ကျောင်းပြီးကတည်းကအိမ်ရှင်မလုပ်ရင်း မတောက်တခေါက်အလုပ်ရှုပ်တဲ့ကျမဟာ ဂျပန်
မှာရှိသူတွေအများစုလုပ်လေ့ရှိသလိုပဲတပတ်မှာရက်အနည်းငယ်၊ နာရီအနည်းငယ်အချိန်
ပိုင်းအလုပ်ကို ၂၄နာရီဖွင့်လေ့ရှိသောဂျပန်အခေါ်ကွန်ဘီနီ၊ အင်္ဂလိပ်အခေါ်convenience
storeမှာ လုပ်ပါတယ်။ ဂျပန်မှာ အလုပ်အကိုင်ရှားပါးမှုတွေနှင့် ငလျှင်ဖြစ်သွားတော့ ပိုလို့
ခက်ခဲလာတာမို့ အလုပ်ရရေးကို စိတ်အတော်လျှော့ထားတဲ့ကျမက သူငယ်ချင်းဖြစ်သူရဲ့
မိတ်ဆက်မှုဖြင့် ၁လပိုင်းကစလို့ အလုပ်ဝင်ဖို့သတ်မှတ်ပြီးဖြစ်သွားတဲ့အခါ အချိန်ပိုင်းအ
လုပ်ကို ထွက်ဖို့ ၁လကျော်ခန့်က ကြိုတင်ပြောပြခဲ့ပြီး၊ ၁၂လပိုင်းအကုန်နှစ်ကူးချိန်အခါသ
မယမှာလည်း ကျမက ခရီးထွက်ဖို့ ဆက်တိုက်ခွင့်ယူခဲ့တာမို့ ခရီးကပြန်လာတော့ တန
င်္ဂနွေကစလို့ သောကြာနေ့အထိ ဆက်တိုက်ဆင်းပေးဖို့ တောင်းဆိုလာတော့ နောက်ဆုံး
လဲဖြစ်၊ နားချင်သူတွေလည်းနားနိုင်ဖို့ရာ အလုပ်ဆင်းပေးခဲ့တာမို့ ခရီးကပြန်လာလာချင်း
နှစ်ကူး အိမ်ရှင်းလင်းရေး၊ စိတ်တိုင်းမကျတာတွေအိမ်တွင်းရွှေ့ပြောင်းပြင်ဆင်ရေး အစရှိတဲ့
တောက်တိုမယ်ရတွေများစွာနှင့် အလုပ်ရှုပ်နေခဲ့ပါတယ်။
အထူးသဖြင့်နောက်ဆုံးလုပ်ခဲ့တဲ့လုပ်ငန်းခွင်ဟာ အလုပ်လုပ်ဖော်လုပ်ဖက်တွေအားလုံးက
စိတ်ထားကောင်းမွန်ကြပြီး၊ အင်မတန်မှကို ပျော်ရွှင်စိတ်သက်သာရတဲ့ လုပ်ငန်းခွင်ဖြစ်တာ
မို့ ကျမနှင့်အတူ လုပ်ဖော်ကိုင်ဖက်အားလုံးက စိတ်မကောင်းကြပါဘူး။ ကျမနေတဲ့အိမ်နား
မှာရှိတာမို့ ရထားစီးပြီး ၁၁မိနစ်ခန့်သာကြာပြီး၊ နိုင်ငံခြားသားဆိုလို့ကျမတဦးတည်းရှိသော
လုပ်ငန်းခွင်ဖြစ်ငြား၊ ရှီဘူယ၊ရှင်ဂျုကုတို့လို ဖြတ်သွားဖြတ်လာသူများသောနေရာမဟုတ်ပဲ
ဂျပန်များကာလူနေရပ်ကွက်လိုနေရာမို့ အားလုံးဟာ မိသားစုလိုဖြစ်ပြီး နွေးထွေးကြင်နာကြ
ပါတယ်။
ဘာပဲပြောပြော အလုပ်တခုအပြီးသတ်ကို ပျော်ရွှင်စွာ၊ နွေးထွေးစွာအဆုံးသတ်လိုက်နိုင်တာ
မို့ စိတ်လက်ပေါ့ပါးနေတဲ့ကျမ၊ အပြန်ဈေးပတ်ပြီး၊ အိမ်နားရောက်တော့သူကလဲရုံးမှအပြန်
နှစ်ဦးသား အိမ်နားကကုန်တိုက်မှာ အသင့်စားလို့ရတာတွေများများဝယ်ကာပြန်လာပါတယ်။
တနလာၤနေ့ကစလို့ ဂျပန်အခေါ် 正社員၊ အမြဲတမ်းဝန်ထမ်းအနေဖြင့်အလုပ်စဆင်းရမယ့်
ကုမ္ပဏီက အလုပ်အတွက်လည်း ထမင်းချိုင့်၊ ရုံးတွင်းစီးဖိနပ်စတာတွေဖြင့်စိတ်လှုပ်ရှားနေ
တဲ့ကျမ၊ မနေ့ကအချိန်ပိုင်းအလုပ်ကအပြန်မှာလဲ ချက်ချင်းမပြန်နိုင်သေးပဲ ဈေးတပတ်ပတ်
ခဲ့တာမို့ ပြန်အရောက်မှာနွမ်းလဲနွမ်း၊ ပမ်းလဲပမ်းနေခဲ့ပါပြီ။ ရောက်ပြန်တော့သတင်းထူးဆို
ချက်ချင်းသိရတတ်တဲ့ လက်သုံးတော် Facebookကိုဖွင့်ကြည့်ပြန်တော့ ကွန်ပျူတာကိုသူ
က အစကပြန် set upလုပ်ထားတာမို့ မြန်မာစာ မမြင်ရ၊ မဖတ်ရပြန်ပါဘူး။
သို့ငြား ကိုနေဘုန်းလတ်ပုံတွေ၊ လွတ်မြောက်လာသူတွေရဲ့ပုံတွေမြင်ရတော့ အင်မတန်မှ
ကိုအံ့သြဝမ်းသာမိပါတယ်။ မြန်မာစာစာလုံးကို အမြန် အင်စတောလုပ်ရင်း လာကြိုသူမိသား
စုတွေရဲ့ဝမ်းသာကြည်နူးမှုကို ပုံတွေကြည့်ရင်း ထပ်တူ ဝမ်းနည်းဝမ်းသာ စိတ်လှုပ်ရှားစွာ
ပျော်ရွှင်မိပါတယ်။
မြန်မာပြည် ငြိမ်းချမ်းသာယာပြီး၊ ပြည်သူပြည်သားတွေ ပျော်ရွှင်ကြပါစေလို့ ဆုမွန်တောင်းပါ
တယ်ရှင်။


5:38 PM
ကျော်နှင်းဆီလွင်
Posted in:
2 comments:
အားလုံးပျော်ရွှင်ကြည်နူးဝမ်းသာနေကြပါတယ်ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်ပါတယ်အစ်မရေ..
အားလုံးနဲ့ထပ်တူ အံ့သြ၀မ်းသာရပါတယ်။
ပထမခြေလှမ်းက ခုမှစတာပါး)
သတင်းကောင်းတွေ.ဆက်တိုက်ကြားရင်း
ချမ်းမြေ့ပျော်ရွှင်ပါစေရှင်
ချစ်ခင်လျှက်
မိစံ
Post a Comment