Monday, October 24, 2011

ဆီလီကွန်(အပူပေးပေါင်း)ဗူး နှင့် အာလူးအစပ်ဆီပြန်

ခုတလော ဂျပန်လို シリコンスチーマー (Silicone Steamer)လို့ခေါ်တဲ့ဆီလီကွန်ဖြင့်
ပြုလုပ်ထားသောအပူပေးပေါင်းဗူးလေးတွေ ရေပန်းစားလို့နေပါတယ်။

ဟင်းနွှေးတာမျိုးမဟုတ်ပဲ ယင်းဆီလီကွန်ဗူးထဲ အသား၊ငါး၊အသီးရွက်နှင့် ဟင်းခတ်အမွှေး
ကြိုင်များဖြင့်အရသာစပ်ဟပ်ကာ မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ သတ်မှတ်ထားသောမီးအား၊
မိနစ်အတိုင်း ခလုတ်တချက်နှိပ်ကာ ဟင်းချက်နိုင်ပါသည်။

အဲလိုဖြင့်ကျမလည်း စမ်းသပ်ဖို့ တဗူးဝယ်ပြီးသုံးကြည့်ပါတယ်။
ကျမက ဟင်းချက်တာမဟုတ်ပဲ အာလူးဟင်းချက်ရာမှာ အာလူးကိုမီးဖိုပေါ်ကြာကြာမပြုတ်
ချင်တော့ ဆီလီကွန်ဗူးထဲထည့်ကာ ၅၀၀ ၀ဒ်ဖြင့်၇မိနစ်ထားလျှင် အတော်နူးသွားသည်။


ယင်းနောက် ဆီအနည်းငယ်အိုးထဲထည့်ကာ ပူလာလျှင် မီးပိတ်၊ ဆီနည်းနည်းအေးအောင်
စောင့်ကာ ငရုတ်သီးမှုန့်ဇွန်းကြီး၁ဇွန်း၊ထိုင်းငံပြာရည်(ငံသဖြင့်)ဇွန်းသေးတဇွန်းထည့်ပြီး
ရေဓါတ်နည်းနည်းခန်းလျှင် ခရမ်းချဉ်သီးသံဗူးဘူးဝက်ခန့်(200ml)ထည့်ကာ (ငရုတ်သီး
စိမ်းကြိုက်လျှင် အတူရောထည့်ကာ) မွှေပေးပြီး အနည်းငယ်မွှေးလာပြီး ဆီပြန်လာလျှင် အာလူးနှင့် ရေအနည်းငယ်ထည့်ကာမီးအနည်းငယ်ဖြင့်၁၅မိနစ်ခန့်ထားပြီး ဆီပြန်လျှင်
စားလို့ရပါပြီ။ ကျမကငါးနီတူးခြောက်လေးတွေပါထည့်ထားပါတယ်။


နောက်မှ တခြားဟင်းတွေချက်ကြည့်ဦးမယ်စိတ်ကူးပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်

8 comments:

Kyaw Hnin Se Lwin said...

အသားမှုန့်၊ဆားလဲအပေါ့ငံမြည်းပြီးသင့်တော်သလိုထည့်ပါတယ်။
ရေးဖို့မေ့သွားတယ် :P

စူးနွယ်လေး said...

ကြက်သွန်နီမပါဘူးပေါ့နော် :D

Kyaw Hnin Se Lwin said...

ဟုတ်မနွယ်လေး မပါဘူး မေ့တာမဟုတ်ဘူးနော် :D
မဘလော့ဂ်မှာ စီဘောက်စ်ရေးမရတော့ လာလာကြည့်ရင် ဟာတာတာကြီး၊ ဖျက်ပြီး အသစ်လုပ်လိုက်ပါလား။

mstint said...

ဆီလီကွန်ဗူးက စိတ်ဝင်စားစရာပဲနော် အလုပ်လုပ်သူတွေအတွက် အဆင်ပြေတယ် ပေါင်းအိုးလိုပဲ အနူးမြန်တယ်။ ဟင်းကလည်း စားချင်စဖွယ်ပါလား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Kyaw Hnin Se Lwin said...

ဟုတ် ၄မိနစ် ၅မိနစ်လောက်နဲ့နူးတော့ ခုတလော အဆင်ပြေနေတယ်
:)))))

arkar said...

အစ်မရေ...တစ်ခုလောက်အခက်အခဲဖြစ်နေလို့ပါ...
အစ်မတင်ပေးထားတဲ့ JLPT2 ကို printerထုတ်ခြင်းလို့ 
အမှတ်စဉ်၁၀၀ထိတော့ထုတ်လို့ရပါတယ်....
အောက်ကဘယ်လိုထပ်ထုတ်လို့ရနိုင်ပါမလည်း.....

Kyaw Hnin Se Lwin said...

၁၀၀နောက်ပိုင်းက အမ ဘာသာမပြန်ရသေးပေမဲ့ ဂျပန်လိုရေးထားတာတွေက အောက်က လိမ္မော်ရောင် ဘောင်ထဲမှာ scroll downနဲ့သွားကြည့်ရင်အဆုံးထိရှိတယ်။
အဲသည်ထဲမှာ ကိုယ်ပရင့်ထုတ်ချင်တဲ့စာမျက်နှာတွေကို selectမှတ်ပြီး
print setting မှာ print selectကိုရွေးပြီးထုတ်လိုက်ရင်ထွက်လာမယ်
လုပ်ကြည့်နော်

arkar said...

အစ်မရေ...ဖြစ်နိုင်ရင်သိမ်းထားတဲ့pdfဇိုင်လေးများဘာလေးမရှိဘူးလား....

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates