4လပိုင်း 10ရက်နေ့1:55pmမှာ ထပ်မံထုတ်လွှင့်မယ့် မူကြိုကျောင်းသားလေးတွေ
အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ တီဗွီဇာတ်လမ်းလေးရယ်ပါ။
အမည်က နှုတ်ဆက်ပါတယ် ကျတော်တို့ရဲ့မူလတန်းကျောင်းလေး၊ ဂျပန်လိုကတော့
Sayonara Bokutachi no Yoochien (さよなら僕たちの幼稚園)လို့ ခေါ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ခွဲစိတ်မှုပြုလုပ်ခံရမည့် ခလေးတယောက်ဆေးရုံတက်နေရာမှာ
သူနာပြုဆရာမလေးဝင်လာတဲ့အခါ ခလေးက ဆရာမ မူကြိုတက်တုန်းကသူငယ်ချင်းတွေအ
ကြောင်းပြောပြပါလားဟင် လို့ ဆိုတဲ့အခါ ဆရာမက မူကြို...မူကြိုဆိုရင်တော့ မေ့နေပြီ
မူလတန်းလောက်ဆိုရင်တော့ နည်းနည်းသတိရတယ် လို့ဆိုလိုက်တဲ့အခါ ခလေးဟာ
သြော် မူလတန်းကသူငယ်ချင်းကိုဆိုမေ့တတ်တာကိုးလို့ ဆိုရင်း ငိုင်သွားတာကလေးကစ
လို့ ရင်ကိုလှုပ်ခတ်စေပါတယ်။
အဲသည့်နောက်မှာတော့ ကျောင်းမှာလည်း မကြာခင်ရက်ပိုင်းအတွင်း ကျောင်းဆင်းအခမ်း
နားကျင်းပမှာမို့ လေ့ကျင့်ကြပြင်ဆင်ကြနဲ့ အလုပ်ရှုပ်လို့နေပါတယ်။ သို့ငြား ဆေးရုံတက်
နေတဲ့ ခလေးရဲ့ သူငယ်ချင်း ၅ဦးကတော့မမေ့မလျှော့ သတိရလို့နေပြီး ဆရာမတွေကို
မေးတိုင်း စကားလှီးလွှဲပြောဆိုတာ ခံရပါတယ်။ဆရာမတွေအနေဖြင့်လည်း မျှော်လင့်ချက်
သိပ်မရှိဘူးလို့ ယူဆကြရတာမို့ စိတ်မကောင်းဖြစ်နေကြတာပါ။
အဲလိုဖြင့် တရက်မှာ ခလေး ၅ဦးရုတ်တရက်ကျောင်းကပျောက်သွားပါတယ်။ ဆေးရုံတက်
နေသောသူငယ်ချင်းက အဲသည့်မတိုင်ခင် ဆွဲပေးခဲ့တဲ့ ဆေးရုံကိုသွားတဲ့လမ်းကြောင်း
ရထားပြောင်းစီးရမည့် ဘူတာတွေအမည် ဖော်ပြထားတဲ့ စာရွက်ကလေးကိုင်ပြီး ဆေးရုံ
တက်နေတဲ့သူငယ်ချင်းကိုနှုတ်ဆက်ဖို့သွားကြတဲ့ခရီးလေးတခု အဲသည့်ကစတင်ပါတော့
တယ်။ အားလုံးတညီတညွတ်တည်း ထားကြသော ကတိလေးတခုတော့ ဘယ်လိုအရာနှင့်
ပဲကြုံကြုံမငိုကြဘူးဆိုတာပါပဲ။
ခလေးတွေရဲ့ ဖြစ်တတ်တဲ့သဘာဝလေးတွေကိုအခြေခံပြီး ရန်ဖြစ်လိုက်၊ လမ်းမှာရထား
ခေတ္တရပ်ချိန် လှမ်းမြင်ရတဲ့ စွန့်ပစ်ခံကြောင်ကလေးကိုကယ်ဖို့ သွားကြပုံတွေ၊ အိမ်ယာ
မဲ့လူကြီးနှင့်တွေ့ဆုံကြပုံတွေ၊ တယောက်ပြီးတယောက် ရဲကထိန်းသိမ်းခေါ်ယူသွားပြီး
အိမ်ပြန်ပို့ပေးတာတွေ စသဖြင့် ရိုက်ထားပါတယ်။
ဦးဆုံး ရထားတံခါးပိတ်သွားတာမို့ ခလေးတစ်ဦးက ဘူတာမှာကျန်ရစ်ရင်း ဦးဆုံးအိမ်ပြန်
ပို့ဖို့အကြောင်းကြားတဲ့အခါ ဆရာမက ဦးဆုံးရောက်လာပါတယ်။ ဆရာမက ခလေးကို
ဆူတဲ့အခါ ခလေးက သူငယ်ချင်းကသေတော့မှာ အားလုံးသိတယ်နော် ဆရာကမပြော
လည်း သိကြတယ် ဒါကြောင့် နောက်မတွေ့ရတော့မှာမို့ နှုတ်ဆက်ဖို့သွားကြတာလို့
ဆိုပါတယ်။ အဲသည်လိုဖြင့်နောက်ဆုံးမှာ ဆေးရုံဘူတာကနေ လမ်းလျှောက်ပြီး ဆေးရုံ
ရောက်ဖို့ အနည်းငယ်အလို ကျန်သူငယ်ချင်းတွေအကုန် ရဲနှင့်တွေ့ပြီး အိမ်ပြန်ပို့ခံရတာ
မို့ တစ်ဦးပဲကျန်ရစ်ပါတယ်။ ခက်တာက သူမလည်း ဆေးရုံကို ဘယ်လမ်းကသွားရမယ်
ဆိုတာမသိခြင်းပါပဲ။
အဲလိုဖြင့်မှောင်ဝင်ရီတရောဖြစ်လာတဲ့အခါ ကားလမ်းနဘေးလမ်းလျှောက်ရင်း ကြောက်
ကြောက်ဖြင့်အော်ငိုပါတော့တယ်။ ကံကောင်းချင်တော့ ကားတစီးရပ်လာပြီး ဆေးရုံကို
သွားဖို့လာတဲ့ ဆရာမဖြစ်နေပြီး၊ ဆေးရုံကိုအတူတကွသွားကြပါတယ်။ အဲသည့်နောက်
ဧည့်တွေ့ချိန်ကျော်လွန်နေတာမို့ ဆေးရုံတက်တဲ့ခလေးမိခင်နှင့်သူနာပြုဆရာမမရှိတုန်း
ဆရာမကအခန်းပြင်မှာစောင့်ပေးပြီး ခိုးဝင်တွေ့စေပါတယ်။
အဲလိုဖြင့် နောက်ဆုံးမှာတော့ တဦးတည်းကျန်ရစ်သူခလေးက သူငယ်ချင်းနှင့်တွေ့ဆုံ
ခွင့်ရပြီး နှစ်ဦးသားစကားတွေပြောပြီး၊ ကျောင်းမှာကျင်းပတော့မယ် ကျောင်းဆင်းပွဲအခမ်း
နားကို နှစ်ဦးတည်းလုပ်ပါတယ်။ စသဖြင့်စသဖြင့်ပါ။
နမူနာလေးကိုတော့အောက်ပါလင့်ခ်တွေမှာသွားကြည့်နိုင်ပါတယ်။
trailer
အောက်ဖော်ပြပါကတော့ ဇာတ်လမ်းအစအဆုံးဖြစ်ပါတယ်။
ယူကျူဒ်က ရှာထားတာဖြစ်တာမို့ ဘယ်အချိန်ထိ သည်လင့်ခ်တွေကြည့်လို့ရမယ်
ဆိုတာ မမှန်းဆနိုင်ပါဘူးရှင်
အပိုင်း(၁)
နေမကောင်းဖြစ်သောခလေးက ဆေးရုံတက်ဖို့အသွားကနေစပါတယ်။
အပိုင်း(၂)
ကျန်ရစ်သူကျောင်းကသူငယ်ချင်း၅ဦးကသူငယ်ချင်းနှင့်တွေ့ဖို့ထွက်လာကြသော
ခရီးအစလေးဖြစ်ပြီး ရထားဘယ်လိုစီးရမယ်ဆိုတာ မေးမလား၊ မေးရင်အုပ်ထိန်းသူ
ဘယ်မှာလည်းလို့ မေးခံရမှာ၊ မူကြိုကျောင်းသားဆိုတာလူကြီးမပါရင်မရဘူးလေ
လို့ အချင်းချင်းတိုင်ပင်ကြပြီး မိမိတို့ဘာသာ မြေပုံကြည့်လက်မှတ်ဝယ်ပြီး သွားကြ
တာက စပါတယ်။
အပိုင်း(၃)
အသွားခရီးရထားစီးရင်း ရန်ဖြစ်ကြစသဖြင့်ပါ။သည်အပိုင်းမှာ ဦးဆုံးခလေး၁ဦး
လမ်းခုလတ်ဘူတာမှာ ရန်ဖြစ်ကြရင်းကျန်ရစ်ပါတယ်။ပြီးတဲ့အခါ ဘူတာရပ်နားစဉ်
လှမ်းမြင်ရတဲ့စွန့်ပစ်ခံကြောင်လေးကိုကယ်ဖို့ဆင်းကြပါတယ်။
အပိုင်း(၄)
အိမ်ယာမဲ့ဦးလေးကြီးနှင့်တွေ့ပြီး ပြောင်းဖူးဝိုင်းစားကြပြီး ဦးလေးကြီးက ခလေးတွေ
အားလုံးကို ငါက ပြောင်းဖူးလုပ်ပစ်တာ လို့ပြောခံရလို့ ကြောက်ပြီး ထွက်ပြေးကြတဲ့
အခန်းမှစပါတယ်။
အပိုင်း(၅)
လမ်းတလျှောက်သွားရင်း ရန်ဖြစ်ကြပြီး သူငယ်ချင်းတဦးရဲထိန်းသိမ်းခံ အိမ်ပြန်ပို့ခံ
ရပါတယ်။
အပိုင်း(၆)
လမ်းမှာ ဗိုက်ဆာလို့ ထမင်းဆုပ်ဝယ်ဖို့ သူငယ်ချင်း၂ဦး ဆိုင်ထဲဝင်သွားစဉ်
ကျန်ရစ်သူခလေးက လမ်းဘေးရပ်ထားတဲ့ကားမှ ခလေးတဦးပျောက်ဆုံးသွားရာမှ
အလောင်းရှာဖွေတွေ့ရှိဆိုတဲ့သတင်းကိုနားထောင်ပြီး ကြောက်ကြောက်နဲ့ကယောင်
ချောက်ခြားထွက်ပြေးပြီး အိမ်က အမေဖြစ်သူကိုဖုံးဆက်ရင်း ထပ်မံတယောက်ကို
ရဲကလာယောက်ခေါ်ယူသွားပြန်ပါတယ်။
အပိုင်း(၇)
ဒုတိယမြောက်ထိန်းသိမ်းခံရတဲ့ခလေးကို ဆရာမကလာရောက်ခေါ်ယူရာမှစပါတယ်။
အပိုင်း(၈)
နောက်ဆုံးကျန်ရစ်သူခလေးတစ်ဦးတည်းက ဆေးရုံအသွားဘတ်စ်ကားအစီးခရီးမှစပါတယ်။
အပိုင်း(၉)
မူကြိုဆရာမနှင့်အတူ ဆေးရုံမှာသူငယ်ချင်းကိုတိတ်တိတ်လေးသွားခိုးတွေ့ကြတဲ့အခန်းပါ။
မတွေ့ခင်ဆရာမက သူငယ်ချင်းအားလုံးထားခဲ့ကြတဲ့ကတိဖြစ်တဲ့ မငိုဘူးဆိုတာကို စောင့်
ထိန်းဖို့မှာပြီး၊ ဆေးရုံအစောင့်၊မူကြိုကျောင်းမှအခြားဆရာမ နှင့် မိခင်ဖြစ်သူတို့လာတဲ့အခါ
ခိုးတွေ့ဖို့လိုက်ပို့တဲ့ဆရာမက ခလေး၂ဦးကိုတွေ့ခွင့်ပေးဖို့နှင့် အားလုံးကိုတားမြစ်ပါတယ်။
ခလေး၂ဦးစကားစတင်ပြောပြီး မူလတန်းကျောင်းဆင်းပွဲအခမ်းနားကို ၂ဦးတည်းလုပ်ကြပါတယ်
အပိုင်း(၁၀)
အခမ်းနားကျင်းပရာမှာစပါတယ်။
အပိုင်း(၁၁)
နောက်ရက်မှာပြုလုပ်တဲ့ကျောင်းဆင်းပွဲအခမ်းနားလေးစတင်ပါတော့တယ်။
သည်အချိန် fax ၀င်လာပြီး ဆေးရုံတက်တဲ့ခလေးက ခွဲစိတ်မှုပြုလုပ်တာအခြေနေကောင်းကြောင်း
မကြာခင်ထမင်းစားလို့ရတော့မှဖြစ်ကြောင်း၊ ဖျော်ရည်လည်းသောက်နိုင်နေပြီဖြစ်ကြောင်း
စိတ်ပူပေးတာကျေးဇူးတင်ကြောင်း မိမိကျန်းမာကြောင်းစသဖြင့် အားလုံးကိုစိတ်မပူဖို့
ထပ်ကစားကြရအောင်နော်၊ ကျတော်တို့တွေဟာသူငယ်ချင်းတွေ ကြီးပြင်းသွားတဲ့ထိမမေ့ဘူးနော်
စသဖြင့် ခလေးကိုယ်တိုင်ရေးသားထားတဲ့စာကလေးရောက်ရှိလာပြီး ဆရာမက အားလုံးကိုဖတ်ပြပါ
တယ်။ သည့်နောက်မှာတော့ နောက်ဆုံးကျောင်းဆင်းပွဲနှုတ်ဆက်သီချင်းလေးသီဆိုကြပါတယ်။
ခလေးတစ်ဦးကတော့ မိဘ၂ပါးရန်ဖြစ်ပြီး မိခင်နှင့်အမဟာအိမ်ပေါ်ကဆင်းသွားရာက အခမ်းနားမှာ
ရောက်ရှိလာလို့ ပျော်ရွှင်ပြီးငိုပါတယ်။
စသဖြင့်ရယ်ပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်
6 comments:
先‘なくもんか’と言う映画を見たばかり。
ちょっと泣いちゃった。
;)
ကလေးမလေးက သရုပ်ဆောင်နေတယ်တောင် မထင်ရဘူး။ ဂျပန်ကားတွေမှာမှ တွေ့ရတဲ့ အကွက်မျိုးတွေကို ကြိုက်တယ်။ ဟိုမှာတည်းက ဂျပန်ကားတွေဆို သေချာကြည့်မိတယ်။
ရီတာရေ
အစအဆုံးကြည့်လို့လည်းရမယ်ထင်တယ်
ယူကျူဒ်မှာအပိုင်းလေးတွေခွဲတင်ထားတာတွေ့တယ်
တချို့ဂျပန်ကားတွေကသိပ်ငိုရတာ
မြရွက်ဝေ
ကြည့်ကြည့်ဦးမယ်
ကြည့်ပြီးသားသူကတော့ရှာရလွယ်တာပေါ့
လင့်ခ်တွေရော၊ ဘလော့ဂ်နဲ့ပတ်သက်ပြီး
ခေါင်းစားစရာတွေအမျိုးမျိုးကို အကြံပေးပြောပြ
ပေးတာရော ကျေးဇူးအများကြီးနော်။
ခုမှ နည်းနည်းလှတပတဖြစ်သွားတော့တယ်
မိတ်ဆက်ပေးတာကျေးဇူးပဲ။
ဖတ်ရင်းကြည့်ချင်လာတာ။
ဟိုတလောက အိမ်ပြောင်းဘို့ဆိုပြီး သားကို စကားပြောကြည့်တယ်။
မူကြိုပြောင်းမယ့် အကြောင်း။ သူနားလည်ပုံရတယ်။
ကျောင်းမပြောင်းချင်တာကို သူမပြောတတ်ပေမယ့်။
အခုကျောင်းကို သူအရမ်းကြိုက်တယ်ဆိုတာနဲ့ သူ့သူငယ်ချင်းနံမည်တွေကို ရွတ်ပြပြီး သူသိပ်ချစ်တယ်လို့ပြောတာ
ရင်ထဲမှာ မကောင်းဘူး။
အိမ်လည်းမပြောင်းဖြစ်တော့ပါဘူး။
ဟုတ်တယ်မရယ်
သားသားကအသားကျနေမှာဆိုတော့
ပြောင်းရင် ခလေးဆိုတော့မပြောတတ်ပေမဲ့
သူ့ခမျာခံစားရမှာ
လောလောဆယ်မပြောင်းပဲအခြေနေကြည့်တာ
အကောင်းဆုံးပါမရယ်
တခါပြောင်းရင်ကုန်တဲ့ငွေကလည်းနည်းတာ
မဟုတ်တော့နှမြောစရာရယ်။
情報共有、有難う。
Post a Comment