ဂျပန်မှာစာတွေအရမ်းများပါတယ်
ဘယ်နေရာသွားသွား
ယုတ်စွအဆုံးရေအိမ်ထဲဝင်ရင်တောင်
ရေဘယ်လိုချရမယ်
တစ်သျှူးဘယ်လိုထုတ်ရမယ်ဆိုတာကအစ
လမ်းကူးရင်တောင်လမ်းပေါ်မှာ
လူသွားဖို့နဲ့ စက်ဘီးသွားရန်ကအဆုံး
ဘူတာတခုမှာဆိုရင်လှေခါးထစ်မှာအိမ်သာသို့ဆိုပြီး
စာရေးပြီးမြှားနဲ့လမ်းညွှန်ထားတာပေါ့
စာအုပ်ကိုမရိုမသေမလုပ်ရဘူးဆိုတဲ့ရှေးရိုးဆန်တဲ့မြန်မာပြည်ကလာတာမို့
လမ်းပေါ်မှာစာတွေရေးရေးထားတာတွေ့ရင်ရောက်စက တကယ်အံ့သြခဲ့ဖူးပါတယ်
ဒါပေမဲ့အရမ်းအဆင်ပြေတာတော့အမှန်ပေါ့
စာဖတ်တတ်ရင်အလွန်နေလို့ကောင်းတာပေါ့
ဘာမဆိုလုပ်ရတာအလွန်လွယ်ပါတယ်
0 comments:
Post a Comment