ဒီတခါတော့ ထုပ်ပိုးရာ၊ ခင်းရာမှာသုံးတာလေးတွေကို အဓိကထားပြီးရေးသွားချင်ပါတယ်။
ပုံများကိုတော့အင်တာနက်မှရှာဖွေကူးယူဖော်ပြပါသည်။ အမျိုးစားများစွာရှိပေမဲ့ အိမ်မှာ
လတ်တလောသုံးဖြစ်နေတာလေးတွေကိုပဲ သိသလောက်ရေးလိုက်ပါတယ်။ :))
ဒါလေးကတော့နိုင်ငံရပ်ခြား အထူးသဖြင့်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာနေထိုင်တဲ့အခါ မသုံးမဖြစ်
သုံးရတဲ့ ラップ (Food Wrap or Kitchen Wrap) မြန်မာမှုပြုသော် အစားစာ ထုပ်ပိုးတာ
လို့ဆိုရမလားပါပဲ။ နိုင်ငံရပ်ခြားမှာ Ovenဟာ မီးဖိုချောင်ထဲကမရှိမဖြစ် ပစ္စည်းတခုလိုပါပဲ။
Ovenကျွမ်းကျင်စွာသုံးတတ်ရုံနဲ့ အစားသောက်ကောင်းကောင်းချက်လို့ရပါတယ်။
ထမင်း၊ဟင်းတွေကိုနွှေးတဲ့အခါ သို့ ရေခဲသေတ္တာထဲအသီးရွက်၊ ထမင်းဟင်းတွေကို သိမ်း
ဆည်းရာမှာ အောက်ဖော်ပြပါအတိုင်းအသုံးပြုလေ့ရှိပါတယ်။
အောက်ဖော်ပြပါပုံကတော့ Kitchen Pack ၊ ဂျပန်အခေါ်လည်း キッチンパックလို့ခေါ်ပြီး
ပလပ်စတစ်အိတ်ပါးပါးလေးတွေပါ။ သား၊ငါး၊အသီးရွက်စတာတွေကို ထည့်ရာမှာအသုံးပြု
ပြီး မိမိအနေဖြင့်ကတော့ ကြက်သွန်ဖြူ၊ဂျင်းကစလို့ယင်းအိတ်လေးထဲအရင်ထည့်ပြီးမှ
ရေခဲသေတ္တာထဲထည့်ပြီးသုံးရင် အမှိုက်လည်းမပွ၊ ကြာရှည်လည်းခံပါတယ်။ အသီးရွက်
တွေကို နည်းနည်းချင်းစီထည့်စားတတ်သူမို့ ခဏခဏလှီးရတာ ဆေးရတာအလုပ်ရှုပ်တာ
မို့ ၂ရက်၃ရက်စာစီ လှီးပြီး ထည့်ထားကာ သုံးလျှင်လည်း အလွန်အဆင်ပြေပါတယ်။
ဒါကတော့မြန်မာလိုပြန်ရလျှင် အပူခံစက္ကူလို့ဆိုရမည်မလားမသိပါ။
Ovenထဲမှာ ဂျုံဖြင့်ပီဇာ၊ပေါင်မုန့် စတဲ့မုန့်တွေပြုလုပ်တဲ့အခါ၊ အောက်မှာခံခင်းပြီးအသုံး
ပြုလျှင် မုန့်သားကပ်ခြင်း၊ ညစ်ပတ်ခြင်းမရှိပါဘူး။
အောက်ပါပုံကတော့Foil (ホイル)လို့ခေါ်ပါတယ်။ မီးအပူခံလို့ဆိုရမှာပါ အပေါ်ကအပူခံ
စက္ကူနှင့်ကွာခြားတာက တိုက်ရိုက်မီးညွန့်ထိလည်း မလောင်သွားပါဘူး။ သည့်အတွက်
အသားငါးတွေကင်ရာမှာအဓိကထားအသုံးပြုပါတယ်။
အောက်ဖော်ပြပါစက္ကူလိပ်ကိုတော့ မီးဖိုချောင်သုံးစက္ကူလို့ပြန်ဆိုရမယ်ထင်ပါတယ်။
ဂျပန်အခေါ် キッチンタオル (Kitchen Towel)လို့ခေါ်ပါတယ်။ အထူးသဖြင့် ဆီကြော်
တွေကြော်တဲ့အခါ အိုးထဲကဆယ်ပြီးပြီးချင်း စက္ကူခင်းထားတဲ့ပေါ်အရင်ဦးဆုံးတင်ကာ
ဆီစုပ်သွားစေဖို့အဓိကထားသုံးပါတယ်။
ကဲ ဒီတခါတော့ အခြားအမျိုးစားတခုလည်း ရေးချင်ပါသေးတယ်။
အဲဒါကတော့ မီးဖိုချောင် ဘေစင်ထဲက သို့ ရေချိုးခန်းထဲက ရေတွေဆင်းသွားလေ့ရှိတဲ့
ရေဆင်းပေါက်မှာ စစ်တဲ့စကာရယ်ပါ။ ဒါလေးကိုအသုံးပြုခြင်းဖြင့်ရေချိုးတဲ့အခါရေပေါက်
မှာဆံနွယ်စတွေပိတ်ဆို့ကျန်ရစ်လို့ရေမဆင်းတာ၊ ဘေစင်မှာအမှိုက်ပိတ်တာမျိုးကိုကင်း
ဝေးစေပြီး၊ ဘေစင်ကရေစစ်ခွက်ကညစ်ပတ်တဲ့အမှိုက်တွေကို အလွယ်တကူ အထုပ်လိုက်
ကလေး လွှင့်ပစ်နိုင်ပါတယ်။ ဂျပန်အခေါ်ကတော့ 排水口ネット (Drain-net)ဖြစ်ပါတယ်။
ဂျပန်မှာကတော့ဘာယူယူတခု၁၀၅ယမ်းဆိုင်ကိုသွားလျှင် အထက်ပါပစ္စည်းအမျိုးမျိုးဝယ်
ယူရရှိနိုင်ပါတယ်။ ラップလိုအစားစာထပ်ပိုးတဲ့ပလပ်စတစ်လိပ်လိုမျိုးကတော့ ယမ်း၁၀၅
ယမ်းဆိုင်မှာဝယ်လျှင် တခါတလေ သိပ်မကပ်တာမျိုးရှိတတ်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ပါစေရှင်
6 comments:
Let me think, I have kitchen wrap, kitchen pack, humm, that's it. I wanna go to that 105 yen shop and shop for the rest!
ညီမရေ။
၁၀၅ယန်းဆိုင်လို့ဘာလို့ပြောတာလဲ။
ယန်း၁၀၀ဆိုင်ကိုပြောတာမဟုတ်ဘူးလား။
ဒါမှမဟုတ် ၁၀၅ယန်းဆိုင်သတ်သတ်ရှိနေတာလား။
:D
တူတူပါပဲ
သူကယမ်း၁၀၀သာပြောတာ
ကောင်တာမှာငွေရှင်းရင်အခွန်နဲ့၁၀၅ယမ်းပေးရတယ်လေမရဲ့
အဲဒါနဲ့တကယ့်ဈေးအမှန်ရေးတာကောင်းမယ်ဆိုပြီး
ပေးရတဲ့ဈေးရေးလိုက်တာ အဟဲ
:)))
ဒီပစ္စည်းလေးတွေလည်း သဘောကျတာပါဘဲ
အချက်အပြုတ် ၀ါသနာပါသူဆိုတော့
မီးဖိုချောင်းပစ္စည်း ဘာမဆိုကြိုက်တယ်.. အသုံးလည်းတည့်တာကိုးနော်
ဟုတ်တယ်
မချောကဟင်းချက်ကောင်းတာညီမကသိတယ်
အကုန်စားချင်စရာတွေချည်းပဲ
ကျေးဇူးအရမ်းတင်တယ်မ
ပို့စ်ထဲမှာအစုံပဲ ကြိုက်လိုက်တာအရမ်းပဲ
:D
Post a Comment