလုံးက စိတ်မကောင်းကြပါဘူး။ ကျမနေတဲ့အိမ်နား
မှာရှိတာမို့ ရထားစီးပြီး ၁၁မိနစ်ခန့်သာကြာပြီး၊ နိုင်ငံခြားသားဆိုလို့ကျမတဦးတည်းရှိသော
လုပ်ငန်းခွင်ဖြစ်ငြား၊ ရှီဘူယ၊ရှင်ဂျုကုတို့လို ဖြတ်သွားဖြတ်လာသူများသောနေရာမဟုတ်ပဲ
ဂျပန်များကာလူနေရပ်ကွက်လိုနေရာမို့ အားလုံးဟာ မိသားစုလိုဖြစ်ပြီး နွေးထွေးကြင်နာကြ
ပါတယ်။

ဘာပဲပြောပြော အလုပ်တခုအပြီးသတ်ကို ပျော်ရွှင်စွာ၊ နွေးထွေးစွာအဆုံးသတ်လိုက်နိုင်တာ
မို့ စိတ်လက်ပေါ့ပါးနေတဲ့ကျမ၊ အပြန်ဈေးပတ်ပြီး၊ အိမ်နားရောက်တော့သူကလဲရုံးမှအပြန်
နှစ်ဦးသား အိမ်နားကကုန်တိုက်မှာ အသင့်စားလို့ရတာတွေများများဝယ်ကာပြန်လာပါတယ်။

တနလာၤနေ့ကစလို့ ဂျပန်အခေါ် 正社員၊ အမြဲတမ်းဝန်ထမ်းအနေဖြင့်အလုပ်စဆင်းရမယ့်
ကုမ္ပဏီက အလုပ်အတွက်လည်း ထမင်းချိုင့်၊ ရုံးတွင်းစီးဖိနပ်စတာတွေဖြင့်စိတ်လှုပ်ရှားနေ
တဲ့ကျမ၊ မနေ့ကအချိန်ပိုင်းအလုပ်ကအပြန်မှာလဲ ချက်ချင်းမပြန်နိုင်သေးပဲ ဈေးတပတ်ပတ်
ခဲ့တာမို့ ပြန်အရောက်မှာနွမ်းလဲနွမ်း၊ ပမ်းလဲပမ်းနေခဲ့ပါပြီ။ ရောက်ပြန်တော့သတင်းထူးဆို
ချက်ချင်းသိရတတ်တဲ့ လက်သုံးတော် Facebookကိုဖွင့်ကြည့်ပြန်တော့ ကွန်ပျူတာကိုသူ
က အစကပြန် set upလုပ်ထားတာမို့ မြန်မာစာ မမြင်ရ၊ မဖတ်ရပြန်ပါဘူး။

သို့ငြား ကိုနေဘုန်းလတ်ပုံတွေ၊ လွတ်မြောက်လာသူတွေရဲ့ပုံတွေမြင်ရတော့ အင်မတန်မှ
ကိုအံ့သြဝမ်းသာမိပါတယ်။ မြန်မာစာစာလုံးကို အမြန် အင်စတောလုပ်ရင်း လာကြိုသူမိသား
စုတွေရဲ့ဝမ်းသာကြည်နူးမှုကို ပုံတွေကြည့်ရင်း ထပ်တူ ဝမ်းနည်းဝမ်းသာ စိတ်လှုပ်ရှားစွာ
ပျော်ရွှင်မိပါတယ်။

မြန်မာပြည် ငြိမ်းချမ်းသာယာပြီး၊ ပြည်သူပြည်သားတွေ ပျော်ရွှင်ကြပါစေလို့ ဆုမွန်တောင်းပါ
တယ်ရှင်။

Wednesday, January 11, 2012

လက်ကိုင်ဖုံးတွေအလကားရမယ်

ခုတလော မြန်မာပြည်ကသတင်းတွေထဲ ဖုံးကဒ်ကို ၅ထောင်နဲ့ရောင်းပေးမယ်ဆိုတဲ့ ကုမ္ပ
ဏီတခုရဲ့ ကြေငြာစကား၊ ၅ထောင်တန်ကဒ်ဖုံးတွေ တကယ်သုံးလာနိုင်မလား၊ ဖြစ်နိုင်ချေ
ရှိသလား၊မရှိဘူးလားဆိုတာတွေအမျိုးမျိုးဖတ်ရတော့ ဂျပန်ကလက်ကိုင်ဖုံးတွေအကြောင်း
ရေးဖြစ်သွားပါတယ်။

ဂျပန်မှာ ကျမသိသရွေ့တော့ အဓိကဖုံးကုမ္ပဏီ ၄ခုရှိပြီး Softbank, Au, Docomo &
Willcomတို့ဖြစ်ပါတယ်။ လိုင်းအကောင်းဆုံးကတော့ Docomo နှင့် Au ဖြစ်တယ်လို့
ဆိုပါတယ်။ လိုင်းဘာကြောင့်ကောင်းသလဲဆိုလျှင်တော့ နိုင်ငံအနှံ့ဖုံးလိုင်းတာဝါတိုင်
တွေများများထောင်ထားနိုင်လို့ပါ။ 

ကျမကိုယ်တွေ့ကြုံဖူးတာကတော့ဂျပန်သို့ကျောင်းလာတက်စ ၂၀၀၆ခုနှစ်ခန့်က စသုံး
ခဲ့တာ AU ဖြစ်ပါတယ်။ ထိုစဉ်က Softbank က နောက်ပိုင်းပေါ်လာတဲ့ကုမ္ပဏီဖြစ်တာမို့
ဈေးလဲသက်သာသော AUမှဖုံးကို ကိုလူတွေအသုံးများခဲ့ကြပါတယ်။ လိုင်းလဲမိပါတယ်။
ဂျပန်တွေအများစုကတော့လိုင်းအကောင်းဆုံးလို့ဆိုရမယ့် Docomoကိုသုံးတာတွေ့ရပါ
တယ်။ ထိုစဉ်ကသူငယ်ချင်းတွေကြား Softbankသုံးသူတွေလဲရှိခဲ့ပြီး ကျမတို့အချိန်ပိုင်း
အလုပ်လုပ်စဉ် ဆိုင်အတွင်းထဲမှာဆိုလျှင် လိုင်းမမိတတ်တာမျိုး တွေ့ခဲ့ဖူးပါတယ်။

သို့ငြား မကြာခင်ပဲ Softbank ဖုံးကိုင်ဆောင်သူအချင်းချင်းဖုံးပြောဆိုခကို ညကိုးနာရီမှ
မနက်၁နာရီထိကလွဲ၍ ကျန်အချိန်များကို ဖုံးပြောခ အခမဲ့အဖြစ် ၀န်ဆောင်မှုကိုစတင်
လိုက်သောအခါ လူအများစုက Softbankကုမ္ပဏီမှဖုံးတွေကို ပြောင်းသုံးကုန်ကြသည်။
သုံးခါစမှာ လိုင်းမမိတာမျိုးကြုံလို့စိတ်ညစ်ခဲ့ရလည်း မကြာမီပင် သုံးသူများသလိုအမြတ်
များကာ တာဝါတိုင်တွေလည်းတိုးလာကာ လိုင်းတွေလည်း မိလာပါသည်။ ယင်းနောက်
အိုင်ဖုံးရောင်းချခွင့်ကို ယင်းSoftbankကုမ္ပဏီမှ မူပိုင်ခွင့်ရသွားသောအခါ အိုင်ဖုံးဧ။်
ကြော်ကြားအောင်မြင်မှုနှင့်အတူ Softbankဖုံးသုံးသူတွေလည်း ပိုတိုးလာပါသည်။

ယခုနှစ်တွင်မတော့ မူပိုင်ရောင်းချခွင့် စာချုပ်နှစ်ပြည့်သွားတာမို့ အိုင်ဖုံးမှ ဂျပန်ပြည်
တွင်း Softbankကုမ္ပဏီတခုတည်းသာမက AUကုမ္ပဏီကိုပါ ရောင်းချခွင့်ပြုလိုက်သော
အခါ အိုင်ဖုံးဈေးကွက်ကို အပြိုင်အဆိုင်လုဖို့ရာ ဂျပန်မှာ အိုင်ဖုံးနှင့်အိုင်ပတ်တွေဟာ
ဈေးတွေလျှော့သထက်လျှော့၊ လက်ဆောင်တွေပေးဖြင့် အိုင်ပတ်ဆိုလျှင် လက်ငင်း
ငွေချေဝယ်သည်ထက်ပင် လပေးဖြင့် ၂၄လသုံးပေးသည့်စနစ်က ပိုသက်သာလာတာ
တွေ့ရပါသည်။

စာချုပ်စနစ်
စာချူပ်ချူပ်ရာတွင် ကုမ္ပဏီတွေအနေဖြင့် ရိုးရိုးစာချူပ်ချူပ်လျှင် သုံးစွဲသူမှ သုံးစွဲမှုကို
ရပ်နားလိုသောအချိန်တွင်ရပ်နားပစ်လိုက်နိုင်ပြီး၊ အခြားကုမ္ပဏီဖုံးကိုအချိန်မရွေးပြောင်း
သုံးနိုင်မည်ဖြစ်သည်။မိမိတို့ဖုံးလိုင်းကို၂နှစ်သုံးပါမည်ဟူ၍စာချူပ်ချူပ်ပေးလျှင်၂နှစ်တာ
လစဉ်ဖုံးသုံးစွဲခကို ရရှိမည်ဖြစ်သည်။ ဤသည်က ဖုံးခွံတွေကို ဇီးရိုးယမ်း(အခမဲ့)ဖြင့်
ပေးသောဝန်ဆောင်မှုစနစ်ပေါ်လာခြင်းဧ။် အစပင်ဖြစ်တော့သည်။

ဖုံးခွံကိုပုဒ်ပြတ်ဝယ်လျှင်မည်မျှကျသင့်မည်၊ လစဉ်အရစ်ကျချေလျှင်တလမည်မျှကျသင့်
မည် ဟူသော ဖုံးတွေရှိသလို၊ ဖုံးခွံဖိုး အခမဲ့(ဇီးရိုးယမ်း)ဖြင့် ၀န်ဆောင်မှုပေးပါမည်။(သို့)
၂၄လခွဲကာ တလမည်မျှကျသင့်မည်။ ယင်းအပြင် လစဉ်ကျသင့်ငွေမှ ဈေးလျှော့၊ငွေ
ပြန်အမ်းပါမည် ဟူသော ၀န်ဆောင်မှုတွေဖြင့် သုံးစွဲသူမှ၂နှစ်သုံးစွဲပေးပါမည်ဟူသော
စာချူပ်ကိုချူပ်ချင်လာအောင် ကုမ္ပဏီတွေမှအပြိုင်အဆိုင် ပြုလုပ်လာကြပါတော့သည်။
ယင်းအပြင် ဂျပန်သည်နည်းပညာတိုးတက်သောနိုင်ငံပီပီ တနှစ်တွင် ရာသီလေးမျိုးရှိရာ
ရာသီတိုင်း ဖုံးဒီဇိုင်းသစ်တွေ ထွက်ရှိတာမို့၊ တနှစ်ကျော်သွားလျှင်ပဲ ဇီးရိုးယမ်းဖြင့်သုံး
နိုင်သွားသော နိုင်ငံဖြစ်ပေရာ စားသုံးသူတွေအတွက် ကျေနပ်ဖွယ်ဖြစ်ပါသည်။

ကျမအနေဖြင့်ကတော့ နိုင်ငံတဖြည်းဖြည်းတိုးတက်လာတာနှင့်အမျှ  ၅ထောင်မဆို
ထားနှင့်၊ ဂျပန်လို ဖုံးခွံတွေ လက်ဆောင်တွေ အလကားပေးရုံတင်မက၊ မနက်၁နာရီမှ
ညကိုးနာရီထိ ကုမ္ပဏီတူဖုံးအချင်းချင်း ဆက်သွယ်ခေါ်ဆိုခအခမဲ့ဆိုတာတွေပါပေါ်လာ
ဦးမှာမို့ မဖြစ်လာနိုင်ဘူးဆိုတာမရှိဘူးလို့ထင်ပါတယ်။ သို့ငြား လိုင်းတွေအမြဲကျပ်နေတဲ့
မြန်မာနိုင်ငံအနေဖြင့်ကတော့ လုံလောက်တဲ့အရင်းနှီးနှင့် ဆက်သွယ်ရေးတာဝါတိုင်တွေ
တည်ဆောက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာတွေ စသဖြင့် အချိန်တခုတော့ လိုဦးမည်ဟု
ယူဆရင်း အနာဂတ်ကိုမှန်းဆကာ ကြည်နူးမိပါသည်။

ဖုံးခွံဖိုး ဇီးရိုးယမ်း (အခမဲ့)ဖြင့်သုံးစွဲနိုင်သောဖုံးတွေကို ဤနေရာ နှင့် မှာနမူနာသွား
ကြည့်နိုင်ပါတယ်ရှင်။


မြန်မာပြည်သူတွေ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေရှင်

Tuesday, January 10, 2012

iPad လိုချင်တယ်ဆိုလျှင်

လွန်ခဲ့တဲ့ဒီဇင်ဘာခရစ်စမတ်ရက်မှာ နှစ်ကုန်ခါနီးသူ့အတွက်အမှတ်တရ အိုင်ပတ်ဝယ်
ပေးမယ် လို့စိတ်ကူးမိတော့ကျမကံကောင်းသွားပါတယ်။
ဒီဇင်ဘာ၁၂ရက်နေ့ကမှစတင်လိုက်တဲ့ဆော့ဖ်ဘန့်ခ်ရဲ့ အစီစဉ်အရ အိုင်ဖုံးသုံးစွဲသူ
ဖြစ်လျှင် အိုင်ပတ်တူးကို အင်တာနက်လစဉ်ကြေး ဇီးရိုးယမ်းကစလို့ သုံးလျှင်သုံးသလို
ကျသင့်တဲ့ စနစ် အသုံးပြုနိုင်တာမို့ သက်သာသွားပါတယ်။ တလ ၂၈၅၀ယမ်းနှုန်းဖြင့်
၂၄လပေးသွင်းတဲ့စနစ်ကိုအသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာကြည့်ပါ။
ဒီ Campaign ဟာ ၁၂လပိုင်း၁၆ရက်မှ ၁လပိုင်း ၃၁ရက် ၂၀၁၂ ထိဖြစ်တာမို့ အိုင်ဖုံး
သုံးနေသူတွေ အိုင်ပတ်သုံးလိုလျှင် အချိန်မီသွားလုပ်သင့်ပါတယ်ရှင်။

ပျော်ရွှင်ပါစေရှင်

Thursday, January 5, 2012

ကောက်ညှင်းထောင်းပဲအုပ် အိုဟဂိ お萩



ဂျပန်လိုတော့ အိုဟဂိ お萩 (おはぎ)လို့ခေါ်ပါတယ်။ ကောက်ညှင်းကိုအရင်ပေါင်းပြီး၊
မညက်တညက်လေး ထောင်းကာ၊ ပဲအချိုဖြင့်ပြန်အုပ်ပြီးလုံးထားတာဖြစ်ပါတယ်။ ယင်း
အပြင် ပဲကိုကောက်ညှင်းထဲမှာထာပဌာပြီး၊ ကောက်ညှင်းကိုတော့မကပ်မစေးရေလေ
အောင် ပဲမှုန့်ဖြင့်ဖြူးသိပ်ထားတာမျိုးလည်းရှိပါတယ်။ ကျမက ကောက်ညှင်းမကြေတ
ကြေနှင့်အိုဟဂိကိုသိပ်ကြိုက်ပါတယ်။ လုပ်ရတာလက်ဝင်တာမို့ထင်ပါတယ်။ ဝယ်စား
လျှင် ဈေးအနည်းငယ်ကြီးပြီး၊ နှစ်သက်တဲ့ကျမက မကြာမကြာဝယ်စားလေ့ရှိတာမို့
သူက အဲလောက်ကြိုက်ရလား၊ အဲဒါအမေလုပ်တတ်တယ်လို့ဆိုပါတယ်။

ရေးရင်း စပ်မိစပ်ရာလေးတွေရေးပစ်ပါဦးမယ်။ အချိန်လေးလည်းရတုန်းပေါ့။အဲလိုနှင့်
ကျမတို့ နှစ်သစ်ကူးရက်တွေ အမေ့(ယောက္ခမ)ဆီသွားလည်ပါတယ်။ ယောက္ခမက
သူ့သားကိုသိပ်ချစ်သလို ကျမကိုလည်း ချစ်ပေးတာမို့ ကျမအတွက်တော့ မိခင်ရင်း
နှင့်မခြားချစ်ခင်ရပါတယ်။ ကျမတို့နှစ်ဦးနှစ်စဉ်အလည်သွားလေ့ရှိပြီး၊ ကျမကမနက်
တိုင်း နို့တခွက်ကိုအပူပေးကော်ဖီမှုန့်နှင့်သကြားထည့်သောက်တတ်သူမို့ ကျမလာ
မယ်ဆိုလျှင် နို့ဘူးတွေဝယ်ထည့်ထားလေ့ရှိပြီး၊ ကျမသိပ်ကြိုက်တဲ့ခခိလို့ခေါ်တဲ့
かき(Oyster)တွေကို ဝယ်ထားတတ်ပြီး ကြော်လိုက်၊ ပေါင်းလိုက် အမျိုးမျိုးလုပ်ကျွေး
လေ့ရှိပါတယ်။ ဒီနှစ်တော့ ကျမက ခရီးမသွားခင် ဝက်နံရိုးကိုဆက်ကျနေပြီး အစပ်
ချက်စားလိုက် အချိုချက်စားလိုက်မို့ ဟိုရောက်တော့ သားတော်မောင်က သတင်းပို့
ထားတယ်ထင်ပါတယ်။ ဝက်နံရိုးကင်ပါ လုပ်ကျွေးပါတယ်။ ကျမပြန်မဲ့ရက် မနက်ပိုင်း
မှာ အိုဟဂိလုပ်လဲလုပ်၊ ကျမကိုလည်းသင်ပေး၊ အပြန်သယ်သွားဖို့လည်းထည့်ပေးနှင့်
မို့ ကျမလည်း လုပ်နည်းဓါတ်ပုံရိုက်လာပါတယ်။ ကျမဘာသာလုပ်ဖို့က ခုရက်ပိုင်းတွေ အလုပ်ရှုပ်နေတာမို့ တော်တော်နှင့်လုပ်ဖြစ်ဦးမယ်မထင်တာမို့ပါ။

ကျမကိုလုပ်ပြတာကို ကျမကလုပ်လိုက်၊ လက်ကိုရေဆေးလိုက် ဓါတ်ပုံရိုက်လိုက်နှင့်
သူက ဝိုင်းကူလိုက်၊ သူ့အမေကဝိုင်းကူလိုက်နှင့် ပြီးတော့ အဲလိုပဲထမင်းမစားခင်လည်း
ဓါတ်ပုံအမြဲရိုက်တယ်၊ ဟင်းတွေဆိုအေးမှစားရတယ်လို့ သူက သူ့အမေကိုတိုင်လိုက်ပါ
သေးတယ်။

ပြုလုပ်နည်း

၁။ ကောက်ညှင်း (2合)၃၀၀ ဂရမ်၊  ဆန် (1合)၁၅၀ ဂရမ်။
ဂျပန်ဆန်ကစေးစေးလေးမို့ ဂျပန်မှာတော့ ကောက်ညှင်း၂ဆ၊ ဆန်၁ဆရောပြီး ထမင်း
ပေါင်းအိုးကလေးဖြင့်ချက်ပါတယ။် (ကောက်ညှင်းချည်းချက်လည်းရပါတယ်။)

၂။ယင်းကောက်ညှင်းချက်ကို တဝက်ခန့်ကျေအောင်မညက်တညက်ထောင်းထားပါတယ်။


၃။ ပဲနီလုံး ၃၀၀ ဂရမ်ခန့်။ သကြား ၂၇၀ ~၃၀၀ ဂရမ်ခန့်။ ဆား ဇွန်းသေးတဝက်ခန့်။
ပဲကိုရေ၊ဆားနှင့်သကြားထည့်ပြီး နူးသည်အထိပြုတ်ပါတယ်။ သကြားကိုနောက်ဆုံးရေ
ခန်းခါနီးမှထည့်မွှေပေးပါတယ်။ 



၄။လက်မှာရေလေးဆွတ်ပြီး ကောက်ညှင်းထောင်းမညက်တညက်ကို တဆုပ်စာခန့် လုံး
လုံးပြီး ပန်းကန်ပြားပေါ် ခပ်ခွာခွာစီ မကပ်ရအောင်တင်ထားပါတယ်။


၅။ပုံထဲကလိုပဲ ပိတ်သားလက်ကိုင်ပုဝါပေါ် ပဲအရင်ဖြန့်ခင်းပြီး၊ အပေါ်က လုံးထားတဲ့
ကောက်ညှင်းလုံးကို တင်ကာ လက်ကိုင်ပုဝါလေးကိုအုပ်ပြီးဆုပ်လိုက်လျှင် ရေဓါတ်တွေ
က လက်ကိုင်ပုဝါမှာစိမ့်ဝင်သွားပြီး၊ ပဲနှစ်တွေကလည်း ကောက်ညှင်းမှာ အပေါ်ယံ
ခြောက်ခြောက်ကလေးနှင့် ကပ်သွားတာတွေ့ရမှာပါ။



အခြားတနည်းကတော့ ကောက်ညှင်းထဲမှာပဲကိုထာပဌာပြီး၊ ကောက်ညှင်းကိုတော့ပဲမှုန့်
ဖြင့်လှိမ့်ကာ၊ဖြူးကာ အုပ်သည့်နည်းဖြစ်ပါတယ်။ နှစ်သက်လျှင်နှမ်းကိုလှော်ထောင်းကာ ဖြူးစားနိုင်ပါသေးတယ်ရှင်။


အားလုံးပဲ ကျန်းမာပျော်ရွှင်ပါစေရှင်

Sunday, January 1, 2012

သူနှင့်ကျမ

ရေးမယ်လို့စိတ်ကူးရင်း မရေးပါဘူးလေလို့တွေးရင်း ဒီညတော့ရေးဖြစ်မိသွားပါတယ်။

သူကကျမကိုချစ်ခွင့်ဘယ်လိုပန်လဲလို့မေးလာရင် ဖြေရခက်မယ်ထင်ပါတယ်။ ဘယ်လို
နီးစပ်ကာ ဘယ်လိုချစ်သွားသလဲဆိုတာတောင် မသိလိုက်မိခဲ့ဖူးလို့ဖြေမိမယ်ထင်တယ်။
သူနှင့်ကျမကြားမှာ ချစ်တယ်ဆိုတယ်စကားဟာ လက်ထပ်ခွင့်မပန်ခင်အထိမရှိခဲ့ဘူး။

သူ့အတွက်ဗေဒင်အတူလိုက်မေးပေးပါကနေစလို့ အမေနေမကောင်းလို့လိုက်မေးပေး
ပါ။ နောက်တော့ ဘုရားမှာ ယတြာခြေတာသင်ပေးပါ။ အဲလိုဖြင့် ဘုရားမှာစကားပြော
ရင်း အပြန်ကော်ဖီအတူသောက်ရင်း၊ ကျမစိတ်ညစ်တဲ့အခါ သို့ သူကဖုံးဆက်ပြီးအဖော်
စပ်လာတဲ့အခါတွေမှာ ကော်ဖီဆိုင်မှာအတူထိုင်ရင်း စကားပြောလေ့ရှိခဲ့ပါတယ်။ မွန်း
ကျပ်မှုတွေ၊ စိတ်အချဉ်ပေါက်မှုတွေ ဘာမဆိုသူ့ကိုပြောနိုင်ခဲ့တာမို့ စိတ်သက်သာဖြေ
လျော့ရာ တိုင်ပင်ဖော်တဦးလို သူနဲ့ကျမ တဖြည်းဖြည်းနီးကပ်လာခဲ့တာထင်ပါတယ်။
သူက တခါတလေ အငြင်းသန်သန်၊ ကျမကလဲ ဘူးဆိုဖရုံမသီး၊ခေါင်းမာတာမို့နှစ်ဦးသား
ခဏခဏလဲ စကားများပါတယ်။ တခါတလေ အတော်အမြင်ကပ်ပါတယ်။ ကျမကစိတ်တို
လွယ်တာမို့ သူစတာအမြဲခံရလေ့ရှိပါတယ်။

သူကကျမမျက်နှာကိုအရိပ်လိုကြည့်နေချိန်မှာ ကျမကတော့ရည်းစားဟောင်းအကြောင်း
တွေးပြီး ဒေါကန်ရင်း အသဲကွဲရင်း တခါတလေ သူ့ကို ပေါက်ကွဲစွာရင်ဖွင့်တတ်ပါတယ်။
တဝက်တပျက်နှင့်လုပ်တိုင်းမဖြစ်ခဲ့တဲ့ပညာရေးအကြောင်း၊ မြန်မာပြည်ရဲ့ဆွေနွယ်မျိုး
တော်တွေရဲ့လွှမ်းမိုးမှုတွေရှုပ်ထွေးတဲ့ကျမရဲ့အချစ်ရေးအကြောင်းတွေနဲ့ကျမကအမြဲလို
လိုစိတ်အလိုမကျဖြစ်နေချိန်မှာ လူချစ်လူခင်ပေါပြီး နောက်ပြောင်ပျော်ရွှင်နေတတ်တဲ့
ပြုံးရယ်လိုက်လျှင် ခလေးတဦးလို ပေါ့ပါးကြည်ရွှင်နေတဲ့သူ့ကိုကြည့်ရင် ကျမကတိတ်
တိတ်လေးအားကျတတ်ပါတယ်။ ကျမကအဲလိုဖြစ်ချင်သား။ ဒါပေမဲ့ ကျမရဲ့စရိုက်ဟာ
ဘယ်တော့မှအဲလိုမဖြစ်နိုင်သူဆိုတာလည်း သိနေရက်ဖြင့်ပေါ့။

သေချာတာတခုက အဲသည့်အချိန်မှာ ကျမဟာအချစ်ရေးကိုအလွန်အမင်းစိတ်ပျက်မုန်း
တီးနေခဲ့တယ်။ ဒါကိုသူရိပ်မိတယ်ထင်သလို ကျမကိုချစ်ခွင့်မပန်လာခဲ့ခြင်းဟာလည်း
ဒီအကြောင်းရင်းဖြစ်မယ်ထင်ပါတယ်။ ဒီလိုနဲ့ကျမတို့နှစ်ဦး မိတ်ဆွေရင်းတွေလို တဦးနှင့်
တဦး မုန့်အပြန်လှန်ကျွေးရင်း၊ စကားတွေပြောရင်း၊ ငြင်းရင်းခုန်ရင်း အတော်လေးနီးတဲ့
အကွာဝေးသို့ ရောက်ရှိလာခဲ့တာကို သတိထားမိတော့၊ သတိပြုမိချိန်မှာ မင်သက်မိခဲ့
ရတယ်။

မထင်မှတ်ပဲ တရက် ကျမပြောမိတယ်။ ခင်ကြမင်ကြ ဝေးကြတော့လည်းသွေးအေးသွား
တတ်ကြတာလူ့သဘာဝပဲလေ။ ရှင့်ကိုလည်း မတွေ့တာကြာရင်မေ့သွားမှာပဲလို့ ဘာ
ရယ်မဟုတ်ပြောမိတယ်။ အဲသည့်အချိန်မှာကျမနှလုံးသားဟာလည်း အတော်အေးစက်
နေခဲ့တာပါ။ အဲသည်လိုထုံပေပေအေးစက်စက်မျက်ဝန်းတွေကိုသူဖတ်ရလို့ထင်ပါတယ်။
တွေတွေကြီးကြည့်ပြီးနောက် ရုတ်တရက်ဒူးထောက်လို့ လက်ထပ်ခွင့်ပြုပါ။ တသက်လုံး
ပျော်ရွှင်ချမ်းမြေ့အောင်ထားပါ့မယ်တဲ့။ မင်သက်သွားတဲ့ကျမဟာ ဘာပြန်ပြောရမှန်း
မသိဘူး။ လက်ထပ်ခွင့်နှင့်အတူ မပျော်ရွှင်နေတဲ့ကျမကို ပျော်ရွှင်အောင်ထားပါ့မယ်
ဆိုတဲ့ကတိဟာ နှလုံးသားကိုအမြစ်ကကိုင်ဆွဲလုှပ်သလိုပါပဲ။ ခေါင်းထဲမှာဗလာဖြစ်သွား
တဲ့ကျမဟာ ဘာပြန်ဖြေရမှန်းမသိခဲ့ပါဘူး။ သူ့ရဲ့လက်ထပ်ခွင့်ပန်ခြင်းဟာ ရုတ်တရက်
ဆန်လွန်းလှတယ်။ စဉ်းစားပါမယ်ဆိုတာကလွဲလို့ဘာမှမတုံ့ပြန်နိုင်ခဲ့ဘူး။

သူမရှိတဲ့အချိန်တွေမှာ ကျမဟာ အထီးကျန်ညှိုးနွမ်းနေတတ်တယ်။ သတိပြုမိတဲ့အချိန်
မှာ သူ့ကိုကျမ အတော်တွယ်တာနေခဲ့ပြီထင်တယ်။ အဲသည့်အချိန်မှာ နက်နက်ရှိုင်းရှိုင်း
ခံစားရတာတခုကတော့ ကျမရဲ့စိတ်ကို သူ့လောက် အတွင်းထဲထိ ထိုးဖောက်သိမြင်ပြီး
နားလည်နိုင်စွမ်းရှိတဲ့သူ မကြုံဖူးတာပါပဲ။ သူ့စကားတွေနားထောင်တဲ့အခါ ကျမမမြင်ရ
တဲ့ကျမကို ပြန်နားလည်သိမြင်လာတတ်တယ်။ အဲလိုအခြင်းရာတွေကို ကျမသိပ်စိတ်လှုပ်
ရှားခဲ့မိတယ်။

သည်လိုနဲ့ပဲ ကျမကသူ့ကိုလက်ထပ်ဖို့ အဖြေပေးတဲ့အခါ တခွန်းတည်းသောကတိကို
တောင်းတဲ့အခါ သူကရယ်နေခဲ့တယ်။
မဖောက်ပြန်ရဘူး။ ဖောက်ပြန်တဲ့နေ့အကွဲပဲလို့။ ပိုချစ်တဲ့တယောက်တွေ့ရင်ချက်ချင်း
ပြော၊ ချက်ချင်းလမ်းခွဲပေးမယ်။ ဖောက်ပြန်ရင်ခွင့်မလွှတ်နိုင်ဘူးလို့။
အဲလိုနှင့် သူနှင့်ကျမ လက်ထပ်ဖြစ်ခဲ့ကြတယ်။

သူကကျမကိုဘယ်လောက်ချစ်လဲဆိုတာ ကျမသိပ်မသိခဲ့ပါဘူး။ သူကချစ်တယ်လို့သိပ်မ
ပြောတတ်လို့ပါ။ လက်ထပ်ပြီးနောက်နှစ်ဦးတည်းဘဝစရတဲ့အခါ နှစ်ဖက်မိဘတွေနှင့်
အဝေးမှာနေရတာမို့ သူနှင့်ကျမဟာ အလုပ်၊ စာ၊ နှစ်ယောက်တကမ(ဘ)ဆိုတာလိုပဲ
သူ့ကိုပိုနားလည်လာရပါတယ်။

ကျမက အလေးပင်တခုခုသယ်ထားပြီး(ဥပမာ အိတ်) အတူအပြင်ထွက်တဲ့အခါ မောလာ
လို့ ကျမမျက်နှာနွမ်းလာလျှင် သူက ဖတ်ခနဲ ယူလွယ်ပေးတတ်ပါတယ်။ ဟင်းစာဈေးဝယ်
ထွက်တဲ့အခါနို့လိုလေးပင်တာတွေအကုန်သူသယ်တတ်ပြီး ပေါ့တာသယ်လာတဲ့ကျမက
နှုတ်ဆိတ်လာလျှင် သူကအိတ်အတင်းဆွဲယူတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနှင့်
အတူစုဆုံကြတဲ့အခါ ကျမကိုကြည့်နေတတ်ပြီး အလိုက်မသိတတ်တဲ့ကျမက မလုပ်တဲ့
အလိုက်သိမှုတွေကို သူက သူငယ်ချင်းတွေကို အပြန်လှန်လုပ်ပေးတတ်ပါတယ်။ သူ့မိဘ
အိမ်ကို အလည်ပြန်တိုင်း ကျမမျက်နှာကိုအရိပ်လိုကြည့်နေတတ်ပြီး ကျမကကြိုက်တာ
မကြိုက်တာ အားလုံးကို သူကဘာသာပြန်သလို နောက်ပြီးပြောပေးနေတတ်တာမို့ သူ့
မိဘမောင်နှမတွေနှင့်ကျမရဲ့အသားကျရင်းနှီးမှုဟာလည်းမြန်ဆန်ပါတယ်။ သူ့ကိုချစ်သ
လို ကျမကိုလည်းထပ်တူချစ်ပေးတဲ့ မိသားစုကြားမှာသိပ်ကိုချမ်းမြေ့ပျော်ရွှင်ပါတယ်။

စိတ်ဆတ်တဲ့ကျမရဲ့အိမ်ထောင်ရေးကိုအမြဲစိတ်ပူတတ်တဲ့ အမေကတော့ သူ့ကိုသိပ်
ချစ်ပါတယ်။တခုခုစကားများတဲ့အခါ ကျမအလွန်မဟုတ်လားလို့အရင်မေးတတ်ပါတယ်။
ကျမကတော့ စိတ်တိုလာလျှင် မုန်းတယ်လို့ခပ်မာမာပြောတတ်ပြီး၊ ပြေသွားလျှင်
ချစ်တယ်လို့ မြန်မြန်ပြောင်းလဲသွားတတ်တုံးပါပဲ။

ဘဝလမ်းခရီးတလျှောက်မှာ အနိမ့်အမြင့်အတက်အကျတွေ၊ လောကဓံတွေအများကြီး
ဖြတ်သန်းကြရဦးမှာပါပဲ။ သူ့လက်ကို ခပ်တင်းတင်း မြဲမြံစွာ ကျစ်ကျစ်ဆုပ်ရင်း ဆံတွေ
ဖြူ သွားတွေကျိုးတဲ့အထိ ဖေးမ လျှောက်လှမ်းသွားချင်ပါတယ်။ ကျမအပေါ်ချစ်မြတ်နိုး
ပေး၊ အလိုလိုက်ပေးတဲ့သူ့ကို ကျေးဇူးသိပ်တင်တာပဲ လို့ တိတ်တိတ်ကလေးကြိတ်ကြိတ်
တွေးရင်း၊ဆယ့်ခါတခါဖွင့်ပြောရင်း၊သူကဟိုဟာသည်ဟာပြောတဲ့အခါတိုင်း၊သိပ်မပြောပဲ
စိတ်ကူးပေါက်ရာ တယောက်တည်းထင်ရာစိုင်းတတ်တဲ့ကျမက နားငြီးတယ်လို့ ပြောရင်း
ရန်ဖြစ်ရင်း၊ စိတ်ဆိုးပြီး တဦးတည်းတံခါးပိတ်နေရင်း၊ ခဏကြာတာနဲ့ ဆောရီးနော်လို့
ပြောရင်းပြန်ခေါ်ရင်းပေါ့လေ။

နှစ်သစ်နှင့်အတူ အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates