Friday, November 4, 2011

ဂျပန်က အိတ်ကြမ်းကြီးများ

ကျမက ချစ်စနိုးဖြင့် အိတ်ကြမ်းကြီးများလို့ခေါ်တာပါ။ ဟိုနားသည်နားလမ်းထွက်တဲ့အခါ
ဈေးဝယ်ထွက်တဲ့အခါ မသေးလွန်း၊ မကြီးလွန်း၊ ပိုက်ဆံအိတ်သေး၊ အကြွေအိတ်၊ထီး၊
အလှပြင်ပစ္စည်းအတိုထွာလေးတွေ၊ ဘောပင် စတာတွေထည့်တဲ့အိတ်ဖြစ်ပြီး ပခုံးလွယ်
တဲ့အခါ ကြိုးကအနေတော်ဖြင့်၊ အလွယ်ဖွင့်ယူနိုင်အောင် ဖြစ်နိုင်လျှင်ဇစ်မပါသောအိတ်
ဟိုနားသည်နားချတဲ့အခါ အပေတေခံပြီး၊ အကြမ်းခံတဲ့အသားမျိုး အဲလိုရှုပ်ယှက်ခတ်နေ
သော ရည်မှန်းချက်များဖြင့် အကြမ်းခံအိတ်တလုံးဝယ်ဖို့ ကျမ ရှာဖွေနေတာ သူမြင်သွား
တဲ့အခါ ထုံးစံအတိုင်း ဘာဝယ်ဝယ် ဂျပန်မိတ်သာအရင်ဦးဆုံးရှာတဲ့သူကြီးမို့ ကျမကို
သူရှာပေးတဲ့အိတ်တွေထဲက ကျမစိတ်ကြိုက်အိတ်လေးတလုံးသွားတွေ့ပါတယ်။ သူက
ညွှန်းလို့သာဝယ်ဖြစ်တယ်။မ၀ယ်ခင်သည်လောက်မကြိုက်ပါဘူး။ဒါ့အပြင်ကျမစိတ်ကြိုက်
တခြားအိတ်တလုံးလည်း သူ့မပြောပဲ ၀ယ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ကျမသည်အိတ်လေး
ကိုပဲ သုံးဖြစ်တာများပါတယ်။

ဘာကြောင့်သည်အိတ်လေးအညွှန်းကိုရေးချင်စိတ်ပေါက်လာရသလဲဆိုလျှင် သုံးရင်း
သုံးရင်းဖြင့် အလွန်ကိုနှစ်သက်လာတဲ့အတွက်ပါ။

သည်လိုအိတ်မျိုးတွေကို persimmon juice ဂျပန်လို 柿渋လို့ခေါ်တဲ့ ဆေးရည်ဆိုးထား
တာဖြစ်ပြီး၊ ယင်းဆေးရည်ဟာ ခခိ (かき)လို့ခေါ်တဲ့သစ်သီးမှပြုလုပ်တာဖြစ်ပါတယ်။
ပြုလုပ်ပုံ အပိုင်း၁ နှင့် အပိုင်း၂
ယင်းဆေးရည်ကို ပိတ်သားတင်သာမက ပရိဘောကပစ္စည်းတွေအရောင်တင်ရာမှာလည်း
သုံးလေ့ရှိပါတယ်။ အရောင်ဆိုးပုံနှင့်ဆေးဆိုးထားသောပစ္စည်းအမျိုးမျိုး

အိတ်အသားကိုတော့ ဂျင်းသားကဲ့သို့ ပိတ်သားထူကြီးတွေအသုံးပြုထားပါတယ်။

ခခိ အသီး


မြန်မာပြည်က ဒဂုံစင်တာထဲက စီးတီးမတ်မှာရောင်းတာ ကျမတွေ့ဖူးပေမဲ့ခခိဟာ မြန်မာ
ပြည်မှာ ဖြစ်ထွန်းသလား ဆိုတာကျမမသိပါဘူး။

ကျမသုံးနေတဲ့အိတ်လေးကတော့ ဒီနေရာမှာအသေးစိတ်ကြည့်နိုင်ပြီး ၊ အခြားဒီဇိုင်းများ
ကိုကြည့်လိုလျှင်တော့ ဒီနေရာမှာကြည့်ပါ။


အပေါ်ကအဖုံးလေးဟာ မသုံးလိုတဲ့အချိန်မှာ အတွင်းဘက် ကပ်ထားလိုက်လျှင် အဖုံးရှိမှန်း
မသိရပါဘူး။ ပစ္စည်းတွေနည်းနည်းရှုပ်လာလျှင်တော့ အဖုံးလေးကောက်ဖုံးလိုက်ပါတယ်။
အရောင်မှိုင်းမှိုင်းကြိုက်ကာ၊ ဇစ်အဖွင့်ပိတ်ကိုစိတ်မရှည်တတ်ပဲ၊ အိတ်ထဲကဟိုဟာထုတ်
လိုက် သည်ဟာထုတ်လိုက်ဖြင့်အလုပ်ရှုပ်တတ်တဲ့ကျမအတွက်တော့ အတော်ကို အဆင်
ပြေလှပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

11 comments:

Anonymous said...

တယ်သီး ထင်တယ်နော်။ ယိုအခြောက် လည်းရောင်းတယ်လေ။

စူးနွယ်လေး

Anonymous said...

လိုချင်စိတ်တောင်ပေါက်သွားတယ် လှတယ်

စူးနွယ်လေး

ကျော်နှင်းဆီလွင် said...

မနွယ်လေးကျေးဇူးနော် ဟုတ်တယ် ယိုအခြောက်လည်းရှိတယ်လေ
ခုမှသိတယ် အဲလိုတွေချစ်ဖို့ကောင်းတာ :)))

ကျော်နှင်းဆီလွင် said...

မနွယ်လေး တယ်သီးကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဟင် figလားဟင် figဆိုရင်တော့ အဲဒါ ခခိနဲ့ကွဲတယ် သိချင်လိုက်တာ

ချော(အစိမ်းရောင်လွင်ပြင်) said...

အသီးလေးတွေက ချစ်စရာလေး
မြန်မာပြည်မှာလည်း ရှိပါတယ်. နှင်းဆီရေ..
ကချင်ပြည်နယ်ဘက်မှာပေါ့.. ဗန်မော်ဘက်ဆို အခြောက်တွေ သိပ်ပေါတာ တရုတ်ဘက်က ဝင်တယ်.. အပင်တွေကတော့ တောင်ပေါ် တစ်လျှောက် စိုက်ကြတယ်.. တစ်ပင်လုံးသီးတဲ့အခါ သိပ်လှတာဘဲ..
တည်သီး လို့ရေးကြပါတယ်... ခေါ်တော့ တယ်သီးပေါ့နော်. တည်သီးကိုတော့ အင်္ဂလိပ်လို နှင်းဆီပိုစ့်ထဲမှာ ရေးထားတဲ့ persimmon လို့ ခေါ်ပါတယ်.. ကြည့်ရတာ အဲဒီအသီးကထွက်တဲ့အရည်လား သစ်ပင်က အရည်ကိုဆိုးထားတာလား မသိဘူး.. fig ကတော့ သဖန်းသီး တစ်မျိုးပါ. တည်သီးမဟုတ်ပါဘူး..

ကျော်နှင်းဆီလွင် said...

မချောရေ
ညီမက မချောဆိုဒ်ထဲတောင် သွားချောင်းလိုက်သေးတယ်
ဓါတ်ပုံများရှိမလားလို့ ကျေးဇူးအများကြီးနော်

seesein said...

ဗမာပြည်မှာလဲ အဲဒီအသီးတွေ ပေါမှပေါ ဈေးလဲ အင်မတန်ချို စားလို့အရမ်းကောင်း စစတို့လဲ တအားကြိုက် တရုတ်ပြည်တင် မဟုတ်ပါ မိုးကုတ်လမ်းဘေးတလျှောက်မှာလဲ စိုက်ပျိုးထားတာပေါပါတယ်

ကျော်နှင်းဆီလွင် said...

ဟုတ်လားဟင် မိုးကုတ်ဘက်မှာ တအားဖြစ်ထွန်းတာပေါ့နော်
ဒီရောက်မှပဲ ကိုယ့်တိုင်းပြည်ထဲကအရာတွေတောင်မသိတာတွေအများကြီးနော် :D
ကျေးဇူးပါနော်

jasmine(တောင်ကြီး) said...

ကျွန်မတို့တောင်ကြီးမှာဒီအချိန်ဆိုရင်ပေါ်ပါပြီ
ပေါပါတယ် တည်သီးလို့ခေါ်တယ်အစမ်းတွေရောင်းတာပိုပြီး
ပေါတယ်သူ့ကိုမြန်မြန်မဲ့ချင်ရင်တော့ ချဉ်ဇော်ကဲသီးနဲ့တွဲဖက်ပြီးတူတူထားရပါတယ်
တောင်ကြီးမြို့ပေါမှာမစိုက်ကြပါဘူး နယ်တွေဖက်ကနေလာရောင်းကြတာပါ။
နှလုံးရောဂါအတွက်ကောင်းတယ်ပြောကြတာပဲ
ဗဟုသုတလေးတွေအတွက်ကျေးကျေးပါရှင်နောင်အားရင်လဲလာဖတ်ပါ့မယ်

ကျော်နှင်းဆီလွင် said...

ကျေးဇူးပါနော်
တောင်ကြီးလည်း သွားလည်ချင်တာ တအားပဲ
မရောက်ဖူးဘူး မနိုင်းဘလော့တွေဖတ်လေ ပိုသွားချင်လေပဲ
သာယာပြီး အသီးနှံတွေသိပ်ဖြစ်ထွန်းတာပဲနော်
ဒီတခါပြန်ရင် ဆက်ဆက်သွားလည်ဦးမယ် :))

Anonymous said...

Lovely bag.I like that colour.Fig is"tha fann thee"in mm.This is tel thee and up to the region they are called kaki,persimmon and sharon.Our family love to eat it and we offered to Buddha just yesterday.Tks for sharing.
Gyidaw

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates