... အားလုံးကိုဖတ်စေချင်ပါတယ် ...
အခက်ခဲဆိုတာ ဘာလဲ၊ စဉ်းစားကြည့်စမ်းပါ
ကြီးမားသည့်အတားအဆီးဟူသည်
သင့်မျက်စိကို ပန်းတိုင်မှလွှဲဖယ်လိုက်မိစဉ်
မြင်ရတတ်သည့် ကြောက်မက်ဖွယ်ရာတို့ကို
ဆိုပေသည်။
(ဟင်နရီဖို့ဒ်)
......
ဆော့ခရတ္တိအားလူငယ်များကိုစာရိတ္တပျက်စေသူဟူ၍ မလိုသူတို့က စွပ်စွဲခဲ့ဖူးသည်။
ဆော့ခရတ္တိ၏ ကိုယ်ကျင့်တရားဆိုင်ရာ သြ၀ါဒများကို ယနေ့တိုင် ကမ္ဘာက ဆည်းပူးရဆဲဖြစ်သည်။
ပလေတို၊ အရစ္စတိုတယ် စသည့် ၎င်းင်း၏တပည့်စဉ်ဆက်တို့သည် ဥရောပနှင့်တကွ ကမ္ဘာကိုပါ
အသိပညာ ဖြန့်ဖြူးပေးဝေသည့်ပညာရေးသမားကြီးများ ဖြစ်ခဲ့သည်။
.....
ပီတာ ဂျေ ဒင်နီယယ် စတုတ္တတန်းမှာ ရှိစဉ်က သူ့ဆရာမ မစ္စဖိလစ်(ပ)(စ)က ...
( ပီတာ မင်းဟာ အလကား အသုံးမကျတဲ့ ပန်းသီးပုပ်ပဲ
ဘယ်တော့မှ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး ) ဟူ၍ အမြဲပြောလေ့ရှိခဲ့သည်။
ပီတာသည် အသက် ၂၆နှစ်အထိ စာလုံးဝ မတတ်သလောက် ဖြစ်ခဲ့သည်။
သို့သော် သူ့အား သူငယ်ချင်းတစ်ယောက်က နပိုလီယန်ဟေးလ်၏ အကြံဥာဏ်ဖြင့်ကြီးပွားရေးစာအုပ်ကို
ညလုံးပေါက် ဖတ်ပြပြီးသည့်နောက်တွင် သူ့ဘ၀ ပြောင်းလဲသွားခဲ့သည်။
ယခုအခါ၌ သူသည် ယခင်သူအမြဲရန်ဖြစ်လေ့ရှိခဲ့သည့် လမ်းဆုံလမ်းခွများကို ပိုင်ဆိုင်လျှက်ရှိသည်။
စာလည်း ကောင်းစွာ တတ်မြောက်ခဲ့ရုံမျှမက စာအုပ်စာတမ်းများပင် ရေးသားထုတ်ဝေနိုင်ခဲ့သည်။
သူ၏ နောက်ဆုံးထုတ်စာအုပ်မှာ (ဆရာမပြောတာ မှားသွားပြီ)ဟူ၍ဖြစ်သည်။
.....
အီဗော်လူးရှင်း သီဝရီ၏ ဖခင်ကြီး ချားလ်(စ)ဒါဝင်သည် သူ့ဆရာများနှင့် သူ့ဖခင်ကိုယ်တိုင်က ဥာဏ်ရည်နိမ့်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
.....
ဖန်တီးမှုအနုပညာလောကတွင် ထိပ်သီးတစ်ဦးဖြစ်လာသော ဝေါ့ဒစ္စနေးသည် စိတ်ကူးဥာဏ်ခေါင်းပါးသည် ဟူသော မှတ်ချက်ဖြင့်သတင်းစာအလုပ်မှထုတ်ပယ်ခြင်းခံရဖူးသည်။
ထို့ပြင် ကလေး လူကြီးတကာတို့ လာရောက် လည်ပတ်ကြသော့ ဒစ္စနေး အံ့ဖွယ်ကမ္ဘာလုပ်ငန်းကြီး အောင်မြင်စွာ မတည်ထောင်နိုင်မီ စီးပွားအကြိမ်ကြိမ် ပျက်ခဲ့ဖူးသည်။
.....
ဓါတ်စက်၊ လျှပ်စစ်မီးသီးအပါအ၀င် တီထွင်မှုပေါင်း ၁၃၀၀မျှ ပြုလုပ်ခဲ့သည့် သိပ္ပံပညာရှင်ကြီးအက်ဒီဆင်အား သူ့ဆရာများက အလွန်ထုံထိုင်းသူ၊ ဘာစာမျှသင်မရသူ ဟူ၍ မှတ်ချက်ချခဲ့ဖူးသည်။
.....
၂၀ရာစု၏ အကြီးကျယ်ဆုးံ သိပ္ပံပညာကျော် အယ်လဘတ်အိုင်စတိုင်းသည် အသက်၎နှစ်အရွယ်ထိ စကားမပြောတတ်ခဲ့။
အသက်၇နှစ်သားအထိ စာမဖတ်တတ်ခဲ့။
သူ့ဆရာကလည်း သူ့အား ဦးနှောက်လေးသူ၊ ပေါင်းသင်းဆက်ဆံရေးချို့တဲ့သူ၊
ရူးတူးကြောင်တောင်အတွေးများဖြင့် နစ်မျောနေတတ်သူ ဟူ၍ မှတ်ချက်ချခဲ့သည်။
.....
စစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးဖြင့် ကမ္ဘာကလေးစားရသော ရုရှားစာရေးဆရာကြီး တော်စတွိုင်းသည်
ကောလိပ်ကျောင်းမှ တ၀က်တပျက်နှင့် ထွက်ခဲ့ရသူ ဖြစ်သည်။ သူ့အား စာသင်၍မရ၊
စာသင်ချင်စိတ်လည်း သူ့မှာမရှိဟု မှတ်ချက်ချခြင်း ခံရသည်။
.....
နှစ်ဆယ်ရာစု ပထမပိုင်းကာလ၏ အထင်ရှားဆုံး လူသားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူ ဆာဝင်စတန် ချာချီ သည် ၆တန်းတွင် စာမေးပွဲကျခဲ့သည်။
ဘ၀သက်တမ်းတလျှောက်လုံးလည်း နိုင်ငံရေးနယ်ပယ်တွင် ရှုံးပွဲတွေအလီလီ ဆင်နွှဲခဲ့ရပြီး အသက်၆၂နှစ်အရွယ်တွင်မှ ဗြိတိသျှဝန်ကြီးချူပ်ရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။
.....
အလားတူ အလားတူ အဲသည်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဖြစ်ရပ်မျိုးတွေ အများအပြားပင် ရှိပါသည်။
ထို့ကြောင့် အကယ်၍ သင့်မှာ လောလောဆယ် ဆုံးရှုံးမှု၊ အရေးနိမ့်မှုများ ကြုံတွေ့နေရသည် ဆိုငြားအံ့။ ထိုအတွက် စိတ်ပျက်လက်ပျက်လက်လျှော့လိုစိတ်များလည်းဖြစ်ပေါ်မည် ဆိုငြားအံ့။
သည်ပုဂ္ဂိုလ်တွေအကြောင်း တွေးကာ၊ ထို့နောက် သူတို့အကြောင်းတွေ အသေးစိတ် လိုက်လံလေ့လာကာ၊ စိတ်သစ် အားသစ်တွေ မွေးပြီး ကြိုးစားကြည့်စမ်းပါ ဟု အကြံပေးလိုက်ချင်ပါသည်။
ဆရာဖေမြင့်စာအုပ်မှထုတ်နှုတ်ဖော်ပြပါသည်။
အားလုံးကိုပျော်ရွှင်အောင်မြင်စေချင်ပါသည်။
5 comments:
ngar ma thay bu yay ku tat tae...
:))
try to stand and find to solve my problem.
Thanks for that post.
:))
:))
:))
:))
:))
:))
:))
:))
:))
:))
sry,.. it's make me smile for doing like this.
hee hee...
I can fly, I can smile,I can do.
I know difficulty sometime,but still I am trying.
:))
:))
:))
No matter what!
No matter what!
ဒါဖတ်ပြီး လေနေတဲ့စိတ်လေး ပြန်စုလိုက်ပါဦးမယ်။ :)
မမိုရေ
ပြုံးနိုင်တာတွေ့လိုက်ရတော့တကယ်ဝမ်းသာမိပါတယ်။
of cos you can!
:D
မြရွက်ဝေသောသူငယ်ချင်းသို့
အစုဆောင်းကောင်းမှနော်
:D
လာလည်သွားတယ်။ အခုမှရောက်ဖူးတာပါ။ ဒါပေမဲ့ စာလေးတွေထဲမှာ ဗဟုသုတတွေရော အတွေ့အကြုံလေးတွေပါ ရေးထားတာတွေ့လို့ သဘောကျပြီး အကုန်ဖတ်ဖြစ်သွားတယ်။ ဖတ်လို့အရမ်းကို ကောင်းပါတယ်။ ဒီပို့စ်လေးကလည်း စိတ်ဓါတ်ကို မြင့်တင်ပေးတဲ့ ပို့စ်လေးပါပဲ.။
ကျေးဇူး ဇာခြည်...။
မညရေ (ခေါ်ပုံဆန်းတယ်နော် မကြိုက်ရင်ပြန်သင်ပေးပါဦး)
လာလည်တာကျေးဇူးပါ။
:D
Post a Comment