Saturday, October 9, 2010

ဂျပန်ဆေးများ Coloskin

တလောက ပွန်းရင်ရှရင် ထိခိုက်ရှနာအတွက်သုံးဖို့ ဆေးတဘူးဝယ်ပါတယ်။
ထိရှနာအပေါ် ဂျယ်လ်အကြည်လေးလို ခပ်ပါးပါးလေးလိမ်းလိုက်တဲ့အခါ ဖျတ်ခနဲ အတော်စပ်ငြား၊
ခြောက်သွားတဲ့အခါ ပလပ်စတစ်အလွှာပါးလေးတလွှာလို အသားနဲ့ကပ်ခါ အနာကိုလုံနေအောင်
ပိတ်ပေးထားပါတယ်။ ရေသုံးလည်း ရေမ၀င် တရက်၂ရက်ခန့်အထားခံပါတယ်။ ဒါကြောင့်အနာ
မြန်မြန်ကျက်ပါတယ်။
အမည်က ကိုလိုစကင်၊ အင်္ဂလိပ်လို Coloskin၊ ဂျပန်လို コロスキンလို့ခေါ်ပါတယ်။




ခုနောက်ပိုင်း ဆေးအမည်တွေနှင့်တဖြည်းဖြည်းယဉ်လာတာမို့ တော်ပါသေးတယ်။
ရောက်စကဆို ကိုယ်ဖြစ်တဲ့ဝေဒနာကို အမည်တပ်မပြောတတ်တာလည်း အတော်အဆင်မပြေပါဘူး။

ဂျပန်ဟာ ဆေးဝါးနှင့်ပတ်သက်ရင်လည်း အင်မတန်မှကို တင်းကြပ်စည်းကမ်းကြီးသောနိုင်ငံပါ။
နှာစေး၊ ခေါင်းကိုက်၊ ချောင်းဆိုး နှင့် သာမာန်အဖျားဆေးများဆိုလျှင် Dorakku Store(Drug Store)
 သို့ ဂျပန်အခေါ် Yakkyoku (薬局)လို့ခေါ်တဲ့ ဆေးဆိုင်ကြီးတွေမှာ မေးပြီး အလွယ်တကူဝယ်နိုင်ပေမဲ့
ဝမ်းကိုက်ခြင်း၊ ဆီးအောင့်ခြင်း၊ စသော ပိုးသတ်ဆေးအနည်းငယ်ပါမှဖြစ်တဲ့ဆေးမျိုးတွေကစလို့ ဆရာဝန်
ထောက်ခံစာပါမလာလျှင် ထုတ်ရောင်းပေးလေ့မရှိပါဘူး။ ယင်းအပြင် ကိုယ်ဝန်တားဆေးလိုဆေးမျိုးကို
လည်း ထောက်ခံစာမပါပဲ ရောင်းလေ့မရှိပါဘူး။

ရေးလက်စမို့ နှာစေး ခေါင်းကိုက် ဖြစ်တတ်တဲ့ရောဂါလေးတွေအမည်ကို ဂျပန်အခေါ်ဝေါ် တတ်သလောက်
ရေးလိုက်ပါဦးမယ်။

ဆေး - Kusuri - 薬- くすり

ခေါင်းကိုက်ခြင်း - ZuTsuu - 頭痛 - ずつう
အဖျားရှိသည် -NeTsu ga arimasu - 熱があります - ねつ が あります
အအေးမိသည် - KaZe ga hiku - 風がひく - かぜ が ひく - かぜ が ひいています。
ချောင်းဆိုးသည် - Seki ga deru - 咳が出る- せき が でる - せき が でています。
နှာမွှန်၊နှာချေခြင်း - KuShaMi - くしゃみ
နှာပိတ်ခြင်း - HanaTsumari -  鼻詰まり- はな つまり
နှာရည်ကျခြင်း - Hanamizu- 鼻水 - はな みず
လည်ချောင်းနာခြင်း - 喉が痛い- Nodo ga itai - のど が いたい
အသားပတ်ခြင်း - Hada are - 肌あれ- はだ あれ 

မျက်စဉ်းဆေး - 目薬 -MeGusuri - めぐすり
သွားကိုက်သည် - Ha ga itai desu- 歯 が 痛いです- は が いたいです。
ပလုတ်ကျင်းဆေး -Ugai Kusuri - うがい薬 - うがい くすり
ဆီးအောင့်ခြင်း - NyooTsuu - 尿痛- にょうつう
အမျိုးသမီးရာသီလာစဉ်ကိုက်ခဲခြင်း -SeiRiTsuu - 生理痛 - せいりつう
ကိုယ်ဝန်ဆောင်သည် -NinShin する - 妊娠する - にんしんする

ဗိုင်းရပ်စ် - Virus - ウイルス
ပိုးသတ်ဆေး - 殺菌剤 - さっきんざい
ပိုးသတ်ခြင်း - 殺菌 - さっきん
ပိုးသတ်ခြင်း - 消毒 - しょうどく
ပတ်တီးလိပ်(တိပ်) သို့ ပလတ်စတာPlaster - BanSouKou - 絆創膏 - ばんそうこう

ထိမိရှမိဒဏ်ရာ - 切り傷 - Kiri Kizu - きり きず
ပွန်းပဲ့ဒဏ်ရာ- 擦り傷 - Suri Kizu - すり きず
ယားနာကုတ်နာ - かき傷 - Kaki Kizu - かき きず
နှင်းခူရောဂါ - 湿疹 - ShisShin - しっしん
အဖုပိန့်ထွက်ခြင်း - Kabure - かぶれ
ပိုးမွှားတုတ်၊ကိုက်ခံရခြင်း - MushiSasare - むしさされ
ယားယံခြင်း - Kayumi - かゆみ

ဖိနပ်ပေါက်ခြင်း - 靴ずれ - Kutsu Zure - くつ ずれ

အကြောတက်ခြင်း - 肩こり - KataKori - かた こり
ကျောနာခြင်း - 腰痛 - YouTsuu - ようつう
ဗိုက်နာခြင်း - 胃痛 - Itsuu- いつう
အသောက်လွန်အစားလွန်ခြင်း - 飲みすぎ 食べすぎ-NomiSugi TabeSugi-のみすぎ たべすぎ
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း - 胸やけ- MuneYake - むねやけ
အစာကြေဆေး -消化の薬- ShouKa no kusuri- しょうか の くすり

လောလောဆယ် ခေါင်းထဲရှိသမျှနှင့် အိမ်ကဆေးပုံးဖွင့်လို့ တွေ့သမျှ ပေါ်လာသမျှ ရေးလိုက်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪

7 comments:

khun thadar said...

အစ်မ အိမ်မှာဆေးတွေအတော်များတဲ့ပုံဘဲ...

ကျော်နှင်းဆီလွင် said...

ဝေဒနာခံနေရတာကိုမနှစ်သက်တော့...
ကြိုတင် လိုလိုပိုပို ၀ယ်ထားမိတတ်တယ်..
:))

SHWE ZIN U said...

အင်း အဲဒီဆေးလေး ကိုသဘောကျတယ် မြန်မာပြည် ရှိလားမသိနော် မေးကြည့်အုန်းမယ် သိတဲ့ အတိုင်းဘဲ ဆိုင်မှာ ခဏခဏ ဟိုဖြစ်ဒီဖြစ် ဖြစ်ကျတယ်

ခင်တဲ့
ရွှေစင်ဦး

ကောင်းမွန်ဝင်း said...

ကျွန်မကဆေးကြောက်တတ်တယ်။

ဒီလိုဆေးအစုံကို ဆောင်နိုင်တာကောင်းတယ်။
ကျွန်မကတော့ အိပ်ထဲမှာအမြဲဆောင်လေ့ရှိတာ ဆေးပလာစတာလေ။ သားကော ကျွန်မကော သိပ်ချော်လဲတာပဲ။

nu-san said...

ညီမရေ.. ဒီပို့စ်လေး ဖတ်ရတာ အမအတွက် တကယ်အသုံးဝင်တယ်.. အမက ရန်ကုန်က ယူလာတဲ့ ဆေးတွေပဲ သုံးဖူးတယ်.. ဒီမှာတော့ ကိုယ့်ဘာသာကိုယ် ၀ယ်သုံးတာဆိုလို့ ခါးနာလို့ လူးတဲ့ ဆေးရည်တစ်မျိုးပဲရှိသေးတယ်.. ကျန်တာက ဆရာဝန်ညွှန်တဲ့အတိုင်း သုံးတာဆိုတော့လေ တခုခုဖြစ်လို့ ၀ယ်ချင်ပြီဆို ရှာပြီး ဖတ်ရတာ အချိန်အရမ်းပေးရတာပဲ.. အမလည်း ဂျပန်အခေါ်လေးတွေ မှတ်ထားချင်လို့ ကော်ပီကူးသွားပြီနော်.. ကျေးဇူးညီမ.. :)))

ကျော်နှင်းဆီလွင် said...

မရွှေဇင်ရေ ဆေးတွေ့ပြီလားဟင် :)

မမွန်ရေ ဒါဆိုရင်တော့ညီမနဲ့တူတယ် ညီမလည်းအမြဲဆောင်ထားတာ

မနုစံရေ
ညီမလည်း အကြောလိမ်းဆေးဆို ရန်ကုန်က၀ယ်လာတဲ့ ဘီဂျက်ဆစ်မှသက်သာတယ်ထင်တာ
မနုစံနဲ့
ကိုဧည့်သည်တို့ အသုံးဝင်ကြတာကြားတော့ ၀မ်းသာမိတယ်။
:)))

လသာ said...

ညီမလေး..
ဆေးခန်းသွားဖြစ်သေးဘူးရယ်...။ သူငယ်ချင်း ဆေးကျောင်းသူတစ်ယောက်က သွေးကြောနံရံပါးတာဖြစ်မယ်။ သွားပြလိုက်ပြောပေမယ့် ခွဲရပြုရဖြစ်မှာကို ကြောက်နေတာ။ Thesis ဟက်ပြောပြီးမှ သွားမယ်လို့ တွေးနေတာ။ ဖုန်းဆက် သတင်းမေးတာ ကျေးဇူးနော်.
အစ်မ ltn

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates