Saturday, May 28, 2011

ကြက်ဟင်းခါးသီးကွင်းကြော်

မြန်မာပြည်မှာတော့ ကြက်ဟင်းခါးသီးဆိုလျှင် ပုဇွန်ခြောက်နိုင်နိုင်ဖြင့် မချက်ခင် အခါး
ပေါ့အောင် ဆားရေနဲ့အရင်ပြုတ်ပြီးမှ ချက်ပေးတဲ့ အမေ့လက်ရာ ကြက်ဟင်းခါးသီး
အချို သို့ အစပ်ချက်အိုးကပ်ကလေးပေါ့။ ကြော်စားလေ့မရှိပါဘူး။ ဂျပန်မှာချက်စားပေ
မဲ့လည်း အမေ့လက်ရာမမီတော့ စိတ်ညစ်ရပါတယ်။

ဂျပန်မှာတော့ပါးပါးလေးတွေလှီးပြီးကြော်စားလေ့ရှိပါတယ်။
ပါဝင်ပစ္စည်းများကတော့
A.ကြက်ဟင်းခါးသီး ၁၀စင်တင်မီတာခန့်
B.ဂျုံမှုန့် ဇွန်းကြီး၂ဇွန်းခန့်
C.ဆား၊ ငရုတ်ကောင်း အနည်းငယ်
D.ကြက်ဥ တလုံး
E.ပေါင်မုန့်အကြေမှုန့် ဇွန်းကြီး၇ဇွန်းခန့်

၁။ ကြက်ဟင်းခါးသီးကို ဦးဆုံး ၅စင်တီမီတာခန့်စီ လှီးလိုက်ပါတယ်။ ဒါမှအစေ့ထုတ်ဖို့
လွယ်တာမို့၊ ဓါးသေး သို့ ဇွန်းသေးလေးရဲ့လက်ကိုင်နဲ့အတွင်းက အစေ့တွေကို အကွင်း
လိုက်ပတ်ပြီး လှီးထုတ်ပါတယ်။

၂။ အစေ့နဲ့အတွင်းသားထုတ်ပြီးနောက်မှာမှာ ၁စင်တီမီတာခန့်စီ မပါးတပါးလှီးပါတယ်။

၃။ဦးဆုံးBနဲCဖြစ်တဲ့ဂျုံမှုန့်နှင့်ဆား၊ငရုတ်ကောင်းကိုမွှေပြီးကြက်ဟင်းခါးသီးပေါ်ဖြူးပြီးနှံ့
အောင် နယ်ပါတယ်။

၎။ ပြီးလျှင်(D)ကြက်ဥကိုခေါက်ပြီးသားကို ထည့်ပြီး နှံ့အောင်ထပ်မံလှိမ့်မွှေပါတယ်။
၅။ပေါင်မုန့်ကြေမှုန့်Eကိုပေါ့ ပန်းကန်ပြားလေးတခုထဲထည့်ထားပြီး ကြက်ဟင်းခါးသီး
တကွင်းချင်းကို ဖုံးသွားအောင်လှိမ့်ကာကပ်ပြီး ကြော်ပြီး စားရုံပါ။

ထုံးစံအတိုင်း ponzu ポン酢လို့ခေါ်တဲ့ငံပြာချဉ်ရည်လေးနဲ့တို့စားပါတယ်။

အားလုံးပဲစားမြိန်ပါစေရှင်

4 comments:

Mon Petit Avatar said...

It seems yummy. The crispiness made me wanna eat this though I have never tried the vege before!

Shinlay said...

ကြက်ဟင်းခါးသီးကိုကြိုက်တယ်။ ဘယ်လိုလုပ်စားစားကြိုက်ပါတယ်။အခုလို
ကြော်ပြီးတော့မစားဖူးသေးပါဘူး။

bay said...

look really nice.. i want to try...

www.baydinmaykyamae.blogspot.com

ကျော်နှင်းဆီလွင် said...

ညီမလဲအိမ်မှာဦးဆုံးကြော်စားမိတာ..
ကောင်းတယ် လုပ်စားကြည့်နော် :)))

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates