Wednesday, September 30, 2009

တနှစ်တခါကံစမ်းမဲ USAသို့

အမေရိကရဲ့ နှစ်စဉ်ပြုလုပ်နေကျအတိုင်း Dv lottery 2011ကို စတင်တော့မှဖြစ်ကြောင်း
ကြေငြာထားတာတွေ့ရှိရပါတယ်။
အောက်တိုဘာ(၁၀လပိုင်း) ၂ရက် ၂၀၀၉ ကနေ စတင်လျှောက်လွှာတင်သွင်းနိုင်ပါကြောင်း။
အရေးအကြီးဆုံးအဓိက၂ချက်ကတော့ ဓါတ်ပုံကိုသတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်းရိုက်ဖို့နဲ့
နောက်တချက်ကတော့ယောင်ပြီးမှားပြီး ၂ခါကလစ်နှိပ်မိလို့ ၂ခါလျှောက်သလိုဖြစ်သွားရင်
အပယ်ခံရမည်ဖြစ်ကြောင်းပါ။

ညွှန်ကြားချက်များ

DV REGISTRATION PERIOD

Entries for the DV-2011 DV lottery must be submitted electronically between noon, Eastern Daylight Time (EDT) (GMT-4), Friday, October 2, 2009, and noon, Eastern Standard Time (EST) (GMT-5), Monday, November 30, 2009. Applicants may access the electronic DV Entry Form (E-DV) at www.dvlottery.state.gov during the registration period. Paper entries will not be accepted. Applicants are strongly encouraged not to wait until the last week of the registration period to enter. Heavy demand may result in website delays. No entries will be accepted after noon, EST, on November 30, 2009.

Tuesday, September 29, 2009

hello work, Japanရဲ့ ရေးဖြေ လူတွေ့အင်တာဗျုး

ယနေ့မနက် စောစော မိုးဖွဲဖွဲမှာ ဖြေရမယ့်ကျောင်းကို သွားပြီး ဖြေလာခဲ့ပါတယ်။
အရင်တခါရေးဖူးတဲ့ပို့စ်ရဲ့အဆက်ပါ။
သူက တိုးချော(Tokyo Metropolitan Office)(ခွန်ရေးတဲ့ပို့စ်ထဲကပေါ့)အဲဒီကို
သွားပြီး အရင်နေ့တည်းက မေးခွန်းဟောင်းတွေကော်ပီဆွဲလာပေးတယ်။
မေးခွန်းဟောင်းတွေကြည့်ပြီး စိတ်ညစ်သွားတယ်။ ဂျပန်စာလယ်ဘယ်၁ရဲ့အခက်ဆုံး
လို့ ဆိုရမယ့် ခက်ခက်ခဲခဲခန်းဂျီးတွေကို အလွတ်ရေးခိုင်းတာရယ်။ ဂျပန်ဘာသာနဲ့
သချာင်္ဘာသာရယ် ကို ကြည့်ပြီး နည်းနည်းခေါင်းခဲသွားတယ်။
အဲလိုနဲ့ပြည်တော်ပြန်တုံးက EJUဖြေဖို့ အိမ်မှာသချာင်္ဆရာနဲ့တကိုယ်တည်းအပီပြင်သင်ယူ
သချာင်္တွေကြဲခဲ့ဖူးတော့ စိတ်မပူပေမဲ့ အဲဒါကိုပြန်နွေးဖို့ အိုလယ်ဘယ် သချာင်္စာအုပ်ကြီးကလည်း
မြန်မာပြည်မှာကျန်ခဲ့၊ ဒါ့အပြင် ဂျပန်လိုအခေါ်ဝေါ်တွေပြန်မှတ်နဲ့ရှုပ်ယှက်တွေခက်ရင်း
မနေ့ညကတော့စဉ်းစားလိုက်တယ် ကျဖို့ရာနှုန်းများသည်လို့။ သူကလဲအားပေးရှာပါတယ်။
ဒီနှစ်ကဖြေကြည့်ရုံပဲလို့တွေးတဲ့။ အဟက်ဟက်။ ၃ရက်အလိုမှာစာကြိုးစားတဲ့ကိုယ့်ကို။

စိတ်မလျှော့ပါဘူး။ ကျရင်တောင်အမှတ်များများနဲ့ကျပစေ။ ကိုယ်ကတော့ အဲလိုစိတ်နဲ့
သချာင်္ပုစ္ဆာတွေရှေ့ချ၊ ဘေးကကွန်ပျုတာမှာလဲ သချာင်္သီအိုရီတွေကို MITကစလို့ Wikiမချန်
အပီပြင်လျှောက်ဖတ်ပါတယ်။ အဲလိုနဲ့ည၁နာရီထိုးသွားတယ်။ အိပ်ဖြစ်တော့ ၁နာရီခွဲ။
မနက်၇နာရီနိုးတော့စိတ်ထဲမှာမကျေဘူး inscribed angels of circle ရဲ့ theoryတွေရှာမတွေ့
သေးလို့ ။ ပြင်ဆင်နေရင်းနဲ့အင်တာနက်ထဲမှာအသဲသန်ရှာဖွေတွေ့ရှိပါတယ်။

ရောက်သွားပြီးဖြေရမယ်ဆိုတော့ အားလုံးဂျပန်တွေကြားမှာ ကိုယ်တဦးသာနိုင်ငံခြားသား၊
ပြီးတော့ စာမျက်နှာ၄၀ခန့်ရှိတဲ့စာအုပ်ဘီ5လောက်ရှိတာကို တယောက်တအုပ်ပေးတော့
အိုး ဒုက္ခပဲ မမျှတတဲ့တိုက်ပွဲလို့တွေးပေမဲ့ ကျောင်းကဆရာတွေကလဲ နိုင်ငံခြားသားပါတာကို
ထည့်စဉ်းစားပုံပေါ်ပါတယ်။ ခက်တဲ့ခန်းဂျီးတွေရေးခိုင်းတဲ့မေးခွန်းပုံစံမဟုတ်ပဲ ဂျပန်ဘာသာနဲ့
အလွယ်ဝါကျတွေပုံစံမျိုးနဲ့ IQ Test ကို စစ်တာဖြစ်နေရော။ တော်ပါသေးရဲ့။
စဆိုတာနဲ့ စ။ ရပ်ဆိုတာနဲ့ခဲတံဘေးချရပြီး။ သချာင်္ချိန်ရောက်တော့လည်း ကိုယ်အသဲသန်
ဖတ်ခဲ့တဲ့ သီအိုရီပုစ္ဆာမျိုးမပါပဲ အလွယ် IQ Test ပုံစံ မေးခွန်းငယ်လေးတွေနဲ့။
တော်ပါသေးရဲ့။ ဖြေနိုင်တယ်ဆိုလားဆိုတော့လည်းမဟုတ်ပြန်ဘူး။ ကိုယ့်ဘာသာမဟုတ်တော့
သူတို့လောက်ဘယ်မြန်မြန်ပြီးပါ့မလဲ။ ဒါပေမဲ့မဖြေနိုင်ဘူးဆိုတာထက်တော့သာသွားတာမို့
တော်ပါသေးရဲ့လို့။
နောက်လကုန်လောက်ထွက်မဲ့ကြေငြာချက်ဟာ ဘယ်လိုများပါလိမ့်။

Wednesday, September 23, 2009

အနှစ်ချုပ်ပြောချင်တဲ့ ဂျပန်ကအလုပ်သဘာဝ

ဂျပန်တွေဟာအလုပ်ကို အဖွဲ့(အုပ်စုလိုက်ပူးပေါင်း)စနစ်နဲ့လုပ်ကြတာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဂျပန်ကော်ပိုရေးရှင်းစနစ်ကြီးဟာ နာမည်ကျော်ခဲ့တာပေါ့။

အချိန်ပိုင်းအလုပ်အတော်များများမှာ တချို့ဟာ အလုပ်ဝင်ချိန်၊ထွက်ချိန်မှာ သန့်ရှင်းရေး၊ အိမ်သာစစ်ခြင်း၊
အမှိုက်ကောက်ခြင်း ၊ အမှိုက်ပစ်ခြင်း၊ အိမ်သာဆေးခြင်း စတဲ့ အလုပ်ရဲ့ အထွေထွေအောက်ခြေသိမ်းတွေ
ကအစ အလှည့်ကျလုပ်ကြတာဖြစ်ပါတယ်။
ဒါကြောင့်အချိန်ပိုင်းအလုပ်လုပ်မယ်ဆိုရင် အနည်းနဲ့အများတော့ အဲလိုမျိုးတွေ မပါမဖြစ်ပါမှာမို့
ခံနိုင်ရည် ရှိဖို့လိုပါတယ်။

ဂျပန်မှာအချိန်ပိုင်းလုပ်တဲ့အခါ စီနီယာသည်သာ နံပါတ်၁ ဆိုတာမျိုးတွေ့ရပါတယ်။ ကံမကောင်းလို့
မိမိရဲ့စီနီယာက စိတ်ထားမကောင်းသူမျိုးဆိုရင် အမျိုးမျိုးအခိုင်းခံရတာမျိုးတွေ ရှိတတ်ပါတယ်။
ဂျပန်လိုနိုင်ငံမျိုးမှာက နိုင်ငံမျိုးစုံကလူမျိုးစုံ လာရောက်မှီတင်းနေကြတာမို့ အမျိုးမျိုးသောလူစားတွေ
ကြုံရမှာဖြစ်ပါတယ်။

သူများကိုလည်းမစော်ကားဖို့နဲ့ စော်ကားတာလည်းမခံဖို့ တိုက်တွန်းချင်ပါတယ်။ ဒါကြောင့် အလုပ်ကို
ကျွမ်းကျင်နိုင်နင်းအောင် လုပ်ပြသင့်ပြီး၊ တခုခုနည်းလမ်းမမှန်တာရှိရင်လဲ ဆိုင်က မန်နေဂျာထံ
ပြတ်သားယဉ်ကျေးစွာနဲ့တင်ပြနိုင်ရပါမယ်။ အလုပ်ကိုကျွမ်းကျင်တဲ့သူကို ဂျပန်မန်နေဂျာများဟာ
အလေးထားလေ့ရှိပါတယ်။
ဒါကြောင့်အလုပ်ကျွမ်းကျင်မှုနှင့်ဘာသာစကားတတ်ကျွမ်းမှုဟာ အရေးကြီးပါတယ်

ကိုယ်ကတော့ အချိန်ပိုင်းအလုပ်မှာအဆင်မပြေတာတွေရှိခဲ့ရင်
ဘယ်တော့မှ နောက်ကွယ်မှာ အချင်းချင်းပြောတာမျိုးတို့ လုပ်လေ့မရှိပါဘူး။ အချိန်ကုန်ပြီး ပြသနာကို
လည်း မဖြေရှင်းနိုင်ပါ။ တကြိမ်နှစ်ကြိမ်ခန့်စောင့်ကြည့်ပြီး မန်နေဂျာထံတိုက်ရိုက်ဆွေးနွေးပါတယ်။
အဲဒီအခါမှာ အလုပ်ကိုသေချာလုပ်သူဖြစ်တာမို့ အလုပ်ထွက်သွားတာမျိုးအဖြစ်မခံနိုင်တာရော နည်းလမ်း
မှန် တောင်းဆိုတာမျိုးဖြစ်တဲ့အခါ သေချာ ပြသနာကိုပြေလည်အောင်ဖြေရှင်းပေးတတ်ပါတယ်။ ဒီထက်
အကျိုးရှိတာတခုကတော့ တခုခုနည်းလမ်းမမှန်ရင် ယဉ်ကျေးပြတ်သားစွာ ဖွင့်ပြောတတ်သူမှန်းသိသွား
တဲ့အခါ အဲလိုမျိုးနောက်တခါမဖြစ်ရအောင် မန်နေဂျာတွေကိုယ်တိုင်က သတိထားပြီးတာဝန်ခွဲပေးလေ့
ရှိတာမို့ အလုပ်ဝန်လဲပေါ့ပါတယ်။

နောက်တစ်ခုက ဂျပန်တွေဟာ အိုင်းမိုင်းန ခိုတိုဘ လို့ခေါ်တဲ့ အဖြူမည်းမသဲကွဲတာမျိုး အလွန်ပြောလေ့
ရှိတတ်ပါတယ်။ အဲဒါကို ဘာလဲမသိဘူးလို့ မှန်းရခက်တဲ့လုပ်ရခက်တဲ့အခါ မိမိရဲ့ဆုံးဖြတ်ချက်သာအတည်
ဖြစ်သွားတတ်တာမျိုးပါ။ အဲလိုနေရာမျိုးမှာ ကိုယ်လုပ်သင့်တာကိုပဲ အားမနာပဲ ဆုံးဖြတ်ပြီးလုပ်သင့်ပါတယ်။
လုပ်ပေးလိုက်ပါမယ်လေဆိုတ မြန်မာပြည်မှာပဲထားခဲ့သင့်ပါတယ်။လုပ်သင့်တာကိုကျေပွန်အောင်လုပ်ပြီး
မလုပ်သင့်တာကို လုံးဝမလုပ်ပါနဲ့ လို့ အကြံပေးချင်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးတခုက အမျိုးသမီးတွေကိုပြောပြချင်တာပါ။
မိမိရဲ့ပုံစံ၊ တုံ့ပြန်မှုပေါ်မူတည်ပြီး ပေါက်ကရတွေအပြောခံရတာ ဟိုထိသည်ထိ ဆိုတာမျိုးတွေလဲ
ကြားဖူးနားဝရှိပါတယ်။ ဒါကိုရှောင်ရှားဖို့ ဂျပန်စကားကျွမ်းကျင်ဖို့လိုတယ်လို့ ထင်ပါတယ်။
ကြုံဖူးတာက လုပ်ဖူးတဲ့ဆိုင်က ဆိုင်ခေါင်းက စကားပြောရင် ဟိုဟာလုပ်လိုက်ဦးလေဆိုပြီး လက်ကို
လာပုတ်ပြီးပြောဖူးပါတယ်။ အဲဒီအခါ ကိုယ်က ယဉ်ကျေးမှုနဲ့ကိုင်ပေါက်ပါတယ်။ ဂျပန်ယဉ်ကျေးမှုမှာ
လက်ပုတ်ရင်မရိုင်းဘူးလားဟင်။ ငါတို့မြန်မာ့ယဉ်ကျေးမှုမှာတော့ လက်ပုတ်တာ အဆင့်မရှိတဲ့
ယောကျာင်္းတွေမှလုပ်တယ် လို့ သတ်မှတ်ကြတာ။ ပြောလိုက်တော့ သူမလုပ်တော့ပါဘူး။ ဒါကြောင့်
အစ က အရေးကြီးပါတယ်။ အစ ကို သည်းမခံရင် နောင်ဆိုတာမရှိပါဘူး။ ရှိရင်တော့ အလုပ်ထွက်ရုံပဲပေါ့။
:D

လူမျိုးတိုင်းမှာကောင်းသူရော မကောင်းသူရော ရောထွေးနေတတ်တာမျိုးပါ။ ဒါကြောင့် ဘာပဲကြုံကြုံ
ကိုယ်ကတော့ လူမျိုးဆိုတာနဲ့မဆုံးဖြတ်ပါဘူး။ နောက်တခုက မိမိက ကံကောင်းတယ် ဆိုးတယ်ဆိုတာ
မိမိပေါ်လဲမူတည်ပါတယ်။ ဘာဖြစ်ဖြစ်သည်းခံနေရင်တော့ အိမ်မှာ နေ့တိုင်းငိုနေရမှာပါ။ တထစ်ရှိတိုင်း
ရန်ဖြစ်ပြီး အလုပ်ထွက်ပြန်တော့လည်း အထွေထွေ စရိတ်တွေအတွက် အခက်ကြုံရဦးမှာပါ။ ဖြေရှင်းတတ်
ဖို့ပဲလိုပါတယ်။

မြစ်တစင်းမှာလှေလှော်ခရီးနှင်နေသလိုပေါ့ မြစ်ကကွေ့ရင်မိမိကလဲအလိုက်သင့်လေးလိုက်ကွေ့သွားတတ်
ဖို့လိုပါတယ်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
နောက်ကြုံမှပဲ ဂျပန်ရဲ့ပျော်စရာကောင်းတဲ့ လူနေမှုဘ၀အကြောင်းပြောပြပါဦးမယ်။

Monday, September 21, 2009

လတ်တလောဂျပန်နိုင်ငံအခြေအနေ (၃)

အချိန်ပိုင်းအလုပ်များ
အချိန်ပိုင်းအလုပ်ဆိုတာ တနာရီယမ်းဘယ်လောက်နှုန်းဖြင့်တွက်ပါတယ်။
တပတ်၁ရက်မှ၅ရက် ဘယ်နှစ်နာရီမှဘယ်နှစ်နာရီစသဖြင့် အချိန်ပိုင်းအလိုက်လုပ်ရတာမျိုးပါ။

များသောအားဖြင့်နိုင်ငံခြားသားတွေလုပ်ကြတာစားသောက်ဆိုင်၊ကော်ဖီဆိုင်၊စတိုးဆိုင်၊အရက်ဆိုင်စသဖြင့်ပါ။
ယခင်ဂျပန်စီးပွားရေးတရှိန်ထိုးတက်နေစဉ်ကတော့လုပ်သားအင်အားလိုတာမို့ ဂျပန်ဘာသာတတ်တတ် မတတ်တတ် အလုပ်မရှားခဲ့ပါဘူး။ ခုတော့ ဘာသာစကားတတ်မှ၊အလုပ်လုပ်ခွင့်ရှိတဲ့ဗီဇာကိုင်ထားမှဆိုတာ
မျိုးတွေ စိစစ်လာပါတယ်။ ယခင်က အစားသောက်နှင့်အဖျော်ယမကာပိုင်းဟာ ပင်ပမ်းတာမို့ ဂျပန်အများစု
လုပ်လေ့မရှိပေမဲ့ ယခုတော့ အလုပ်လက်မဲ့တွေ အလုပ်ချိန်လျှော့ခံရတာတွေကြောင့် ဂျပန်တွေကိုယ်တိုင်
စားသောက်ဆိုင်လုပ်ငန်းခွင်ထဲကို အလုံးရင်းလိုက်လှိမ့်ဝင်လာတာကြောင့်ရယ်၊ အလုပ်ရှင်ဘက်ကကြည့်
လျှင်လည်း ဂျပန်စကားပြောကျွမ်းကျင်တဲ့ ဂျပန်နိုင်ငံသားကိုခန့်ခြင်းဖြင့် အရောင်းကျနေတဲ့ဆိုင်ရဲ့
အဘက်ဘက်သော ၀န်ဆောင်မှုပေးနိုင်၊နားလည်ဖြေရှင်းနိုင်တာကြောင့်ရယ် ဒီလိုအကြောင်းတွေဖြင့်
နိုင်ငံခြားသားအလုပ်ကိုင်ရရှိရေးဟာ ပိုမိုကျပ်တည်းလာတာတွေ့ရပါတယ်။

စကားမတတ်လျှင်ပန်းကန်ဆေးလောက်တော့လုပ်လို့ရပါတယ် ဆိုတာ အရင်ခေတ်ကပါလို့ ဆိုရမလိုပါပဲ။
အရောင်းကျဆင်းလာတာနှင့်အတူ တချိန်လုံးအလုပ်များနေတာမဟုတ်တာကြောင့် ပန်းကန်ဆေးသီးသန့်
ရယ်လို့ သတ်သတ်ခန့်ထားတာမျိုးနည်းပါးလာပြီး စားပွဲထိုး၊ ပန်းကန်ဆေး၊ မီးဖိုထဲဝိုင်းကူ၊ သန့်ရှင်းရေး
စသဖြင့် အထွေထွေပတ်လုပ်ရတဲ့ လုပ်ငန်းခွင်တွေ ပေါများလာပါတော့တယ်။

နိုင်ငံခြားသားတွေအများဆုံးလုပ်လေ့ရှိတဲ့အချိန်ပိုင်းအလုပ်တွေကတော့ ပန်းကန်ဆေး၊ စားပွဲထိုး၊ မီးဖိုချောင်
အကြော်လှော်အလှီးချွတ်၊ ၂၄နာရီစတိုးတွေရဲ့အရောင်းဝန်ထမ်း၊ ဟိုတယ်အခန်းရှင်း စတာတွေပါ။

ဂျပန်ပညာသင်လာကြတဲ့ကျောင်းသားအများစုဟာ ကျပ်သိန်းရာကျော်အကုန်ကျခံပြီးမှလာကြသူတွေမို့
အများစုဟာ တတ်နိုင်တဲ့မိသားစုမှဖြစ်ပြီး မိဘရိပ်အောက်မှာ ဘ၀ကိုရုန်းကန်ဖူးသူ နည်းပါးကြပါတယ်။

မိမိတုံးကတော့ဆယ်တန်းစာမေးပွဲအောင်ပြီးကွန်ပျူတာသင်တန်းတက်ပြီးတာနဲ့အပြင်အလုပ်ထွက်လုပ်တာ
ကိုအားမပေးပဲ ဘာသာစကားနှင့်အတတ်ပညာတခုခုဆက်သင်ယူဆည်းပူးစေချင်တဲ့ စည်းကမ်းကြီးတဲ့ဖခင် မသိအောင် မိခင်ကိုပဲတိတ်တိတ်လေးပြောပြီး အလုပ်ခိုးလျှောက်ဖူးပါတယ်။ City Mart Supermarketရဲ့
Cashierနေရာကိုပါ။ ငယ်လွန်းသေးတာမို့ (၁၇နှစ်ခန့်ပါ) သွက်လက်တာကိုသဘောကျသွားပုံပေါ်ပြီး
ဒုတိယအင်တာဗျူးထပ်ခေါ်ပြီး သမီးအရောင်းစာရေးလုပ်မလား Cashierကတော့သမီးကငယ်လည်းငယ်
လုပ်ငန်းအတွေ့ကြုံလဲမရှိတော့မဖြစ်နိုင်ဘူး။လို့မေးခံရတော့အိမ်မှာတည်းကမေကညည်းအဲလိုအမေးခံရရင်
ဘယ်လိုလုပ်မလဲ ပြောထားဖူးတော့ အဆင်သင့်အဖြေအသင့်နဲ့ Cashierရမှလုပ်ချင်ပါတယ်လို့ဆိုတော့
သမီးကိုဗျုးတာဘယ်သူလဲ မေးပြီး စဉ်းစားဦးမယ်ပြောပြီးပြန်လွှတ်ပေမဲ့ နောက်ရက်ကျတော့ ဘယ်နေ့က
စပြီးTrainingဆင်းပါလို့ဆိုတာမို့ အဲဒီမှာ ၃လခန့်ပဲလုပ်ဖြစ်ပါတယ်။ အအေးမိပြီးအလုပ်ကထွက်လိုက်တာ
မို့ပါ။ အဲဒီတည်းကအလုပ်လုပ်တာကိုသဘောကျသွားတာ ဆက်တိုက်ကို သင်တန်းတဖက်နဲ့အလုပ်လုပ်
ကျင့် ရသွားတာပါ။ ၂နှစ်လောက်ကြာတော့အဖေကသူသင်စေချင်တဲ့ဂျပန်စာကိုသင်တန်းသွားလိုက်
မသွားလိုက်စာလဲမကျက်တာမို့စိတ်ဆိုးတာမို့ အလုပ်ထွက်ခိုင်းခံရပါတယ်။ ကိုယ်က၀ါသနာမပါတာပါ။
ခေါင်းလဲမာသူမို့ အတင်းဖိအားပေးခံရရင် ပေကတ်ကတ်မလုပ်တတ်သူမို့။
အင်္ဂလိပ်စာကိုပဲသိပ်ဝါသနာပါခဲ့ပေမဲ့ ကိုယ့်ဘ၀မှာအဖေပေးတဲ့လမ်းကြောင်းကိုပဲလျှောက်ခဲ့ရင်းနဲ့
လုပ်ရင်းနဲ့ဝါသနာပါသွားတာမျိုးပါ။ စိတ်ပါသွားရင်တော့မရရအောင်လုပ်တတ်တာက၀သီပေါ့။ အလုပ်မရှိ
အိမ်မှာနေရင်တောင် ခြံထဲမှာမြတ်နှုတ်မယ်အပင်စိုက်မယ် အိမ်ခဏခဏရှင်းတာကိုပျင်းတာကလွဲရင်
အလကားနေတခုခုလျှောက်လုပ်တတ်တဲ့မိမိကိုယ်တိုင်ဂျပန်ကျောင်းလာတက်စဉ်က နေ့တိုင်းငိုခဲ့ဖူးတာပါ။
ပြောချင်တာက ဂျပန်ကအလုပ်ဆိုတာ မြန်မာပြည်မှာလုပ်ခဲ့တဲ့အလုပ်တွေနှင့်ယှဉ်ရင်တအားကိုပင်ပမ်းတယ်
ဆိုတာကိုပါ။

အဲဒါကို မြန်မာပြည်မှာတောင်အလုပ်မလုပ်လာခဲ့ဖူး ကိုယ်စားဖို့ထမင်းဟင်း ကိုယ့်ရှေ့အဆင်သင့်ဆိုတဲ့
ခလေးတွေဒီမှာကျောင်းလာတက်ရင် စိတ်ပိုင်းရော လူပိုင်းဆိုင်ရာရောအလွန်ပင်ပမ်းပါတယ်။ စာလည်းသင်၊
ကျောင်းခေါ်ချိန်ပြည့်အောင်လည်းမတက်လို့မရ၊ အချက်ပြုတ်ရော၊ အ၀တ်လျှော်ရော၊ အားလုံး မိမိဘာသာ လုပ်ရတဲ့အပြင် အလုပ်ပြေးလုပ်ပြီးကျောင်းစရိတ်၊အိမ်လခ၊စားစရိတ်၊ဖုံးခ၊အထွေထွေစရိတ်တွေလောက်ငှ
အောင် ရုန်းကန်ရတာ မလွယ်လှပါဘူး။ အဲဒီအထဲကမှ ဂျပန်ရဲ့အလုပ်ဆိုတာ နာရီနဲ့ပေးတာမျိုးမို့ သဘော
ကောင်းတဲ့ အလုပ်ရှင်တွေရှိကောင်းရှိပေမဲ့ ၅မိနစ်ငြိမ်နေရင်တောင် ကြိုက်ချင်တာမျိုးမဟုတ်ပါဘူး။
နဂိုတည်းက ဂျပန်ဆိုတာ အလုပ်သရဲရယ်လို့ နာမည်ကြီးလာတဲ့တိုင်းပြည်နှင့်လူမျိုးပါ။ ဒါကြောင့်လည်း
သေးငယ်ပြီး ငလျှင်လိုသဘာဝဘေးတွေကြောင့်ခဏခဏ ပြိုလဲပျက်စီးရတဲ့ ကျွန်းနိုင်ငံငယ်လေးဟာ
ဒီနေ့လို ကမ္ဘာ့အင်အားကြီးစက်မှုတနိုင်ငံအဖြစ်နေရာယူလာနိုင်ခဲ့တာလို့ တွေးကြည့်လျှင် သိနိုင်ပါတယ်။

ဒါကြောင့်ပန်းကန်ဆေးရင်တောင်စက်နဲ့ဆေးတာမို့အေးဆေးပါလို့ယူဆရင်မှားပါလိမ့်မယ်။ အလုပ်အရမ်း
များပြီး လူတအားဝင်တဲ့ဆိုင်တွေဆိုစားပွဲထိုးရော ပန်းကန်ဆေးရော မီးဖိုထဲကလူရော အသက်တောင်မရှုနိုင်
အောင် အလုပ်ချိန်က ပြီးသွားတာမျိုးပါ။

အလုပ်ချိန်က စားသောက်ဆိုင်တွေဆိုလျှင် မနက် နေ့လည်စာချိန်ဖြစ်တဲ့ ၁၀နာရီ(စတင်ပြင်ဆင်ချက်ပြုတ်)
ချိန်မှ နေ့လည် ၂ သို့ ၃နာရီခန့်အထိ တပိုင်းပါ။ ညနေရုံးလွှတ်ချိန် ၅နာရီခန့်မှ ည ၁၁ သို့ ၁၂နာရီခန့်ထိ
တပိုင်း။ ၂ပိုင်းလုပ်ရလေ့ရှိပါတယ်။ ၂၄နာရီစတိုးဆိုင်တွေမှာကတော့ များသောအားဖြင့် ဂျပန်တွေမလုပ်ချင်
တဲ့ ညသန်းခေါင်ပိုင်းနှင့် အဂုဏ်ချိန်တွေ လုပ်ရတာများလေ့ရှိပါတယ်။ ဒါကြောင့် ဂျပန်လာဖို့ပြင်ဆင်နေတဲ့
ကျောင်းသားဟာ ကျောင်းက မနက် ၉နာရီက ၁နာရီထိပဲ ၂နာရီကစပြီး တနေ့ ဘယ်နှစ်နာရီလုပ်လို့ရတယ်
လို့ စိတ်ရှိတိုင်း လျှောက်တွက်လို့မရပါဘူး။ များသောအားဖြင့် ၅နာရီကစတဲ့ အပိုင်းကိုပဲလုပ်လို့ရတာများပါ
တယ်။ တချို့ငွေများများရှာချင်တဲ့ကျောင်းသားတွေကတော့ ညလယ်တွေပါလုပ်ကြတာတွေရှိပေမဲ့ ကျန်းမာ
ရေးထိခိုက်စေပြီး ကျောင်းတက်ချိန်မှာလည်းအိပ်ငိုက်တာမို့ စာလဲမကျက်နိုင် ဖြစ်တာမို့အားမပေးချင်ပါဘူး။

ဂျပန်ရဲ့လူနေမှုရေစီး
ဒါ့အပြင် မြန်မာပြည်မှာလို တခုခုမလုပ်တတ်ရင် သူငယ်ချင်းရေလိုက်ပေးပါဦး လုပ်မရတာမျိုးပါ။ အားလုံးဟာ
အချိန်ရှားခြင်း၊ ပင်ပမ်းခြင်း၊ ရုန်းကန်ခြင်းတွေနှင့်နပမ်းလုံးနေရပြီး တောင်မင်းကိုမြောက်မင်းမကယ်နိုင်
မြောက်မင်းကို တောင်မင်းမကယ်နိုင်ဆိုတာမျိုးပါ။ ဒါကြောင့် စာရွက်စာတမ်းကိစ္စတွေ ရုံးဌာန၊ ဆေးခန်းသွား
ရမှာမျိုးတွေရှိလာရင် ဆရာမသို့အသိကိုမေးပြီးမြေပုံလေးကိုင်ပြီး မိမိဘာသာ မေးစမ်းဦးဆောင် လုပ်ရတာမျိုး
ပါ။ ဒါကိုသူငယ်ချင်းမပီသဘူးလို့ စိတ်ဆိုးတတ်မယ်ဆိုရင် မိမိရဲ့ပတ်ဝန်းကျင်အပေါင်းသင်း လူမှုအသိုင်းဝိုင်း
လေး ကျဉ်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့်ဂျပန်မလာခင်ကတည်းက မိမိခြေပေါ်မိမိရပ်နိုင်အောင် တကိုယ်ရေ
ကိစ္စတွေကို မိမိဘာသာ လုပ်တတ်တဲ့ အလေ့ကျင့်လေးမွေးပေးထားဖို့လိုပါတယ်။ မြန်မာပြည်မှာက
ကျောင်းလျှောက်ပြီဆိုရင် မိဘက အစဆုံးလိုက်လုပ်ပေးတတ်တာများပါတယ်။မိမိတုံးကတော့စာရွက်စာတမ်း
အားလုံးတယောက်တည်းအပြေးလွှားအားလုံးအပြီးစီးမိမိဘာသာလုပ်ပြီး ငွေပေးရမယ့်နေ့မှာအမေကလိုက်
ပြီးငွေပေးပေးတယ်။ အဲလို အလေ့ကျင့်ရှိထားတော့ တကိုယ်ရေဘ၀မှာပင်ပမ်းလို့ငိုခဲ့ဖူးတဲ့ရက်တွေ ရှိပေမယ့် ဂျပန်ရောက်တော့မြေပုံတရွက်နှင့်တွေ့တဲ့သူမေးပြီးဘာမဆိုလုပ်ရလွယ်ခဲ့ပါတယ်။
တဦးနဲ့တဦးဖုံးဆက်ဖို့တောင် အားတဲ့အချိန်ချင်းတိုက်ဖို့တခါတလေ ၄၊၅၊ရက်တပတ်ကြာတာမျိုးပါ။

နောက်ဆုံးပြောချင်တာကတော့ လောကမှာမဖြစ်နိုင်ဘူးဆိုတာကတော့မရှိပါဘူး။ ကြိုးစားရင်ဘာမဆို
ဖြစ်နိုင်ပါတယ်။ ဆန္ဒနှင့်ကြိုးစားမှုပဲအရေးကြီးဆုံးလိုအပ်ပါတယ်။ အဲဒါမရှိရင်တော့ဘာမှလုပ်လို့အဆင်
ချောမှာ ဖြစ်မြောက်အောင်မြင်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

ဒါ့အပြင်လူဆိုတာကိုယ်စီကိုယ်စီအားသာချက်အားနည်းချက်တွေကွဲပြားကြတာမို့ အတွေးမြင်ခံစားချက်
ခံနိုင်ရည်နှင့်ယူဆပုံလည်းတူကြမှာမဟုတ်ပါဘူး။ ဒီစာလေးဖတ်ပြီး မိမိနှင့်ကိုက်ညီအောင် တွေးတော
ချိန်ညှိသွားနိုင်မယ်ဆိုရင် ကျေနပ်ပါပြီ။

Sunday, September 20, 2009

လတ်တလောဂျပန်နိုင်ငံအခြေအနေ (၂)

ကမ္ဘာ့စီးပွားပျက်ကပ်နောက်ဆက်တွဲရိုက်ခတ်တဲ့ဂယက်လှိုင်းလုံးတွေနဲ့အတူ ဂျပန်ရဲ့လူဝင်မှု
ကြီးကြပ်ရေးနှင့်နိုင်ငံခြားသားများနှင့်ဆိုင်သောဥပဒေများပါ တင်းကြပ်လာတာမို့ တရားမ၀င်နေထိုင်သူ
အတော်များများပြည်တော်ပြန်ရရုံတင်မဟုတ်ဘဲ ကျောင်း၊ အလုပ် စသည့် တရားဝင်ဗီဇာဖြင့် နေထိုင်သူများပါ အနေကြပ်လာခဲ့တာပါ။ အထက်ကစည်းမျဉ်းတင်းကျပ်လာတာမို့ ဆိုင်အများစုဟာ
ကျောင်းသားဆိုလျှင်တရက်၎နာရီထက်ပိုပေးမလုပ်ရဲလာတာတွေ တွေ့လာရပါတယ်။ အလည်ဗီဇာနဲ့လာပြီး ရောက်ရင်အလုပ်လုပ်လေ့ရှိသူတွေဆို ပြန်ခါနီးထိ အလုပ်မရတာမျိုးတွေ ရှိလာပါတယ်။

နောက်တခုကတော့ဂျပန်မှာကျောင်းတက်ပြီး ကျောင်းတက်နေစဉ်ကာလမှာ အလုပ်တဖက်၊စာတဖက်မို့
စာမကျေညက်ပဲ လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်လောက်သော အရည်ချင်းမမွေးနိုင်တာမို့ တရားဝင်အလုပ်လဲ မရှာတွေ့နိုင်၊ လက်မှတ်ရရုံဖြင့်ကျောင်းပြီးသွားသူတွေလုပ်လေ့ရှိတာက အလုပ်ဗီဇာဝယ်တာပါ။ တနည်း
ဆိုရလျှင် ကုမဏီတခုမှာဝန်ထမ်းဖြစ်ကြောင်း ဗီဇာလျှောက်တာပါ။ ဒီလိုဗီဇာမျိုးဟာလည်း စုံစမ်းတွေ့ရှိသွား ရင် ဗီဇာရုပ်သိမ်းခံရတာမျိုးမို့ အားမပေးချင်ပါဘူး။

နောက်တမျိုးကတော့ ဂျပန်လူမျိုးနဲ့ဟန်ဆောင်လက်ထပ်ပြီး လက်ထပ်ဗီဇာလျှောက်ခြင်းပါ။ ဒါကိုလည်း
လတ်တလောမှာ လူဝင်မှုကြီးကြပ်ရေးဌာနက ၆လအတူမနေကြောင်းစုံစမ်းတွေ့ရှိရင် ဗီဇာရုပ်သိမ်းပါတယ်။

ဒါကြောင့် ကျောင်းသားဆိုလျှင်လည်း ကျောင်းကို သေချာတက်ပြီး မိမိလည်းစိတ်ဝင်စား ဂျပန်မှာအလုပ်လဲ
ခန့်အပ်ခံရဖို့ရာခိုင်နှုန်းများသော ဘာသာရပ်ကိုရွေးချယ်ပြီး တကယ်တတ်မြောက်အောင် သင်ကြားကြိုးစား
စေချင်ပါတယ်။ ဒီလိုဖြစ်ဖို့ရာ ဂျပန်ရဲ့ပညာရေးစနစ်နဲ့ မြန်မာလူမျိုးတွေအကြား ဟနေတဲ့အချက် အခက်ခဲ
ဟာ ဂျပန်ဘာသာပါပဲ။ ဒီမှာကျောင်းပြီးပြီး အလုပ်ဝင်နိုင်ဖို့ဆိုတာ ဂျပန်စာမရလို့မဖြစ်ပါဘူး။ စင်္ကာပူလို
နိုင်ငံမျိုးကျောင်းသွားတက်ပြီးစာကျက်တာ သင်ရိုးညွှန်းတမ်းက အင်္ဂလိပ်စာမို့ မြန်မာတွေအတွက် အခက်ခဲ
သိပ်ရှိမယ်လို့မထင်ပါဘူး။ သူငယ်တန်းထဲကမြင်ဖူးလာတဲ့အင်္ဂလိပ်စာမို့ပါ။ ဂျပန်စာကတော့ ၂နှစ်လောက် အတွင်း ကျားကုတ်ကျားခဲသင်ကြားရတာမို့ ဂျပန်စာဖြင့်ရေးသားသော ပညာရပ်ဆိုင်ရာ သင်ရိုးတွေဟာ
ခက်တာအမှန်ပါ။ ဒါ့အပြင် ကျောင်းလခ၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးခွန် အကုန်ကျတွေများ တာမို့ ဂျပန်လာကျောင်းတက်သူတွေ အလုပ်မလုပ်လျှင် အလျှင်မမီနိုင်ကြပါဘူး။ ဒါကြောင့် ဂျပန်ရောက်မှ
ဂျပန်စာလုပ်မယ်လို့စဉ်းစားလာသူမှန်ရင် အခက်ကြုံပင်ပမ်းမှာမလွဲပါဘူး။ ဂျပန်စာကို မြန်မာပြည်မှာတည်းက
ဖြစ်နိုင်ရင် စာမေးပွဲ အဆင့်၁၊ အနည်းဆုံးအဆင့်၂ကိုတော့ အောင်အောင်လုပ်လာဖို့လိုကြောင်း အကြံ
ပေးလိုပါတယ်။

ဂျပန်မှာ ကျောင်းသားတွေဟာအပင်ပမ်းဆုံးလို့ဆိုရပါမယ်။ စာတဖက် အလုပ်တဖက်နဲ့ အိမ်ကိုငွေပို့ချင်သူ
ဆိုလျှင် ပိုလို့တောင် အပူတွေများပါလိမ့်မယ်။ ကျောင်းသားကတော့ အိမ်ငွေပို့ဖို့ဆိုတာသိပ်မလွယ်ပါဘူး။

(နောက်ရက်မှာတော့အချိန်ပိုင်းအလုပ်တွေအကြောင်းဆက်ပါဦးမည်)

Friday, September 18, 2009

လတ်တလောဂျပန်နိုင်ငံအခြေအနေ

အပိုင်း (၁)

အတော်များများကဂျပန်သွားရင်ငွေအများကြီးရှာလို့ရတယ်လို့သာသိကြတာ။
တကယ်လဲ ရပါတယ်။ ကျောင်းသားတောင်မှအချိန်ပိုင်းအလုပ်လုပ်ရင် တိုကျိုမှာဆိုရင်
ယမ်း ၈၅၀ ကနေ ၁၀၀၀ကြား ရတာမို့ မြန်မာငွေနဲ့တွက်ကြည့်ရင် တနာရီ တသောင်းကျပ်ခန့်
ရနေတာမျိုးပါ။ နယ်ဘက်တွေဆိုရင်တော့ တိုကျိုနဲ့ယမ်း၁၀၀ မှ ၂၀၀ကြားကွာဟနိုင်ပါတယ်။

ဂျပန်ခေတ်ကောင်းစဉ်က ဂျပန်လာတဲ့သူတိုင်း စကားတတ်တတ်မတတ်တတ် ပန်းကန်ဆေးလောက်တော့
စလုပ်လို့ရပါတယ်။ အလုပ်မရှားပါဘူး။

ဒါပေမဲ့ ယနေ့ခေတ် ကိုယ်တိုင်ကြုံတွေ့နေရတဲ့ဂျပန်ကတော့ ကမ္ဘာ့စီးပွားဆုတ်ကပ်နဲ့အတူ
ခေတ်ကျပ်ကြီးထဲက ဂျပန်ဖြစ်လို့ နေပါတယ်။ ယခင်ကဆိုရင်ဂျပန်ကုမဏီများရဲ့အမြဲတမ်းဝန်ထမ်းစနစ်ဟာ
သိပ်ကို ကောင်းမွန်ခဲ့တာပါ။ ကုမဏီကြီး(ကော်ပိုရေးရှင်းကြီးများ)ရဲ့အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခံရပြီ
ဆိုလျှင် ပင်စင်ယူသည်အထိပူစရာမလိုတော့လောက်အောင် ကုမဏီကြီးတွေဟာဝန်ထမ်းတွေရဲ့လူမှုဘ၀ကို
အစစအရာရာစောင့်ရှောက်ကာကွယ်ပေးနိုင်ခဲ့တဲ့စနစ်မျိုးပါ။

ယနေ့ခေတ်ဂျပန်မှာတော့အလုပ်ချိန်လျှော့တာတွေပေါများလာပြီး
တချို့ကုပ္မဏီများဟာဆိုရင် လပေးဝန်ထမ်းတောင်မခန့်ပဲ အချိန်ပိုင်း(တနာရီလုပ်ခပေးနှုန်းဖြင့်)
ဝန်ထမ်းများကို ခန့်ခြင်းဖြင့် အလုပ်ချိန် တိုးလွယ်လျှော့လွယ် လူလျှော့ဖို့လွယ်သော စနစ်ကို
ကျင့်သုံးနေကြပါတယ်။

ဒါကြောင့်ဂျပန်များကိုယ်တိုင်က ၀င်ငွေသေချာတွက်မရတဲ့ အလုပ်လက်မဲ့လည်းဖြစ်ကောင်းဖြစ်သွားနိုင်တဲ့
ခေတ်ကျပ်ထဲမှာ အသုံးအစွဲတွေချွေတာလာကြပါတယ်။ ဒါကြောင့် မြန်မာအတော်များများ အချိန်ပိုင်းအလုပ်
လုပ်လေ့ရှိတဲ့ စားသောက်ဆိုင် လုပ်ငန်းတွေဟာ ဖြုတ်ပစ်တဲ့ဆိုင်တွေရှိလာသလို လူဝင်နည်းတာကြောင့်
အချိန်လျှော့၊လူလျှော့တာတွေရှိလာပါတယ်။ အလုပ်လဲရှာရခက်လာပါတယ်။

နောက်အကြောင်းချက်တစ်ခုကတော့ အလုပ်လက်မဲ့တွေပေါများလာတဲ့ဂျပန်နိုင်ငံသားတွေကို
အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ဖို့ အစိုးရဟာ အမျိုးမျိုးသော စီမံကိန်းတွေ၊ ပံ့ပိုးရေးအစီစဉ်တွေ
ချမှတ်လာပြီး၊ ယင်းအပြင် နိုင်ငံခြားသားများက ကျူးလွန်သောပြစ်မှုတွေတိုးပွားလာတာကို အကြောင်းပြုပြီး ဂျပန်မှာနေထိုင်သောနိုင်ငံခြားသားများကို လူဝင်မှုကြီးကြပ်ရေးဥပဒေကိုတင်းကျပ်လာခြင်းပဲဖြစ်ပါတယ်။
ဒီလိုတင်းကျပ်လာခြင်းဟာ တရားမ၀င်နေထိုင်သောနိုင်ငံခြားသားတွေကိုသာလျှင်အကျိုးသက်ရောက်စေတာ
မဟုတ်ပါဘူး။ သာဓကအနေဖြင့် ဂျပန်မှာ တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားအတော်များများဟာ
ဗီဇာရက်လွန်နေထိုင်မှုဖြင့် စစ်ဆေးဖမ်းဆီးခံရပြီး အတော်များများက မြန်မာပြည်ပြန်ခဲ့ကြရပါပြီ။

ယင်းအပြင် ဂျပန်အစိုးရဟာ နိုင်ငံခြားသားများရဲ့ကိုယ်ရေးအချက်လက်ကို ပိုမိုပြည့်စုံစွာ စစ်ဆေးခြေရာခံနိုင်
ဖို့ရာအတွက် နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ပြားထုတ်ပေးရေးကို ခရိုင်ရုံးထုတ်ပေးနေခြင်းကို ရပ်ဆိုင်းပြီး
လူဝင်မှုကြီးကြပ်ရေးဌာနက တိုက်ရိုက်ကိုင်တွယ်သွားမဲ့ဥပဒေတရပ်ကိုလည်း အတည်ပြုလိုက်ပါတယ်။
ယင်းအပြင် အခြားစနစ်တရပ်အတည်ပြုမဲခံယူဖို့ရာ လွှတ်တော်တင်သွင်းနေတယ်လို့ ကြားရပြီး မသေချာသေးပေမဲ့ ယင်းစနစ်သာအတည်ဖြစ်လာခဲ့လျှင် နိုင်ငံခြားသားကဒ်အတွင်းမှာ မိုက်ခရိုချစ်ပ်တခု
ထည့်သွင်းထားပြီး စစ်ဆေးလိုက်သောအခါမှာ ကိုယ်ရေးအချက်လက်အပြည့်စုံ ဥပမာ ကျောင်းသားဆိုလျှင်
ကျောင်းတက်ချိန်မှအစ ဖော်ပြပါရှိမယ်လို့ဆိုပါတယ်။ ဒါကြောင့်ကျောင်းချိန်အတွင်း အပြင်ရောက်နေခဲ့လျှင်
တောင် စစ်ဆေးမေးမြန်းခံရမှာဖြစ်ပါတယ်။

အချိန်ပိုင်းအလုပ်များအကြောင်း ဆက်ပါဦးမည်

Thursday, September 17, 2009

အေးစပြုလာတဲ့တိုကျို

မနေ့ကည၉နာရီခွဲလောက်အိမ်အပြန်ဘူတာကိုရောက်တော့ သာမန်ထက်အေးနေတာ
စခံစားမိတယ်။ ပထမတရက်နှစ်ရက်ကလည်းအေးသလိုလိုတော့ရှိသား။
အိမ်ကို၇မိနစ်လောက်လမ်းလျှောက်ဖို့တောင်စိတ်ညစ်သွားတယ်
မလာနဲ့တော့လို့ကိုယ်ကပြောပေမယ့် သူကစက်ဘီးနဲ့လာကြိုတော့ပျော်သွားတယ်
ဒီနေ့ကျတော့လည်းအေးစိမ့်နေတာပဲ မနက် ၁၀နာရီလောက်အပြင်ထွက်တော့လည်း
အေးစိမ့်နေတယ်
ခုနေ့လည်၂နာရီရောက်တော့လည်းအေးစိမ့်နေတုံးပဲ။ နေကိုမမြင်ရဘူး။
ယနေ့က မိုးရွာနိုင်ခြေရှိသတဲ့။ ၁၉ ကနေ ၂၃ဒီဂရီစင်တီဂရိတ်ပါတဲ့။
အိုး ဟုတ်ပါ့ ၂၃ဆိုတော့နည်းနည်းအေးတာပေါ့။
ဂျပန်ဆောင်းကိုကြုံဖူးထားတာမို့ အအေးကြောက်ပြီး နွေရာသီ မြန်မာပြည်မှာတောင်
အဲကွန်းဖွင့်ရပါစေ စောင်ခြုံအိပ်တဲ့ကိုယ် ပြင်ဆင်ရေးစရပါတော့မယ်
သိမ်းထားတဲ့အနွေးထည်တွေထုတ် ၀ယ်တန်တာဝယ် အကျီ င်္တွေကို နေရာပြန်ချရပါဦးမယ်

Thursday, September 10, 2009

ရောက်ရာပေါက်ရာ

ပျင်းသည် ပျင်းသည် ပျင်းပါသည်။
ဘလော့ဂ်ရေးချင်ရက်ရေးစရာရှာမရဖြစ်နေသည်။
ပြီးခဲ့တဲ့၃ရက်ဆက်တိုက် မနားတမ်းပြေးလွှားခဲ့ရတာမို့ နားချင်လိုက်တာဟု တွေးမိပါသည်
ယနေ့တနေ့လုံးအိမ်မှာနားပါသည်။
မနက်ပိုင်းသူငယ်ချင်းကစာအုပ်သွားဝယ်မှာမို့ အဖော်စပ်တာတောင် မလိုက်ဖြစ်ပါ။
အ၀တ်လျှော်၊ သန့်ရှင်းရေး၊ ဘလော့ဂ်ဖတ်ခြင်း၊ သူငယ်ချင်းများနှင့်ဖုံးပြောခြင်း၊ တရေးအိပ်ခြင်း
တခုပြီးတခုလုပ်ပါသည်။
အဲသလိုနှင့် ညနေ ၆နာရီထိုးတော့မည်။
ပျင်းလို့တီဗွီဖွင့်ကြည့်တော့ လွန်ခဲ့တဲ့၂လလောက်တည်းက ဆေးခြောက်မှုနဲ့အဖမ်းခံရတဲ့မင်းသမီး
(မြန်မာပြည်မှာတော့ အိုင်းယ ဟု အမည်ကျော်ခဲ့ဖူးသူ)အကြောင်းလွှင့်နေတာနဲ့တိုးတော့
စိတ်ပိန်ပါသည်။ ပြီး ပြီးနိုင်ဘူး ဟု သတင်းစီးဆင်းမှုလွန်ကဲခြင်းကို စိတ်ပျက်မိသည်။
တခြားလိုင်းမပြောင်းပါ။ အဲဒီလိုင်းနာမည်ကြီးတဲ့အပြင် တခြားသတင်းဘာလာမလဲ
ကြည့်ချင်တာရယ် ဘလော့ဂ်ရေးနေတာရယ်ကြောင့် အခန့်သင့်ဖြစ်သွားပါသည်။
အား ကြည့်ချင်တာလာနေပါပြီ။ အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတနှင့်
ကတော်အကြောင်းပါ။ ယင်းသို့သောအကြောင်းများကို အလွန်ဝါသနာပါပါသည်။
သူတို့ဘယ်လိုဘ၀ကို ဖြတ်သန်းလာသလဲ ဆိုတာကိုပါ။
အိုဘားမားဆိုလျှင် အတ္ထုပတ္တိစာအုပ်ပင်ဝယ်ထားပါသည်။ လူကိုကြိုက်သည်မကြိုက်သည်
ကိုယ်မဝေဖန်လိုပါ။ သို့ငြား ဒီလိုအခြေနေရောက်အောင်ကြိုးစားအောင်မြင်လာခဲ့သူကိုတော့
ကိုယ်ကြိုက်ပါသည်။ လေးစားပါသည်။ အတုယူပါသည်။



တခါတလေတော့လည်း ကိုယ့်တိုင်းပြည်မဟုတ်တဲ့ နိုင်ငံခြားတိုင်းပြည်တခုမှာ နေရတာ
ငြီးငွေ့မိပါသည်။ မခင်ဦးမေလို ခဏခဏပြန်ကြည့်ချင်သား။ နီးရင်တော့ကောင်းပေမည်။
ပဲခူးကိုလည်းရထားစီးကြည့်ချင်ပါသည်။ ရန်ကုန်မှာရှိစဉ် မြို့ပတ်ရထားသူစီးချင်သည်ဆိုတော့
ကိုယ်လိုက်ပို့ဖူးပါသည်။ ရထားပေါ်ရောက်တော့ လူတွေပစ္စည်းတွေအပြည့် ရပ်စီးရတာ
ပြသနာမရှိငြား ရထားခပ်မှောင်မှောင် အနံ့အသက်စုံလင်စွာဖြင့် ရှေ့မှာထိုင်နေသော သားအမိနှစ်ဦး
သန်းရှာနေသည်ကိုကြည့်ပြီး တပတ်စီးမယ်နော် ၃ခါလောက်ပူဆာခဲ့သူက နောက်မှတ်တိုင်ဆင်းကြ
မလား ဆိုလာတော့ ကိုယ်ရယ်ခဲ့ဖူးပါသည်။ အဲလိုနဲ့ တွဲနှစ်ခုကြားအစပ်မှာ နှစ်ယောက်သားရပ်စီးရင်း
တပတ်ပြည့်သွားပါသည်။ ပြီးတော့လှည်းတန်းမှာဆင်းပြီး ကိုယ်ကြိုက်သော အမဲအူပြုတ်နှင့် တုတ်ထိုး
သွားစားကြပါသည်။
သူငယ်ချင်းထံမှဖုံးလာတော့ စကားပြောလိုက်တာ ၇နာရီထိုးပေတော့မည်။ ပြောနေဆဲဖုံးထပ်ဝင်လာသည်။
အမျိုးသားထံမှ။ သူပြောသော အိမ်သာထဲနားချိန်မှာ ဆက်ခြင်းဖြစ်ပေမည်။ မကိုင်ဖြစ်ပါ။
ပြီးတော့စာအုပ်သွားဝယ်သောသူငယ်ချင်းထံဖုံးဆက်ပါသည်။သူ့ကိုစိတ်ပူလို့ပါ။ဂျပန်ရောက်တာ၂နှစ်ခန့်မှာ
ကိုယ်နဲ့ပြီးခဲ့တဲ့အပတ်တွေ့ခဲ့စဉ်က သူခုလိုတယောက်တည်းရထားစီးလာတာပထမဆုံးပဲဆိုလို့
လမ်းမှတ်မိပါ့မလားကိုယ်စိတ်ပူပါသည်။ သူငယ်ချင်းက ဒီနှစ်လယ်ဘယ်၁ ဖြေမှာမို့ပါ။ ဘယ်သူ့မှ
ဖွင့်မပြောရန် သူနဲ့ကိုယ်သဘောတူညီချက်ယူထားပါသည်။ ဘာကြောင့်ဆို အောင်လျှင်မချီးမွမ်းတတ်ပဲ
ကျမည်ဟုထင်လျှင်ခဏခဏမေးတတ်သော လူအချို့ဒီလောကတွင်ရှိတတ်လို့ပါ။
ကိုယ်ဆိုလဲ မနှစ်က ကျမှာသေချာသောစာမေးပွဲဖြစ်သဖြင့် ခဏခဏ အောင်စာရင်းအမေးခံရပါသည်။
ယခုနှစ်တော့ အောင်ရင်အောင်မှာလို့ ယူဆခံရသဖြင့် ခင်မင်ရင်းနှီးစစ်မှန်သော သူငယ်ချင်းများမှအပ
အမေးမခံရပါ။ တကယ်ဆိုဂျပန်စာ အတူသင်ခဲ့စဉ် သူက အတန်းထဲမှာအမြဲပထမ ကိုယ်က ပထမ ၁ကြိမ်ပဲရဖူးပါသည် များသောအားဖြင့် ၂၊ ၃၊၄ မှာသွားတန်းစီနေတတ်ပါသည်။
မောပေပြီ။ ဟင်းချက်ကာ ရေချိုးလိုက်ပေဦးမည်။

Friday, September 4, 2009

ဂျပန်နိုင်ငံတွင်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲဖြေဆိုခြင်း

စာမေးပွဲစစ်ဌာနဧ။်ထုတ်ပြန်ကြေငြာချက်များ
အပေါ်ကလင့်ခ်ကိုသွားကြည့်ရင် စာမေးပွဲစစ်မယ့်ရက်၊ အချိန်၊ ဖောင်စတင်ရောင်းချရက်၊
ဖောင်ပိတ်ရက် စသဖြင့် အသေးစိတ် update ဖတ်ရှုနိုင်ပါတယ်။

၂၀၀၉ခုနှစ်၊ ၁၂လပိုင်းမှာစစ်မယ့်စာမေးပွဲအကြောင်းက ဒီမှာဖတ်ကြည့်နိုင်ပါတယ်။

ဂျပန်မှာဖြေဆိုမယ့်သူတွေက သူတို့ ဖောင်စတင်ရောင်းချမယ်လို့ကြေငြာထားတဲ့ရက်အတွင်း
ဂျပန်တ၀ှမ်းမှာရှိတဲ့စာအုပ်ဆိုင်ကြီးတွေမှာ ဖောင်ဝယ်ရပါမယ် ယမ်း၅၀၀ပါ။
ပြီးရင် အမည် လိပ်စာ စတာတွေရေးဖြည့်ပြီး ကွန်ဗီနီစတိုးဆိုင်ကိုယူသွားပြပြီး
စာမေးပွဲကြေး ယမ်း ၅၅၀၀ကို ပေးချေပြီး ပြေစာကိုသေချာသိမ်းရပါမယ်။

ဖောင်တင်ရက်ပိတ်သွားပြီး၁လခန့်ကျော်အကြာမှာ စာတိုက်ကနေ မိမိအမည်၊ ခုံနံပါတ်
သွားရောက်ဖြေဆိုရမယ့်ကျောင်း(သို့)တက္ကသိုလ်အမည်နှင့်လိပ်စာတွေကို
ဘူတာမှကျောင်းအထိမြေပုံပါ ရေးဆွဲပြီး စာပို့ပေးပါတယ်။

စာမေးပွဲအောင်စာရင်းကလဲ ၇လပိုင်းဖြေတဲ့စာမေးပွဲကို ၉လပိုင်း ပထမ၂ပတ်အတောတွင်းပို့ပေးမယ်
လို့ဆိုရာမှာ ၉လပိုင်း ၂ရက်နေ့မှာကို အောင်ရှုံးအကြောင်းကြားစာ ရောက်လာပါတယ်။

မြန်မာပြည်နဲ့မတူ ထူးခြားတာတခုက မြန်မာပြည်မှာဆိုရင် စာအိတ်မဖွင့်ပဲစမ်းကြည့်လိုက်ရင်
အောင်ရှုံးသိပါတယ်။ အေဖိုးဆိုဒ်စက္ကူအိတ်ထဲမှာ ကျရှုံးရင် အေဖိုးဆိုဒ်တ၀က်ခန့်ရှိတဲ့အမှတ်စာရင်းစာရွက်
ခပ်ပါးပါးလေးပဲပါပြီး၊ အောင်လျှင် အေဖိုးဆိုဒ်ခပ်ထူထူ အောင်လက်မှတ်တစောင်ပါ ပူးတွဲပါတာမို့ပါ။

ဂျပန်မှာတော့ အကြောင်းကြားစာက ဘီ5ဆိုဒ်လောက်ပဲရှိပြီး အောင်လက်မှတ် အေဖိုးဆိုဒ်လိုချင်လျှင်
တစောင် ယမ်း၁ထောင်နှုန်းဖြင့် ထပ်မံလျှောက်ထားပါလို့ ရေးသားဖော်ပြထားပါတယ်။
ဒါဟာလဲ စာတိုက်စနစ်နှင့်ပဲ လျှောက်ထားရမှာဖြစ်ပါတယ်။

အကြံပေးချင်တာတစ်ခုကတော့ လယ်ဘယ် အဆင့် ၄၊၃၊၂အထိကို မြန်မာပြည်မှာ ဂျပန်လိုနှင့် မြန်မာလို
ပြန်ထားတဲ့ စာအုပ်တွေထုတ်ဝေနေတာ ကိုယ်မလာခင်စာအုပ်ဆိုင်တွေမှာ တွေ့ခဲ့ရတာမို့
မြန်မာပြည်က စာအုပ်လှမ်းမှာပြီး မိမိဘာသာ self studyနှင့် လေ့ကျင့်လို့ရပါတယ်။ ရန်ကုန်စာတိုက်ကြီးမှ
တဆင့် စာအုပ်ပို့ရင် စာအုပ်က ပို့ခသက်သာပါတယ်။ ရာဂဏန်းပဲကျသင့်ပါတယ်။
သို့ငြားတခါပို့ရင်သတ်မှတ်အလေးချိန်ပဲပို့လို့ရတာမို့ စာအုပ်များရင် ရက်ခွဲပို့ရမှာဖြစ်ပါတယ်။

လယ်ဘယ်၁ကတော့ အခြေခံကစပြီး စနစ်တကျလေ့လာကာအဆင့်၂အောင်သွားရင် မိမိဘာသာ
လေ့လာသွားဖို့မခက်တော့ပါဘူး။ ကိုယ်အဆင့်၃ဖြေတုံးက မြောက်ဥက္ကလာက ဆရာမဒေါ်ရင်ရင်ဦး
အိမ်(သင်တန်းကျောင်း)မှာ သင်ယူခဲ့ပြီး၊ အဆင့် ၂ကို ၀င်းဂျပန်ဘာသာကျောင်းမှာတနှစ်တက်ပြီး
ဖြေဆိုအောင်မြင်ပြီး၊ လယ်ဘယ်၁ကိုတော့self studyဖြင့်မနှစ်က ၁၀လပိုင်းခန့်မှာ စတင်လေ့လာ
ခဲ့ပါတယ်။

ဂျပန်စာသင်ကြားရာလမ်းကြောင်းမှာ ကြုံတွေ့သင်ယူခဲ့ဖူးသော ဆရာသမားအားလုံးကို အထူးပင်
ကျေးဇူးတင်ရှိပါကြောင်း။

Thursday, September 3, 2009

ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအကြောင်းသိကောင်းစရာ

စာမေးပွဲလမ်းညွှန်စာအုပ်
အသေးစိတ်သိချင်ပြီးဂျပန်လိုဖတ်တတ်သူတွေကအထက်ကလင့်ခ်ကိုသွားဖတ်ကြပါ

ဂျပန်စာအရည်ချင်းစစ်စာမေးပွဲကို ၁၉၈၄ခုနှစ်မှာစတင်ကျင်းပခဲ့တာနှစ်စဉ်ဒီဇင်ဘာလရဲ့ပထမပတ်တနင်္ဂနွေ
တိုင်းမှာပါ။

၂၀၀၉ခုနှစ်ကစလို့
၇လပိုင်း ပထမပတ်တနင်္ဂနွေ နှင့် ကျင်းပမြဲဒီဇင်ဘာလမှာရော တနှစ်၂ကြိမ်ပြုလုပ်ပါတယ်။

ယခုနှစ် ပြုလုပ်သွားတဲ့ ရလပိုင်းမှာ အဆင့် ၁နှင့် အဆင့်၂ပဲ စစ်ပါတယ်

လယ်ဘယ် အဆင့်ပေါင်း ၄ဆင့်ရှိပါတယ်
အဆင့်၎က အခြေခံအစဖြစ်ပြီး အမြင့်ဆုံးက အဆင့် ၁ပါ။
သို့ငြား ၂၀၁၀ခုနှစ်ကစလို့ အဆင့် ၅ဆင့် ခွဲပြီးပြုလုပ်သွားမယ်ဖြစ်ကြောင်းပါ။
အခြေခံဖြစ်တဲ့ အဆင့် ၅ဟာ ယခင်အဆင့်၎နဲ့ တူညီပြီး
အဆင့်၎ဟာ ယခင်အဆင့်၃နဲ့တူညီတာမို့ သင်ရိုးညွှန်းတမ်းမပြောင်းပါဘူး

သို့ငြားအဆင့်၃ဟာ ယခင်အဆင့် ၃နှင့်၂အကြားရဲ့လယ်ဘယ်ဖြစ်တာမို့ ယခင်အဆင့်၃ထက်
ပိုခက်လာပါလိမ့်မယ်။

အဆင့်၂ကလဲ ယခင်အဆင့်၂အတိုင်းမပြောင်းလဲပါဘူး
အဆင့်၁ကတော့ အနည်းငယ်ပိုပြီး လယ်ဘယ်မြှင့်ထားကြောင်းပါ။

အမှတ်ပေးစနစ်လဲ ၆၀မှတ်နှုန်းနဲ့ အားလုံးပေါင်း ၁၈၀မှတ် အဖြစ် စံနှုန်းပြောင်းမှာပါ။
ပြီးတော့ရမှတ်ဖော်ပြခြင်းကို ၆၀မှတ်မှာဘယ်နှစ်မှတ်ရတယ်လို့ အသေးစိတ်ဖော်ပြမှာဖြစ်ပြီး
အပိုင်းတခုချင်းရဲ့ရမှတ်ကိုကြည့်ပြီး အေ(တော်/67%အထက်) ဘီ(သင့်/67%အောက်)
စီ(ညံ့/34%အောက်)ဆိုပြီးပါ ဖော်ပြမှာဖြစ်လို့ တချို့အောင်မှတ်ရပြီးအမှတ်မညီရင်တောင်
ဘယ်အပိုင်းမှာတော်ပြီး၊ဘယ်အပိုင်းညံ့ကြောင်း ဘွင်းဘွင်းကြီးပေါ်နေမှာဖြစ်ပါတယ်။

ဒါ့အပြင်日本語能力試験Can-do リストဆိုတဲ့အစီစဉ်တခုကိုလည်းပြုလုပ်ဖို့စီစဉ်နေကြောင်း
ဖော်ပြထားပါတယ်
ယင်းအစီစဉ်ဟာ ဂျပန်စာအရည်ချင်းစစ်စာမေးပွဲအောင်ရုံမဟုတ်ပဲ ကာယကံရှင်ရဲ့တကယ့်အရည်ချင်းမှန်ကို
စစ်ဆေးမှာဖြစ်ကြောင်းပါ။ အကြား၊အဖတ်၊အပြော၊အရေးဆိုပြီးအပိုင်းလိုက်ပေးမဲ့အမှတ်ဖြစ်ကြောင်းနဲ့
လောလောဆယ် စီစဉ်စီမံကိန်းရေးဆွဲဆဲဖြစ်တာမို့ ၂၀၁၀ခုနှစ်စတင်ကျင့်သုံးမဲ့စနစ်မှာ မပါဝင်ပါဘူး။

http://www.jees.or.jp/jlpt/
စာမေးပွဲအကြောင်းကြေငြာချက်တွေကို အထက်ကလင့်ခ်မှာသွားသွားဖတ်ရှုနိုင်ပါတယ်။

Wednesday, September 2, 2009

ဂျပန်စာလယ်ဘယ်ဝမ်းနှင့်အောင်တော်မူအထ္တုပတ္တိ

မနေ့ကဂျပန်စာအဆင့်၁စာမေးပွဲအောင်ရှုံးစာရင်းစာရွက်လေးစာတိုက်ကရောက်လာပါတယ်
ဖြေတဲ့နေ့နောက်ရက်မှာပဲအင်တာနက်မှာမေးခွန်းတွေအဖြေတွေရှာပြီး၊အမှတ်တွက်ထားပြီးသားမို့
အောင်ရုံအောင်မယ်မှန်းထားတာတောင် ဖွင့်ဖတ်ခါနီး စိတ်လှုပ်ရှားနေပါသေးတယ်

ိကိုယ်တွက်ထားတဲ့အမှတ်ထက်၁မှတ်လျော့ပြီးပွတ်ကာသီကာအောင်တော်မူသွားပါတယ်
သူ့ရဲ့အောင်မှတ်က အမှတ်၁၀၀မှာ ၇၀နှုန်းသတ်မှတ်ထားတာမို့ပါ။ ပေါင်း ၂၈၀မှတ်ပါ။
အဆင့်၂မှာတောင်မှ အောင်မှတ်က ၁၀၀မှာ ၆၀နှုန်းသတ်မှတ်ထားပြီး ၄ဘာသာပေါင်း၂၄၀မှတ်ရရင်
အောင်တာမို့ ၂၀၀၅ခုနှစ်အဆင့်၂စာမေးပွဲဖြေတုံးကဆို အိုး အလှလေးအေးဆေးပြင်ပြီးမှ သွားဖြေခဲ့တာ
ပါ။ အောင်စာရင်းထွက်တော့လဲအောင်ဖို့ကမျက်စိမှိတ်သေချာပြီး အမှတ်ကောင်းပါ့မလားပဲ
စိတ်ပူခဲ့ရတာမျိုးပါ။

လယ်ဘယ်၁ကခက်တယ်လို့လူတွေကြားရေပန်းစားတာဘာကြောင့်လဲဆိုတာ
ဖြေကြည့်မှပိုသိလိုက်ပါတယ်။ အောင်မှတ်သတ်မှတ်နှုန်းမြင့်လို့ပါ။
တကယ်တမ်းစာပိုများတာ လယ်ဘယ် ၂ပါ။ သို့ပြား လယ်ဘယ် ၂ကို မနှစ်ကစပြီး
လယ်ဘယ်၃နှင့် လယ်ဘယ်၂ဆိုပြီး၂ပိုင်းပြန်ခွဲလိုက်ပြီး ပေါင်း စာမေးပွဲအဆင့် ၅ခုအဖြစ်
သတ်မှတ်လိုက်တာမို့ ခုဆိုရင် လယ်ဘယ်၁က စာအများဆုံးလို့ဆိုနိုင်ပါပေလိမ့်မယ်

တကယ်တော့ ၂၀၀၅ခုနှစ် လယ်ဘယ်၂အောင်ပြီး ဂျပန်သွားပြီး မြန်မာပြည်ပြန်လာချိန်မှာ
အင်္ဂလိပ်စာနှင့် ကွန်ပျူတာဘက်ပဲ ဦးလှည့်ခဲ့တာပါ။
စကာင်္ပူဘက် အလုပ်ကိုင်ရှာရေးကို ဦးတည်ခဲ့တာပါ။

လယ်ဘယ်၁ကို အောင်ချင်စိတ် ဖြေချင်စိတ်မရှိသလို လုပ်လဲမလုပ်ခဲ့ပါဘူး
၂၀၀၈ခုနှစ် ၉လပိုင်းမှာ သူက အတင်းဖြေစေချင်တာမို့ ၁၂လပိုင်းစာမေးပွဲ ကျမယ်မှန်းသိသိနဲ့
ဝင်ဖြေပါတယ်။ စာလုပ်ဖြစ်သွားအောင်ပါ။ သူကကိုယ်လိုတဲ့စာအုပ်တွေအားလုံးကို
(ကိုယ်ကဒါလေးကောင်းလားမသိဘူးလို့လက်နဲ့ကိုင်လိုက်ရင်တောင်) လက်ဆောင်ဝယ်ပေးပါတယ်။
:D
ကိုယ့်ရဲ့ခံယူချက်က ဘာမှမလုပ်တာထက်စာရင် ကျပေမဲ့ နည်းနည်းလုပ်ဖြစ်သွားတာက ပိုမြတ်တယ်
ဆိုတာမျိုးနဲ့ပေါ့။ ထင်တဲ့အတိုင်း သဒ္ဒါအကုန်ပြတ်သွားပါတယ်
ဒါကြောင့်လဲ ၁၂လပိုင်းစာမေးပွဲပြီးတည်းကမကြည့်ဖြစ်တဲ့ သဒ္ဒါကို ၇လပိုင်းစာမေးပွဲမှာ စာမေးပွဲခန်းထဲ
မ၀င်ခင် ကြား ၃၀မိနစ်နားချိန်အပြေးလွှားဖတ်ရင်းနဲ့ပဲ အမှတ်ယူနိုင်ခဲ့တာပါ။

အခက်ဆုံးအပိုင်းက ခန်းဂျိလို့ကိုယ်ကတော့ယူဆပါတယ်။

အောင်တော်မူကနေ ရှည်တော်မူသွားတာမို့ တော်တော်မူလိုက်ပါပြီ
^O^

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates