13, 3, 2011 9:45amမတိုင်မီ တီဗွီမှကြေငြာသောသတင်းများအရ
●မနက်ဖြန်၁၄ရက်နေ့မှစကာ ဂျပန်ဒေသအားလုံးတွင် ၃နာရီကြာ အလှည့်ကျ
လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်းကြေငြာ။
●သေဆုံးသူ၈၈၉ဦး၊ပျောက်ဆုံးသူ၆၃၉ဦးအပါဝင်
သေဆုံးသူနှင့်ပျောက်ဆုံးသူအရေတွက် ၁၉၀၀ဦးကျော်ရှိ။
●ဆူနာမီကြောင့် Minamisanrikuတမြို့လုံးလုံးနစ်မြုပ်သွားပြီး ၁၇၈၀၀ ဦး ရှိသော ယင်းမြို့တွင်
၇၈၀၀ဦးသာ ရှာဖွေတွေ့ရှိပြီး ၁သောင်းကျော်မှာ အဆက်သွယ်မရရှိသေး။
●ဂျပန်စာတိုက်ကြီးမှအရှေ့မြောက်ဒေသသို့ ပို့ဆောင်မှုလုပ်ငန်းလက်ခံမှုပိတ်ဆို့
●ဂျပန်ဘဏ်အများစုတနင်္ဂနွေ(ယနေ့)ဖွင့်လှစ်ကြပြီး သက်သေခံစာရွက်စာတမ်းမရှိသူ
ဘေးသင့်သူဒုက္ခသည်များအား ကာယကံရှင်လာရောက်ပါက ၁၀သောင်းထိထုတ်ပေး။
●ကယ်ဆယ်ရေးကိုစောင့်ဆိုင်းနေသော ဒုက္ခသည်အများအပြားလည်းဆက်လက်ရှိနေဆဲ။
●ရေပြတ်တောက်ခြင်း၊ မီးပြတ်တောက်ခြင်း ဖြစ်ပွားနေသော ဒေသအများအပြားရှိ။
●တရုတ်နှင့်ဂျပန်မှကယ်ဆယ်ရေးတပ်ဖွဲ့များစေလွှတ်
●အမေရိကန်ကယ်ဆယ်ရေးတပ်ဖွဲ့များနှင့်သဘောင်္၁၀ဆင်းကျော်စေလွှတ်
●အင်္ဂလန်မှကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၆၃ဦး စတင်ထွက်ခွာလာ။
●နိုင်ငံပေါင်း၅၆နိုင်ငံမှ ကယ်ဆယ်ရေးကူညီပေးရန်ကမ်းလှမ်းလာ
●ငလျှင်ကြောင့်မြေသားများပျော့ပြောင်းမှုရှိသဖြင့်သတိထားကြရန်။
လျှပ်စစ်ဓါတ်အားပြတ်တောက်မှုNihon KeiZai Newspapaer
●သတင်းအကျဉ်းချူပ်မှာFukushimaဒေသရှိ လျှပ်စစ်ဓါတ်အားပေး အမှတ်၁နှင့် အမှတ်၂
ဓါတ်ပေါင်းဖို ပေါက်ကွဲမှုကြောင့် ၁၄ရက်နေ့မှစတင်ကာ ဒေသအသီးသီးကို အလှည့်ကျ
လျှပ်စစ်မီးဖြတ်တောက်သွားမည့်အစီအစဉ်ကို စတင်ပြုလုပ်သွားမည်ဟုဆို။ နေ့စဉ်လူနေ
မှုတွင် မရှိမဖြစ် လျှပ်စစ်ဓါတ်အားမလုံလောက်မှုမှာ အတန်ကြာဖြစ်ပေါ်မည့်အလားလာရှိ။
လျှပ်စစ်ဓါတ်အားပေးနူကလီးယားဓါတ်ပေါင်းဖို
●လျှပ်စစ်ဓါတ်အားပေးနယူကလီးယားဓါတ်ပေါင်းဖိုပေါက်ကွဲရန်စိုးရိမ်ရသဖြင့်ယင်းသို့
မပေါက်ကွဲစေရန် လိုအပ်သည့် လုပ်ဆောင်မှုများကို ဂျပန်အစိုးရနှင့်တာဝန်ရှိဝန်ထမ်းများမှ
အပတ်တကုတ် ကြိုးစားလုပ်ဆောင်နေပါသည်။
●တီဗွီသတင်းကိုသို့ ရေဒီယိုသတင်းများကို ဂရုစိုက်နားထောင်ကြပါရန်နှင့် အရေးပေါ်
အခြေနေဖြစ်ပေါ်လာပါက ကြေငြာချက်များလိုက်နာရန်ပြောကြား။
လက်တလောအခြေအနေအရ ဖြစ်ပေါ်လာပါက အပြင်မထွက်ပဲ အိမ်တွင်တံခါးများပိတ်ကာ
လုံခြုံစွာနေရန်၊ နှာခေါင်းကာအစွပ်များ ဦးထုပ်များသုံးရန် အကြံပေး။ ယခုမသုံးခိုင်းသေးပါ။
●ပေါက်ကွဲသွားသည့်ဓါတ်အားပေးပေါင်းဖို အမှတ်၁မှကီလိုမီတာ၂၀အတွင်း၊ အမှတ်၂မှ
၁၀ကီလိုမီတာအတွင်းမှ ဝေးရာသို့ပြောင်းရွှေ့ရှောင်ရှားကြပါရန် ထုတ်ပြန်ကြေငြာ။
ကယ်ဆယ်ရေးအစီစဉ်
13, 3, 2011. 5:25am NHKသတင်းအားကိုးကား၍ အကျဉ်းချူပ်ဖော်ပြသည်။
3月13日5時25分
●ငလျှင်အတွက် နိုင်ငံအသီးသီးမှကယ်ဆယ်ရေးတပ်ဖွဲ့များဘေးသင့်ဒေသသို့
၁၂ရက်နေ့တွင် ကိုရီးယားနှင့်စကာင်္ပူမှကယ်ဆယ်ရေးတပ်ဖွဲ့များဂျပန်သို့ဆိုက်ရောက်၊
၁၃ရက်နေ့မနက်ပိုင်းတွင် အမေရိကန် ကယ်ဆယ်ရေးတပ်များ ဆိုက်ရောက်မည်ဖြစ်။
ကယ်ဆယ်ရေးတပ်များသည် ဆိုက်ရောက်လျှင်ဆိုက်ရောက်ချင်းဘေးသင့်ဒေသများသို့
ဦးတည်ထွက်ခွာကာ ကယ်ဆယ်ရေးနှင့် ဆေးကုသရေးစသည့် လှုပ်ရှားမှုများကို စတင်
မည်။
ဂျာမနီမှ ကယ်ဆယ်ရေးတပ်သား၄၀ခန့်နှင့်အထူးလေ့ကျင့်ရေးခွေးများသည် ၁၂ရက်
နေ့ ဂျပန်သို့ထွက်ခွာမည်။
အင်္ဂလန်မှကယ်ဆယ်ရေးနှင့်ဆေးကုသရေးနှင့်စပ်လျှဉ်းသည့်သူများ ၆၃ဦးခန့်၊
ကယ်ဆယ်ရေးခွေး၂ကောင်တို့သည် ၁၂ရက်နေ့ည ဂျပန်သို့ထွက်ခွာမည်။
ပြင်သစ်မှ ကယ်ဆယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့ကိုစေလွှတ်မည်ဟု ကြေငြာထားပြီး ၁၂ရက်နေ့တွင်
ဂျပန်သို့ထွက်ခွာရန်စီစဉ်ထားကြောင်း။
တရုတ်အစိုးရသည်၁၂ရက်နေ့ည ရှိသောနိုင်ငံတကာကယ်ဆယ်ရေးတပ်သား၁၀ဦးကျော်
စေလွှတ်မည်ဟုပြောကြားကြောင်း။ ၁၃ရက်မနက်တွင် ဂျပန်သို့ဆိုက်ရောက်မည်ဖြစ်။
ထိုင်းအစိုးရသည် ကယ်ဆယ်ရေးတပ်သား၂၄ယောက်နှင့်ကယ်ဆယ်ရေးခွေး၆ကောင်ကို
မြန်လျှင် ၁၃ရက်နေ့ ထွက်ခွာစေနိုင်ရန် ပြုလုပ်နေသည်။
ရုရှားဝန်ကြီးချုပ် ပူတင်သည် ငလျှင်နှင့်ပတ်သက်သည့် ၀န်ကြီးအစည်းဝေးကို ၁၂ရက်
နေ့တွင် ကျင်းပပြုလုပ်ပြီး (ရုရှားနှင့်ဂျပန်အကြားတွင် သဘောထားကွဲလွဲမှုပြဿနာများ
ရှိငြား၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အားလျော်စွာ မိမိတို့သည်လည်း မိတ်ဆွေကောင်းဖြစ်
ရန်လိုကြောင်း)ဟုပြောကြားကာ နယ်မြေဒေသပိုင်ဆိုင်မှုအငြင်းပွားရေးပြဿနာများနှင့်
မဆိုင်ပဲ ကယ်ဆယ်ကူညီထောက်ပံ့ရန် စဉ်းစားနေကြောင်း ဆိုသည်။
ယင်းအပြင် ဂျပန်နိုင်ငံအတွင်း လျှပ်စစ်ဓါတ်အားမလုံလောက်မှုက ဆက်လက်ဖြစ်ပွား
နေပါက ယင်းအတွက်ကြိုတင်ပြင်ဆင်ကာ၊ ဂျပန်သည်လည်းပူးပေါင်းလုပ်ဆောင်နေသည့်
Sakhalinဆာခါလင်ကျွန်းမှ ဂတ်စ်နှင့် ဆာခါလင်၂မှ ဂျပန်သို့အရည်အသွင်ပြောင်းဂတ်စ်
အား ပမာဏတိုးမြှင့်ထောက်ပဲ့သွားနိုင်ရန်ပြင်ဆင်နေသည်ဟု ဆိုသည်။
(13,3,2011. 4:40am တွင် နောက်ဆုံးတည်းဖြတ်သည်)
0 comments:
Post a Comment