အဘိဓါန်ဆိုတာ၈တန်းလောက်ကတည်းက
မကိုင်ချင်လည်းမရ ကိုင်တွယ်ရှာဖွေခဲ့ရရင်းနဲ့
အလေ့ကျင့်ဖြစ်သွားပါတယ် အဖေ့ကျေးဇူးပါ
၂လက်မခွဲ ၃လက်မလောက်ရှိပါတယ်။ မြန်မာစာအဘိဓါန်ရဲ့၁ဆခွဲခန့်ပေါ့
အင်္ဂလိပ် မှ အင်္ဂလိပ်နှင့်မြန်မာအဓိပ္ပါယ် အဘိဓါန်ပါ
ဆယ်တန်းအောင်တော့ဖေကအင်္ဂလိပ်သတင်းစာကသတင်းတပုဒ်ကို
နေ့တိုင်းဖတ်ခိုင်းပြီး မသိတာ High Lightလုပ်ပြီး အဘိဓါန်မှာရှာစေ
မှတ်သားစေပါတယ်။
အဲဒီအဘိဓါန်လေးကအတော်ကောင်းမွန်ပြည့်စုံပါတယ်
အစကောင်းဖို့လိုတယ်ဆိုတဲ့စကားဟာ အတော်မှန်တာပေါ့
အဲလိုပြည့်စုံကောင်းမွန်တဲ့အဘိဓါန်နဲ့အသားကျသွားတဲ့ကိုယ်ဟာ
မိမိဖတ်တဲ့ အဘိဓါန်နဲ့ပတ်သတ်ရင် သိပ်ဂျေးများပါတယ်
ဂျပန်စာဖတ်တော့လည်း ကျုရှင်က၀ယ်ဖတ်တဲ့
ဂျပန်စကားလုံးကိုမြန်မာလိုပြန်ထားတဲ့စာအုပ်ဝယ်ထားပြီး
သိပ်မဖတ်ဖြစ်ပါဘူး။ သိပ်မကြိုက်လို့ပါ။
အချိန်ကြာပေမဲ့ Kokugoကြီးတကိုင်ကိုင်နဲ့ရှာပါတယ်
အဲလိုနဲ့ဒီအချိန်မှာ အဘိဓါန်နဲ့ပတ်သတ်ပြီးသတိထားမိတဲ့အချက်ကတော့
အဘိဓါန်ဆိုတာ များသောအားဖြင့်နိုင်ငံခြားဘာသာစကားလေ့လာဖို့
စကားလုံးအနက်အဓိပ္ပါယ်ရှာဖွေရာမှာအသုံးများပါတယ်
ကိုယ်ရွေးချယ်နှစ်သက်လေ့ရှိတဲ့အဘိဓါန်မျိုးကတော့
၁။စကားလုံးUsageသုံးပုံသုံးနည်း(နမူနာဝါကျ)မပါရင်မဖြစ်ပါဘူး
(ဒါမှဘယ်နေရာမှာဘယ်လိုအဓိပ္ပါယ်မျိုးနဲ့ဘယ်လိုသုံးသွားတယ်ဆိုတာသိမှာ)
Usageမပါတဲ့အဘိဓါန်တွေကိုဖတ်ရင်သိပ်စိတ်ညစ်ရပါတယ်
ကိုယ်လေ့လာသလောက်ရဲ့၁၀ရာခိုင်နှုန်းလောက်တောင်ပြန်မရသလို
ခံစားရပါတယ်
၂။သူ့မူရင်းဘာသာစကားနဲ့သူပြန်ရှင်းထားတာမျိုးပါရပါမယ်
၃။မြန်မာလိုလဲပါရမယ်(အစပိုင်းလေ့လာချိန်မှာပေါ့)
0 comments:
Post a Comment