Wednesday, July 29, 2009

ပြည်ဝင်သည့်အခါ လက်ဗွေစစ်ခြင်း

မနက်ကတီဗွီကြည့်ရင်း လက်ဗွေတုကပ်ထားတဲ့တရုတ်အမျိုးသမီးတဦးကိုဖမ်းမိဆိုတဲ့
သတင်းကိုကြည့်လိုက်မိရင်း ဟောင်းတဲ့သတင်းပေမဲ့ဒီပို့စ်လေးတင်ဖြစ်သွားပါတယ်

၂၀၀၇ ခုနှစ် နိုဝင်ဘာလကစလို့ ဂျပန်ဟာပြည်ဝင်ခွင့်ဥပဒေသစ်ကိုပြဌာန်းကာ
စတင်ကျင့်သုံးခဲ့ပါတယ်။
ယင်းစနစ်အရဂျပန်နိုင်ငံသို့ဝင်ရောက်သူမည်သူမဆို ပြည်ဝင်ခွင့်မဆုံးဖြတ်မီ
စစ်ဆေးရေးကောင်တာမှာ ဓါတ်ပုံရိုက်ခံရပြီး လက်ဗွေကို လက်ဗွေယူစက်ပေါ်မှာ
နှိပ်ရပါတယ်။
(၁။အသက်၁၆နှစ်အောက်
၂။အထူးအတည်တကျနေထိုင်ခွင့်ရထားသူများ
၃။သံတမန်နှင့်အစိုးရဆိုင်ရာလုပ်ငန်းလုပ်သူများ ကတော့ခြွင်းချက်ပါ)
ဒီမှာသွားကြည့်နိုင်ပါတယ်


ဘာကြောင့်လက်ဗွေယူရသလဲဆိုတဲ့အကြောင်းရင်းကိုတော့
ဂျပန်နိုင်ငံလုံခြုံရေးနှင့်အကြမ်းဖက်မှုတွေမှကာကွယ်ရေးလို့ဆိုပါတယ်

ယင်းသို့လက်ဗွေယူခြင်းနှင့်ဓါတ်ပုံရိုက်ယူခြင်းကိုငြင်းဆိုသူများအားပြည်ဝင်ခွင့်
မပြုဟု ပြဌာန်းထားတာလည်းတွေ့ရပါတယ်
ယင်းသို့ကွန်ပျူတာစနစ်ဖြင့်လက်ဗွေယူခြင်းအားဖြင့် ယခင်ဗီဇာရက်လွန်နေထိုင်
ခဲ့ဖူးသူတွေ၊ ဂျပန်သို့နှစ်ကာလမည်မျှပြည်ဝင်ခွင့်ကန့်သတ်ဟု အမိန့်ချမှတ်ခံရသူတွေ၊
ဂျပန်တွင်ပြစ်မှုကျူးလွန်ခဲ့ဖူးသူတွေ ယင်းသို့သောပြစ်မှုတခုခုနှင့်ဆက်နွယ်ကာ လက်ဗွေမှတ်တမ်းရယူခံခဲ့ရသူများအနေဖြင့်ယခင်ကဲ့သို့ဥပမာအားဖြင့်နာမည်ပြောင်း၊
ပတ်စ်စပို့အတုဖြင့်ပြည်ဝင်ခြင်းများကို ပြုလုပ်မရနိုင်တော့ပါ။

ကိုယ့်တုံးကတော့ပြည်ဝင်တော့တခြားမြန်မာလူမျိုးအန်တီကြီးတယောက်က သူ့သမီးနဲ့
တွေ့ဖို့အလည်လာတာမို့ ဂျပန်လိုလဲနားမလည် အင်္ဂလိပ်လိုလဲနားမလည်နဲ့ ကိုယ့်နောက်
ကပ်ရက်မှာတန်းစီပြီး သမီးလုပ်ပါဦးနော် ပြောထားတာမို့
ကိုယ့်အလှည့်ပြီးတာနဲ့ သဘောကောင်းပြီးငယ်ငယ်ချောချောနဲ့ စစ်ဆေးရေးအရာရှိကို
ဒီအန်တီဘာမှနားမလည်တာမို့ကျမနည်းနည်းဘာသာပြန်ပေးပါ့မယ် ဆိုတော့ စစ်ဆေးရေး
အရာရှိကပါ ကျေးဇူးတင်ကြောင်း၃ခါလောက်ပြောပါတယ်
အဲလိုနဲ့နည်းနည်းရှုပ်ရှက်ခက်သွားပါတယ်
:D

ဘာညာသာရကာ :D

ဘာရယ်မဟုတ်မျက်စိထဲမြင်နေတာတော့ကြာပြီ
ခုတလောကမှဆောက်တဲ့ ပြီးခါနီး တိုကျိုမြို့လယ်ခေါင်က တိုက်ကြီးကို
ဘယ်နေရာကကြည့်ကြည့်လှမ်းမြင်ရတာမို့
စပ်စုချင်တာတော့ကြာပါပြီ
Mapကကြည့်လို့ရပါတယ်
အဲလိုနဲ့မနေ့ကရောက်သွားပါတယ်
အထဲမှာ အခန်း၆ခုလောက်ကလွဲလို့အလွတ်တွေများပါတယ်



ဟိုဒီလျှောက်ကြည့်ရင်းတံခါးဝတခုရှေ့ရောက်တော့ဂျပန်လိုရေးထားတာ
သွားတွေ့တယ်
အိပ်မက်ဆိုတာတကယ်ဖြစ်လာအောင်လုပ်လို့ရတဲ့အရာပါ
အဲဒါကိုအထောက်ကူပြုပေးဖို့ငါတို့ရဲ့ပညာရေးစနစ်ရှိပါတယ်
ဆိုတဲ့စာသားလေးတွေ့တော့
အဲဒီကျောင်းခန်းထဲဝင်ပြီး ကျောင်းရဲ့မေဂျာတွေ ဘာညာကွိကွတွေ
လျှောက်မေးပြီး ကျောင်းရဲ့ပမ်းဖလက်တွေတထောကြီးထပ်ဆွဲခဲ့တယ်
ပြီးတော့ဓါတ်ပုံရိုက်လို့ရမလားမေးပြီး ရပါတယ်ဆိုတော့ ရိုက်လာခဲ့တယ်
:D



ပြန်ရောက်တော့ငရုတ်ပင်ကိုပန်းအိုးအကြီးထဲပြောင်းစိုက်တယ်
ပြီးတော့ဟင်းချက်တယ် ၀က်သားခရမ်းချဉ်သီးချိုချဉ်နဲ့ အသီးရွက်တပန်းကန်ပေါ့

Saturday, July 25, 2009

UNမှာ ဘာသာပြန်Online Volunteerလုပ်ကြမလား

ရှာဖွေလေ ထပ်မံတွေ့ရှိပါတယ်
:)
United Nations Website မှာ Online Learning Courseအတွက်
English to Burmese ဘာသာပြန်Volunteer တွေခေါ်နေတာတွေ့ရတာမို့
ပါဝင်ဆင်နွှဲကြပါစို့
^O^
အင်္ဂလိပ်မှမြန်မာသို့ဘာသာပြန် Volunteer, UN

တိုကျိုက United Nations University နဲ့ မြန်မာ

ဘာရယ်မဟုတ် တိုကျိုမှာဖွင့်လှစ်ထားတဲ့United Nations University
websiteကို သွားကြည့်မိပါတယ်
United Nations University

1. Why was the UNU created?

In 1969, following a proposal by the then Secretary-General U Thant,
the United Nations recommended that a new type of university be established
to promote international scholarly cooperation; undertake problem-oriented, multidisciplinary research on urgent global concerns; and strengthen research
and training capacities in developing countries.
ဒီစာကလေးသွားဖတ်မိတော့အလွန်ပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်
http://unu.edu/hq/rector_office/faq.htm


U Thant Distinguished Lecture Series

Thursday, July 23, 2009

ပုရီးအုစု Prius

ခုတလောဂျပန်မှာ ပုရီးစု လို့ခေါ်တဲ့Hybrid Carရေပန်းသိပ်စားနေတာပေါ့
Toyotaကထုတ်တာပါ။ အဲဒီကားကိုဝယ်ဖို့ ခုအော်ဒါလှမ်းမှာရင်တောင်နောက်နှစ်
၃လပိုင်းနောက်ပိုင်းမှရမယ်တဲ့။

            

အမေရိကားကGMလိုကားကုမ္ပဏီကြီးဖြူခါပြာခါကျသွားချိန်မှာ
အဲလောက်တောင်ရောင်းအားကောင်းနေတဲ့ကားပါ။
ဒါကိုNHKမှာဒီကားစထွင်ဖို့ကြိုးစားခဲ့တဲ့အချိန်ကစလို့ခုချိန်ထိသမိုင်းကြောင်းလေးကို
ဇာတ်လမ်းသဘောထုတ်လွှင့်သွားတာအတော်လေးပညာရစွာကြည့်ရှုရပါတယ်

အမေရိကားမှGMကဲ့သို့ကုမ္ပဏီကြီးများကအမြတ်စွန်းအဓိကထားတဲ့
ကားကြီးတွေပဲထုတ်လုပ်ဖို့အင်တိုက်အားတိုက်ဇွဲသန်အာရုံစိုက်နေခဲ့ချိန်မှာ
ဂျပန်တိုယိုတာကုမ္ပဏီကတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
အထောက်ကူပြုမယ့်လျှပ်စစ်ကားတီထွင်ထုတ်လုပ်ရေးပရောဂျက်ကို
၁၉၉၄ခုနှစ်မှာစတင်ခဲ့ပါတယ်

ဒီလိုနဲ့လျှပ်စစ်ကားဆိုတာထက်ကိုအင်ဂျင်နဲ့မော်တာကိုရောနှောအသုံးပြုတဲ့
Hybrid Carတီထွင်ရေးဆီလမ်းကြောင်းဦးတည်လာပါတယ်

၁၉၉၅ခုနှစ်၁၁လပိုင်းမှာစတင်စမ်းသပ်မောင်းကြည့်တဲ့အခါ
ဒီလောက်နာမည်ကျော်ကုမ္ပဏီကြီးကတီထွင်ခဲ့တဲ့Hybrid Carဟာ
စက်တောင်နှိုးလို့မရခဲ့ပါဘူး

လုပ်ဆောင်ချက်တွေအစအဆုံးကိုတခုချင်းစီစစ်ပြီး၁လခန့်အကြာမှာမှ
စတင်စက်နိုးလာပြီးမောင်းနှင်နိုင်တဲ့အနေထားကိုရောက်လာခဲ့ငြား
၅၀၀မီတာလောက်အကွာထိပဲသွားပြီးစက်ရပ်သွားခဲ့ပါတယ်

အဲဒီအချိန်ကုမ္ပဏီသူဌေးကအားလုံးကိုသံပတ်ပေးတဲ့အနေနဲ့
ဒီကားကိုတီထွင်ပြီး၁၉၉၇ခုနှစ်၁၂လပိုင်းမှာစတင်ရောင်းချမယ်လို့
ရာဇသံပေးလိုက်ပါတယ်။

