Wednesday, March 30, 2011

ဝက်နံရိုးဆီပြန် အစပ်


ဝက်နံရိုးကို မြန်မာမူဟန် အစပ် ဆီပြန်ချက်စားပါတယ်။ အစိမ်းချက်လို့လည်းခေါ်ပါတယ်။
ဆီသတ်ချက် = ဟင်းခတ်အမွှေးကြိုင်အစာပလာများကို ဆီအရင်သတ်ကာထည့်ချက်ခြင်း။
အစိမ်းချက်   = ဟင်းခတ်အမွှေးကြိုင်အစာပလာများကို အစိမ်းလိုက်ထည့်ကာ ချက်ခြင်း။

ပါဝင်ပစ္စည်း
ဝက်နံရိုး ၂၀၀ ဂရမ်
ကြက်သွန်နီကြီး ၂လုံး
ကြက်သွန်ဖြူကြီး ၄မွှာခန့်
ဂျင်း ကွမ်းသီး၁လုံးခွဲခန့်
အသားချိုမှုန့်အနည်းငယ် လက်ဘက်ရည်ဇွန်းသေး တ၀က်ခန့်
ဆီ ထမင်းစားဇွန်းကြီး ၂ဇွန်း သို့ ၃ဇွန်းခန့်
ငံပြာရည်အနည်းငယ် ထမင်းစားဇွန်းကြီး ၂ဇွန်းခန့်
ဆားအနည်းငယ်  ငရုတ်ကောင်းစေ့၎စေ့ခန့်စာ
ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်းကြီး ၃ဇွန်းခန့်
シナモン(Cinnamon)အမှုန့်အနည်းငယ်၊ မရှိလျှင် ဆနွင်းမှုန့်အနည်းငယ်
လဘက်ရည်ဇွန်း 1/4 ခန့်
(Cinnamonသည်အရောင်အပြင်အမွှေးနံ့အတွက်အဓိကသုံး၊ ဆနွင်းမှုန့်သည်အရောင်နှင့်
အသားငါးညှီနံ့ပျောက်ခြင်းအတွက်သုံး၊ ဆနွင်းများလျှင် ၀ါသွားတတ်၍ အနည်းငယ်သာ)

ချက်နည်း
၁။ဝက်နံရိုးကိုဆေးကာရေစစ်ပြီး အိုးထဲထည့်သည်။
၂။ကြက်သွန်နီကိုပါးပါးလှီးကာထည့်သည်။
၃။ကြက်သွန်ဖြူနှင့်ဂျင်းကို ထောင်း သို့ ထုချေကာ ထည့်သည်။
၎။အခြားဟင်းခတ်အမွှေးကြိုင်အားလုံးရောထည့်ကာ ဆီအနည်းပါတပါတည်းထည့်ကာ
လက်ဖြင့်သမအောင် အသားကိုဆုပ်ကာနယ်သည်။
၅။ပေါင်းအိုးဖြင့်တည်လျှင် (ပေါင်းအိုးအညွှန်းကိုဖတ်ကြည့်ပါ) အသားထက်ဝက်ခန့် သို့
လက်တလုံးခွဲခန့်ရေထည့်ကာ အဖုံးပိတ် ၁၀မိနစ်မီးပြင်းပြင်းဖြင့်ပေါင်းသည်။
၁၀မိနစ်ခန့်မီးပိတ်ကာ သည်အတိုင်းထားသည်။ ယင်းနောက်ဖွင့်ကာ ရေခန်းသည့်အထိ
ထားပြီး ဆီပြန်လျှင် သုံးဆောင်နိုင်ပါသည်။
(သို့) ရိုးရိုးအိုးဖြင့်ချက်လျှင် အဖုံးပိတ်ကာ ရေခန်းကာနီးအထိတည်ပါမည်။ 
ရေနွေးအိုးကြိုတည်ထားပြီး အသားမနူးသေး၍ ရေထပ်ထည့်မည်ဆိုလျှင် ရေနွေးကိုသာ
ထည့်ပါမည်။

သတိပြုဖွယ်
♪ကြက်သွန်နီထည့်လျှင် အသားပိုနူးညံ့စေခြင်း နှင့် အနှစ်လည်းချိုပါတယ်။
♪အနှစ်များများကြိုက်လေ ကြက်သွန်နီများများထည့်လေကောင်းပါတယ်။
♪မထည့်ခင်အသားနှင့်အစာပလာများကို သမအောင်မွှေပေးခြင်း။
♪ငံပြာရည်အဓိကသုံးပြီး ဆားက အရသာထိစေရန် အနည်းငယ်မျှသာထည့်ပေးခြင်း
♪ရေထပ်ထည့်လျှင် ရေနွေးထည့်ကာချက်ရန်။
♪စာရေးသူသည်ဆီသိပ်မသုံးသဖြင့် အနှစ်ကျေကာရေခန်းလျှင်ချကာသုံးဆောင်နိုင်ပါသည်။

5 comments:

Sunny said...

စားကောင့်မယ့်ပုံလေး.. ဟင်းချိုပူပူလေးနဲ့ဆို ရှယ်ပဲ..

Shinlay said...

စားချင်စရာပဲ။ ဒီတပတ်ချက်စားအုံးမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်
ချက်နည်းလည်းမပါဘူး ပုံလေးတစ်ပုံဘဲတဲ့
ချက်နည်းလေးပါ တင်ပေးဦးလေ
ဒါမှ လိုက်ချက်စားလို့ ရမှာပေါ့
စားချင်စဖွယ်လေးမို့ လက်ရာကောင်းမှန်းသိသွားပြီ

ကျော်နှင်းဆီလွင် said...

ဘလော့ဂ်က ဒီဇိုင်းအသစ်ပြောင်းနေတော့ ဟိုစမ်းဒီစမ်းနဲ့
မနေ့ကသူအလုပ်ကပြန်လာတော့ ပုံတင်ရင်းနဲ့ပဲ အပြီးသတ်လိုက်ရတာ
:D

ကောင်းမွန်ဝင်း said...

ဒီဟင်းနည်း အခုမှသိတယ်။ ချက်ဦးးးးးးးးးးးမယ်။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates