Thursday, March 31, 2011

အိမ်ရှင်မတို့သိမှတ်ဖွယ်

အိမ်ထောင်သည်အဖြစ် ဂျပန်မှာနေထိုင်ရှင်သန်လည်ပတ်နေသော နေ့စဉ်ဘ၀တွေထဲမှာ
သိပြီးသူတွေလည်း သိပြီးသားဖြစ်မှာသေချာပေမဲ့ ကိုယ်သိမြင်လာသလောက်လေးတွေ
မှတ်တမ်းလေးအဖြစ် ရေးသားလိုက်ပါတယ်။

နေတာကြာလာတာနှင့်အမျှ ယဉ်ပါးကျွမ်းဝင်တတ်ကျွမ်းလာပေမဲ့ လာခါစ ဘုမသိဘမသိ
ဖြစ်တာလေးတွေကို ရမ်းသမ်းလုပ်မိရင်း တလွဲတွေလုပ်မိရင်း ပေါက်ကရလေးတွေဖြစ်ခဲ့ရ
တာတွေကိုလည်း ခုချိန်ပြန်တွေးမိတိုင်းပြုံးမိပါတယ်။

ခုထိလည်း ကျွမ်းဝင်ယဉ်ပါးတတ်သိလွန်းလှပြီလားဆိုတော့လည်း အဲလိုလည်းမဟုတ်သေး
ပြန်ပါဘူး။ သိချင်တာပဲရွေးမှတ်တတ်တဲ့အကျင့်ဆိုးရှိတာမို့ တခါတလေ ဒုက္ခရောက်ရသ
လို အသစ်အသစ်တွေလည်း မှတ်သားနေရဆဲပါ။

အထူးသဖြင့် ဂျပန်မှာဖြတ်သန်းရတဲ့အိမ်ထောင်ဦးဟာ ကံကောင်းတယ်လို့ဆိုရမှာပါ။
ဂျပန်မှာက ဘယ်အရာမဆိုလွယ်ကူပါတယ်။ ဘာမှမလုပ်တတ်တဲ့ အိမ်ရှင်မတောင်မှပဲ
ဂျပန်စာဖတ်တတ်မယ်ဆိုရင် ဘာမဆို အင်တာနက်မှာအလွယ်တကူရှာလို့ရသလို ဘယ်
ပစ္စည်းဝယ်ဝယ် အသုံးပြုနည်းတွေကို အသေးစိတ်ရေးပေးထားတတ်တာမို့ အသေးစိတ်
လွန်းတဲ့နိုင်ငံဟာ ဒီတစ်ခုတော့ အတော်လေးအဆင်ပြေလှပါတယ။်

ဥပမာ မီးဖိုချောင်သုံးပစ္စည်းဝယ်မည်ဆိုလျှင် ဆိုင်သွားကြည့်တဲ့အခါ အသားထုတာ၊
အာလူးခြေတာ စသဖြင့် အညွှန်းလေးတွေသေချာရေးပေးထားလေ့ရှိတာမို့ အားချိန်မှာ
သွားငေးရင် စိတ်ထင်တာလေးတွေ အသုံးတည့်မယ်ထင်တာလေးတွေ ၀ယ်ရတာလည်း
ပျော်စရာပါ။ အိမ်ဦးနတ်ကတော့ ပစ္စည်းတိုးပွားတာမကြိုက်သူမို့ သူမသိပဲ တိတ်တိတ်
လေး ထင်ရာတွေလျှောက်ဝယ်တတ်ပါတယ်။ ဥပမာ ကြက်ဥပုံဖော်ခွက်၊ အသီးနှံ သို့
ကွတ်ကီးစသည်တို့ကို ပုံစံမျိုးစုံလှီးတဲ့ ပုံစံခွက်ကလေးတွေ၊ ကြက်ဥကိုဝိုင်းနေအောင်
ကြော်လို့ရသော သတ္တုကွင်းလေးတွေ စသဖြင့်ပေါက်ကရလေးတွေကအစပေါ့။
အပင်စိုက်မယ်ဆိုပြန်တော့လည်း မျိုးစေ့ထုပ်လေးတွေဝယ်တဲ့အခါ စိုက်ပုံစိုက်နည်း
ဘယ်လတွေမှာစိုက်ရမယ်၊ စသဖြင့် အသေးစိတ်ရေးပေးတာမို့ ဟိုနည်းနည်းဒီနည်းနည်း
စုံအောင် ထည့်ရမှကျေနပ်ပြီး၊ ၀ယ်ထားတဲ့အသီးရွက်ပမာဏများရင် စားတာနောက်ကျ
တဲ့အခါ ပုပ်သိုးလေ့ရှိသူမို့ စိုက်ပျိုးခူးဆွတ်စားရင်းကျေနပ်ရပြန်ပါတယ်။


ကိုယ်တွေ့အတွေ့ကြုံအဖြစ် ဥပမာပြောရမယ်ဆိုလျှင် ရောက်ခါစက ဂျပန်ဟင်းချက်အ
မွှေးကြိုင်တွေကို ဘာတစ်ခုမျှမသိသလို ဘယ်ဟာက ဘယ်လိုအရသာရှိမှန်းတောင်မသိ
ခဲ့ပါဘူး။ ဂျပန်စာအရည်ချင်းစစ်စာမေးပွဲတွေသာဖြေဆိုအောင်မြင်ခဲ့ပေမဲ့ တခါတလေ
ကိုယ့်ဘာသာ အတော်ချာတာပဲလို့ အသိမှတ်ပြုရလောက်အောင် အသီးရွက်နာမည်
တွေတောင်မသိ၊ လောက၀တ်စကားတွေချောအောင်သိပ်မပြောတတ်သူ၊ မလိုရင် စကား
သိပ်မပြောတတ်သူမို့ လက်တွေ့စကားပြောကလည်း ပိုင်ဆိုင်ထားတဲ့ သာမညလက်မှတ်
လေးတွေထက်တောင် ချာပါတယ်။

ဒီကဏ္ဌလေးမှာတော့ ဟိုကနည်းနည်း ဒီကနည်းနည်း မိမိဖတ်မိတာလေးတွေ လုပ်ကြည့်
ရင်း အဆင်ပြေတာလေးတွေ ရေးသွားဖို့စိတ်ကူးရပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ

4 comments:

Mon Petit Avatar said...

It seems like we have one thing in common. I am not really chatty, and don't know much about vege. Looking forward to read theအိမ်ရှင်မတို့သိမှတ်ဖွယ် posts !!

Sunny said...

အားပေးမယ့် ပရိသတ်ထဲမှာ စာရင်းမှတ်ထားပေးပါဗျို့ ..

ကောင်းမွန်ဝင်း said...

ဖတ်မယ် ဖတ်မယ်။
အောက်ဆုံးပိုဒ်လေးက ကိုယ့်အကြောင်းများလို့ နံမည်တောင် ရှာကြည့်မိသေးတယ်။

ကျော်နှင်းဆီလွင် said...

Ma Mon & Ma Sunny
အမြဲတမ်းကြိုဆိုပါတယ်လို့ :D
မမွန်ကပြောင်းပြန်တွေပြောတယ် သိလား
:))

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Blogger Templates