အဲလိုနဲ့၁၉၉၆ခုနှစ်၁၂လပိုင်းမှာချောချောမောမောမောင်းနိုင်တဲ့အနေထားကို
ရောက်ရှိလာပါတယ်
သို့ငြားတနာရီမောင်းနှင်အားလျော့နည်းတဲ့ပြသနာနဲ့တဖန်ခေါင်းခဲကြရပြန်ပါတယ်
အဲလိုနဲ့ဓါတ်ဆီကိုသုံးပြီးအင်ဂျင်ကိုနှိုး ပြီးရင်မော်တာကိုပါလည်ပတ်စေပြီးလျှပ်စစ်ဓါတ်ထုတ်ပြီး
မောင်းနှင်တဲ့စနစ်မှာ ဘရိတ်အုပ်လိုက်တာနဲ့ အရှိန်ကလုံး၀၀ပ်ကျသွားတာမို့
သိရှိလာပြီးတီထွင်လိုက်တာကတော့ အင်ဂျင်ကိုနှိုးပြီးမော်တာကိုလည်စေပြီးအဲဒီကထွက်တဲ့
လျှပ်စစ်ကိုဘတ်ထရီတလုံးနဲ့သိုလှောင်လိုက်တာပါပဲ။
အရှိန်ရသွားပြီဆိုတာနဲ့အလိုအလျှောက်အင်ဂျင်ကိုစက်သတ်လိုက်တဲ့စနစ်ပါ
တဖန်ပြန်လိုလာရင်အလိုအလျှောက်ပြောင်းလဲမောင်းနှင်သွားတဲ့စနစ်ကိုသုံးလိုက်မှပဲ
အဆင်ပြေသွားပါတော့တယ်
ဒီလိုနဲ့၁၉၉၇ခုနှစ် ၈လပိုင်းမှာ၁လီတာ၂၈ကီလိုမီတာအထိပြေးနိုင်လာပါတယ်
အသေးစိတ်ကြည့်ချင်ရင်ဒီမှာသွားကြည့်နိုင်ပါတယ်
http://www.toyota.com/prius-hybrid/

၁၉၉၄မှာကတည်းကစတင်ခဲ့တဲ့ကြိုးပမ်းမှုစီမံကိန်းဟာ
၁၉၉၇နှစ်ကုန်မှာစတင်ရောင်းချနိုင်တဲ့အနေထားရောက်လာပြီး
၂၀၀၉စကမ္ဘာစီးပွားပျက်ကပ်ကြီးထဲမှာတခြားကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေ
ဒေ၀ါလီခံသွားချိန်မှာ ယင်းကားရဲ့ရောင်းအားကကြောက်ဖို့ကောင်းလောက်အောင်
အောင်မြင်မှုရရှိခဲ့ပါတယ်

အဲဒါလေးကြည့်ပြီးကိုယ့်အတွေးနဲ့ကိုယ်ပညာရပါတယ်
အောင်မြင်မှုတခုဖြစ်လာဖို့ ကြားမှာ အချိန်တွေ၊ အခက်ခဲတွေ၊
ကျရှုံးမှုတွေဆိုတာ ရှောင်မရတဲ့အရာတွေပါ
ဒါတွေကိုကျော်လွှားသွားဖို့ဇွဲသန်ဖို့နဲ့
ဖြစ်မလာသေးတဲ့အချိန်မှာလည်းရေတိုအလွယ်လမ်းမလိုက်ပဲ
ဥပမာ အမေရိကားလိုအမြတ်ရတဲ့ကားမျိုးပဲလုပ်ကြစို့ကွာဆိုတာမျိုးမဟုတ်ပဲ
ရေရှည်ကိုမျှော်ပြီး မိမိယုံကြည်ချက်နဲ့သဓိဌာန်ချမှတ်ပြီးသွားတဲ့လမ်းမျိုးဟာ
ခက်ခဲကြာရှည်ပေမဲ့ အဆုံးမှာအောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်
ကိုယ်ကအဲလိုလမ်းမျိုးပဲနှစ်သက်တတ်သူမို့ဒါကိုကြည့်ပြီး
မိမိရဲ့အိပ်မက်အကြီးကြီးတွေအတွက်မိမိဘာသာပြန်လည်အားပေးပါတယ်

Wednesday, July 22, 2009

အသားပတ်ရင် နှုတ်ခမ်းကွဲရင် ဒါလေးကိုသာဖတ် :)

      
နှုတ်ခမ်းနီတဘူးဝယ်လိုက်မတည့်လိုက်နဲ့
၂ဘူးလုံးလွှင့်ပစ်ရမလိုဖြစ်တာ
စိတ်ညစ်တယ်
ဟိုက၀ယ်လာတဲ့Revlon၂ဘူးလဲပါလာပေမဲ့
မိန်းမဆိုတော့ခက်သား
ဒီရောက်တော့၁ဘူးလောက်တော့ထပ်ဝယ်ချင်တာ
အဲလိုဖြစ်တော့အမျိုးသားကဆေးနှုတ်ခမ်းနီတဘူးဝယ်လာပေးတယ်
ခက်တာကVitaminEပါဝင်မှုများတော့ပိုဆိုးလာရော
ကိုယ်ကပြောင်းပြန်VitaminEမတည့်သူ
အဲလိုနဲ့နှုတ်ခမ်းကယားသလိုလိုဖြစ်လိုက်ပျောက်လိုက်နဲ့
နောက်ထပ်ဘာမှအကွန့်အရစ်မပါတဲ့Lip Stick၁ဘူးထပ်ဝယ်တော့
သက်သာသလိုနဲ့ တခါတရံယားကျိယားကျိ
မနေ့ကတော့စိတ်မရှည်လို့ဆိုင်မှာကိုယ်တိုင်သွားပြီး
ရှာဖွေတွေ့ရှိလာပါသည်

၁ဘူးတည်းနှင့်စွယ်စုံအသုံးပြုနိုင်ပါသည်လို့ဘူးမှာရေးထားတယ်
Johnson`s Baby Oil ပါ
:D



သိပ်ကောင်းတယ် ညကလူးတယ် မနက်ပျောက်တယ်
နှုတ်ခမ်းနီအောက်မှာခံဆိုးလဲရတယ်
ခလေးလူးဖို့အထူးပြုထုတ်တာဆိုတော့တအားနူးညံ့တယ်
ယောကျာင်္းလေးဆိုရင်လဲNatural manပေါ့
အသားရေယားယံရင်လဲလူးသာလူး
ဆံပင်တွေခြောက်တာလဲလူးလို့ရတယ်
မိုက်တယ် မိုက်တယ်
စိုင်းစိုင်းပဲ
:P

Tuesday, July 21, 2009

ဂျပန်စာအဆင့်၂နှင့်၃စာမေးပွဲဖြေမည့်သူများအတွက်

ဂျပန်စာအဆင့်၂နှင့်၃စာမေးပွဲအတွက်ကျက်မှတ်ရန်ဝေါဟာရများ


ဘလော့ဂ်ရဲ့ ညာဘက်ဘေးမှာလဲ ဂျပန်စာအဆင့်၂ ဆိုပြီးရှိပါတယ်
ဂျပန်စာအဆင့်၂စာမေးပွဲဖြေမည့်သူများအတွက်ရည်ရွယ်ပြီး
ကိုယ်ဖြေခဲ့စဉ်ကအတော်နှစ်သက်ခဲ့တဲ့ ကျက်မှတ်ခဲ့တဲ့
စာအုပ်ထဲကဝေါဟာရတွေကို ရေးသားပြီးမျှဝေချင်ပါတယ်
အဲလိုနဲ့မြန်မာပြည်မှာရှိသူတွေကGoogle Blogဖတ်လို့မရတော့
ဘယ်လိုနည်းနဲ့ရေးရင်ကောင်းမလဲလိုက်ရှာကြည့်တော့
Google Websiteလုပ်နည်းလေးသွားတွေ့ပါတယ်
(လုပ်ချင်ရင်သွားလေ့လာနိုင်ပါတယ်
http://sites.google.com)

၂၀၀၉ခုနှစ်ကစပြီး မူလက အဆင့်၎(အခြေခံ)မှအဆင့်၁(အမြင့်ဆုံး)ထိ
စာမေးပွဲစစ်ရာမှာ အဆင့် ၄ခုပဲရှိခဲ့ရာကနေ ၂၀၀၉ကစလို့
အဆင့်၅ထိ ဆိုပြီးသင်ရိုးကွဲပြဌာန်းလိုက်ပါတယ်
ခွဲလိုက်တဲ့နေရာက အဆင့်၂ ပါ
အဆင့်၂ က စာအများဆုံးနဲ့ခက်လို့လူပြောသိပ်များပါတယ်
ယင်းအဆင့်၂ကို ၂ပိုင်းခွဲလိုက်ပြီးတပိုင်းပိုတိုးသွားတဲ့သဘောပါပဲ

ခုဖော်ပြထားတဲ့ဝေါဟာရတွေဟာ ၂၀၀၉ခုနှစ်ကစလို့
အဆင့်၂ နှင့် အဆင့်၃ အတွက် ဝေါဟာရ အနှစ်ချူပ်လို့ပြောရမှာပါ
ဒီထဲက ဝေါဟာရတွေဟာအတော်လေးကိုအမေးများပါတယ်

ဂျပန်လိုရေးသားထားတာကစာအုပ်ထဲကအတိုင်းဖြစ်ပြီး
ကိုယ်က မြန်မာလိုပဲပြန်ပါတယ်
မှားယွင်းတာရှိရင်ဝိုင်းပြောပြပေးကြပါလို့မေတ္တာရပ်ခံပါတယ်
အားလုံးအတွက်မို့ပါ

နာမ် ၁၉၈ လုံး
တြိယာ ၁၀၀လုံး
နာမ၀ိသေသန ၁၀၀လုံး
တြိယာဝိသေသန ၈၈လုံး ဖြစ်ပါတယ်

Monday, July 20, 2009

နုံပါတယ်

လောကကြီးက အရောင်တွေအမျိုးမျိုးနဲ့ ဆန်းပြားတယ်
တစ်ဦးစီရဲ့အတွေးကိုယ်စီက အရောင်စုံလင်စွာခြားနားသလို
မိမိတွေးခေါ်ယူဆမှုပေါ်မူတည်ပြီးသွားရာလမ်းကြောင်းတွေလည်း
ခြားနားတယ်။

ဘုရားရှင်ကဟောဖူးတယ် (အတိကျမဟုတ်ဘူးနော်)
ကောင်းရာဘုံကိုသွားမယ့်သူနဲ့အပါယ်ဘုံကိုသွားမဲ့သူအရေတွက်ကိုပေါ့
(တနည်းအားဖြင့် ကောင်းတာလုပ်သူနဲ့မကောင်းတာလုပ်သူတွေပေါ့)
သဲသောင်ပြင်ပေါ်ကသဲပွင့်ကလေးတွေကိုလက်မလက်သည်းခွံလေးနဲ့ကော်လိုက်ပြီး
မရေတွက်နိုင်လောက်အောင်ပါပဲ။ အဲဒါကောင်းရာဘုံသွားမယ့်သူတွေပေါ့တဲ့
ဒါဆိုအပါယ်ဘုံသွားကြမယ်သူအရေတွက်ကကောလို့မေးကြည့်တော့
ကျန်တဲ့သဲသောင်ပြင်ကြီးကိုတွေ့လား
အဲဒါမကောင်းတဲ့ဘုံသွားမယ့်သူတွေပေါ့တဲ့

လတ်တလောတစ်ဘ၀လေးရဲ့ချမ်းသာကြွယ်ဝပြည့်စုံမှုနောက်ကိုလိုက်ရင်းနဲ့
သံသရာဇောက်ထိုးလည်စင်းသွားမဲ့နွံကြီးထဲတော့နစ်မ၀င်သွားချင်ပါဘူး
အများမိုးခါးရေသောက်လို့လိုက်သောက်သူတွေကိုအပြစ်မဆိုရက်ပေမဲ့
ကိုယ်ကတော့မသောက်ချင်ဘူး။ သေသွားချင်တယ်။
သေခြင်းနဲ့ဆုံးသွားမှာမှမဟုတ်တာ။ သံသရာဆိုတာလည်ဦးမှာ။
မကောင်းမှုတွေလုပ်နေရမဲ့အစား ကောင်းမွန်ရာတခြားဘုံဘ၀တခုကိုသွားချင်တယ်။

လူလည်တွေက ကိုယ့်ကို နုံတယ်တဲ့
လူကြီးသူမတွေက ရိုးသားကြိုးစားတယ်တဲ့
အထက်လူကြီးတွေက တည်ကြည်ဖြောင့်မတ်တယ်တဲ့
မိသားစုနဲ့ဆွေမျိုးတွေက ထက်မြက်တယ် တဲ့

ကြည့်သူပေါ်မူတည်ပြီးအမြင်ဆိုတာအမျိုးမျိုးပြောင်းလဲတာတွေ့ရတယ်
စိတ်ဝင်စားဖို့ကောင်းတာက ကိုယ့်အပေါ်ဘယ်လိုမြင်လဲဆိုတဲ့
တဖက်သူရဲ့အတွေးကို အခြေခံပြီး အဲဒီလူရဲ့ စိတ်နေစိတ်ထားနဲ့စရိုက်ကို
ခန့်မှန်းလို့ရတာပဲ

လောကကြီးကစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေတယ်

အဘိဓါန်

အဘိဓါန်ဆိုတာ၈တန်းလောက်ကတည်းက
မကိုင်ချင်လည်းမရ ကိုင်တွယ်ရှာဖွေခဲ့ရရင်းနဲ့
အလေ့ကျင့်ဖြစ်သွားပါတယ် အဖေ့ကျေးဇူးပါ
၂လက်မခွဲ ၃လက်မလောက်ရှိပါတယ်။ မြန်မာစာအဘိဓါန်ရဲ့၁ဆခွဲခန့်ပေါ့
အင်္ဂလိပ် မှ အင်္ဂလိပ်နှင့်မြန်မာအဓိပ္ပါယ် အဘိဓါန်ပါ

ဆယ်တန်းအောင်တော့ဖေကအင်္ဂလိပ်သတင်းစာကသတင်းတပုဒ်ကို
နေ့တိုင်းဖတ်ခိုင်းပြီး မသိတာ High Lightလုပ်ပြီး အဘိဓါန်မှာရှာစေ
မှတ်သားစေပါတယ်။

အဲဒီအဘိဓါန်လေးကအတော်ကောင်းမွန်ပြည့်စုံပါတယ်
အစကောင်းဖို့လိုတယ်ဆိုတဲ့စကားဟာ အတော်မှန်တာပေါ့
အဲလိုပြည့်စုံကောင်းမွန်တဲ့အဘိဓါန်နဲ့အသားကျသွားတဲ့ကိုယ်ဟာ
မိမိဖတ်တဲ့ အဘိဓါန်နဲ့ပတ်သတ်ရင် သိပ်ဂျေးများပါတယ်
ဂျပန်စာဖတ်တော့လည်း ကျုရှင်က၀ယ်ဖတ်တဲ့
ဂျပန်စကားလုံးကိုမြန်မာလိုပြန်ထားတဲ့စာအုပ်ဝယ်ထားပြီး
သိပ်မဖတ်ဖြစ်ပါဘူး။ သိပ်မကြိုက်လို့ပါ။
အချိန်ကြာပေမဲ့ Kokugoကြီးတကိုင်ကိုင်နဲ့ရှာပါတယ်

အဲလိုနဲ့ဒီအချိန်မှာ အဘိဓါန်နဲ့ပတ်သတ်ပြီးသတိထားမိတဲ့အချက်ကတော့
အဘိဓါန်ဆိုတာ များသောအားဖြင့်နိုင်ငံခြားဘာသာစကားလေ့လာဖို့
စကားလုံးအနက်အဓိပ္ပါယ်ရှာဖွေရာမှာအသုံးများပါတယ်

ကိုယ်ရွေးချယ်နှစ်သက်လေ့ရှိတဲ့အဘိဓါန်မျိုးကတော့
၁။စကားလုံးUsageသုံးပုံသုံးနည်း(နမူနာဝါကျ)မပါရင်မဖြစ်ပါဘူး
(ဒါမှဘယ်နေရာမှာဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ဘယ်လိုသုံးသွားတယ်ဆိုတာသိမှာ)
Usageမပါတဲ့အဘိဓါန်တွေကိုဖတ်ရင်သိပ်စိတ်ညစ်ရပါတယ်
ကိုယ်လေ့လာသလောက်ရဲ့၁၀ရာခိုင်နှုန်းလောက်တောင်ပြန်မရသလို
ခံစားရပါတယ်
၂။သူ့မူရင်းဘာသာစကားနဲ့သူပြန်ရှင်းထားတာမျိုးပါရပါမယ်
၃။မြန်မာလိုလဲပါရမယ်(အစပိုင်းလေ့လာချိန်မှာပေါ့)

Saturday, July 18, 2009

ဆံပင်ညှပ်ဆိုင်

ဒီနေ့ဆံပင်သွားညှပ်ပါတယ်
ပထမတော့ပြောရလွယ်တဲ့တာကာဒါနိုဘာဘာကကိုကို့ဆိုင်ကိုသွားမလို့ပါပဲ
နည်းနည်းလှမ်းတာရယ်၊သူကမလိုက်ဘူးဆိုတာကြောင့် သွားရမှာ နဲနဲပျင်းလာတယ်
အဲဒါနဲ့ အင်တာနက်မှာသူကရှာပေးပါတယ်
ကိုယ်နေတဲ့တဘူတာအကွာမှာရှိတဲ့မြို့ကကြောက်ဖို့ကောင်းအောင်စည်ကားပါတယ်
စည်လွန်းတော့လိုချင်တာလုပ်ဖို့ရှာရပြီဟေ့ဆိုရင်မျက်စိလည်ပြီးစိတ်ညစ်ရပါတယ်

ဒီမှာကဆံပင်ညှပ်ရင်အပေါဆုံးကတခါညှပ်၁ထောင်ယမ်းဆိုင်တွေရှိပါတယ်
ယောကျာင်္းလေးသီးသန့်ပြောရလောက်အောင်မိန်းခလေးမသွားသလောက်ပါပဲ
တကယ်က ညှပ်လဲရပါတယ် ကိုယ်ဆို အရင်တခါလာတုံးက အကြိမ်ကြိမ်ဝင်ညှပ်ဖူးခဲ့တာပါ
သို့ငြား တခါ ကြုံဖူးတာက ၁၇၀၀ ယမ်းလို့ရေးထားတော့ဝင်ညှပ်လိုက်တာ
သူကဟိုဟာလုပ်မလားဒီဟာလုပ်မလားနဲ့ ၃၉၀၀ယမ်းလောက်ပေးလိုက်ရတော့
ဆိုင်တဆိုင်ထဲဘုမသိဘမသိ ၀င်ရတာ အီလည်လည်ဖြစ်ပါတယ်

ခုတော့သူကနီးတဲ့ဘူတာဆိုတော့သူလဲလိုက်၊ကိုယ်သွားချင်တဲ့ဆီသူမလိုက်လို့
ကိုယ်မသွားဖြစ်တော့နောက်ပိုင်းနားငြီးမှာစိုးပုံပေါ်တော့ အင်တာနက်မှာ
ဘူတာအမည်နဲ့ဆံပင်ညှပ်ဆိုင်ရှာပြီး တခါတည်းအွန်လိုင်းဘွတ်ကင်လုပ်ပါတယ်
အဲလိုနဲ့ ညနေ၆နာရီခွဲအရောက်သွားညှပ်ပါတယ်
၁၄၀၀ယမ်းပဲပေးရပါတယ် (ခေါင်းလျှော်တာမပါပါဘူး)
ဆိုင်ခွဲတွေနေရာအနှံ့မှာရှိတာမို့
ညှပ်ချင်ရင်သွားလို့ရအောင်လမ်းညွှန်ပေးလိုက်ပါတယ်
http://www.eits.jp/service/taiken.html
အွန်လိုင်းဘွတ်ကင်က ယမ်း၁၀၀ ပိုပေးရပါတယ်
အပေါ်ကTabထဲမှာ web reservation ကို ကလစ်နှိပ်လိုက်ရင်ရပါပြီ

ဒါကကိုယ်သွားညှပ်ခဲ့တဲ့ဆိုင်ပါ
http://www.eits.jp/salon/index_24.html

Friday, July 17, 2009

မာလကာပင်နဲ့သစ်လုံးအိမ်



ခုတလော အိမ်ကိုလွမ်းတယ်
ဘာရယ်မဟုတ်စဉ်းစားရင်း အိမ်နောက်ဖေးမှာစိုက်ထားတဲ့
မာလကာပင်ကြီးကိုသတိရမိတယ်
ငယ်ငယ်ကသစ်ပင်တက်သိပ်ကျွမ်းတာပေါ့
မီးဖိုချောင်ကထွက်လိုက်ရင်အိမ်အပြင်မှာမာလကာပင်အကြီးကြီး
တက်နိုင်လေရွက်ပုန်းသီးကြီးကြီးတွေရှာတွေ့လေပဲ :D
ဒါပေမဲ့အဖေ့ကိုကြောက်ရတယ်
တက်ရင်တုတ်နဲ့ခပ်နာနာအရိုက်ခံရတာကိုး
ကိုယ်ကတော့အဖေအိပ်ပြီဆိုတက်ပြီပဲ
ပိုင်သလားတော့မမေးနဲ့
အဖေ့အခန်းကိုမာလကာပင်ပေါ်ကလှမ်းမြင်ရတယ်
ပြူတင်းကမှန်ကွက်တွေကငါးကြင်းခွံလိုခပ်အဖြူပိတ်ပိတ်မို့ဖောက်မမြင်ရဘူးလေ
ဒါပေမဲ့ဖေကညဘက်အိမ်အပြင်လှမ်းကြည့်တာတို့စစ်ဖို့တို့အတွက်
မှန်အကြည်တကွက်တပ်ထားတာ
အဲဒီမှန်ကနေမြင်နေရတယ် :D
ကြုံသူတွေကကြုံသလိုအသဲယားစွာသတင်းပေးတယ် ဖေနိုးပြီဆိုတာကို
အပင်မတက်ဖြစ်တာတောင်၁၀နှစ်လောက်ရှိမလားပဲ
အပင်ကြီးကြီးပေါ်အိမ်ကလေးဆောက်ချင်လိုက်တာ

Wednesday, July 15, 2009

လက်ဆောင်


အိမ်မှာကြက်ဥမွှေကြော်စားရင် ခရမ်းချဉ်သီးများများပါးပါးလှီးထည့်
ငရုတ်သီးစိမ်းပါးပါးလှီးထည့် ငရုတ်ကောင်းမှုန့်
ကြက်သားမှုန့်နဲ့ဆား ပြီးရင် အားလုံးတသားတည်းညက်ပြီး
ရောသွားတဲ့အထိကြော်စား
ဒီမှာတော့ခရမ်းချဉ်သီးဈေးကြီးလို့ခဏခဏမကြော်စားဖြစ်ဘူး
ခေါက်ဆွဲပြုတ်ရင်လဲငရုတ်သီးစိမ်းထည့်
ငါးဟင်းဆီပြန်လဲ ငရုတ်သီးစိမ်း
ငပိဖျော်ရင်လဲငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူနဲ့
ဆိုင်မှာသွားစားလဲ အချဉ်ထဲက ငရုတ်သီးစိမ်းဆယ်စားနေကြ
:D
ငရုတ်သီးစိမ်း ကြိုက်ပါတယ်
ဒီမှာက ငရုတ်သီးစိမ်းအစပ်က နေရာတိုင်းမရောင်းတော့ဒုက္ခ
အထုပ်လိုက်ဝယ်ထားပြီး မလတ်ဆတ်ပဲ နဲနဲကြာတာနဲ့ပစ်ရတော့လဲ
မပစ်ရက်
အဲလိုနဲ့ ငရုတ်သီးစိမ်းပင် ၁ပင် ၀ယ်စိုက်တာ
အသီး၃တောင့်သီးပါပြီ
ကိုယ့်ထက်တောင် ငရုတ်သီးစိမ်းသိပ်ကြိုက်ပြီး
မြန်မာပြည်မှာအတူစားရင် ဘိတ်ချဉ်အမြဲမှာစားတဲ့ သူငယ်ချင်း အမကို
လက်ဆောင်ပေးလိုက်ပါတယ်
လတ်လတ်ဆတ်ဆတ်ငရုတ်သီးစိမ်းတတောင့်
:D
ထပ်စိုက်ဦးမယ် ၅ပင်လောက် :D

Monday, July 13, 2009

တလွဲ

ဒီရောက်ပြီးအသားပက်လို့Skin Lotionကို တယောက်တည်းသွားဝယ်မိပါတယ်
ကိုယ်က delicated အသားရေမျိုးမို့ ၁၄နှစ်သမီးလောက်သိတတ်စအရွယ်တည်းက
Lotion သုံးတာ နေ့စဉ်မပျက်မကွက်ပါပဲ
မြန်မာပြည်ရဲ့အရမ်းပူတတ်တဲ့ရာသီဥတုမှာ နွေရာသီအပြင်ထွက်ရင်
အပူဒဏ်နဲ့ ဟိုနားနီဒီနားနီ သိပ်ဖြစ်တတ်တာမို့ ဒုက္ခရောက်လွန်းလို့

ပထမတခါဒီမှာရှိစဉ်တုံးကလဲ Johnson`sသုံးခဲ့တော့အဲဒါပဲလိုက်ရှာမိတယ်
အရင်ထက်ပိုကြီးပြီး ညှစ်ရလွယ်တဲ့ပုံစံနဲ့ ဒီဇိုင်းသစ်ကိုသွားတွေ့တော့
ဝမ်းသာအားရ၀ယ်ချတာပေါ့ မ၀ယ်ခင်အရောင်၃မျိုးနဲ့ဘူးတွေပေါ်ကစာတွေကို
၁၅မိနစ်လောက်သေချာလိုက်ဖတ်လိုက်သေးတယ်။ထုံးစံအတိုင်းသုံးပုံ၂ပုံပေါ့ :D

အိမ်ရောက်တော့ရေချိုးပြီး ယားချင်သလိုဖြစ်နေတတ်တဲ့ လည်ပင်းတ၀ိုက်လိမ်း
အမြှုပ်တွေနဲ့ အရမ်းစီးနေတော့ သြော် Lasting Moisture ပါလို့နဲ့တူတယ်
တယ်မိုက်တာပဲ လို့ မနက်လင်းလို့ အပြင်ထွက်ဖို့ရေချိုးပြီးနောက်တခါ ထပ်လိမ်းတော့
:D သံသယဖြစ်တော့ ဘူးကစာ တခါပြန်ဖတ်မှ
အဟားဟား Body Washတဲ့ ထောင့်ကလေးမှားသွားတွေ့တယ်
သေတော့မှာပဲ အင်္ဂလိပ်စာကို ခက်အောင် တယ်ဖန်ဆင်းတဲ့ဂျပန်စာပဲ
အဲလိုနဲ့ နောက်တနေ့မှာမှအောင်မြင်စွာ ၀ယ်လိုက်နိုင်ပါတော့တယ် :D

Sunday, July 12, 2009

TOEIC (Test Of English for International Communication)

ဂျပန်မှာTOEICအင်္ဂလိပ်စာအရည်ချင်းစစ်စားမေးပွဲဖြေဆိုမှုဟာအလွန်ခေတ်စားပါတယ်။
မြန်မာပြည်မှာ TOEFL, IELTS တို့ဝင်ဖြေနေကြသလိုပါပဲ။
ဂျပန်မှာတက္ကသိုလ်နှင့်ကောလိပ်အတော်များများမှာTOEIC Preparation Lectureတွေ
ပို့ချသင်ကြားပေးနေတာတွေ့ရပါတယ်။ဒါ့အပြင်ဘွဲ့လွန်တက္ကသိုလ်ဝင်ခွင့်ရဖို့
TOEIC လက်မှတ်ကို အသိအမှတ်ပြုသောတက္ကသိုလ်အရေတွက်ဟာ
ခုနှစ် - ကျောင်းအရေတွက်
၂၀၀၄ - ၈၁ ကျောင်း
၂၀၀၅ - ၁၀၁ ကျောင်း
၂၀၀၆ - ၁၂၈ ကျောင်း
၂၀၀၇ - ၁၃၄ ကျောင်း
၂၀၀၈ - ၁၄၉ ကျောင်းအထိ တိုးပွားလာပါတယ်။

IELTS, TOEFL တို့နဲ့ဘာကွာခြားသလဲဆိုတော့ TOEIC ဟာ
2 Skills (Listening & Reading) ပဲ ရှိတာမို့ ပိုလွယ်တယ်လို့ ဆိုရပါမယ်
ဒါ့အပြင် IELTS ရဲ့ Courseက သင်ရိုးညွှန်းတမ်းက ပိုမိုခက်ခဲနက်ရှိုင်းတယ်ဆိုတာ
သတိထားမိပါတယ်။

TOEICအမည်မှာကိုက for Internation Communication လို့ ရေးထားတဲ့အပြင်
wikiထဲမှာတော့ဒီလိုဖော်ပြထားပါတယ်
'' Test of English for International Communication (TOEIC) measures
the ability of non-native English-speaking examinees to use English
in everyday work activities. ''
လို့ ဖော်ပြပါရှိတဲ့အတွက် လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ လို့ဆိုရင်
မှားအံ့မထင်ပါဘူး။

ဂျပန်မှာဖြေမယ်ဆိုရင်တော့
www.toeic.or.jp မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

မေးခွန်းပုံစံကတော့

Listening Section (45 Minutes. 100 Questions)
Part 1 (Photographs) ၁၀ ပုဒ်
Part 2 (Question-Response) ၃၀ ပုဒ်
Part 3 (Short Conversations) ၃၀ ပုဒ်
Part 4 (Short Talks) ၃၀ ပုဒ်

Reading Section (75 Minutes. 100 Questions)
Part 5 (Incomplete Sentences) ၄၀ ပုဒ်
Part 6 (Text Completion) ၁၂ ပုဒ်
Part 7 (Reading Comprehension)
- - Single Passage ၂၈ ပုဒ်
- - Double Passage ၂၀ပုဒ်

Wednesday, July 8, 2009

စာမေးပွဲ JLPT Level 1 2009 July & Links

ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကတော့ပြီးသွားပါပြီ
မသွားဖူးတဲ့တက္ကသိုလ်မို့Google Mapကြည့်လိုက်နဲ့
စိတ်ပူခဲ့ပေမဲ့ ဘူတာကနေထွက်ထွက်ချင်းပဲ
တက္ကသိုလ်နာမည်ဆိုင်းဘုတ်ကိုင်ထားတဲ့
ကျောင်းသားတစ်ဦးကရှိနေပြီး
မေးကြည့်လိုက်တော့ လမ်းညွှန်ပေးပါတယ်
မီတာ၂၀၀စီလောက်အကွာမှာဆိုင်းဘုတ်လေးတွေနဲ့ရပ်နေတာမို့
တကယ်ပဲအဆင်ပြေလွယ်ကူခဲ့ပါတယ်
တနင်္ဂနွေနံနက်ကစလို့ညနေထိတနေ့လုံးဖြေလိုက်ရပါတယ်
ခန်းဂျီးတွေကိုမဲပြီးအပြတ်ဖြတ်နေရလို့
သဒ္ဓါစာအုပ်ကိုလှန်တောင်မကြည့်နိုင်ပါဘူး
ဒါပေမဲ့မြန်မာပြည်မှာလိုမဟုတ်ဘဲအပိုင်းတခုနဲ့တခုကြား၁နာရီလောက်
နားချိန်ပေးထားတာမို့ နားချိန်မှာသဒ္ဓါစာအုပ်ကိုဂျမ်းတောဖတ်ရပါတယ်
၃ပုံ၂ပုံလောက်တော့ပြန်ဖတ်လိုက်တာမို့အဆင်ပြေသွားပါတယ်
အဖြေနိုင်ဆုံးကတော့သဒ္ဓါပါပဲ မမှားသလောက်ပါပဲ
၉၀ရာခိုင်နှုန်းခန့်ပေါ့
စာမေးပွဲမေးခွန်းလင့်ခ်တွေဖော်ပြလိုက်ပါတယ်

JLPT LEVEL 1, 2009 JULY

KANJI
http://jp.hjenglish.com/page/77963/?page=1

READING
http://jp.hjenglish.com/page/77954/?page=2

GRAMMAR
http://jp.hjenglish.com/page/77964/?page=1

LISTENING
http://jp.hjenglish.com/page/78030/?page=1
http://jp.hjenglish.com/page/77962/?page=1

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates