ဖြစ်ချင်တော့အိမ်ပြောင်း၊ ပြောင်းတော့လည်း သူက အစစအရာရာ စီစဉ်ရင်း အရေးကြီးတဲ့
အင်တာနက်သုံးခွင့်ကို လျှောက်ဖို့မေ့နေတော့ နီးမှကပ်လျှောက်တဲ့အခါ တပတ်လောက်
နောက်ကျသွားရပါတယ်။ သို့ငြား ပြောင်းပြီးတော့ ခရီးထွက်ပြန်တော့ အင်တာနက်လာချိတ်
ဖို့ကို ရက်ထပ်ဆုတ်ခိုင်းရပြန်တော့ အဲလိုနဲ့အင်တာနက်သုံးတာ နောက်ကျသွားရပါရောပေါ့။
ဖုံးကအင်တာနက်နဲ့ မေးလ်ထဲတော့ ခဏခဏ၀င်၊ ဘာမှမရှိမှန်းသိပေမဲ့လည်း အပျင်းပြေ
နှိပ်နှိပ်မိငြား မြန်မာစာဖတ်လို့မရတော့ ဘလော့ဂ်လည်းမဖတ်နိုင်ပါဘူး။
မနေ့ကတော့ အင်တာနက်မိုဒမ်းလေးလာချိတ်ပေးသွားပါတယ်။ မိုဒမ်းနဲ့ကြိုးလာသွယ်ပေးရုံပါပဲ။
ကွန်ပျူတာဆက်တင်ကတော့ မိမိဘာသာအကုန်ဆင်ရပါတယ်။
သူ့အလာကိုမစောင့်နိုင်တော့ တယောက်တည်းကြဲပါတယ်။
ဂျပန်မှာအင်တာနက်သုံးတဲ့အခါ လာဆင်ပေးတာက NTTအရှေ့ဂျပန်ကုမဏီပါ။
သည့်မတိုင်ခင် NTTက ချိတ်ပိတ်စာကလေး ကြိုရောက်နေပြီး ID နှင့်Access Keyကိုဖော်ပြထား
ပါတယ်။ စီဒီတချပ်တွဲပါပြီး စီဒီကလေးထည့်ပြီး မီနူးစာအုပ်ပါပါတာမို့ စာအုပ်ထဲကအတိုင်း
တဆင့်ချင်းလိုက်လုပ်ပါတယ်။
နောက်ဆုံးချိတ်ဆက်ခါနီး ချိတ်ဆက်ဖို့ အမည်နဲ့ နံပါတ်ထပ်တောင်းတော့ ကြောင်သွားပါတယ်။
NTTကစာအုပ်ထဲရှာတော့လည်း ID နှင့်Access Keyကလွဲလို့မတွေ့တာမို့ NTT service centre
ကိုဖုံးဆက်ပြီး မေးရပါတယ်။ အဲတော့မှ သူတို့က ဘယ် providerနဲ့လုပ်တာပါလည်းတဲ့။ အဲသည့်
က စာတစောင်သက်သက်လာတာမရှိဘူးလား အဲသည့်ထဲမှာပါပါတယ်တဲ့။
သြော..အင်တာနက်သုံးဖို့ကို အဆင့်ဆင့် ID နှင့် Password က နှစ်ဆင့်လိုသည်ကိုး။
ဂလိုနဲ့ စာအိတ်ရှာ အဲသည်လိုနဲ့ အောင်မြင်စွာချိန်ဆက်ပြီးချိန်မှာ မောပမ်းစွာဖြင့် အင်တာနက်
မသုံးဖြစ်တော့ကြောင်းပါ။
အဲလိုနဲ့ ပို့စ်ဦးပို့စ်ဖျားလေးတင်လိုက်ပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪
10 comments:
အော်....ဂျပန်မှာက အဲလိုလား...။ဒီလိုဆို ဒီမှာက ပိုလွယ်သလိုပဲဗျ...။
(စင်္ကာပူမှာပြောတာပါ )
ပျော်ပျော်ကြီး ဆက်လက်၍ ဘလော့ဂင်း နိုင်ပါစေ ညီမရေ
ခင်တဲ့
ရွှေစင်ဦး
ဒါကြောင့်ပျောက်နေတာကိုး
ဒါဆို နောက်ဆက်တွဲ စာလေးတွေ လုပ်ပါဦး။
ohikkoshi & internet
omedetou..... ;)
korekara mo takusan kaite ne...
jikan ga attara mata aimashou ne.
chinamini dokorahen ni hikkoshita no???
ကိုမောင်လေးရေ ဂျပန်က privacyနဲ့ပတ်သက်ရင်အတော်စည်းကမ်းတင်းကျပ်လေ့ရှိတယ်။ မမရွှေဇင်ရေ ကျေးဇူးပါ။
မနွယ်လေး ...ကိုယ့်ညီမပျောက်နေတာသိတယ်ပေါ့။
ကိုဇော်ရေ ဆက်ချသွားမယ်..
ခွန်ရေ ဒီတခါတွေ့မှအစုံပြောပြမယ်နော်။
;)
ဟိတ် ချိန်းပြီးပြောကြတော့မယ်ပေါ့။
ညီမရေ။ အိမ်အပြောင်းအရွှေ့နဲ့ ပင်ပမ်းနေမှာပဲ။
အင်တာနက်ရတော့မှပဲ ပြန်ဆက်သွယ်ဖြစ်တော့တယ်။
ဘာမှ မကူညီနိုင်ခဲ့ဘူးနော်။
အိမ်သစ်မှာ မင်္ဂလာအပေါင်းခညောင်းပါစေ။
အင်တာနက်က ဘယ်နေရာရောက်ရောက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေမှာ သေချာပါတယ်။ "မင်းမရှိလို့ ဖြစ်တယ်။ အင်တာနက်မရှိလို့ မဖြစ်ဖူး" လို့ ဆိုရလောက်အောင် လိုအပ်လှပါတယ်။း))))
ကျနော်လဲ အင်တာနက်တစ်ရက်တော့ မသုံးလိုက်ရရင် တစ်ခုခု ဟာတာတာဖြစ်နေသလိုကြီးဖြစ်ခဲ့ဖူးတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
မမွန်ရေ စိတ်နဲ့တင်ကျေးဇူးပါ
ပေးတဲ့ဆုနဲ့ပြည့်ပါစေနော် :)
ကိုမောင်ရေ အမှန်ပဲ သူမရှိလို့မဖြစ်ဘူး :)))
အင်း မရှိတော့လည်း မနေတတ် ။ ရှိတော့လည်း သူ့ဆီမှာချည်း ဖြစ်နေတယ် အစ်မရေ ...။
Post a Comment