ခုတလောဂျပန်မှာ ပုရီးစု လို့ခေါ်တဲ့Hybrid Carရေပန်းသိပ်စားနေတာပေါ့
Toyotaကထုတ်တာပါ။ အဲဒီကားကိုဝယ်ဖို့ ခုအော်ဒါလှမ်းမှာရင်တောင်နောက်နှစ်
၃လပိုင်းနောက်ပိုင်းမှရမယ်တဲ့။
အမေရိကားကGMလိုကားကုမ္ပဏီကြီးဖြူခါပြာခါကျသွားချိန်မှာ
အဲလောက်တောင်ရောင်းအားကောင်းနေတဲ့ကားပါ။
ဒါကိုNHKမှာဒီကားစထွင်ဖို့ကြိုးစားခဲ့တဲ့အချိန်ကစလို့ခုချိန်ထိသမိုင်းကြောင်းလေးကို
ဇာတ်လမ်းသဘောထုတ်လွှင့်သွားတာအတော်လေးပညာရစွာကြည့်ရှုရပါတယ်
အမေရိကားမှGMကဲ့သို့ကုမ္ပဏီကြီးများကအမြတ်စွန်းအဓိကထားတဲ့
ကားကြီးတွေပဲထုတ်လုပ်ဖို့အင်တိုက်အားတိုက်ဇွဲသန်အာရုံစိုက်နေခဲ့ချိန်မှာ
ဂျပန်တိုယိုတာကုမ္ပဏီကတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်
အထောက်ကူပြုမယ့်လျှပ်စစ်ကားတီထွင်ထုတ်လုပ်ရေးပရောဂျက်ကို
၁၉၉၄ခုနှစ်မှာစတင်ခဲ့ပါတယ်
ဒီလိုနဲ့လျှပ်စစ်ကားဆိုတာထက်ကိုအင်ဂျင်နဲ့မော်တာကိုရောနှောအသုံးပြုတဲ့
Hybrid Carတီထွင်ရေးဆီလမ်းကြောင်းဦးတည်လာပါတယ်
၁၉၉၅ခုနှစ်၁၁လပိုင်းမှာစတင်စမ်းသပ်မောင်းကြည့်တဲ့အခါ
ဒီလောက်နာမည်ကျော်ကုမ္ပဏီကြီးကတီထွင်ခဲ့တဲ့Hybrid Carဟာ
စက်တောင်နှိုးလို့မရခဲ့ပါဘူး
လုပ်ဆောင်ချက်တွေအစအဆုံးကိုတခုချင်းစီစစ်ပြီး၁လခန့်အကြာမှာမှ
စတင်စက်နိုးလာပြီးမောင်းနှင်နိုင်တဲ့အနေထားကိုရောက်လာခဲ့ငြား
၅၀၀မီတာလောက်အကွာထိပဲသွားပြီးစက်ရပ်သွားခဲ့ပါတယ်
အဲဒီအချိန်ကုမ္ပဏီသူဌေးကအားလုံးကိုသံပတ်ပေးတဲ့အနေနဲ့
ဒီကားကိုတီထွင်ပြီး၁၉၉၇ခုနှစ်၁၂လပိုင်းမှာစတင်ရောင်းချမယ်လို့
ရာဇသံပေးလိုက်ပါတယ်။
အဲလိုနဲ့၁၉၉၆ခုနှစ်၁၂လပိုင်းမှာချောချောမောမောမောင်းနိုင်တဲ့အနေထားကို
ရောက်ရှိလာပါတယ်
သို့ငြားတနာရီမောင်းနှင်အားလျော့နည်းတဲ့ပြသနာနဲ့တဖန်ခေါင်းခဲကြရပြန်ပါတယ်
အဲလိုနဲ့ဓါတ်ဆီကိုသုံးပြီးအင်ဂျင်ကိုနှိုး ပြီးရင်မော်တာကိုပါလည်ပတ်စေပြီးလျှပ်စစ်ဓါတ်ထုတ်ပြီး
မောင်းနှင်တဲ့စနစ်မှာ ဘရိတ်အုပ်လိုက်တာနဲ့ အရှိန်ကလုံး၀၀ပ်ကျသွားတာမို့
သိရှိလာပြီးတီထွင်လိုက်တာကတော့ အင်ဂျင်ကိုနှိုးပြီးမော်တာကိုလည်စေပြီးအဲဒီကထွက်တဲ့
လျှပ်စစ်ကိုဘတ်ထရီတလုံးနဲ့သိုလှောင်လိုက်တာပါပဲ။
အရှိန်ရသွားပြီဆိုတာနဲ့အလိုအလျှောက်အင်ဂျင်ကိုစက်သတ်လိုက်တဲ့စနစ်ပါ
တဖန်ပြန်လိုလာရင်အလိုအလျှောက်ပြောင်းလဲမောင်းနှင်သွားတဲ့စနစ်ကိုသုံးလိုက်မှပဲ
အဆင်ပြေသွားပါတော့တယ်
ဒီလိုနဲ့၁၉၉၇ခုနှစ် ၈လပိုင်းမှာ၁လီတာ၂၈ကီလိုမီတာအထိပြေးနိုင်လာပါတယ်
အသေးစိတ်ကြည့်ချင်ရင်ဒီမှာသွားကြည့်နိုင်ပါတယ်
http://www.toyota.com/prius-hybrid/
၁၉၉၄မှာကတည်းကစတင်ခဲ့တဲ့ကြိုးပမ်းမှုစီမံကိန်းဟာ
၁၉၉၇နှစ်ကုန်မှာစတင်ရောင်းချနိုင်တဲ့အနေထားရောက်လာပြီး
၂၀၀၉စကမ္ဘာစီးပွားပျက်ကပ်ကြီးထဲမှာတခြားကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေ
ဒေ၀ါလီခံသွားချိန်မှာ ယင်းကားရဲ့ရောင်းအားကကြောက်ဖို့ကောင်းလောက်အောင်
အောင်မြင်မှုရရှိခဲ့ပါတယ်
အဲဒါလေးကြည့်ပြီးကိုယ့်အတွေးနဲ့ကိုယ်ပညာရပါတယ်
အောင်မြင်မှုတခုဖြစ်လာဖို့ ကြားမှာ အချိန်တွေ၊ အခက်ခဲတွေ၊
ကျရှုံးမှုတွေဆိုတာ ရှောင်မရတဲ့အရာတွေပါ
ဒါတွေကိုကျော်လွှားသွားဖို့ဇွဲသန်ဖို့နဲ့
ဖြစ်မလာသေးတဲ့အချိန်မှာလည်းရေတိုအလွယ်လမ်းမလိုက်ပဲ
ဥပမာ အမေရိကားလိုအမြတ်ရတဲ့ကားမျိုးပဲလုပ်ကြစို့ကွာဆိုတာမျိုးမဟုတ်ပဲ
ရေရှည်ကိုမျှော်ပြီး မိမိယုံကြည်ချက်နဲ့သဓိဌာန်ချမှတ်ပြီးသွားတဲ့လမ်းမျိုးဟာ
ခက်ခဲကြာရှည်ပေမဲ့ အဆုံးမှာအောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်
ကိုယ်ကအဲလိုလမ်းမျိုးပဲနှစ်သက်တတ်သူမို့ဒါကိုကြည့်ပြီး
မိမိရဲ့အိပ်မက်အကြီးကြီးတွေအတွက်မိမိဘာသာပြန်လည်အားပေးပါတယ်
0 comments:
Post a Comment