ဂျပန်လို 卵焼きTamagoyaki တာမားဂေါရာခိလို့ခေါ်သောဂျပန်စတိုင်ကြက်ဥကြော်
ဟာ မြန်မာကြက်ဥကြော်နှင့် အနည်းငယ်ကွဲပြားပါတယ်။
巻き (dashi-maki)လို့ခေါ်ပြီး၊ ကြက်ဥထဲကို မိမိအကြိုက်ပေါ်မူတည်ပြီး သကြား၊ ငရုတ်
ကောင်းမှုန့်၊ အသားအချိုမှုန့် သို့ ဒရှိအချိုရည်၊ ဆား စသဖြင့် မိမိနှစ်သက်သလို အရ
သာ စပ်ဟပ်နိုင်ပြီး၊ အခြားတန်ဆာပလာများကိုလည်း အလည်တွင်ဖြန့်ခင်းကာ အစာသွပ်
ပြီးဖြစ်စေ၊ ရောမွှေ၍ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။
ကျမကိုယ်တိုင်ရဲ့အတွေ့အကြုံကိုပါပေါင်းစပ်ပြီး၊ ယင်းကြက်ဥခေါက်ကြော်ပြုလုပ်ရာမှာ
အရေးအကြီးဆုံးကတော့ မီးအပူချိန်ပါပဲတဲ့။ ကြက်ဥကိုတထပ်ချင်းလိပ်သွားတာမို့မီးပြင်း
လျှင် ဦးဆုံးအလွှာတွေအရောင်ရင့်သွားလျှင် ပြီးတဲ့အခါ၊အတွင်းမှာအရောင်မညီဖြစ်တတ်
ပါတယ်။ အတွင်းပိုင်းသိပ်ကျက်သွားရင် မာလည်းမာတတ်တာမို့ စလုပ်ခါစ မကျွမ်းကျင်
သေးခင်အချိန်အတွင်းနဲ့မီးလျှော့ပြီး ကြော်တာကောင်းမယ်လို့ထင်ပါတယ်။
တခုရှိတာက ဂျပန်မှာတော့ လေးထောင့်ပုံစံလေးရရှိဖို့ရာ ယင်းကြက်ဥလိပ်ကြော်သုံးအိုး
ကို သီးသန့်ဒီဇိုင်းဖြင့်ရောင်းလေ့ရှိပါတယ်။ သို့ငြား အိုးအ၀ိုင်းနှင့်လည်းလုပ်စားလို့ရတာ
မို့ ချက်ချင်းလုပ်စားကြည့်လို့ရမယ်လို့ထင်ပါတယ်ရှင်။
လုပ်နည်းက မြင်ဖူးလျှင်လွယ်ကူသလောက်၊ မလုပ်ဖူးလျှင်ခက်တာမို့ ဒီဗွီဒီယိုလေးကြည့်
လျှင် ချက်ချင်းနားလည်သွားမှာလို့မျှော်လင့်ပါတယ်။
အစအဆုံးစနစ်တကျကြည့်လိုလျှင်တော့သည်မှာကြည့်ပါရှင်
ပုံများကို အင်တာနက်မှကူးယူဖော်ပြပါတယ်။ ကျမကတော့လုပ်နည်းလှအောင်လေ့ကျင့်
ဆဲမို့ လှလှပပလုပ်တတ်တဲ့အခါမှ ဓါတ်ပုံထပ်ရိုက်ပြီးတင်မယ်စိတ်ကူးပါတယ်။ :))
အားလုံးပဲစားကောင်းပါစေလို့
♪♪♪
11 comments:
သူတို့ တူနဲ့ လုပ်တာကြည့်ပြီးသဘောကျမိတယ်။ ဒယ်အိုးလည်းကြိုက်တယ်။
ဒယ်အ၀ိုင်းနဲ့ တော့လုပ်ဖူးတယ်။
Humm, I love eating that!!
စားချင်စရာလေးတွေပဲ။ ထူးထူးဆန်းဆန်းပဲနော်။
ခင်မင်လေးစားလျက်
အဲဒီလို ကြက်ဥလိပ်ကြော်ကြိုက်တယ်။ အထဲမှာ ဟင်းသီးဟင်းရွက်အစုံ အစာသွပ်ထားတာကို အရမ်းကြိုက်...
အားပါးတရ စားသွားတယ်နော်၊ အရမ်းကြိုက် :)
ကျော်ရေ
ဓာတ်ပုံထဲကလိုလှအောင်ခုထိမကြော်တတ်သေးဘူး။ အိုးအဝိုင်းပဲရှိတယ်။ :D
ဒီနေ့  ကြက်ဥကြော်ဖို့ ဒယ်အိုး ၀ယ်လာပါတယ်။ လကမတည့်စမ်းပါတော့မယ်။
လာလည်သွားပါတယ်..နောက်လဲ နေ.တိုင်းနီးပါး လာလည်ပါဦးမယ်... ဟင်းချက်နည်းတွေအတွက်ကျေးဇူးတင်ပါတယ်...
မမီးမီး
မမီးမီးရေ
ကြိုဆိုပါတယ်ရှင့်
:)))))
ဂျပန်စတိုင်ကြက်ဥကြော်နည်း လာကြည့်ထားတာကြာပြီ..
ဟိုတလောက ဒယ်ပြားဝယ်ပြီး စမ်းကြော်ကြည့်တာ omelette ဖြစ်သွားလို့ ..
နောက်မှ ထပ်စမ်းရအုန်းမယ် :))))))))))
အောင်မြင်ရင်ပြောပြဦးနော် ;))
Post a Comment