ဂျပန်ရောက်မြန်မာတွေကြားမှာကမာကူရဘုရားကြီးဟာအတော်လေးကိုကျော်ကြားပါတယ်။
ကိုယ်လည်းကြည်ညိုမိတာအမှန်ပါ။ အမှတ်ရစရာတွေနှင့်ပေါ့။
အမှတ်မထင်တောင်းလိုက်မိတဲ့ဆုကလေးတစ်ခုဟာကွေ့ကာပတ်ကာနှင့်ဆုတောင်းပြည့်ခဲ့တာမို့
သတိရလို့တွေးလိုက်မိတော့ သြော် ငါ အဲလိုဆုတောင်းခဲ့ဖူးတာပဲလို့ သတိပြုမိလိုက်တော့
တကယ်အံ့သြခဲ့ဖူးပါတယ်။ အခုတော့ အဲလိုဖြစ်နေပါပေါ့လားလို့။
ကမာကူရဘုရားအရင်တခါက၂ကြိမ်ရောက်ဖူးပေမဲ့ဘုရားရုပ်ပွားတော်ထဲဝင်ကြည့်လို့ရတာမသိခဲ့
ပါဘူး။ ဒီတခါဂျပန်ရောက်တော့ ဦးဆုံးကမာကူရကို နှစ်ယောက်သားသွားဖူးတော့ အထဲဝင်လို့ရတာမို့
တဦးယမ်းတစ်ဆယ်နှင့်ဝင်ကြည့်ခဲ့ပါတယ်။
အမြဲတမ်းဝင်ကြည့်ခွင့်ပေးမပေးတော့မသိပါဘူး။
ပြီးတော့ဘူတာမှာမြေပုံတွေကိုအခမဲ့သွားယူနိုင်ပြီး ကမာကူရဘုရားအနီးမှာ အခြားများပြားစွာသော
လည်စရာနှင့် ဘုရားကျောင်း၊ နတ်ကျောင်းတွေလဲအများကြီး ရှိတာမို့ ဟိုဟိုသည်သည်ပတ်ကြည့်စရာ
တွေလည်းများပါကြောင်း။
6 comments:
တူတူပဲ.. ၂ခေါက်တဲ့ အဲ့မှာနေပီးး
ကိုယ်ဆို .. ၇ ခေါက်ရှိပီ။
အဲဒါနဲ့ ပက်သက်တဲ့ ပို့စ်တွေ အများကြီးရေးထားတာ..
ဆုတောင်းသိပ်ပြည့်တယ်။
အနားမှာသာနီးရင် တလ ၁ခါလောက်ကို သွားမှာ..။
ခွန် လဲအားလုံးပေါင်းမှ သုံးခေါက်
ပဲရောက်ဘူးတယ်။
江ノ島 ရောဝင်ခဲ့လား အစ်မ။
အလည်သွားချင်လိုက်တာအမရယ်....
ထူးခြားတာတွေရှိရင် ရေးပြပေးအုံးနော်အမ
ကျေးဇူးအထူးတင်ရှိစွာဖြင့်
မမိုရေ ၇ခေါက်တောင်...ကောင်းလိုက်တာ
ဆုတောင်းတွေပြည့်ဖူးပုံပဲနော်
:)
ခွန်ပြောတဲ့အဲနော့ဂျိမလားမသိဘူး
ရောက်ခဲ့လားမသိဘူး
အမက၀န်ခံရရင်အခေါ်ဝေါ်နဲ့နာမည်တွေ
မှတ်တာအားသိပ်နည်းတယ်:D
မိုးဆွေရေ လည်လည်လာခဲ့နော် မပြန်ခင်
တူတူသွားရအောင်
:)
တစ်ခေါက်လောက်တော့ရောက်ဖူးချင်တယ်
ထောထောရေ
ပုံကိုကန်တော့ပြီးဆုတောင်းကြည့်
၃လလောက်အလည်လည်းကောင်းတာပဲဟာ
နော့
:D
Post a Comment