Thursday, May 19, 2011

ဂျပန်က ဘုရားကြီး ကမာကူရ

ဂျပန်အခေါ်တော့ 鎌倉大仏 လို့ခေါ်သော ကမာကူရဘုရားကြီးဟာ ဂျပန်ရောက် မြန်မာ
တွေကြား မသိသူမရှိ ဂုဏ်သတင်းကျော်ကြားပါတယ်။ တိုကျိုရောက်လျှင်ကမာကူရတော့
သွားဖူးရပါမှ။

ဗုဒ္ဓဘာသာလို့ ဆိုငြား နတ်ကျောင်းတွေများသော ဂျပန်ပြည်မှာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်မှန်
ယုံကြည်စွာကိုးကွယ်ကြတာလည်း နည်းပါးတာတွေ့ရှိရပါတယ်။ သည့်အတွက် ဗုဒ္ဓဘာသာ
ကို လေးနက်စွာယုံကြည်ပြီး ရုပ်ပွားတော်ကို တရိုတသေ ကိုးကွယ်လေ့ရှိသော မြန်မာတွေ
အတွက်ကတော့ ကမာကူရဟာ ရွှေတိဂုံစေတီအစား သွားရောက်ဖူးမြော်ကန်တော့ကြရာ
အထင်ရှားဆုံး ဘုရားဆင်းတုကြီးတစ်ဆူဖြစ်နေတာလို့ မှန်းဆရပါတယ်။

မြန်မာပြည်က အချို့သူတွေပြောလေ့ရှိတာကတော့ ကမာကူရပုံတော် သို့ ဆင်းတုတော်
အိမ်ကြွလာရင် ဂျပန်သွားရတတ်တယ်လို့ ပြောလေ့ရှိပါတယ်။ မယုံရင်ပုံပြင်မှတ်ပါလို့ မိမိ
ကိုယ်တွေ့အတွေ့ကြုံပြောရမယ်ဆိုရင်ဖြင့် ဂျပန်ကျောင်းသွားတက်ခါနီး မိတ်ဆွေတဦးရဲ့
ဇနီးကျောင်းဆရာမက ပညာသင်သွားရင်းပြန်လာတော့ ယူလာတဲ့ကမာကူရဘုရားဓါတ်ပုံ
မိမိကိုပေးခဲ့ပါတယ်။ ၂၀၀၆ခုနှစ်လောက်ကတိုကျိုကိုကျောင်းပြောင်းဖို့လာရင်း ကျောင်းရှာ
ရင်း အဆင်မပြေတာတွေများတဲ့အချိန်မှာကမာကူရဘုရားကြီးသွားဖူးရင်းဂျပန်မှာပညာရေး
နှင့်ရည်မှန်းချက်တွေအဆင်ပြေအောင်မြင်ပြီး၊အလုပ်ဗီဇာအတည်တကျရပါစေလို့ဆုပန်ခဲ့
ဖူးပါတယ်။ ၂၀၀၇ ကျောင်းပြောင်းဖို့ အဆင်မပြေလို့ ပြန်ဖို့ဆုံးဖြတ်ပြီး ပြန်တဲ့အခါ ဂျပန်
ကို ပြန်မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး အင်္ဂလိပ်စာ စလုပ်နေတဲ့အချိန်မှာမှ သျှောင်
နောက်ဆံထုံးပါပြီး ဂျပန်မှာပြန်အခြေချဖို့ဖြစ်လာရပြန်ပါတယ်။ ဗီဇာကလည်းအလွန်လွယ်
ပါတယ်။ လျှောက်ပြီး ၃ပါတ်ဖြင့် ဦးဆုံးစရပြီး သက်တမ်းတိုးတာတွေကလည်း အထစ်အငေါ့
မရှိပါဘူး။ဥပဒ်ဒါန်ကြောင့်ဥပဒ်ဖြစ် ဆိုတဲ့ဆန့်ကျင်ဘက်စကားပုံရှိငြားစိတ်ထင်တာလည်း
ဖြစ်ချင်ဖြစ်မှာလို့ တွေးမိပေမဲ့ မိမိလည်း ကမာကူရဘုရားကြီးကို တရိုတသေ စိတ်ထား
ထားရှိပါတယ်။

ရောက်လာတော့သွားဖူးချင်ဖို့ပူဆာလို့သွားကြတဲ့အခါ ဘုရားဝင်းထဲကလက်ဆောင်တွေ
ရောင်းတဲ့ဆိုင်မှာ ဆင်းတုတော်လေးတွေ ၀ယ်ဖို့လုပ်တဲ့အခါ ဆင်းတုတော်တွေကို အမှတ်
တရ အရုပ်ကလေးတွေလို သဘောထားတဲ့ ဂျပန်ဓလေ့ကို အမှတ်မထင် သတိပြုမိပါတယ်။
ပိုအံ့သြရတာကတော့ ဘုရားပုံ ပဲသွပ်မုန့်တွေ၊ သကြားလုံးတွေ စသဖြင့် ရောင်းနေကြတာ
တွေ့ရခြင်းပါပဲ။ မြန်မာအယူအဆအရတော့ ဘယ်လိုမှလက်ခံနှစ်မြို့နိုင်ဖွယ်မရှိပေမဲ့ ဆိုင်
တွေက ဘုရားပုံမုန့်အမျိုးမျိုးကိုကြည့်ရင်း မှင်သက်မိပါတယ်။




နိုင်ငံတွေလူမျိုးတွေကွာသလို၊ဓလေ့တွေအယူအဆတွေလည်းကွာခြားတာကိုခံစားမိပါတယ်။
မြန်မာပြည်မှာသာအဲလိုလုပ်ရင် တအားစိတ်ဆိုးခံရမှာလို့တွေးလိုက်မိတဲ့အခါ သွယ်ဝိုက်ကာ
ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးနှင့်ဆက်စပ်ပြီး စဉ်းစားမိပါတယ်။ သူတို့တွေအနေဖြင့်တော့ ဗုဒ္ဓ
ဘာသာကို စော်ကားလိုစိတ်မရှိပေမဲ့ ဓလေ့တွေကွာသလို တန်ဖိုးထားမှုလည်းကွာဟခြင်း
ဟာ တခါတရံ ဘယ်သူမှသတိမပြုမိလိုက်ပဲ အန္တရာယ်ကြီးသွားစေတတ်တာ တွေးမိပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးဟာ လွယ်မယောင်ခက် တိမ်မယောင်ဖြင့် နက်လှပါတယ်။
အမြင်မတူတာတွေ ကွဲလွဲတာတွေ သဘောထားမညီညွတ်တာတွေ ရှိလာတဲ့အခါမှာ
တဖက်နှင့်တဖက် အပြန်လှန်အသိမှတ်ပြုခြင်း နားလည်ခြင်း စာနာခြင်း ခွင့်လွှတ်ခြင်း
တွေဖြင့်ပဲ ငြိမ်းချမ်းရေးကို ဦးတည်သွားနိုင်မယ်လို့ အမှတ်မထင် ဆိုင်ဆိုင်မဆိုင်ဆိုင်
တွေးလိုက်မိပါတယ်။

အားလုံးပဲ ငြိမ်းချမ်းပျော်ရွှင်ပါစေရှင်
♪♫♪♫♪♫♪♫♪♫♪♫♪♫♪♫

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျပန်လဲ ရောက်ဖုးသေးဘူး
ဘုရားလည်း မရဖူးသေးဘူး
ကျော်နှင်းဆီပြောလို့ ဘုရားပုံလေး ပင့်ချင်လာတယ်
ဂျပန်ရောက်ဖူးချင်လို့လေ
ကိုယ်သာဆို ဘုရားပုံတော်အတိုင်း လုပ်ထားတဲ့ မုန့်တွေ စားဖို့ ရဲပါ့မလား တွေးနေမိတယ်
ဘုရားအကြောင်း မျှဝေတာ ကျေးဇူးပါ

မြစ်ကျိုးအင်း said...

ဓလေ့မတူတော့လည်း ပြောရခက်သား။
ကိုယ်တွေကတော့ မြန်မာစိတ်အတိုင်းပဲ ဘယ်နေရာရောက်ရောက် ဓလေ့မပျောက်အောင်
ဂရုစိုက်ရမှာပါပဲ။

ကျော်နှင်းဆီလွင် said...

မချောရေ
ဒီတခါဘုရားသွားမှ ပုံတော်တွေဝယ်လာဦးမယ်
အဲတော့မှ တခါဆက်သွယ်မယ်နော်
ဘုရားက ၂နာရီလောက်သွားရတဲ့နေရာမို့
ခဏခဏတော့မရောက်ဖြစ်ဘူး။
ညီမတော့ မုန့်တွေဝယ်လဲမ၀ယ်စားလဲမစားရဲပါဘူး
:))

ကိုမြစ်ကျိုးအင်းရေ အမှန်ပါပဲ
:))

Rita said...

ကိုယ်ဆိုလည်း မုန့်တွေ စားဖြစ်မယ်မထင်ဘူး။
တုတ်ထိုးထားတာတွေ့တော့ အနေကဇာ တင်ထားတာမှ မဟုတ်တာလို့ပဲ တွေးလိုက်ပါတယ်။ =D

mstint said...

အလည်ရောက်လာပါတယ် ဂျပန်က ဘုရားကြီး ကမာကူရ အကြောင်းစိတ်ဝင်စားစွာ ဖတ်သွားပါတယ် ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကျော်နှင်းဆီလွင် said...

ရီတာကတော့လုပ်ပြီ :))
ဗုဒဓဘာသာဝင်တွေအဖို့တော့စားနိုင်မယ်မထင်ဘူးနော်

အန်တီတင့်ရေ ဆုတောင်းပေးတာကျေးဇူးပါရှင်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates