Monday, March 29, 2010

တောင်တက်ရင်း・・・

မနေ့က တောင်သွားတက်ကြတယ်
ရှင်ဂျုကုကနေ ၁နာရီကျော်ခန့်အမြန်ရထားစီးသွားရတဲ့ 高尾山တကအိုတောင်ပေါ့

အဲဒီမှာ ရေတံခွန်ရှိတယ်။ တီဗွီအစီစဉ်မှာကြည့်ဖူးလို့သိထားတာကတော့
အဲဒီရေတံခွန်အောက်ဝင် ရေချိုးပြီး ကံအညစ်ကြေးတွေဆေးတဲ့ခံစားချက်မျိုးနဲ့
စိတ်ဓါတ်ပိုင်းဆိုင်ရာ ခိုင်မာမှုအတွက် ပြုလုပ်တဲ့ အစီစဉ်လေးပါ။

တွေးမိတာကတော့ ဒီလောက်အေးတဲ့တိုင်းပြည်၊ အအေးဆုံးဆိုတဲ့ဒီရာသီမှာ
အနားရပ်ရုံတင်အေးစက်နေတဲ့ရေငွေ့ကြောင့် ခိုက်ခိုက်တုန်နေတာတောင်
ကျောက်ဆောင်တွေကြားဆင်းပြီး ရေတံခွန်အောက်ဝင်တယ်ဆိုတာမျိုးဟာ
ပြောရရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တမျိုးပါပဲ။
ဖတ်ခနဲတွေးလိုက်မိပါတယ်။ ဂျပန်တွေစိတ်ဓါတ်ပြင်းတယ်ဆိုတာ ဒါမျိုးတွေကြောင့်ကိုးလို့။
ပြင်းပြခိုင်မာတဲ့စိတ်ဓါတ်ရှိတာကောင်းမွန်ပေမဲ့ မလိုတဲ့နေရာမှာထားမိရင်လည်း
အန္တရာယ်များစေတတ်တာမျိုးပါ။

ပြုလုပ်ချင်သူဟာ အင်တာနက်မှကြိုတင်စာရင်းပေးရပါတယ်။
ဒီနေရာလေးမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

ရထားဆိုက်တော့သူအရင်ပြေးတယ်။ အချိန်မမှီမှာစိုးလို့ပါ။ ပြီးတော့ပြောတယ်။
မြေပုံသေချာကြည့်နော်တဲ့။ တောင်ထဲ ဖုံး(မြေပုံ)သုံးလို့ရမှာမဟုတ်ဘူးတဲ့။
ကိုယ်ကအေးဆေးနောက်ကလိုက်ပါတယ်။
ဆိုင်တွေဝင် တခုချင်းငေးရတာဝါသနာပါသူပီပီ တော်တော်နဲ့တောင်စပ်ဆီကိုတောင်မရောက်ပါဘူး။
တောင်စပ်မှာ ဇာတ်လမ်းစတာပေါ့။ လမ်းခွဲတွေ။ ၆လမ်းခန့်ရှိသတဲ့။
ဒါပေမဲ့ရေတံခွန်ဘက်ကတော့ တလမ်းထဲပါ။ လမ်းနံပါတ်၆။
မြေပုံဘုတ်ကြီးရှေ့ရပ်တယ်။ ခပ်တည်တည်နဲ့။ မျက်စိနောက်လာတယ်။
လူတွေအများကြီးဝင်ဝင်သွားတဲ့ညာဘက်လမ်းကို ခပ်တည်တည် တက်လာတယ်။
တော်တော်မောတယ်။ အတက်ချည်းမို့ပါ။ ခရက်ကာစားလိုက် ရေသောက်လိုက်နဲ့
အကွေ့တနေရာရောက်လာတယ်။

ရောက်တဲ့နေရာကလှမ်းကြည့်တော့အောက်ကလူတွေကိုခပ်ပျပျလှမ်းမြင်ရတယ်။


ဘာရယ်မဟုတ်ဖုံးထုတ်ပြီး လိုင်းကမိသေးတာမို့ရောက်တဲ့နေရာရှာကြည့်လိုက်တော့
အိုး တလွဲ ကိုယ် ရေတံခွန်နဲ့ဆန့်ကျင်ဘက်လမ်းပေါ်ရောက်နေပြီ
အိုး ကြိုးစားပန်းစားတက်လာလိုက်ရတာ။
သြော် ငါတယောက်တည်း တက်ဖြစ်တော့လည်း ဗဟုသုတရတာပေါ့လေ
ဖြေတွေးလေးတွေး
အဲလိုနဲ့ဦးကြီးတယောက်ကိုမေးပြီး ပြန်ဆင်းလာ ဆိုင်တွေကို ထပ်မံငေးမော
ပြီးတော့ရေတံခွန်ရှိရာခရီးဆက်တယ်။ ဖုံးကလိုင်းမမိတော့ဘူး
လမ်းကလည်းကြောက်စရာ လူပြတ်တယ် လမ်းကြမ်းတယ်။
နောက်မှသိတယ် ရေတံခွန်ရှိတဲ့လမ်းနံပါတ်၆က အကြမ်းဆုံး
တောင်ပေါ်ကို အမြန်ဆုံးရောက်သောဖြတ်လမ်း သို့ငြား
အမြင့်တန်း တောင်တက်သမားများတက်ရန်တဲ့။

အမှန်တော့သူကိုယ့်ဖုံးကိုမေးလ်ပို့ထားတယ်။
တောင်အောက်မှာပဲ ဆိုင်တွေပတ် မုန့်စားပြီးစောင့်ရင်စောင့်တဲ့။
ကိုယ်မသိဘူး။ လိုင်းမမိတော့ဝင်မလာဘူး။ အပြန်တောင်အောက်ရောက်မှသိရတယ်။


ကိုယ်ရောက်တော့ ပွဲစတာမို့ မီသွားတယ်။ ကံကောင်း။
သူပြီးသွားတော့ သူ့ကို (ကိုယ်မပါပဲ) ဆန်ခေါက်ဆွဲပြုတ်ပူပူတပွဲကျွေးတယ်။
ပြီးတော့နှစ်ယောက်သားတောင်ပေါ်ဆက်တက်ကြတယ်။
ခုနကကြမ်းတယ်ဆိုတာထက်ကို လမ်းက ပိုကြမ်းလာတယ်။

သူရလာတဲ့ ကောက်ညှင်းပေါင်းပူပူလေးတထုပ် နှစ်ယောက်သားစားရင်းတက်လာတယ်။

အဲလိုနဲ့တောင်ထိပ်ပေါ်ရောက်လာသည်။
အပြန်ကျတော့ နတ်ကျောင်းတွေဝင်ရင်း အခြားလမ်းသွယ်မှပြန်လာသည်။
အလွန်သက်သာသောလမ်းဟုဆိုရမည်။
သူများတွေမောနေချိန် ကိုယ်တို့ကတော့ အလွန်လန်းနေမြန်နေသည်။
(အီ)တွင်အတွေးတစ်ခုရသည်။
ပိုမိုခက်ခဲသောအရာကိုကြုံထားပြီးလျှင် သာမန်ခက်ခဲမှုလေးများသည်ပင် လွယ်သွားသည်ဆိုခြင်း။
အတွေ့ကြုံဆိုသည်မှာ သည်လိုကိုး။
ဒါကြောင့်တောင်တခါတက်တိုင်းတခါပညာရသည်။

အပြန်ကျတော့နှစ်ဦးသား လမ်းခုလတ်ဘူတာက နာမည်ကြီးသောခေါက်ဆွဲသွားစားကြသည်။

 

အပြန် သူအချိုစားချင်တော့ ပေါင်မုန့်ဆိုင်ဝင်။ ကိုယ်ကတော့အိမ်ရောက်မှစားသည်။


Captain Jaz Sparrow ရဲ့ Pirates of the Caribbean 4 ရုပ်ရှင်လေးသိပ်ကြိုက်တာတောင် ဆုံးအောင်မကြည့်နိုင် အိပ်ပျော်သွားသည်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
၂၈ရက်၃လ၂၀၁၀ခုနှစ်အမှတ်တရ

4 comments:

မြတ်နိုး said...

yes..ပိုမိုခက်ခဲသောအရာကိုကြုံထားပြီးလျှင် သာမန်ခက်ခဲမှုလေးများသည်ပင် လွယ်သွားသည်ဆိုခြင်း။
right.
When I was 3rd yr in Uni, I got that scene. So , I don't afraid for difficulties. After yr by yr , I studied more difficult problems, then I thought 1st yr problem is so easy contrast to 2nd yr. This is Answer.
These days,
How much difficulties come, I am ready for solve.

:P

Rita said...

စိတ်ဝင်စားစရာ အတွေ့အကြုံပါပဲ။
တောလမ်းခရီးလေးနဲ့ တူတယ်။
သွားကြည့်ချင်တယ်။
အဆောက်အဦတွေ ကားတွေ လူတွေ ငြီးငွေ့လာပြီ။
သစ်ပင်တွေနဲ့ နေချင်တယ်။
ဒါတောင် စင်ကာပူမှာတော့ သစ်ပင်တွေ နေရာတိုင်းရှိလို့ တော်သေးတယ်။

လသာည said...

ကျော်ညီမလေး..
တောင်တက်လမ်းလေးအကြောင်းကလည်း စိတ်ဝင်စားစရာကောင်းသလို၊ စားစရာလေးတွေကလည်း သွားရည်ကျချင်သဖွယ်..။ တော်တော်မောပေမယ့် တော်တော်ပျော်ခဲ့မယ်နော် :))

ကျော်နှင်းဆီလွင် said...

မညရေ
စက်ရုပ်သံပတ်ပေးထားသလိုရွေ့လားနေတဲ့ဒီတိုင်းပြည်မှာ
တောင်တက်ရတာ တကယ်ပဲသဘာဝဆန်ပြီး စိတ်ပေါ့ပါးခဲ့ပါတယ်။
:))

ရီတာရေ ရီတာပြောမှသိတော့တယ် စကာင်္ပူနေရာကျဉ်းတော့ သစ်ပင်နည်းမယ်ထင်တာ
ဒါဆို နေရတာ လန်းဆန်းမှာပဲနော်
ရောက်ဖူးအောင် လာလည်ချင်သား
;)

မြတ်နိုးရေ
ဒီလိုပါပဲနော် ဘ၀မှာခက်ခဲမှုဆိုတာဟာ~~~
:)

ခွန်ရေ
အမတို့လည်းအပြန် နှင်းနည်းနည်းလေးကျလိုက်သေးတယ်။
နည်းနည်းနွေးမှသွားတက်သိလား
ရေတံခွန်ဘက်ကတက်
လမ်းကြမ်းပေမဲ့ တအားသဘာဝဆန်တယ်
တခြားလမ်းတွေက ခွန်လည်းသိတဲ့အတိုင်း လမ်းခင်းထားတာတွေ
များတာမို့ သဘာဝမဆန်ဘူးလေ
ချစ်တဲ့
အမ
;)

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates