Friday, September 4, 2009

ဂျပန်နိုင်ငံတွင်ဂျပန်စာအရည်ချင်းစစ်စာမေးပွဲဖြေဆိုခြင်း

စာမေးပွဲစစ်ဌာနဧ။်ထုတ်ပြန်ကြေငြာချက်များ
အပေါ်ကလင့်ခ်ကိုသွားကြည့်ရင် စာမေးပွဲစစ်မယ့်ရက်၊ အချိန်၊ ဖောင်စတင်ရောင်းချရက်၊
ဖောင်ပိတ်ရက် စသဖြင့် အသေးစိတ် update ဖတ်ရှုနိုင်ပါတယ်။

၂၀၀၉ခုနှစ်၊ ၁၂လပိုင်းမှာစစ်မယ့်စာမေးပွဲအကြောင်းက ဒီမှာဖတ်ကြည့်နိုင်ပါတယ်။

ဂျပန်မှာဖြေဆိုမယ့်သူတွေက သူတို့ ဖောင်စတင်ရောင်းချမယ်လို့ကြေငြာထားတဲ့ရက်အတွင်း
ဂျပန်တ၀ှမ်းမှာရှိတဲ့စာအုပ်ဆိုင်ကြီးတွေမှာ ဖောင်ဝယ်ရပါမယ် ယမ်း၅၀၀ပါ။
ပြီးရင် အမည် လိပ်စာ စတာတွေရေးဖြည့်ပြီး ကွန်ဗီနီစတိုးဆိုင်ကိုယူသွားပြပြီး
စာမေးပွဲကြေး ယမ်း ၅၅၀၀ကို ပေးချေပြီး ပြေစာကိုသေချာသိမ်းရပါမယ်။

ဖောင်တင်ရက်ပိတ်သွားပြီး၁လခန့်ကျော်အကြာမှာ စာတိုက်ကနေ မိမိအမည်၊ ခုံနံပါတ်
သွားရောက်ဖြေဆိုရမယ့်ကျောင်း(သို့)တက္ကသိုလ်အမည်နှင့်လိပ်စာတွေကို
ဘူတာမှကျောင်းအထိမြေပုံပါ ရေးဆွဲပြီး စာပို့ပေးပါတယ်။

စာမေးပွဲအောင်စာရင်းကလဲ ၇လပိုင်းဖြေတဲ့စာမေးပွဲကို ၉လပိုင်း ပထမ၂ပတ်အတောတွင်းပို့ပေးမယ်
လို့ဆိုရာမှာ ၉လပိုင်း ၂ရက်နေ့မှာကို အောင်ရှုံးအကြောင်းကြားစာ ရောက်လာပါတယ်။

မြန်မာပြည်နဲ့မတူ ထူးခြားတာတခုက မြန်မာပြည်မှာဆိုရင် စာအိတ်မဖွင့်ပဲစမ်းကြည့်လိုက်ရင်
အောင်ရှုံးသိပါတယ်။ အေဖိုးဆိုဒ်စက္ကူအိတ်ထဲမှာ ကျရှုံးရင် အေဖိုးဆိုဒ်တ၀က်ခန့်ရှိတဲ့အမှတ်စာရင်းစာရွက်
ခပ်ပါးပါးလေးပဲပါပြီး၊ အောင်လျှင် အေဖိုးဆိုဒ်ခပ်ထူထူ အောင်လက်မှတ်တစောင်ပါ ပူးတွဲပါတာမို့ပါ။

ဂျပန်မှာတော့ အကြောင်းကြားစာက ဘီ5ဆိုဒ်လောက်ပဲရှိပြီး အောင်လက်မှတ် အေဖိုးဆိုဒ်လိုချင်လျှင်
တစောင် ယမ်း၁ထောင်နှုန်းဖြင့် ထပ်မံလျှောက်ထားပါလို့ ရေးသားဖော်ပြထားပါတယ်။
ဒါဟာလဲ စာတိုက်စနစ်နှင့်ပဲ လျှောက်ထားရမှာဖြစ်ပါတယ်။

အကြံပေးချင်တာတစ်ခုကတော့ လယ်ဘယ် အဆင့် ၄၊၃၊၂အထိကို မြန်မာပြည်မှာ ဂျပန်လိုနှင့် မြန်မာလို
ပြန်ထားတဲ့ စာအုပ်တွေထုတ်ဝေနေတာ ကိုယ်မလာခင်စာအုပ်ဆိုင်တွေမှာ တွေ့ခဲ့ရတာမို့
မြန်မာပြည်က စာအုပ်လှမ်းမှာပြီး မိမိဘာသာ self studyနှင့် လေ့ကျင့်လို့ရပါတယ်။ ရန်ကုန်စာတိုက်ကြီးမှ
တဆင့် စာအုပ်ပို့ရင် စာအုပ်က ပို့ခသက်သာပါတယ်။ ရာဂဏန်းပဲကျသင့်ပါတယ်။
သို့ငြားတခါပို့ရင်သတ်မှတ်အလေးချိန်ပဲပို့လို့ရတာမို့ စာအုပ်များရင် ရက်ခွဲပို့ရမှာဖြစ်ပါတယ်။

လယ်ဘယ်၁ကတော့ အခြေခံကစပြီး စနစ်တကျလေ့လာကာအဆင့်၂အောင်သွားရင် မိမိဘာသာ
လေ့လာသွားဖို့မခက်တော့ပါဘူး။ ကိုယ်အဆင့်၃ဖြေတုံးက မြောက်ဥက္ကလာက ဆရာမဒေါ်ရင်ရင်ဦး
အိမ်(သင်တန်းကျောင်း)မှာ သင်ယူခဲ့ပြီး၊ အဆင့် ၂ကို ၀င်းဂျပန်ဘာသာကျောင်းမှာတနှစ်တက်ပြီး
ဖြေဆိုအောင်မြင်ပြီး၊ လယ်ဘယ်၁ကိုတော့self studyဖြင့်မနှစ်က ၁၀လပိုင်းခန့်မှာ စတင်လေ့လာ
ခဲ့ပါတယ်။

ဂျပန်စာသင်ကြားရာလမ်းကြောင်းမှာ ကြုံတွေ့သင်ယူခဲ့ဖူးသော ဆရာသမားအားလုံးကို အထူးပင်
ကျေးဇူးတင်ရှိပါကြောင်း။

5 comments:

မြရွက်ဝေ said...

ကျေးဇူးပဲ ဇာခြည်ရေ တကယ်အသုံးဝင်တယ် သိလား။ ဇာခြည့်ကိုကြည့်ပြီး အားကျလာလို့ စာနဲနဲပါးပါး ပြန်လုပ်ကြည့်မလား စိတ်ကူးမိတယ်။ :)

ကျော်နှင်းဆီလွင် said...

လုပ်ပါ လုပ်ပါ လုပ်ပါဗျိုး
ဦးနှောက်တွေမှိုတက်ကုန်ရင်နှမြောစရာ
ှဓါးကောင်းဆိုတာသွေးသွေးပေးရတယ်တဲ့
ဒီလောက်ကောင်းပြီးသားဓါးကြီးကို
:D

htaikswe said...

ကျေးဇူးတင်ပါတယ်...မဇာခြည်ရေ...
ဂျပန်စာကို ဖြေကြည့်ရင် ကောင်းမလားလို့ပါ...
တကယ်အသုံးဝင်ပါတယ်...

နေ့အိပ်မက် said...

အဟင့်.. ဂျပန်စာတော်တဲ့သူတွေဆို မနာလိုဘူး... အီး.. ဂျပန်ကဘလော့ဂ်တွေလိုက်ကြည့်ရင်း ဂျပန်စာတောင် ပြန်ဖတ်ချင်ချင်ဖြစ်လာပြီ kanji ga kiraiiiiiiiiiiiiiiiiiiii

ကျော်နှင်းဆီလွင် said...

:D

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates