Friday, November 6, 2009

ခံစားမိသမျှနိုင်ငံရပ်ခြားဘဝ

တပြည်တနိုင်ငံကိုလာသူတိုင်း ရောက်စမှာ အနည်းနှင့်အများCulture Shockကိုခံစားရမယ်လို့
ထင်မိပါတယ်။ ကိုယ်လည်းဒီလိုပါပဲ။ အရင်ကတော့ Culture Shockဆိုတာ ၀တ်ပုံစားပုံ ကွာခြားမှုလောက်သာထင်ထားမိတဲ့ကိုယ်ပါ။
ဒီတကြိမ်ရောက်ပြန်တော့လည်းအစစအရာရာ သူဘေးနားမှာလိုတာတွေဖြည့်ပေးနေလည်း တော်တော်နဲ့အသားမကျနိုင်ဘူး။ ဘာအဆင်မပြေဘူးလည်းဆိုတော့လည်း ဒီလောက်ခက်ခဲတာ
ရယ်လို့မရှိ။

ဒါပေမဲ့ ဒီရက်ပိုင်းတွေမပျော်ဘူး။ အိမ်ကိုလွမ်းမိတယ် အကြိမ်ကြိမ်။ တခါတလေ ငိုမိတယ်။
သူကပြောတယ် ပြန်လည်ဖို့။ ပြန်လည်ဖို့လောက်ခံစားရသလားဆိုလည်း မဟုတ်ပြန်ဘူး။
အဲလိုနဲ့အပျင်းပြေဆောင်းပါးလေးတွေလှန်လှောကြည့်တော့ သွားတွေ့တယ်။

နောက်တော့ကိုယ်သိသွားတယ်။ Culture Shock နည်းနည်းဖြစ်နေတာ။ ပတ်ဝန်းကျင်က ဂျပန်တွေချည်းမို့
ဗမာစကားသိပ်မပြောဖြစ်ဘူး။ နေ့တိုင်းမပြောမဖြစ်ဂျပန်လိုပြောနေရတယ်။ အထီးကျန်ပြီးအားငယ်နေရော
တခါတလေ အကြောင်းမရှိငိုချင်နေတယ်။ လမ်းသွားရင် ရထားပေါ်မှာအလိုလိုစိတ်တိုနေတယ်။
ဒီမိန်းမမျက်နှာကြောတင်းလိုက်တာ မြင်ရတာ မဆီမဆိုင်စိတ်တိုမိတယ်။
ဗမာအစားစာသိပ်မစားဖြစ်တာလည်း ရောက်ခါစကတည်းကပဲ။

အဲလိုနဲ့ ကိုယ့်ကိုယ်ကိုဘာဖြစ်လဲသိအောင် ကျန်းမာစိတ်ပျော်ရွှင်အောင်နေနိုင်ကြဖို့ ဒီဆောင်းပါးလေးညွှန်းလိုက်ပါရစေ။
အားလုံးအတွက်သိစေချင်လို့ဝေမျှပေးလိုက်ပါတယ်။
နိုင်ငံရပ်ခြားမှာရှိသူတိုင်းဖတ်သင့်တယ်လို့လည်းထင်ပါတယ်။

Something About Culture Shock

How to cope with Culture Shock?
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

6 comments:

လသာည said...

အေးကွာ... အင်း ဒီလိုပါပဲ.. Culture Shockမဖြစ်အောင် အောက်ကဆောင်းပါးအတိုင်းပဲနေကြတာပေါ့ :P

Ye said...

ဝေဒနာတွေကို....ခံစားကျင်လည်နေတဲ့....သဘော တွေပါပဲ....ခံစားလို့ခံစားနေမှန်းမသိကြလို့သာပဲ ....နောက်လဲအလားတူတွေလာဦးမှာပဲ.......မသိသေးသမျှပေါ့...

အဲဒါတွေ..ထဲကရုံးထွက်နိုင်ရင်တော့....မဟာလူသားပေါ့.... It' will be a Great Challenge. Great Chance as well.

Ko Ye

ကျော်နှင်းဆီလွင် said...

ဟုတ်တယ်နော်မညရေ

အကိုရေ...သတိပေးလိုက်သလိုပဲခံစားရတယ်...ရုန်းထွက်နိုင်ဖို့ကလည်းအလှမ်းဝေးပေမဲ့အတတ်နိုင်ဆုံးတော့ကြိုးစားပြီးသွားပါ့မယ်...

khun said...

မရေ
ခွန်ကတော့အခုတလော မြန်မာလိုချည်းပြောဖြစ်
နေလို့ အလုပ်မှာဒုက္ခရောက်မှာတောင်စိုးနေရတယ်။
မြန်မာလိုပြောချင်ရင်ခွန့်ကိုခေါ်လိုက်လေ။
အားရပါးရကိုပြောပေးမယ်...သိလား။

ကျော်နှင်းဆီလွင် said...

ခွန်ရေ...ဖုံးဆက်လိုက်ရမလား
ဝိုင်းဝိုင်းသီချင်းလိုပေါ့
ကြားဖူးလား
:D

မြတ်နိုး said...

hon....

u r stay with ur hubby.
why do u think like that.
I live alone.
In my place, no Myanmar.
and most of my closed friend go back to MM.
So,how can I????

hay,.. don't feel like that, if u feel and think u r shocked , then stare to other people like me.

Honnnnnn..

Sometime, i didn't say anywords even MM or English or Japan.

:(
That's why i writing blog.

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates