Sunday, November 27, 2011

တိုဖူးလုပ်နည်း နှင့် တိုဖူးသုပ်

တိုဖူးသုပ်လုပ်စားမယ်ဆိုပြီး ခက်မယ်ထင်လို့အတော်နှင့်မလုပ်စားဖြစ်ပါဘူး။ ခုတလော
ဘလော့ဂ်ရေးဖို့သိပ်ဈန်မဝင်တာနဲ့ လွယ်တာလေးပဲရေးတင်ဖြစ်ပါတယ်။ လုပ်စားဖူးသူ
တွေ အတော်များများရှိတာမို့ အမှတ်တရအနေဖြင့်သာရေးလိုက်ခြင်းရယ်ပါ။

ဖေ့စ်ဘွတ်ခ်ထဲက မိတ်ဆွေအမတွေက မြန်မာမုန့်တွေ၊ မြန်မာဟင်းတွေ အမျိုးမျိုးလုပ်စား
ပြီး ဓါတ်ပုံတွေတင်ကြတဲ့အပြင် လုပ်နည်းတွေပါ ဝေမျှပေးထားတာမို့ ကျေးဇူးတင်စရာပါ။
ကျမကတော့ မမညိုနဲ့မမကျော့ဆိုသော အမနှစ်ဦးထံမှ သိရပြီး လိုက်လုပ်တာ အလွန်
လွယ်ပြီး၊ စားလို့လည်းကောင်းတာမို့ အမနှစ်ဦးကိုကျေးဇူးတင်ပါတယ်ရှင်။



တိုဖူးပြုလုပ်နည်း
မွှေးတိုဖူးမှုန့်တစ်ဆ၊ ရေသုံးဆဖြင့်ရောမွှေကာ နာရီဝက်ခန့်အနည်ထိုင်အောင်ထားပါ
တယ်။ ယင်းနောက် အပေါ်ယံအရေကြည်ကိုအရင်ကျိုပြီး၊ အနည်းငယ်စေးလာလျှင် ကျန်
ရှိသော အနည်ထိုင်ထားနေသောတိုဖူးရည်ကိုမွှေပြီးထည့်ရင်း ၊နှံ့အောင်မွှေပေးပါတယ်။
အနည်းငယ်ပျစ်လာလျှင် ပလပ်စတစ်ဘူးပျော့ထဲထည့်ကာအအေးခံပါတယ်။
အပျစ်အကျဲပေါ်မူတည်ပြီး အမာအပျော့ကွာတာမို့ သည်နေရာလေးကအရေးအကြီးဆုံး
လို့ထင်ပါတယ်။
ကျမကတော့ ဂျပန်မှာရာသီအေးအေး၊ ရေဘုံဘိုင်ရေကလဲအေးအေးမို့ ဇလုံထဲရေအေး
ထည့်ကာ၊ယင်းတိုဖူးဗူးကိုထည့်ကာအအေးခံလိုက်တော့၁၅မိနစ်ခန့်ဖြင့်ခဲသွားပါတယ်။


တိုဖူးသုပ်ရန် အနှစ်ပြုလုပ်နည်း

ကျမကရှမ်းသုပ်လိုစေးစေးကလေးကိုကြိုက်ပါတယ်။ လုပ်နည်းသိသလားဆိုတော့မသိပါ
ဘူး။ အဲလိုဖြင့်ကောင်းမယ်ထင်တာ ထည့်ပြီးအနှစ်လုပ်တာ အတော်လေးကိုစားကောင်း
တာမို့ဝေမျှလိုက်ပါတယ်။

၁။ဆီအနည်းငယ်ထည့်ကာ ပူလာလျှင်မီးပိတ်ပြီး ကြက်သွန်ဖြူပါးပါးလှီးတာထည့်ကာ၊
မွှေးပြီး အညိုရောင်သန်းစပြုတာနှင့်မီးခေတ္တပိတ်ကာ
၂။မညက်တညက်ထောင်းထားသောမြေပဲနှင့် နှမ်းလှော်ထောင်းမှုန့်ကိုထည့်ပါတယ်။
တမျိုးဇွန်းကြီး၂ဇွန်းခန့်ပါ။ဆီပူလေးဖြင့်နှံ့အောင်မွှေလိုက်ပါတယ်။
၃။ယင်းနောက်ချက်ချင်း၊ ခရမ်းချဉ်သီးပါးပါးလှီးနုတ်နုတ်စင်းထားတာဇွန်းကြီး၃ဇွန်းခန့်
ထည့်ပါတယ်။
မီးပြန်ဖွင့်ပါတယ။်
ခရမ်းချဉ်သီးရေဓါတ်ကုန်ပြီး နူးပျော့သွားလျှင် ငံပြာရည်၊ အသားမှုန့်ထည့်ကာအနံမွှေး
သွားအောင်ဆီအနည်းငယ်ပြန်သည်အထိမွှေလိုက်ရုံပါပဲ။

ယင်းအနှစ်ဖြင့်တိုဖူးနယ်ကာစားတော့အတော်မြိန်ပါတယ်။ သူကတော့ကောင်းတယ်
ကို ၅ခါလောက်ပြောပြီးစားပါတယ်။ ရှောက်ရွက်မရှိတော့အလွယ်ပဲအိမ်မှာစိုက်ထားတဲ့
ပူတီနံကလေးတပွင့်ပန်ပေးလိုက်ပါတယ်။

အားလုံးပဲစားမြိန်ပါစေရှင်

7 comments:

mstint said...

တီတင့်က တို့ဟူးဆို ကျက်ကျက်စိမ်းစိမ်း ကြိုက်မှကြိုက် ကျော်ရေ။
အားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

တိုက်ဆိုင်လိုက်တာ thanksgiving day မှာ ကြက်ဆင်ကင်စားရုံမက သူငယ်ချင်းက တိုဖူးပါလုပ်ပေးသွားလို့ ကြော်စားလိုက်သုပ်စားလိုက်နဲ့ ။ နို့ မို့ ရင် ခေါင်းစဉ်တွေ့ တာနဲ့ စားချင်နေအုန်းမှာ။ ခုတော့ အိနြေ္ဒရရပြန်သွားပြီကွယ်။း)))
အိုင်အိုရာ

Kyaw Hnin Se Lwin said...

မနွယ်လေးရေ
ညီမတော့လုပ်ကြည့်တော့အရမ်းကိုလွယ်တာပဲ
ညှပ်ခေါက်ဆွဲနဲ့လည်းရောသုပ်တာစားချင်စရာနော်

အန်တီတင့်ကလက်ရာပိုကောင်းတာပါ :))

မအိုင်အိုရာရေ ကြက်ဆင်ချားချင်ဒယ်

Anonymous said...

ညီမကျော်နှင်းဆီလွင်ရေ
ကျေးဇူးတင်ကြောင်းပြောမလို.ပါ။ အမလဲ ဂျပန်ကပါ။ ညီမဘလော.ဂ်ကို မတ် 11 ငလျင်ဖြစ်ပြီးထဲကအမြဲဖတ်တဲ.သူပါ။
အခုလဲ တို.ဖူးကိုတခြားသူတွေလုပ်နည်းအတိုင်းလိုက်လုပ်နေတာ၊ဖြစ်ကိုမဖြစ်လို.စိတ်ညစ်နေတာ။ မနေ.ကမှ ညီမရဲ.တို.ဖူးကျိုနည်းကိုဖတ်မိတော. ဒီနေ.ညနေလုပ်ကြည်.တာ၊ တကယ်ကိုယ်လိုချင်တဲ.အနေအထားလေးရလာလို.၀မ်းသာလို. ညီမကိုကျေးဇူးတင်ကြောင်းပြောတာပါ။

Kyaw Hnin Se Lwin said...

ဟုတ်ကဲ့အမ
ဖြစ်တယ်ကြားရတာဝမ်းသာစရာပါ
ညီမကိုလည်းသူငယ်ချင်းအမတွေကသင်ပေးကြတာပါ :D

အပြုံးပန်း said...

ကျေးဇူးတင်ပါတယ်၊
ဒီတိုဖူးလုပ်နည်းအတိုင်း လုပ်ကြည့်ဦးမယ်၊
တိုဖူးအစေးကို ကြိုက်သူမို့။

ကျော်နှင်းဆီလွင် said...

ဟုတ်ကဲ့ရှင်
အတော်ကောင်းပါတယ်

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates