Tuesday, October 11, 2011

ကြက်ကောင်လုံးကင်

ငယ်ငယ်က ကြက်ကောင်းလုံးပေါင်းတာစားချင်ရင် အဘိုးကိုမျှော်ရပါတယ်။ အဘိုးလာတဲ့အခါ
ရှုပ်ယှက်ခက်ပြီး မှတ်ဖို့ကြိုးစားရင်း၊မမှတ်မိရင်းနဲ့ အဘိုးကြက်ပေါင်းသိပ်စားလို့ကောင်းပါတယ်။

ခုတော့ အင်တာနက်ခေတ်ကြီးလဲဖြစ်၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ မတောက်တခေါက်
တတ်ရုံမျှဖြင့် ဘယ်နိုင်ငံကဟင်းချက်မလဲ ကုန်ကြမ်းသာဝယ်လိုက်၊ Ovenတို့လို Food
Processor တို့နဲ့ ဘာဟင်းချက်ချက် မြန်လည်းမြန် လွယ်လည်းလွယ်သော ခေတ်ကို ပြောင်း
လဲလာနေတာမို့ အဆင်ပြေလွန်းလှပါတယ်။ အဲလိုနဲ့ FaceBookက မိတ်ဆွေတွေလုပ်စားတဲ့
ကြက်ကောင်လုံးဓါတ်ပုံတွေကြည့်ပြီး အားကျပြီး စမ်းလုပ်ကြည့်ပါတယ်။


ကြက်အကောင်လိုက်ကို အသက်သာဆုံးဝယ်လို့ရတာကတော့ ဂျပန်စူပါမားကတ်တွေ
မဟုတ်ပဲ မြန်မာစတိုးဆိုင်၊ တရုတ်အစရှိသော နိုင်ငံခြားစတိုးဆိုင်တွေမှာသက်သာပါတယ်။
နှင်းဆီစတိုးမှာတော့ ခုတလော တကောင် (700g) 250Yen ကြီးလျှင် 900g 350Yenဖြင့်
ဝယ်လို့ရတာမို့ ချက်လို့ပျက်သွားလည်း အဆင်ပြေအောင်၊ ၂ယောက်စာတခါစားသဘော
ဖြင့် ၂၅၀ယမ်းဖြင့်ဝယ်လာပါတယ်။

ကျမဖတ်တဲ့ပြုလုပ်နည်းက ဒီနေရာကိုကလစ်နှိပ်ကြည့်ပါ။


 ချက်ပြုတ်နည်း

(A) ကြက်သွန်ဖြူ တမွှာ
      parsley ၄(၅)ညွန့်
      ဆား၊သကြား ဇွန်းကြီး ၂ဇွန်းစီ
      ရေ 200cc


၁။ ၀မ်းတွင်းသားထုတ်ထားတဲ့ကြက်အကောင်လိုက်ကိုသေချာဆေးပြီး အထက်ဖော်ပြပါ
    (A)အုပ်စုနှင့်အတူ ပလတ်စတစ်အိတ်ထဲထည့်ပြီး နေ့ဝက် သို့ တညထားပါတယ်။
၂။ယင်းနောက်ကြက်သားကိုထုတ်ပြီး ရေမကျန်အောင်စစ်တဲ့အပြင် ဆီစုပ်စက္ကူနှင့်သုတ်
   ပါတယ်။ ယင်းကြက်ကို ဆား၊ငရုတ်ကောင်း၊ ကြက်သွန်ဖြူတတက်ထောင်းထားတာကို
   နှံ့အောင်လူးပါတယ်။ ကြက်ဗိုက်ထဲမှာ ညကအရသာရေစိမ်ရာမှာ ထည့်တဲ့ကြက်သွန်
   ဖြူ၊ parsley၊ ဆား၊ ငရုတ်ကောင်းတို့ထည့်ပါတယ်။ (ကြက်သွန်ဖြူအစိမ်းမထည့်ရပါ)
၃။ကင်တဲ့အခါ ခြေတွေတောင်ပံတွေကားမထွက်ရအောင် အကင်ထိုးတဲ့တုတ်တံနှင့်
  ခြေနှင့်တောင်ပံများကိုထိုးပြီးထိန်းပါတယ်။မူရင်းလင့်ခ်မှာပုံသွားကြည့်နိုင်ပါတယ်။
၎။Oven 180ံ ရောက်အောင် ကြိုအပူပေးပါတယ။် 
၅။ကြက်ကိုထည့်မဲ့လင်ပန်း(ခွက်ထဲ)သံလွင်ဆီပါးပါးလူးပါတယ်။ (ကျမကအပူခံစက္ကူခင်း
   ပါတယ်။)
၆။ကြက်အပြင် အခြားအသီးနှံ့ကိုလည်း နှစ်သက်ရာကို ကြက်ဘေးမှာ ဖြန့်ထည့်ပါတယ်။
  ကျမကတော့ မုန်လာဥနီဖြန့်ခင်းရုံမကပဲ ဗိုက်ထဲမှာ မှိုနှင့်ဥနီရောထည့်ပါတယ်။
၇။ကြက်ကိုသံလွင်ဆီပါးပါးလေးသုတ် သို့ ဖြန်းပေးပါတယ်။ rose mary ဖြူးပါတယ်။
   ကျမ မရှိလို့ မဖြူးလိုက်ပါဘူး။
၈။ယင်းနောက် ကြိုအပူပေးထားတဲ့180ံနဲ့ပဲ ၆၀မိနစ်မှ ၉၀မိနစ်Ovenနဲ့အပူပေးပါတယ်။
  ကျမက မိနစ်၂၀စီ ၄ကြိမ်၊ အကြိမ်တိုင်းမှာ ကြက်သားမှထွက်တဲ့အချိုရည်ကို ကြက်တစ်
 ကောင်လုံးနှံ့အောင်ပြန်ပြန်ဆမ်းပေးပြီး၊ နောက်ဆုံးတခေါက် မိနစ်၂၀ကင်တဲ့အခါမှာ 
 မကင်မီ စုတ်တံလေးနဲ့ခရုဆီကိုပါးပါးလိုက်သုတ်ပြီးကင်ပါတယ်။ 


နီညိုရောင်သန်းတဲ့ကြက်ကောင်လုံးကင်မွှေးမွှေးလေးအသင့်စားရုံပါ။
ခရမ်းချဉ်သီးပါးပါးလှီး၊ ပန်းဂေါ်ဖီစိမ်းပွင့်ကိုရေနွေးဖျောရေစစ်၊ ဆလတ်ရွက်ကိုအစိမ်း
ကင်ထားတဲ့မုန်လာဥနီကိုသင့်တော်သလိုစီပြီး အနှစ်ဆမ်းကာစားရန်အသင့်ဖြစ်သွားပါ
တယ်။


အရည်ဆမ်းအနှစ်ပြုလုပ်နည်း
ကြက်သားကထွက်လာတဲ့အချိုရည်ထဲ ၀ိုင်ဖြူအနည်းငယ်၊ ပျားရည်၊ သံပုရာရည်အနည်း
ငယ်၊ ဆား၊ ငရုတ်ကောင်းထည့်ကာ အရသာကိုရေအနည်းအများဖြင့်ချိန်ကာ မီးအနည်း
ငယ်ပေးကာ သုံးဆောင်နိုင်ပါတယ်။


အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

7 comments:

Anonymous said...

စားချင်စရာပဲ..တခါမှတော့ကိုယ်တိုင်ကြက်ကောင်လုံးမကင်ဖူးသေးဘူး

စူးနွယ်လေး

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ယောက်တည်း စားရင်တောင် တစ်ကောင်လုံးကုန်မဲ့သဘောရှိတယ်
စားချင်လိုက်တာ အရောင်ကလည်းလှ
အဆာပလာကလည်းစုံဆိုတော့ မကောင်းဘဲ ဘယ်နေတော့မ လဲလို့နော်

ကျော်နှင်းဆီလွင် said...

ညီမတို့၂ယောက်တော့ အသီးရွက်သုပ်တွေနဲ့အတော်ပဲ တကောင်နဲ့၂ယောက်ထမင်းလွတ်သွားတယ် :))

Anonymous said...

အမရေ အမဆီကနည်းကြည့်ပြီး ကင်လိုက်တာရတယ်...စားလို့ကောင်းမှကောင်း...ကျေးဇူးပါအနော်အမ.....

ကျော်နှင်းဆီလွင် said...

:)))မြန်လိုက်တာ
အလွယ်ဆုံးနည်းရွေးလုပ်တာဆိုပေမဲ့
အရသာကရှင်းပြီးသိပ်စားလို့ကောင်းတယ်နော်

Anonymous said...

ဟိဟိ...ဟုတ်..အိမ်မှာကြက်အကောင်လိုက်တွေအမြဲဝယ်ထားတတ်လို့(ဒီမှာရင်ပုံတွေထက်ဇျေးပိုပေါတယ်)ပြုတ်လိုက်၊ကြကိဆီထမင်းလုပ်လိုက်နဲ့ပဲစားနေရတာကြာပေါ့...
အမဆီကနည်းလေးကရှင်းရှင်းလင်းလင်းလေးရေးထားတော့ စမ်းလုပ်လိုက်တာ..စားလို့ကောင်းမှကောင်းပဲ..ဒီတိုင်းလဲစား၊ ထမင်းပူပူလေးနဲ့လဲ လွေးလိုက်သေးတယ်...ကျေးဇူးပါနော်...

ကျော်နှင်းဆီလွင် said...

ကြားရတာ အားရပါးရ ၀မ်းသာလိုက်တာ ;D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates