Wednesday, April 13, 2011

ဆူရှီ နှင့် ဆာရှိမိ

ဆူရှီ 寿司(すし) နှင့်ဆာရှိမီ 刺身(さしみ) စသိခဲ့စဉ်က အမှတ်မှားလွယ်ခဲ့ပါတယ်။

ဆာရှိမီ 刺身(さしみ)
ဆာရှိမိ ဆိုတာကတော့ အသားစိမ်း၊ ငါးစိမ်းကို ဒီအတိုင်းစားခြင်းပါ။၊

 အမဲသားဆာရှိမိ
ငါးနှင့်ပင်လယ်စာဆာရှိမိ
ဆာရှိမိစားနည်း
ဆာရှိမိဟာ သားစိမ်း၊ငါးစိမ်းနှင့်ပင်လယ်စာအစိမ်းများဖြစ်လို့ ကျွမ်းဝင်မှုမရှိရင် စားနိုင်ဖို့
ခက်ခဲပါတယ်။ သို့ငြား ဂျပန်ဓလေ့နှင့်စားနည်းကိုသိလျှင် ဆူရှီကိုနှစ်သက်လာလိမ့်မည်
ဟု မျှော်လင့်ပါတယ်။
ယင်းသားငါးစိမ်းလွှာများကို ဆူရှီငံပြာရည်နှင့်တွဲစားရတာဖြစ်ပြီး၊သားငါးအမျိုးအစားပေါ်
လိုက်ပြီး ဂျင်းစိမ်းနှစ် သို့  わさび(WaSaBi)လို့ခေါ်တဲ့ဂျပန်ရိုးရာအစပ်အနှစ်အစိမ်းရောင်
ကလေးနဲ့တွဲစားလေ့ ရှိပါတယ်။
စားနည်းကတော့ ငံပြာရည်နှင့်မတို့ခင်မှာ ၀ါစဘိ သို့ ဂျင်းအနှစ်ကိုသားငါးစိမ်းနှင့်ဦးစွာ
တို့ပြီး သို့ ငရုတ်ကောင်းတစေ့နှစ်စေ့ခန့်အနည်းငယ်လူးပြီးမှ ငံပြာရည်နှင့် သားငါးစိမ်း
ရဲ့ ၄ပုံတပုံခန့်ကိုတို့ပြီးစားခြင်းဖြစ်ပါတယ်။
အဓိကရှောင်ရန်ကတော့ ငံပြာရည်ထဲ ၀စဘိအနှစ်နှင့် ဂျင်းအနှစ်တွေရောမွှေပစ်ခြင်းပဲ
ဖြစ်ပါတယ်။


ဆူရှီ 寿司(すし)
ဆူရှီဆိုတာကတော့ ငါးအနွယ်ဝင်တွေကို အစိမ်းလိုက်၊ ထမင်းလိပ်ကလေးတွေနှင့်
တွဲစားတာရယ်ပါ။ ငါးအနွယ်ဝင်လို့ဆိုရတာကတော့ ငါးတခုတည်းတင်မဟုတ်ပဲ အော်
တိုပတ်စ်၊ ခရု စသဖြင့် ပင်လယ်စာအမျိုးမျိုးပါဝင်တာကြောင့်ရယ်ပါ။
အဓိကအားဖြင့် ဆူရှီ၂မျိုးရှိပြီး လတ်ဆတ်သောငါးနှင့်ပင်လယ်စာအစိမ်းကိုအသုံးပြုထား
သော ဟရဇုရှီ 「早鮨(早ずし)」နှင့် ငါးနှင့်ပင်လယ်စာကိုထမင်းဖြင့်ရောစပ်ကာအချဉ်
ဖောက်ထားသည့် 「なれ鮨(なれずし)」ဟူ၍ ဖြစ်ပါတယ်။

ဟရဇုရှီ 「早鮨(早ずし)」
 

「なれ鮨(なれずし)」

ယင်းတို့အထဲတွင်အဓိကလူသိအများဆုံးကတော့ဆူရှီအလိပ်(握り寿司)ပဲဖြစ်ပါတယ်။
巻き寿司(まきすし)မာခိဆူရှီလို့လည်းခေါ်ပါတယ်။




ဆူရှီစားနည်း
ဆူရှီကိုစားတဲ့အခါမှာ ငံပြာရည်အချိုရည်ကြည်ကြည်လေးနှင့်တွဲစားလေ့ရှိပါတယ်။
ငါးနှင့်ပင်လယ်စာအမျိုးအစားပေါ်မူတည်ပြီး ဂျင်းလွှာအချဉ်စိမ်ဖတ်လေးတွေ သို့ ၀ဆဘိ
わさび(WaSaBi)လို့ခေါ်တဲ့ ဂျပန်ရိုးရာအစပ်အနှစ် အစိမ်းရောင်ကလေးနဲ့တွဲစားလေ့
ရှိပါတယ်။ သို့ငြားများသောအားဖြင့် ၀ါစဘိထည့်ဖို့လိုတဲ့ဆူရှီတွေထဲမှာ စလုပ်တည်းက
ငါးလွှာနှင့်ထမင်းကြားမှာဖုံးကာ ထည့်ပြီးသားဖြစ်တာများပါတယ်။
ဆူရှီကိုငံပြာရည်(ဆူရှီဆော့စ်)နှင့်တွဲစားရာမှာ ထမင်းလုံးတွေကြွေကျတတ်ပြီး ပွစာကြဲ
တတ်တာမို့ မှန်ကန်သောဆူရှီစားပုံတွေကို ဒီဆိုဒ်မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။
ငါးစိမ်းဖြင့်ပြုလုပ်ထားသောဆူရှီစားနည်းပါ။
ရေညှိဖြင့်လိပ်ပြီးအထဲမှာအစာတွေထာပဌာထားတတ်တဲ့ဆူရှီကိုတော့ အများအားဖြင့်
ယင်းအတိုင်းစားလေ့ရှိပြီး ငံပြာရည်တို့တဲ့အခါ ရေညှိကိုတို့လေ့ရှိပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

12 comments:

စူးနွယ်လေး said...

သားငါးစိမ်းစားတာနဲ့ ဆူရှီအလိပ်ကို ခုထိမကြိုက်သေးဘူး
အဲဒီမှာနေရရင်တော့ တဖြေးဖြေးနဲ့စားလို့ဖြစ်လာမယ်ထင်တယ် :P အလိပ်ကလေးတွေက ဒီဇိုင်းအမျိုးမျိုးနဲ့။
တရုတ်တန်းမှာ ကားနဲ့ရောင်းတာတွေ့တယ်။ တော်တော်ရောင်းရတယ်။ လူတွေဝိုင်းနေတာပဲ။

ကျော်နှင်းဆီလွင် said...

မနွယ်လေး
ငါးအစိမ်းမထည့်ထားတဲ့ဆူရှီလိပ်ပါမကြိုက်တာလားဟင်
တချို့ဆူရှီတွေက ကြက်ဥတို့သခွားသီးတို့hamတို့ထည့်ပြီးလိပ်တာ
စားလို့ကောင်းတယ်မရဲ့
ဒီကိုလာလည်ရင်လိုက်ကျွေးမယ် :D

စူးနွယ်လေး said...

ကျော်ရေ... သားငါးစိမ်းမဟုတ်လဲ ထမင်းပါရင်မကြိုက်ဘူး ...အဟဲ..ထမင်းမပါတဲ့ သားငါးစိမ်း မပါတဲ့ ဆူရှီလိပ်မရှိဘူးလားဟင် :P
စစ စားကြည့်တုန်းက ၀ါစဘိအနှစ်တို့လိုက်တာ မွှန်ထွက်သွားတာပဲ။ အဲလောက်မွှန်မှန်းမသိလို့ အများကြီးတို့လိုက်တာလေ ဟိ..။

ကျော်နှင်းဆီလွင် said...

အဲဒါညီမရောပဲ မွှန်သွားတာပဲ :D
မနွယ်လေးကြိုက်တဲ့ဆူရှီလိပ်က မနွယ်လေးလာလည်မှညီမကတီထွင်လုပ်ကျွေးမယ် :)))

ငွေစန္ဒာ said...

ညီမရေဆူရှီနှင့်ဆာရှိမိအကြောင်းလေးဖတ်သွားတယ်။
ကျမလည်းအတယ်ပဲပြောပြောသိပ်မကြိုက်ဖူး။
Wasabi မွှန်ပြီးကတည်းကလေ.ဟီး..

ကျော်နှင်းဆီလွင် said...

မစန္ဒာရေ
တကယ်တော့ ညီမလည်း စားနိုင်ဖို့အတော်ကြာတယ်။
အိမ်ကလူက အတင်းကျွေး
ဂျပန်အစားစာစားနည်းအမြဲသင်ပေးမို့ယဉ်သွားပေမဲ့
ခုထိပြင်းတဲ့ငါးတွေစားနိုင်သေးဘူး
တူတူပဲ
:D

မြတ်မွန် said...

ဆူရှီကို ခုထိ စားလို့ မရဘူး ကျော်ရေ..ကြိုက်လို့ မရ ဖြစ်နေတာ..။
ရေလောင်းသွားတယ် ကျော်ရေ..
မင်္ဂလာရှိသော နှစ်သစ်ပါ ကျော်..။

ကျော်နှင်းဆီလွင် said...

:))ဟုတ်မမြတ်မွန်
ဆုတောင်းကျေးဇူးပါနော်

SHWE ZIN U said...

ညီမ ရေ

မင်္ဂလာနှစ်သစ်ပါနော်

ပျော်ရွှင်ချမ်းမြေ့ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကျော်နှင်းဆီလွင် said...

မမရွှေစင် ကျေးဇူးပါနော်
မလာသေးဘူးလားဟင် ဒီကို
:)))
လာရင်မေးလ်ပို့နော်

Anonymous said...

SALMON SASHIMI ကအရမ်းကောင်းပါတယ်..အရမ်းကကိုလဲ ..့ ကိုက်ပါတယ်.
ဘာလို. အချိုရည်နှင်. ၀ါဆာဘိ နှင်. မရောတာလဲ ဟင်.
ကျေူးဇူးတင်ပါတယ်
မမီးမီး

ကျော်နှင်းဆီလွင် said...

မမီးမီးရေ
အချိုရည်ဆိုတာငံပြာရည်ကိုပြောတာလားဟင်
ငံပြာရည်ဆိုရင်တော့ ဘာလို့ဝါဆဘိနဲ့မရောတာလဲဆိုတော့ ဂျပန်တွေရဲ့မန်နာလို့ပြောရမလား
မြန်မာတွေထမင်းစားရင်အသံမမြည်ရဘူးဆိုတာလိုမျိုးထင်တယ်
:)))

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates