Tuesday, April 5, 2011

မီးဖိုချောင်သုံးကိရိယာလေးများ (၂)

ဒီမှာကွာတာက ဘယ်နှစ်ဂရမ်၊ ဘယ်လောက်မီလီလီတာ၊ ဘယ်နှစ်မိနစ်၊ စသဖြင့်အသေးစိတ်
ပါတယ်။ ဂျပန်ကမြန်မာဘုန်းကြီးကျောင်းအလှူသွားစားခဲ့တုံးက ဟင်းချက်တဲ့အန်တီကြီး
ပြောတာမှတ်မိပါသေးတယ်။ အန်တီသိပ်စားကောင်းတာပဲ ဂျပန်မှာဟင်းချက်သင်တန်းဖွင့်
ပါလားဆိုတော့ သူတို့က ဘယ်နှစ်ဂရမ် ဘယ်လောက်မီလီလီတာ အဲဒီမှာခက်တာပဲတဲ့။
ငါတို့က ချက်နေကျဆိုတော့ စိတ်မှန်းနဲ့ထည့်ပလိုက်တာ မေးလာရင်ဖြေရခက်ရောတဲ့။
:))

ဒီမှာတော့ဘာပဲချက်ချင်ချင် ဂျပန်လိုဆိုဒ်တွေမှာ ဂျပန်ဘာသာဖြင့်အသေးစိတ်ကြည့်လို့ရ
ပါတယ်။ ဒါကြောင့်အချင်အတွယ်မသိလို့၊ ချင်တွယ်စရာလေးတွေမရှိထားလို့မရပါဘူး။

ဒါလေးကတော့ချင်တွယ်တဲ့ဇွန်းကလေးတွေဖြစ်ပြီး 計量スプーンလို့ခေါ်ပါတယ်။
အင်္ဂလိပ်လိုကတော့Measuring Spoon ပါ။

ဒါကတော့ အများစုအသုံးပြုကြပြီး အသုံးအများဆုံးကတော့ပထမနှင့်ဒုတိယမြောက်
(ဂျပန်အခေါ်ဇွန်းကြီး၊ ဇွန်းသေး)大さじနှင့်小さじဖြစ်ပါတယ်။ တခြားနိုင်ငံတွေနှင့်ကွဲပြား
မယ်လို့ထင်ပေမဲ့ ဇွန်းကြီးက 大さじ က 15cc ဖြစ်ပြီး၊ ဇွန်းသေး小さじက 5cc ဖြစ်ပါတယ်။
အမှုန့်အနည်းငယ်တို့ အရည်အနည်းငယ်ထည့်တို့ထည့်တဲ့အခါအဆင်ပြေပေမဲ့
ပမာဏများတဲ့အခါမှာတော့ 計量カップ (Measuring Cup)လို့ခေါ်တဲ့ အောက်ပါ
ချင်ခွက်ကလေးကိုသုံးပါတယ်။

တဖက်မှာမီလီလီတာနှင့်ဖော်ပြထားပြီးတဖက်မှာတော့ဂရမ်နှင့်ဖော်ပြထားတာမို့ဥပမာ
ရေအများကြီးထည့်တဲ့အခါတို့၊ ဂျုံမှုန့်ဘယ်နှစ်ဂရမ်ထည့်မယ်တို့ချိန်တဲ့အခါသုံးလို့
ကောင်းပါတယ်။

ပြီးတော့နာရီအလမ်းမ် (timer)ကလည်း မရှိမဖြစ်လိုပါတယ်။ ဥပမာခေါက်ဆွဲပြုတ်ရင်
ဘယ်နှစ်မိနစ်ဆိုတာကစလို့ ရေချိုးဖို့ရေနွေးကန်ထဲရေဖြည့်တာအဆုံးအသုံးဝင်ပါတယ်။


ဒါလေးကတော့ ဆီအသုံးလျှော့ချင်တာပဲဖြစ်ဖြစ်၊ ဆီပါးပါးလေးနှင့်လှိမ့်တဲ့အခါ ဆီက
အိုးမျက်နှာတပြင်လုံးမှာရှိမနေရင်တူးတာတို့ကပ်တာတို့ဖြစ်တတ်တာမို့ အသုံးဝင်ပါ
တယ်။ ဘူးထဲဆီလေးနည်းနည်းထည့်ပြီး ဆွတ်လိုက် လူးလိုက်သုံးပြီး တပတ်တခါရေနွေး
ဆပ်ပြာဖြင့်ဆေးပေးရုံပါ။
ဒါကတော့အာလူး၊ ပိန်းဥ၊ မုန်လာဥအနီအဖြူ စတာတွေကို အခွံနွှာတဲ့ Peeler ပါ။
မြန်မာပြည်မှာတော့ ဒေါင်လိုက်ကလေးဓါးသွားကိုအသုံးများတာတွေ့ရပါတယ်။
ဒါကတော့အခွံနွှာထားပြီးသားမုန်လာဥအနီအဖြူတို့ကို အချောင်းလိုက်မျှင်မျှင်လေးတွေ
ခြစ်တာပါ။ အသုပ်လုပ်စားတဲ့အခါမျိုးမှာအတော်အသုံးဝင်ပါတယ်။ လှပြီးမျှင်ပါတယ်။

ဒါကတော့သခွားသီးခြစ်တာပါ။ သို့မဟုတ် အောက်ဖော်ပြပါ Slicer နှင့်လည်း
အားလူး၊ သခွားသီး၊ ဂေါ်ဖီတို့ကိုပါးပါးလှီးနိုင်ပါတယ်။



ဒါကတော့ဂေါ်ဖီခြစ်တာဖြစ်ပြီး သူကတော့အခွံခွာတာထက် ဗြက်ကြီးပါတယ်။

ပုံများကိုအင်တာနက်မှကူးယူဖော်ပြပါသည်။

အားလုံးပဲ ဟင်းလှလှလေးတွေချက်နိုင်ပါစေ

5 comments:

Mon Petit Avatar said...

sေlicer တာ့ကြောက်တယ် နမော်နမဲ့နဲ့ဆိုတော့လက်ထိမှာသေချာတယ် ဝယ်ကိုမထားဘူးဟီး။သူငယ်ချင်းလားတုန်းကတောင်သူတော်တော်စိတ်ညစ်သွားတာ ဓားဆိုလဲအကြီးမထား ကတ်ကြေးဆိုလဲသေးသေးပဲရှိလို့။

ကောင်းမွန်ဝင်း said...

အားလုံး လိုအပ်တာချည်းပဲနော် (လိုလည်းလိုချင်စရာတွေဖြစ်နေတယ် )ပစ္စည်းလေးတွေကလည်း ကောင်းတော့ ညီမရေ ဟင်းချက်ချင်စိတ်ပိုပေါက်တယ်။ သူများချက်တာတွေ ရေးတင်တာတွေအကုန် အတုယူပစ်တာပဲ။ မချက်ဖြစ်တောင် ဖတ်ရတာနဲ့တင် အရသာရှိတယ်နော်။

စူးနွယ်လေး said...

တို့်လည်း Slicer ကြောက်တယ်။ ဒါပေမယ့် လက်နဲ့ ကိုင်စရာ မလိုတဲ့ဟာမျိုး ရှိတယ်(ဆူးချွန်နဲ့ ခြစ်လိုတဲ့အသီးကိုစိုက်ပြီး ခြစ်တဲ့ဟာမျိုး)
အဟဲ ၀င်လျှာရှည်တာ :P

ma yu said...

ဒီမှာတော့ slicer ဘူးထဲမှာ လက်နဲ့ အုပ်ကိုင်ဖို့  guard လေး၁ ခုပါ ပါတယ်။ အဲဒါ လဲ japan made ပဲ။ တချို့  နေရာ မှာတော့ mandolin လို့ လဲ ခေါ်တယ်။

ကျော်နှင်းဆီလွင် said...

မMon ကတော့ ဟင်းမချက်တာသေချာတယ်
:P
ဟုတ်တယ် ဟုတ်တယ်
အဲလိုစူးချွန်လေးစိုက်ပြီးခြစ်ရတာလည်းတအားသုံးကြတယ်
setလိုက်လေးတွဲရောင်းလေ့ရှိတယ်
အမတွေက ပိုသိတယ်
ကျေးဇူးနော်

လက်ဆောင်ပေးဖို့ မုန့်ဖိုးအရင်စုဦးမယ် :D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates