Saturday, October 17, 2009

ပါးလာတဲ့စာလွှာ

၁၅ရက်နေ့ခန့်ရောက်မည်။ ၂၀ရက်နေ့ထိမရောက်လာလျှင်ဖုံးဆက်ပါတဲ့။

ကြာသပတေး
တိတ်တိတ်လေးစောင့်တယ်။ မလာဘူး။
သူ့ဆီကဖုံးလာတယ်။ ဘယ်လိုလဲ မလာသေးဘူးလားတဲ့။

သောကြာ
ဟော ဆိုင်ကယ်သံကြားတယ်။ စာပုံးထဲစာတွေထည့်သံကြားတယ်။
ရင်တွေခုန်တယ်။ တထိတ်ထိတ်။ သွားကြည့်တယ်။
ဟော အများကြီးပဲ။ သေချာပြီ။
ဒါပေမဲ့ မပါလာဘူး မျှော်သောစာ။
သူ့ဆီကဖုံးလာပြန်တယ်။ စာလာပြီလားတဲ့။
တိုးတိမ်တဲ့အသံ ဟင့်အင်း။

စနေ
နေသိပ်မကောင်းချင်တော့ဘူး။ ရက်တွေလည်းကျော်လှပြီ။
သူကပြောတယ်။ ဒီနေ့အိပ်ရေးဝအောင်အိပ်တဲ့။ ၁၀နာရီခွဲသွားတယ်။
ခဏကြာတော့ ဟော ဆိုင်ကယ်သံ ကြားတယ်။
သူက ပြုံးတုံးတုံးနဲ့ ဟော လာပြီ တဲ့။
အယ် မျက်လုံးပြူးပြူးနဲ့ ခဏငြိမ်သွားတယ်။ စိတ်လှုပ်ရှားစွာ။
စာထည့်ပြီးဆိုင်ကယ်ထွက်တာကို သူကတံခါးဝမှာအဆင်သင့်တိတ်တိတ်လေးစောင့်နေတယ်။

သူတံခါးဖွင့်လိုက်ပြီ။ ဘာစာပါလိမ့်။
အယ် တ၀ုန်းဝုန်းပြေးသွားတဲ့သူ့ခြေသံကြားတယ်။
အား ...သေချာပြီ အရေးကြီးတဲ့စာဆို လူမရှိရင်မထားခဲ့ဘူး။
ထပ်လာပို့ရမယ့်အချိန်ကိုအကြောင်းကြားဖို့စာပဲချန်ခဲ့တတ်တယ်။
သူ ဆိုင်ကယ်နောက်လိုက်တာနေမှာ။

မျှော်နေတယ် သူ့ခြေသံ
ကြာလိုက်တာ
အင်း မမီတော့ဘူးထင်တယ်
ရှာမတွေ့တော့ဘူးထင်တယ်
သိချင်ပါတယ်ဆိုမှ

ဝုန်းခနဲ့တံခါးဖွင့်သံကြားတယ်
သူပြန်လာပြီ
လိုက်တာမမီဘူး စာတိုက်ကိုဖုံးဆက်ရမယ်တဲ့
ကိုယ်က ၀ုန်းခနဲကဆွဲကြည့်တယ် ကိုယ့်နာမည်
ဒါဆိုသေချာပြီ ချက်ချင်းဖုံးလှမ်းဆွဲတယ်
နေ့လည်လာပို့ခိုင်းမယ်လို့
သူကပြောတယ် နေ့လည်မမီဘူးတဲ့ နက်ဖြန်မှတဲ့
ကိုယ်ကပြောတယ် မီတယ် မမီရင် ညနေလာခိုင်းမယ်လို့
နှစ်ယောက်သားငြင်းနေပြီး ကိုယ်ကနံပါတ်ကောက်နှိပ်တော့
သူက ရော့ စိတ်မကောင်းမဖြစ်နဲ့နော်တဲ့
သူတိတ်တိတ်လေးဖွင့်ဖောက်ထားတာစာအိတ်က ထိပ်က ရုပ်ဆိုးစွားနဲ့စုတ်ပြဲနေတယ်
(အေဖိုးဆိုဒ်ပါ)
ဒါပေမဲ့ ကိုယ်သက်ပြင်းကျသွားတယ်။
သူ့မျက်ဝန်းတွေကိုယ်သိတယ်။ အပျော်ကိုမြင်ရတယ်။

စာထုတ်ကြည့်တယ်။
ငိုချင်လာတယ်။ ကိုယ်သိတဲ့အောင်တယ်။အရွေးခံရတယ်ဆိုတဲ့ဂျပန်စာတွေမပါလာဘူး။
အောင်လားဟင် သူ့ကိုမေးတော့ သူက စိတ်မကောင်းမဖြစ်ပါနဲ့ဆိုတဲ့။
မုန်းဖို့ကောင်းလိုက်တာ။ သူက အစသန်လွန်းလို့ ကိုယ်အမြဲစိတ်ညစ်ရတယ်။
ဆက်ကြည့်တယ်။ သင်တန်းတက်ရမယ့်အချိန်တွေ တခြားရှင်းလင်းချက်တွေ
ဟင် မအောင်ရင်တော့မပို့လောက်ပါဘူး
ငိုတော့မဲ့ရုပ်နဲ့သူ့ကိုကြည့်တော့ သနားသွားပုံပေါ်တယ်။
ဒီမှာလေ ခဲ့သဲး တဲ့ အဲဒါအောင်တာပေါ့ ဂုဏ်ယူပါတယ်လို့သူကပြောတယ်။
သတ်မှတ်လိုက်ပြီ လို့ ကိုယ်ကဘာသာပြန်တာကိုး ဘာသတ်မှတ်မှန်းရှာမတွေ့တာ။

အိုး အကျယ်ကြီးထအော်လိုက်တယ်
ပျော်တယ်။
အိမ်ကိုဖုံးဆက်တော့ဖေနဲ့တွေ့တယ်
ဖေကပြောတယ် ငါပြောသားပဲ အောင်မှာပါလို့ :D
ရယ်ချင်သွားတယ်။ အဖေက သူဖြေတာလဲဟုတ်ပဲနဲ့လို့။
ကိုယ်ကတအားစိတ်ပူနေခဲ့တာ။

ခရီးကအစပဲရှိသေးတယ်။
ဆက်ကြိုးစားရဦးမယ် အများကြီး
ဒီလိုပါပဲ ဘာမှမလုပ်မနေတာထက်စာရင်တော့
တခုခုလုပ်နေပြီးကျရှုံးတာ ရတဲ့အရှုံးကသင်ခန်းစာမို့ အရှုံးကအမြတ်ပဲလေ။
ဒါ ဦးလေးသင်ပေးဖူးတဲ့စကား။
ဒီလိုနဲ့အမှတ်တရဒီနေ့လေးကိုရေးမိတယ်။ နောင်တချိန်ပြန်ဖတ်ရအောင်ပေါ့။

7 comments:

မြူးသျှရီ said...

တခုခုလုပ်နေပြီးကျရှုံးတာ ရတဲ့အရှုံးကသင်ခန်းစာမို့ အရှုံးကအမြတ်ပဲလေ ဆိုတာလေးသဘေားကျတယ်

မြတ်နိုး said...

ကွန်ဂရက်ကျူလေးရှင်းပါ..

အဲတာပြောတာပေါ့... အမှန်တကယ်က ဂျပန်မှာ အားလုံးသာ သိသလောက်ဖြေပစ်လိုက်..
လုံးဝ မသိလို့မဖြေပဲမနေနဲ့..။

အဲဒါအဖြေပဲ..။ ဟီး

ဆက်လက် အောင်မြင်ပါစေ..

တို့တော့.. အများနည်းထဲက သွေဖယ်ဖို့ ကြိုးစားနေတယ်..။ ကိုယ်ပိုင်အလုပ်ပဲ လုပ်ချင်တော့လို့..
သင်ထားတဲ့ပညာတွေ ကို အဝေးလွှင့်ပစ်ဖို့ စဉ်းစားနေပီ..။ ဟီးး

Vista said...

ပြောတာပဲ အောင်မှာလို့ 
အမ ဖေဖေ့လိုပြောလိုက်မယ် ဟိ
ကျနော် အမစာမေးပွဲဖြေတယ်ပိုစ့် တင်ထဲကပြောဖူးပါတယ်နော် ဟိဟိ

ကျော်နှင်းဆီလွင် said...

မြူးရေ အဲဒါဦးလေးစကားငှားယူကျင့်ကြံတာ
:D
မမိုရေ မဖြေခင်ကမမိုဆီနည်းနာခံရမှာ
ဒါဆိုအမှတ်ပြည့်ရမှာ
အဟားဟား
ပညာတွေညီမဆီလွှင့်ပစ်လိုက်လေ...
:D
Vistaရေ ဟုတ်တယ်နော် သိပ်တော်တာပဲ
အကြားမြင်ဆရာ လုပ်စားပေတော့
:D

khun said...

Congratulation မရေ
မနေ့ကော ဒီနေ့ကောဘယ်မှ အိမ်မလည်ဖြစ်လို့
မရောက်ဖြစ်တာပါ။
အောင်သွားပြီ ဆိုတော့
ဝမ်းသာစရာကြီး.........
အစ်မပြောသလိုပဲ
ခရီးကအခုမှ အစဘဲရှိသေးနော်။
頑張りましょうね~

မြရွက်ဝေ said...

おめでとう!
(^-^)∠※PAN!

ကျော်နှင်းဆီလွင် said...

ခွန်ရေ
ဟုတ်တယ်နော်
それぞれ頑張りましょうね
人生って頑張っていくもんだからね。
:)
မြရွက်ဝေသောသူငယ်ချင်းသို့
ありがと~ね
:)

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates