အိမ်မှာကြက်ဥမွှေကြော်စားရင် ခရမ်းချဉ်သီးများများပါးပါးလှီးထည့်
ငရုတ်သီးစိမ်းပါးပါးလှီးထည့် ငရုတ်ကောင်းမှုန့်
ကြက်သားမှုန့်နဲ့ဆား ပြီးရင် အားလုံးတသားတည်းညက်ပြီး
ရောသွားတဲ့အထိကြော်စား
ဒီမှာတော့ခရမ်းချဉ်သီးဈေးကြီးလို့ခဏခဏမကြော်စားဖြစ်ဘူး
ခေါက်ဆွဲပြုတ်ရင်လဲငရုတ်သီးစိမ်းထည့်
ငါးဟင်းဆီပြန်လဲ ငရုတ်သီးစိမ်း
ငပိဖျော်ရင်လဲငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူနဲ့
ဆိုင်မှာသွားစားလဲ အချဉ်ထဲက ငရုတ်သီးစိမ်းဆယ်စားနေကြ
:D
ငရုတ်သီးစိမ်း ကြိုက်ပါတယ်
ဒီမှာက ငရုတ်သီးစိမ်းအစပ်က နေရာတိုင်းမရောင်းတော့ဒုက္ခ
အထုပ်လိုက်ဝယ်ထားပြီး မလတ်ဆတ်ပဲ နဲနဲကြာတာနဲ့ပစ်ရတော့လဲ
မပစ်ရက်
အဲလိုနဲ့ ငရုတ်သီးစိမ်းပင် ၁ပင် ၀ယ်စိုက်တာ
အသီး၃တောင့်သီးပါပြီ
ကိုယ့်ထက်တောင် ငရုတ်သီးစိမ်းသိပ်ကြိုက်ပြီး
မြန်မာပြည်မှာအတူစားရင် ဘိတ်ချဉ်အမြဲမှာစားတဲ့ သူငယ်ချင်း အမကို
လက်ဆောင်ပေးလိုက်ပါတယ်
လတ်လတ်ဆတ်ဆတ်ငရုတ်သီးစိမ်းတတောင့်
:D
ထပ်စိုက်ဦးမယ် ၅ပင်လောက် :D
4 comments:
ငရုတ်သီးစိမ်းအရမ်းရှားလားဟင်။ ကျွန်မကလဲ ငရုတ်သီးစိမ်းအရမ်းကြိုက်တာ။ ကိုယ့်ထက်တောင်ကြိုက်တဲ့အစ်မကိုပေးလိုက်တယ်ဆိုလို့ သဘောကျနေတာ။ ဟီးဟီးးးးးးးး
ငရုတ်ပင် စိုက်ကြည့်ချင်သား။ အရင်က အပင်ပေါက် လိုက်ရှာဘူးတယ်။ အလှစိုက်တဲ့ အပင်လိုမျိုးဘဲ တွေ့လို့။ ငရုတ်သီးစိမ်းရတဲ့ ဆိုင်တဆိုင် တွေ့ထားလို့ တော်သေးတယ်။ ငရုတ်သီးစိမ်းပေမယ့် နွေဦးမှာ ရောင်းတဲ့ ငရုတ်သီးစိမ်းက လုံးဝမစပ်ဘူးရယ်။ ဘာလို့လဲ မသိဘူး။ ခုတခါ ဝယ်ထားတာတော့ စပ်သားများဘဲ။
ငရုတ်သီးကို ရေခဲသေတ္တာ အခဲခန်းထဲမှာထားရင် ကြာကြာခံတယ်။ ၃လ/၄လ လောက်ထားလို.ရတယ်
မမိုးသို့
အမရေ ဂျပန်မှာငရုတ်သီးစိမ်းရှားတယ်ထင်မှာစိုးလို့ဒီနေ့အများကြီးဝယ်လာတယ်။ ဗမာအကြိုက်သေးသေးကျစ်ကျစ်စပ်တာကရှားတာအမရဲ့။ရှိတဲ့နေရာကဖိလစ်ပိုင်တို့ကိုရီးယားဆိုင်တို့မှာဆိုတော့တကူးတကသွားရင်ရထားခဈေးကြီးလို့။:D
မြရွက်တဝေေ၀သို့ :D
ဒီတခါတွေ့ရင်လက်ဆောင်ဝယ်လာခဲ့မယ်။ဈေးမကြီးလို့ပေးနိုင်တာ။:P
Yangonသို့
ကျေးဇူးပါ။ထားကြည့်ဦးမယ်နော်။ဒီမှာလဲအဲလိုပဲ။ဘာအသီးရွက်မဆိုအခဲခံပစ်ကြတာများတယ်။အခဲခံထားရင်ပေါလဲပေါတယ်။ခက်တာကမြန်မာပြည်ကအိမ်ကဈေးနားနီးတော့အမေကမလတ်မှာစိုးလို့အသားငါးကလွဲလို့အသီးရွက်ဆို၂ရက်စာထက်ပိုမ၀ယ်တော့အကျင့်ပါနေတာခက်တယ်။အာရိဂါးတိုးးးးနော်
Post a Comment