Saturday, May 7, 2011

သိုးမွှေးထည်အမွှေးပွများဖြတ်ခြင်း

ခရီးထွက်နေတာနဲ့ဘလော့ဂ်လေးပစ်ထားမိပါတယ်။
 
ဂျပန်မှာဆောင်းတွင်းကလွတ်ကင်းစွာကုန်လွန်ပြီဆိုတော့ဆောင်းတွင်းထည်တွေဒီနေ့
ရှင်းလင်းထုပ်ပိုးသိမ်းဆည်းပါတယ်။

ကုတ်အကျီ င်္၊သိုးမွှေးနှင့်သားမွှေးထည်တွေဟာ ၀တ်ဖန်များ၊လျှော်ဖန်များလာလျှင်
အမွှေးလေးတွေပွထွက်လာပြီး အထူးသဖြင့် လက်တံတောင်ဆစ်နှင့် လက်အိုးတ၀ိုက်မှာ
အမွှေးလေးတွေလုံးပြီး သီးနေတတ်ပါတယ်။

ပြီးခဲ့တဲ့ဆောင်းဦးကုန်တည်းက စမ်းသုံးကြည့်ခဲ့ချင်ပေမဲ့ သိမ်းထားတဲ့အ၀တ်တွေ
ပြန်ထုတ်ရမှာစိုးတာနဲ့ပဲမသုံးဖြစ်ခဲ့တဲ့ ယင်းအမွှေးပွဖြတ်စက် ဂျပန်အခေါ် 毛玉
クリーナー သို့ 毛玉取りလို့ခေါ်တဲ့လက်ကိုင်စက်ကလေးကို တနေ့က ယမ်း၁၀၀တန်
ဆိုင်က ၀ယ်လာခဲ့တာမို့ မသိမ်းခင် အမွှေးပွကလေးတွေဖြတ်ရင်း သဘောကျမိတာမို့
ဒီပို့စ်ကလေးတင်လိုက်ပါတယ်။ ယမ်း၁၀၀ဆိုင် မိတ်အင်တရုတ် ထုံးစံအတိုင်း ကြာကြာ
ခံပုံတော့မပေါ်ငြား ဒီတနှစ်အတွက်တော့ ယမ်း၁၀၀နဲ့အလုပ်ဖြစ်သွားပါတယ်။
နောက်နှစ်မှပဲကောင်းတာကလေးရှာဝယ်ပေးဖို့ စိတ်ကူးမိပါတယ်။

 ဖြတ်ပစ်လိုက်တဲ့အမွှေးပွလေးတွေဟာ အောက်က ဘူးခွံအကြည်လေးထဲမှာစုနေတာမို့
အသာလေး အဖုံးဖွင့်ပြီးလွှင့်ပစ်ရုံပါပဲ။
ထင်သာမြင်သာရှိအောင် ဒီပုံကလေးလည်း တင်လိုက်ပါတယ်။

ပုံများကိုတော့အင်တာနက်မှာရှာဖွေကူးယူဖော်ပြပါတယ်။

အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေရှင်
♪♪♪

8 comments:

မြစ်ကျိုးအင်း said...

ကြည့်ရှုလေ့လာသွားပါတယ်ခင်ဗျာ။

အပေါ်ကကွန်မန့်က စာသားမှားသွားလို့ ဖျက်လိုက်တယ်ခင်ဗျ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သဘောကျတယ်
တစ်ခုလောက်လက်ဆောင်ပေးနော်း)

စူးနွယ်လေး said...

ခုမှအပြင်ကပြန်ရောက်လို့....

အဲလိုကိရိယာလေးတွေက ကောင်းတယ်နော်။ သူတို့ဆီမှာက ဘာအတွက်ဘယ်လိုလုပ်ရင်အသုံးဝင်မလဲလို့တွေးပြီးလိုအပ်တဲ့ကိရိယာလေးတွေမှ အများကြီးပဲနော်။

ကျော်နှင်းဆီလွင် said...

ကိုမြစ်ကျိုးအင်းရေအပေါ်ကကွန်မန့်ကအကြံပေးတာကပိုတောင်ကောင်းပါတယ်ရှင်။ ပညာလဲရပါတယ်။ အဲဒီ့စက်ကလေးကဖုနေလုံးနေတဲ့ မျက်နှာပြင်တညီတည်းမဖြစ်တဲ့နေရာတွေဖြတ်ပစ်ပေးတာမျိုးဆိုတော့ သုံးရင်း သတိထားဖြတ်ရမယ်လို့တောင်တွေးမိပါသေးတယ်။ ၁၀၀တန်ဆိုတော့ပိုစိတ်ပူရတာပေါ့ :)))နောက်မှ သုံးပြီးမှအကျိုးအပြစ်ထပ်ရေးဖို့စိတ်ကူးမိပါတယ်။

မချောရေ
တကယ်လားဟင်
တကယ်ဆိုရင်ညီမရဲ့မေးလ်ကိုလိပ်စာပို့ပေးပါလား
၁၀၀တန်မို့စိတ်တော့ဆိုးနဲ့နော်
:)))

မနွယ်လေးရေ ဟုတ်တယ်နော်
မနွယ်လေးမီးဖိုချောင်ထဲကကိရိယာတွေလည်းသိပ်သဘောကျတာ
အိုးအဖုံးလေးအကြိုက်ဆုံး
:D

khin said...

This is the one I want forever. But I always see in Pentagon mall, it's quite expensive $25.00. I waited 1yr to get discount but still the same. $25.00 is not that much but it isn't worth for that item. So I should go to Japan to buy that..:P.

ကျော်နှင်းဆီလွင် said...

Dear Ma Khin,
I think It's so expensive in Pentagon mall but may be good one. Don't forget to call me when you visit here!
;D

Monmon Yoko said...

ကျော်ရေ
ယန်း၁၀၀တန်ဆိုပေမဲ. အတော်အသုံးခံပါတယ်။ တို.ဝယ်ထားတာ ၂နှစ်ကျော်ပီ။ ၂ရာသီတောင်သုံးပီးပီ။အခုဒီဆောင်းတွင်းအထည်တွေကတော. ခုထိမသိမ်းရသေးဘူး။ပြန်ရောက်မှသိမ်းရင် အဲဒါလေးထပ်ပီးအသုံးချရဦးမယ်။ ၃နှစ်ကိုယန်း၁၀၀ ဆိုလဲ အတော်တန်တယ် နော်။ ဟဲ။

ကျော်နှင်းဆီလွင် said...

တော် တိ တီး တော်...:P
ဒါဆိုတို့လည်းအားတက်သွားပြီ
လောလောဆယ်တော့အတော်အလုပ်ဖြစ်နေတယ်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates